Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, December 23, 2015

ကျားပေါက်ဘ၀ အစ အင်တာဗျူး

ကျားပေါက်ဘ၀ အစ အင်တာဗျူး
**********************************

သားသမီးဆိုတာ မိဘရဲ့ အမွေကို ဆက်ခံကြရပါတယ်။ “မွေခံထိုက်စေ” ဆိုတဲ့ သားသမီးဝတ်တစ်ပါးအရ အနုပညာ လောကမှာလည်း မိဘရဲ့ အနုပညာ အမွေကို ဆက်ခံကြသူတွေ ရှိကြပါတယ်။ အနုပညာလောက ဆိုရာမှာ စာပေဂီတ၊ ပန်းချီ၊ရုပ်ရှင် စသဖြင့်ပေါ့။ တစ်နည်းအားဖြင့် ဒါဟာ ကြည်နူးစရာ နှစ်သက်စရာပါ။ အဲဒီလို မိဘရဲ့ အနုပညာအမွေကို ဆက်ခံကြသူတွေထဲမှာ အဆိုတော် ရင်ဂိုရဲ့သား ဟန်ထူးလွင်( သူ့ကိုကျားပေါက်လို့လည်း ခေါ်ကြတယ်) လည်းပါဝင်ပါတယ်။ ဒါပေမယ့် သူက သူ့ဖခင်လို Rock တွေ Pop တွေ မဆိုပါဘူး။ ဂီတလောကကို စ၀င်လာတဲ့ ပထမခြေလှမ်းမှာ ကတည်းကကိုက ဒီလိုကြေညာခဲ့ပါတယ်။ “အားလုံးအတွက် ပန့်ခ်”တဲ့။ Drum သံမြန်မြန် Bass သံဆူဆူ၊ Punk တွေနဲ့ လုံးလားထွေးလား မြင်နေရတဲ့ ဟန်ထူးလွင်ကို မေးခွန်းအချို့ မေးမြန်းဖြစ်ခဲ့ပါတယ်။

Vocal နဲ့ Drum ဘယ်ဟာနဲ့ ဟန်ထူးလွင် စခဲ့တာလဲ။
♪ Drums စတီးခဲ့တာပါ။

Big Bag ဖြစ်လာပုံကရော။
♪ ကိုဇော်ဇော်ဝင်းနဲ့ Recording တစ်ခု စတီးပြီး သိခဲ့တာ။ အစက သူရယ် ကျွန်တော်ရယ် Bass က ဗညားတီးပေးတယ်။ နောက်ပိုင်း ဗညားက Anti Biotic Band ကိုရောက်သွားတယ်။ Bass ကိုဂျင်မီရဲ့တူ Nang Bawy တီးပေးတယ်။ အခုတော့ ဆင်ပေါက် Bass တီးပေးတယ်။ အခု Percussion နဲ့Live Drums က ကိုကျော်ဝင်းနိုင် Second Album မှာ သူ Drums ၀င်တီးတယ်။

စတူဒီယိုမှာ ပွဲမ၀င်ခင် အပြင်မှာ ကျင်းပခဲ့တဲ့ အတွေ့အကြုံတွေရော ရှိသေးလား။ (လူငယ်ဘ၀ ကျောင်းပွဲတွေ ဒါမှမဟုတ် အဆောင်ရှေ့ အုတ်ခုံတွေပေါ်က အတွေ့အကြုံတွေကို ပြောတာ)
♪ လေ့ကျင့်တယ်။ Copy တီးမယ်ဆိုတော့ အလွတ်ပဲ (Notes) မကြည့်ဘဲ တီးချင်တယ်။ အဲဒီတော့ Sunday တိုင်း အိမ်မှာ သီချင်းတိုက်၊ Arrangement တွေလုပ်တယ်။ State ကျောင်းသား ဘ၀တုန်းက ကျောင်းပွဲမှာ Drums တီးတယ်။ အဆောင်ရှေ့တော့ မတီးဖူးပါဘူး။

Punk ကိုမှ ဘာလို့ ကြိုက်ခဲ့တာလဲ။
♪ ကျွန်တော်စနားထောင်တော့ Punk မှန်းတောင် မသိသေးဘူး။ ၆ တန်းကျောင်းတက်နေတုန်းက အဖေက Nirvana နဲ့ Offstring အခွေဝယ်ပေးတယ်။ လုံးဝနားထောင်လို့ မရဘူး။ အဲဒီတုန်းက ကျွန်တော်က Skidrow နဲ့ Aerosmith အသေနားထောင်တာ။ Smash album နဲ့ စငြိတာ။ ကျွန်တော့်မှာ Greenday နဲ့ Offspring တွေ လိုက်စုတာ Series လိုက် ရှိတယ်။ အဲဒီတုန်းက Alternative ပဲလို့ ထင်ခဲ့တာ။ MTV မှာ Greenday က သူတို့ဝိုင်းဟာ Punk ပါလို့ပြောမှ Punk မှန်းသိတာ။ အဲဒီထဲက Drums တွေ အမြန်တီး၊ Bass Solo တွေပြ၊ ပေါကြောင်ကြောင် စာသားတွေက အရမ်းထူးဆန်းနေတယ်။ နားထောင်ရင်းနဲ့ အရမ်းကြိုက်သွားတာ အခုထိပဲ။

