Bamaw Thein Pe added 2 new photos.
ကမ္ဘာကျော်ဝတ္ထုရှည်ကြီး "စစ်နဲ့ငြိမ်းချမ်းရေး"ကိုရေးခဲ့တဲ့ ရုရှားစာရေးဆရာကြီး လီယိုတောစတွိုင်း (၁၈၂၈-၁၉၁၀)ရဲ့အောက်ပါစကားလေးဟာ ပြောင်းလဲချိန်တန်ုပြီဆိုတဲ့ ယနေ့မြန်မာနိုင်ငံနဲ့ အရမ်းကိုက်ညီနေပါတယ်။
"Everyone thinks of changing the world, but no one thinks of changing himself"
"လူတိုင်း ကမ္ဘာကြီးကို ပြောင်းလဲချင်ကြတယ်။ ဒါပေမဲ့ တယောက်မှ မိမိကိုယ်တိုင်စပြီး ပြောင်းလဲရမယ်ဆိုတာ မစဉ်းစားကြဘူး"တဲ့။
ယနေ့ မြန်မာနိုင်ငံဟာ အရပ်သားအစိုးရသစ်ရဲ့ ဦးဆောင်မှုနဲ့ ပြောင်းလဲဖို့ လုပ်ဆောင်နိုင်ပါပြီ။ လူတိုင်းကလဲ မိမိတို့ကိုယ်တိုင်က စတင်ပြောင်းလဲရင်း ဒီအပြောင်းအလဲကြီးမှာ ပါဝင်ကြမယ်ဆိုရင် ရွှေနိုင်ငံတော်သစ်ကြီးဆီသို့ အနှေးနဲ့အမြန်ရောက်မှာပါ။
ဘာပြောင်းလဲရမှာလဲ။ မကောင်းတဲ့ စိတ်ဓါတ်၊ အမူအကျင့်၊ အပြောအဆို၊ အရေးအသားတွေပါ။ ဘာတွေပြောင်းလဲရမယ်ဆိုတာ မိမိကိုယ်ကို မိမိအသိဆုံးပါ။
ဗန်းမော်သိန်းဖေ
၂၀၁၆၊ ဧပြီလ ၉ ရက်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။