Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, October 11, 2015

Newborn baby and Water ကလေးကို ရေဘယ်တော့တိုက်မလဲ


Newborn baby and Water ကလေးကို ရေဘယ်တော့တိုက်မလဲ

၁။ ဆရာ သမီးလေးက အသားဝါတာ သွေးတော့မသွင်းရဘူးလို့ပြောပါတယ်။ အခု သမီးလေးက တလနဲ့တပါတ်ပါ။ ဒီက ဆရာဝန်တွေကတော့ ၆ လအထိမိခင်နို့တစ်မျိုးတည်ကိုသာတိုက်ပါလို့ ပြောပါတယ်။ ရေမတိုက်ရဘူးလို့ပြောတယ်။ သမီးကရေတိုက်ချင်တယ်။ တိုက်လို့ရမလားဆရာ။ ဒီကကလေးဆရာဝန်တွေကဘာလို့ ရေမတိုက်ခိုင်းတာလဲ မသိဘူးဆရာ။

၂။ ရေလုံးဝမတိုက်ရလို့ တချို့ကလေးအထူးကုဆရာဝန်ကြီးတွေကပြောတယ်ဆရာ။

၃။ ဆရာခင်ဗျာ၊ ကလေးကို ရေပိုတိုက်ပေးပါဆိုတာကို မေးပါရစေ။ ကျွန်တော်တို့ ပိုစတာတွေနဲ့ကို ကြေငြာနေတာ တွေ့ဖူးပါတယ်။ ၆ လအထိမိခင်နို့သာ တိုက်ဖို့၊ ရေလုံးဝမတိုက်ဖို့ ဖတ်ရပါတယ်။ ဘာကြောင့် ရေမတိုက်ခိုင်းပါသလဲ၊ ဖြေပေးပါဦးခင်ဗျာ။

သည်လိုမျိုးအမေးတွေ ခဏခဏလာပါတယ်။ ဖြေကြည့်ပါမယ်။ ဒါပေမဲ့ ကျွန်တော် ကလေးအထူးကုဆရာဝန် မဟုတ်ပါ။

သက်ရှိလူတွေနဲ့ တိရစ္ဆာန်မှန်သမျှ ရေသောက်မှ အသက်ရှင်တယ်။ ကလေးကို မွေးလာပြီး ဘယ်တော့ ရေစတိုက်မလဲ ဆိုတာ အရင်ကတော့ မေးစရာမလိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ကလေးအထူးကု ဆရာဝန်တွေ မပေါ်ခင်ကတည်းက လူသန်းထောင်ပေါင်းများစွာဟာ ကမ္ဘာမှာ မွေးလာခဲ့ပြီး ဖြစ်ပါတယ်။

အခုတော့ ကလေးမိဘတွေ၊ အသိမိတ်ဆွေတွေ၊ ဆရာဝန်တွေအကြား အမြင်မတူကြပါ။ ဘယ်ဟာယူမလဲ။ အယူအဆတွေ၊ အတွေးအမြင်တွေဆိုတာ ကာလရွေ့လျောတာနဲ့ ပြောင်းတယ်။ သိပ္ပံပညာ၊ ဆေးပညာမှာလဲ ပြောင်းတယ်။ ကျန်းမာရေး အသိရှိသူတွေက ကလေး ၆ လပြည့်မှ ရေတိုက်ရတယ်လို့ ပြောကြတယ်။ ဆရာဝန်တွေက မိခင်နို့ဖြစ်ဖြစ်၊ နို့ဗူးဖြစ်ဖြစ်မှာ ကလေးလိုအပ်တဲ့ရေ အလုံအလောက်ရတာမို့ ၆ လအောက်ကလေးကို ရေအပိုတိုက်စရာ မလိုပါတဲ့။ တချို့က ၂ လ မပြည့်ခင် မတိုက်ချင်ပါနဲ့တဲ့။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလဲ ကလေး ၆ လအတွင်းမှာ ရေတောင်မှ တိုက်စရာမလိုပါလို့ အကြံပြုထားပါတယ်။ ဒီအကြံပြုချက်ဟာ မိခင်နို့ရဲ့ ပြည့်စုံမှုကို အလေးပေး ဖေါ်ညွှန်းချက်ဖြစ်တာ သတိပြုပါ။ ရေရဲ့ ဘေးထွက်-ဆိုးကျိုးအနေနဲ့ ပြောတာ မဟုတ်ပါ။ မအေနို့က အဆင်မပြေမှသာ နို့မှုံ့တိုက်ပါလို့ ဆက်ရေးထားပါတယ်။

မိခင်နို့ထဲမှာ ရေ ၉ဝ-၉၈% ပါတယ်။ နို့ဦးရည်ကြည်ဟာ ကလေးမွေးပြီး ၃၇ စီစီ ထွက်တယ်။ ၅ ရက်သားမှာ တနေ့ကို နို့ရည် ၅ဝဝ စီစီ ထွက်တယ်။ ၃-၅ လ ရှိရင် တနေ့မှာ ၇၅ဝ စီစီ ထွက်တယ်။ ၆ လ မှာ ၈ဝဝ စီစီ ထွက်တယ်။ နို့ဦးရည်ကြည်မှာ (အင်တီဘော်ဒီ) ခေါ်တဲ့ ရောဂါခံနိုင်စွမ်း ပါတယ်။ နို့မှုံ့မှာ ဒါမပါဘူး။