အခုမြန်မာပြည်မှာ ရေစီးဖြစ်နေတဲ့ Hip Hop နဲ့ Alter အပေါ်ရော ဘယ်လိုမြင်လဲ။
♪ ကောင်းတာပေါ့။ Line စုံသွားတာပေါ့။ ရှိသင့်ပါတယ်။ တကယ်ရူးဖို့ပဲ လိုတယ်။

အားလုံးအတွက်ပန့်ခ်မှာ အဖေဖြစ်သူက ငွေကြေးအပြင် အခြားဘာ အထောက်အပံ့တွေ ပေးခဲ့သေးလဲ။
♪ အခွေဖြစ်ဖို့ လိုသမျှ အားလုံးပါပဲ။

သီချင်းတွေ ရေးဖြစ်ပုံက။ ဘယ်လိုအချိန်မှာ ဘယ်လို သီချင်းမျိုးကို ရေးဖြစ်လဲး
♪ ၇တန်း ကျောင်းသား စဖြစ်တော့ သီချင်းရေးတယ်။ အချိန်သတ်မှတ်ပြီး မရေးပါဘူး။ ကြုံရင်ကြုံသလို ရေးတာပဲ။ များသောအားဖြင့် ညပိုင်းမှာ Melody ရှာတယ်။ ကားမောင်းရင်း စာသားစဉ်းစားတယ်။

ဒီနေ့ခေတ် နောက်ပိုင်း လူငယ်တွေရေးတဲ့ သီချင်းတွေမှာ စကားလုံးတွေက တဲ့တိုးတွေ များလာသလိုပဲ။ အဲဒါဒီနေ့လူငယ်တွေရဲ့ ပုံရိပ်စစ်လား။
♪ ဟုတ်မှာပေါ့။ ကျွန်တော်လည်း ရေးရင်တဲ့တဲ့ပဲ ရေးတယ်။ ကိုယ့်ဘာသာကိုယ် သတိမထားမိဘူး။

ဒါနဲ့ ဟန်ထူးလွင်မှာ ကိုယ်ပိုင်ပရိသတ် ရှိနေပြီလား။ မြန်မာပြည်မှာ Punk အခြေအနေက။
♪ ကျွန်တော့် ပရိသတ် သပ်သပ် ရှိပါတယ်။ လူငယ်တွေ များပါတယ်။ ဒါပေမယ့် Punk ကို Punk ဆိုပြီး နားထောင်တာတော့ နည်းနေဦးမှာပေါ့။ ရိုးရိုးသီချင်းလိုပဲ နားထောင်နေ ကြတာပဲလေ။ သိပ်မှ မသိကြသေးတာ။

Stage တွေမှာ ရတဲ့အရသာက ပရိသတ်ရဲ့ လက်ခုပ်သံတွေအပြင် ဘာတွေရှိဦးမလဲ။
♪ တစ်ခါတလေ ဆဲသံတွေပေါ့။

ဖခင်လို လိုင်းမျိုးကိုရော ဆိုဖို့ စိတ်ဝင်စားလား။
ကျွန်တော့်အသံနဲ့ မလိုက်ပါဘူး။ အဲဒါ ဆိုလောက်တဲ့ ပညာမရှိသေးဘူး။

ကိုယ့်ရှေ့မှာ သီချင်းဆိုတဲ့ ဖခင်နဲ့ နီးစပ်ခဲ့လို့ ဟန်ထူးလွင် အဆိုတော် ဖြစ်ခဲ့တာလား။ အဖေသာ အဆိုတော် မဟုတ်ခဲ့ရင် ဟန်ထူးလွင် အခြားတစ်ခုခု ဘာဖြစ်နေမလဲ။
♪ အဖေကလည်း Drums ပဲ စတီးခဲ့တာပဲ။ Drums တီးနေကတည်းက အားကျတာ ရှိတာပေါ့။

ဟန်ထူးလွင်က တစ်သက်လုံး Punk ပဲလား။
♪ တစ်သက်လုံး Punk ပဲလား ဆိုတာတော့ ပြောလို့ မရပါဘူး။ ဒါပေမယ့် ကိုယ့်ဘာသာ ညာလို့ မရပါဘူး။ ကိုယ့်စိတ်ကြိုက် Album တွေ ထုတ်ခွင့်ရလာရင် ကိုယ်ဘာ Music ကြိုက်နေတယ်ဆိုတာ ပေါ်လာမှာပဲလေ။ နားထောင်တဲ့ ပရိသတ်က ဆုံးဖြတ်မှာပေါ့။

ရှေ့ဆက်မယ့် အစီအစဉ်တွေ။
♪ Show တွေဆိုမယ်။ Albums တွေထုတ်မယ်။ OwnTune များများ ရေးမယ်။ ပြီးတော့ ကား ဖြည်းဖြည်းမောင်းမယ်။

R&M နှင့်အင်တာဗျူး (မဟေသီမဂ္ဂဇင်း မတ်လ ၂၀၀၃)

(ကျားပေါက်ဘ၀ အစ အင်တာဗျူးလေးပါ။ အမေးအဖြေတွေက သိပ်မကျယ်ပြန့်ပဲ အတိုချုံးလွန်း ပေမယ့် အခုအချိန်မှာ ပရိသတ်အများအပြားရဲ့ အသည်းစွဲ ဖြစ်နေတဲ့ Band တစ်ခုကို စတင်တည်ထောင်ခဲ့သူရဲ့ ငယ်ရွယ်စဉ် စကားတွေကို မှတ်တမ်းတင်ထားဖို့ပါ။)

Credit - We Love Music (Myanmarockzone.blog)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။