Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Sunday, October 4, 2015

႔Englishစာ ဘာလို႔မတုိးတက္တာလဲ



ကြ်န္ေတာ္ English စာကို Part-time သင္ပါတယ္။ ကြ်န္ေတာ္
ခဏခဏ ၾကံဳေတြ႔ရတဲ့ ေမးခြန္းကေတာ့ သူတို႔Englishစာ
ဘာလို႔မတုိးတက္တာလဲတဲ့။ ဘယ္လိုေလ့လာမွEnglishစာကို
ေကာင္းေကာင္းေၿပာတတ္မွာလဲတဲ့။ကြ်န္ေတာ္ဒီေဆာင္းပါး
ေလးကေနပဲအၾကံေပးပါရေစ။ ကြ်န္ေတာ္ ေအာက္မွာေရးၿပ
ထားတဲ့အခ်က္ေတြထဲက သင္ဘယ္ႏွစ္ခ်က္ေလာက္
က်င့္သံုးေနပါလဲ? ဒီေဆာင္းပါးေလးဖတ္ၿပီးရင္ေတာ့
သင့္အတြက္တစ္စံုတစ္ခု အက်ိဳးရွိမွာေသခ်ာပါ
တယ္။ ကြ်န္ေတာ္ မုိးရွင္း (I.M.T) သည္လည္း ဆရာၾကီး
တစ္ေယာက္မဟုတ္ ေသးပါ။ ဒါေပမယ့္ English စာေၾကာင့္
အခြင့္အလမ္းေပါင္းမ်ားစြာကို ဘဝမွာ ရရွိခဲ့ပါတယ္။ ဒါ့ေၾကာင့္
သိသမွ်ကိုေ၀မွ်လိုေသာ ေစတနာၿဖင့္ေရးသားပါသည္။



(၁) Confidence ရွိပါ။

ဘယ္အရာပဲလုပ္လုပ္ ကိုယ့္ကိုယ္ကိုယံုၾကည္မႈရွိမွ ေအာင္ၿမင္္
မွာပါ။ ယံုၾကည္မႈမရွိပဲ ခက္ခဲတဲ့အရာေတြကိုရင္ဆိုင္နုိင္မွာ
မဟုတ္ပါဘူး။ ဘာသာစကားတစ္ခုကိုကြ်မ္းက်င္ခ်င္တယ္ဆို
ရင္ေတာ့ အခ်ိန္ယူရပါတယ္။တစ္လအတြင္းသင္ၿပီး
သင္မတတ္ေၿမာက္နုိင္ပါဘူး။

(၂) အေလးထားပါ။အာရံုစူးစိုက္ပါ။ (Focus!)

ဘယ္လိုေနရာမ်ိဳးမွာၿဖစ္ၿဖစ္ေအာင္ၿမင္ခ်င္ရင္ အာရံုစိုက္ရ
ပါတယ္။ သင္ကယံုၾကည္မႈေလးေတာ့ရွိပါတယ္။အာရံုစူးစိုက္မႈ
မရွိရင္ေတာ့ သင့္English စာတိုးတက္လာဖို႔မလြယ္ပါဘူး။
သင္တန္းတစ္ခုသာတက္ေနတာ အာရံုစူးစို္က္မႈမရွိရင္
ဘာမွအက်ိဳးမရွိပါဘူး။

(၃) ရည္မွန္းခ်က္ရွိပါ။

ရည္မွန္းခ်က္မရွိတဲ့သူေတြဟာဘယ္ေတာ့မွအာရံုမစူးစိုက္
နုိင္ပါဘူး။Englishစာသင္တန္းကိုရည္းစားရေအာင္၊
အိမ္က စိတ္ခ်မ္းသာေအာင္ စသၿဖင့္ရည္ရြယ္ခ်က္ေတြနဲ႔
တက္ေနလို႔ကေတာ့ ဘယ္ေတာ့မွတိုးတက္မွာမဟုတ္ပါဘူး။
သင္အဲ့ဒိလို လူမ်ိဳးေတြလည္း ၿမင္ဖူးပါလိိမ့္မယ္။
တက္လိုက္တဲ့သင္တန္း၊ကုန္လိုက္တဲ့ေငြ၊ တကယ့္တကယ္
က်ေတာ့ အသက္သာ တစ္ေန႔ထက္တစ္ေန႔ၾကီးလာတယ္
သိတဲ့အသိကေတာ့ အသက္နဲ႔အတူမၾကီးလာပါဘူး။
ဒါေၾကာင့္ ရည္မွန္းခ်က္ထားပါ။ တစ္ေန႔က်ရင္(သို႔မဟုတ္)
တစ္နွစ္ေလ့လာၿပီးရင္ကြ်မ္းက်င္စြာေၿပာကိုေၿပာတတ္ရမယ္
လို႔ ရည္မွန္းခ်က္ထားပါ။

