အင်္ဂလိပ်စကား
ပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သော စကားလုံးတွဲများ (Phrases) နှင့်
စကားပြော ပုံစံ (Pattern) များကို ဆက်လက် မျှဝေလိုက်ပါသည်။ ဖော်ပြထားသော
ဥပမာ ဝါကျများကို အခြေခံကာ
လိုအပ်သလို ဆပွား အသုံးပြုနိုင်ပါသည်။
It's too bad that – ဆိုးလွန်းပါတယ်။
တစ်စုံတစ်ခု အခြေအနေဆိုးရွားသည့် အခြေအနေကို ကိုယ်ချင်းစာသည့် သဘောဖြင့် ပြောလိုသော အခါ ဖော်ပြပါ ပုံစံကို အသုံးပြုနိုင်နိုင်ပါတယ်။
- It's too bad that she lost her job.
သူ(မ) အလုပ်ပြုတ်သွားတာ ဆိုးလွန်းပါတယ်။
- It's too bad that you have to go.
မင်းသွားရတော့မှာက ဆိုးလွန်းပါတယ်။
- It's too bad we will not be there on time.
အဲဒီိကို အချိန်မှန် မရောက်နိုင်တော့တာ ဆိုးလွန်းပါတယ်။
- It's too bad that tickets are all gone to that concert.
အဲဒီ ဖျော်ဖြေပွဲအတွက် လက်မှတ်တွေ အားလုံးကုန်သွားတာ ဆိုးလွန်းပါတယ်။
- It's too bad that she got hurt.
သူ(မ) ဒဏ်ရာ အနာတရ ဖြစ်သွားတာ ဆိုးလွန်းပါတယ်။
- It's too bad that you do not understand.
မင်းနားမလည်တာက ဆိုးလွန်းပါတယ်။
If I were you, I would + (verb) - မင်းနေရာမှာ ငါသာဆိုရင်
တစ်ခုခုကို ဖြစ်ခဲ့ရင်လို့ စိတ်ကူးယဉ်ပြီး ပြောရာတွင် ဖော်ပြပါ ပုံစံကို အသုံးပြုနိုင်ပါတယ်။ တကယ်တော့ မဖြစ်နိုင်သည့် အခြေအနေမျိုးဖြစ်ပါတယ်။ if + Subj + verb(were), Subj + would + (verb) ပုံစံကို မှတ်သားပြီး ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။
- If I were you, I would enjoy my vacation.
မင်းနေရာမှာ ငါသာဆိုရင် ငါ့ရဲ့ အားလပ်ရက်မှာ ပျော်လိမ့်မယ်။
- If I were you, I would explain what happened.
မင်းနေရာမှာ ငါသာဆိုရင် ဘာဖြစ်တယ်ဆိုတာကို ရှင်းပြမယ်။
- If I were you, I would continue working until it is done.
မင်းနေရာမှာ ငါသာဆိုရင် အလုပ်ကို ပြီးတဲ့အထိ ဆက်ပြီးလုပ်မယ်။
- If I were you, I would answer the question.
မင်းနေရာမှာ ငါသာဆိုရင် မေးခွန်းတွေကို ဖြေမယ်။
- If you were me, you would decide like this.
ငါ့နေရာမှာ မင်းဆိုရင် မင်းလည်း ဒီလိုပဲ ဆုံးဖြတ်မှာပဲ။
- If you were me, you would understand her.
ငါ့နေရာမှာ မင်းဆိုရင် မင်း သူ(မ)ကို နားလည်မှာပါ။
It looks like + (noun) - တူတယ်
တစ်စုံတစ်ခုက တစ်စုံတစ်ခုနဲ့ သဏ္ဍန်တူတယ်လို့ ပြောလိုသောအခါ ဖော်ပြပါပုံစံကို အသုံးပြုနိုင် ပါတယ်။
- It looks like a balloon.
အဲဒါက ပူပေါင်းနဲ့ တူတယ်။
- It looks like a jellyfish.
အဲဒါက ငါးဖန်ခွက် (ရေခူ) နဲ့တူတယ်။
- It looks like a banana.
အဲဒါက ငှက်ပျောသီးနဲ့ တူတယ်။
- It looks like a fish.
အဲဒါက ငါးနဲ့တူတယ်။
တစ်ခုခုဖြစ်တော့မယ့် ပုံပေါ်တယ်ဆိုရင် “it + going to + (verb)” ပုံစံကို “It looks like” နောက်တွင် ဆက်ပြီး အသုံးပြုနိုင်ပါတယ်။
- It looks like it's going to rain.
မိုးရွာတော့မယ့် ပုံပေါ်တယ်။
- It looks like it's going to be fun.
ပျော်စရာ ကောင်းတဲ့မယ့် ပုံပေါ်တယ်။
လက်ရှိအချိန်မှာ တစ်ခုခုဖြစ်နေ၊ လုပ်နေတယ့် ပုံပေါ်တယ်ဆိုရင် “It looks like” နောက်တွင် လက်ရှိအချိန် ကို ညွှန်းပြသည့် ပုံစံဖြင့်တွဲဖက်ကာ အသုံးပြုနိုင်ပါတယ်။
- It looks like he is waving to us.
သူက ကျွန်တော်တို့ကို လက်ပြနေပုံပေါ်တယ်။
- It looks like she is lost.
သူ(မ) လမ်းပျောက်နေပုံ ပေါ်တယ်။
- It looks like they are racing.
သူတို့ အပြေးပြိုင်ပုံ ပေါ်တယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။