အမေရိကန် ကလေးဆရာဝန်များ အကယ်ဒမီကပြောတာက “အစားမာမစားမချင်း ကလေးက ရေအပိုလိုဘူး” တဲ့။ ကလေး ၆ လပြည့်တဲ့နောက် ရေတိုက်ဘို့ ဘာလို့လိုသလဲဆိုတဲ့ အချက်တွေထဲမှာ (ဖလိုရွိုက်) ဓါတ်ဆား လိုအပ်လာတာ ဖြစ်တယ်။

Debbi Donovan ဆိုတဲ့ လက်မှတ်ရ နို့တိုက်အတိုင်ပင်ခံကပြောတာက “ရေထဲမှာ ဘာအာဟာရဓါတ်မှ မပါလို့ ဘာ (ကယ်လိုရီ) မှ မရစေဘူး။ ကယ်လိုရီ မပါတာ တိုက်လို့ ကလေးကိုယ်အလေးချိန် ကျစေမယ်။” ဒါပေမဲ့ အိန္ဒိယကလူတွေ ရေအတော်သောက်ကြတယ်။ ဧည့်သည်လာရင် ရေအရင်တိုက်ရတယ်။ တချို့ဧည့်သည်က ရေတခွက်နဲ့ အားမရလို့ ထပ်တောင်းသေးတယ်။ သူတို့ဆီမှာ ယောက်ျား၊ မိန်းမ ဗိုက်ထွက်အောင် ဝကြတယ်။

ကလေးအထူးကု တချို့ကတော့ ရေကြောင့် ကျောက်ကပ်ကနေ ဓါတ်ဆားတွေပါ ထုတ်ပေးရမှာမို့ ဓါတ်ဆားနည်းစေမယ်။ (ဆိုင်း ဆန်ဂျီးဗီနီ ဖေါင်ဒေရှင်း) ကနေ ထောက်ပြထားတာတခု ရှိပါတယ်။ ကလေး ၆ လ မပြည့်ခင် ရေမတိုက်ပါနဲ့ဆိုတာ အန္တရာယ်ရှိတဲ့ အကြံပြုချက်ဖြစ်တယ်တဲ့။ ဘာလို့လဲဆိုတော့ အဲလိုသာ ရေမတိုက်ရင် ကလေးရဲ့ ကျောက်ကပ်ဟာ ပြန်ပြင်မရတဲ့ ပျက်စီးမှု ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

ကလေးကို ရေခဏခဏတိုင်ရင် နို့စို့တာနည်းမယ်၊ နို့ထွက်နည်းမယ်။ ရေတိုက်ရင် (ဘီလီရူဘင်) တက်စေပြီး အသားဝါစေမယ်။ တချို့ပညာရှင်တွေက အတော်ကြောက်စရာကောင်းတဲ့ ရောဂါတွေနဲ့ ထောက်ပြတယ် (ခြောက်ကြတယ်)။ ရေကတဆင့် ကူးစက်ရောဂါတွေ ရစေနိုင်တယ်။ အာဟာရ ချို့တဲ့မယ်။ ဝမ်းပျက်မယ်။ မျက်နှာတခြမ်း လေဖြတ်မယ်။ သွေးထဲ ပိုးရောက်မယ်။ ဦးနှောက်မှေး ရောင်မယ်။ ရေအပိုတိုက်လို့ သွေးထုထည်တိုးပြီး နှလုံးက အလုပ်ပို လုပ်ရမယ်။ နောက်ပြီး ရေဆိပ်သင့်တာ ဖြစ်စေမယ်။ ဒါက (သီအိုရီ) သာ ဖြစ်ပါတယ်။ ဘယ်မိဘတွေကမှ အဲလောက်အထိ ကလေးကို ရေမတိုက်ကြပါ။ ကလေးကလဲ မသောက်ပါ။

မိခင်နို့မှာ ရေပြည့်စုံနေပြီးဖြစ်တယ်ဆိုတဲ့အချက်ကို သတိပြုရမယ် ထင်ပါတယ်။ တကယ်လို့ မိခင်က မအားလပ်၊ ကလေးကဆာ၊ ငိုနေရင် ဘာလုပ်မလဲ။ မိခင်နို့တိုက်တာမို့ နို့ဗူးလဲအဆင်သင့်မရှိတော့ ရေတိုက်တာထက် ကောင်းတာ ဘာရှိပါသလဲ။ အဆာလဲပြေအောင် အချို (ပျားရည်) နည်းနည်းလေးပါရောတိုက်ပြီး ကြီးလာခဲ့တဲ့ကလေး သန်းပေါင်း များစွာရှိတယ် မဟုတ်ပါလား။ အထက်ကထောက်ပြထားတဲ့ ရောဂါတွေ တခုချင်းအကြောင်းကို ဖတ်ကြည့်ပါ။ ရေ (ရေသန့်) တိုက်လို့ ဖြစ်ပါတယ်ဆိုတာ တနေရာမှ မတွေ့ပါ။

ကလေးမွေးကတည်းက -
• နေမကောင်းရင်၊ ကိုယ်ပူရင် ရေလိုမယ်။
• ရာသီဥတု ပူပြင်းချိန်မျိုးမှာ ရေလိုတယ်။
• ဝမ်းချုပ်နေတာဟာ ရေလိုလို့ဖြစ်တယ်။
• ဝမ်းပျက်ရင် ORS ဓါတ်ဆားရေ မလွဲမသွေ တိုက်ရပါမယ်။ နို့နဲ့မဖျော်ပါ ရေနဲ့ဖျော်ရတာပါ။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။