(၄) ရည္မွန္းခ်က္ကိုသစၥာရွိပါ။

တစ္ခ်ိဳ႕ကရည္မွန္းခ်က္ေလးေတာ့ထားပါရဲ့။ တကယ့္
တကယ္က်ေတာ့ ညဘက္Facebookမွာအခ်ိန္ကုန္လိုက္၊
Candy Crush, Clash of Clans စသၿဖင့္ဂိမ္းေပါင္းစံုမွာ
အခ်ိန္ကုန္လိုက္နဲ႔ ဘယ္ေတာ့မွၿပန္မရနုိင္ေတာ့တဲ
အခ်ိန္ေတြကို ေကာင္းေကာင္းၾကီးကို ၿဖဳန္းေနၾကပါတယ္။
ဒါေပမယ့္ သူတို႔ေမးတဲ့ေမးခြန္းက “ကြ်န္ေတာ့္
Englishစာတိုးတက္ေအာင္ ဘယ္လိုလုပ္ရမလဲတဲ့”။
သူတို႔ကေတာင္ေပၚကိုတက္ခ်င္တယ္။ ဒါေပမယ့္
ေတာင္ေအာက္မွာေဆာ့ရင္းနဲ႔အခ်ိန္ၿဖဳန္း ေနတယ္။
ၿပီးေတာ့ေတာင္ေပၚကလူကို အဲ့ဒိကုိလာဖို႔ဘာလုပ္ရမလဲ
လို႔လွမ္းေမးတယ္။ အေၿဖကရွင္းပါတယ္။ ေဆာ့ေနတာ
ရပ္ၿပီး ေတာင္ေပၚစတက္ေပါ့။ ေတာင္ေပၚတက္ေနရင္း
အခက္အခဲရွိလို႔ေမးတဲ့သူမ်ိဳးကို ေၿဖရတာအက်ိဳး ရွိပါတယ္။
ဘာလို႔လည္းဆိုေတာ့ လူေတာ္ေတာ္မ်ားမ်ား
ေတာင္ေပၚကိုေရာက္ဖို႔ အသည္းအသန္တက္ေနၾကၿပီ။
ေတာင္ေအာက္မွာ ေဆာ့ရင္းတစ္သက္လံုးေပ်ာ္ရႊင
နုိင္တယ္ဆိုရင္ေတာ့ကိစၥမရွိပါဘူး။ ေတာင္ပၚတက္ခ်င္
ရင္ေတာ့ စတက္ေတာ့ေနာ္။ ဒါေၾကာင့္ရည္မွန္းခ်က္
ထားရံုနဲ႔လည္းမၿပီးပါဘူး။ အဲဒိရည္မွန္းခ်က္ကို သစၥာရွိပါ။

(၅) Time-table တစ္ခုထားပါ။သူ႔ကိုလည္း သစၥာရိွပါ။

သင့္မွာအရင္က Time-tableမရွိဘူးဆိုရင္လည္း အခုစၿပီး
ဆြဲပါ။ တစ္ေန႔တစ္နာရီပဲေလ့လာအံုး။သင့္English
စာတုိးတက္ နုိင္ပါတယ္။ ဆိုးတာကတစ္ခ်ိဳ႕သူေတြက
တစ္နာရီေလးေတာင္အခ်ိန္မေပးခ်င္ၾကပါဘူး။
ဒါေပမယ့္ ေနွးေကြးတဲ့connection နဲ႔ညနက္သန္း
ေခါင္တက္လာမယ့္Facebook Status ေတြကိုေတာ့
ေစာင့္ၾကည့္တတ္ၾကပါတယ္။ သင္တစ္ေန႔ကို
တစ္နာရီေလာက္အခ်ိန္မေပးပဲနဲ႔ သင့္Englishစာအၿမန္ဆံုး
တိုးတက္ ခ်င္တာကေတာ့ ရူးသြပ္လြန္းတယ္လို႔ပဲေၿပာပ
ရေစ။ ႏွစ္ေပါင္းမ်ားစြာၾကာမွ တိုးတက္ရင္လည္း
ရပါတယ္ဆိုရင္ေတာ့ သင္လုပ္ေနက်အတိုင္းသာဆက္
လုပ္ပါ။ ဒါမွမဟုတ္ အၿမန္ဆံုးတိုးတက္ခ်င္ပါတယ္ဆို
ရင္ေတာ့ အခုကစၿပီး တစ္ေန႔ကိုတစ္နာရီေတာ့အခ်ိန္
ေပးပါ။ မအားဘူးလို႔ေတာ့ ဆင္ေၿခမေပးပါနဲ႔။ လုိလွ်င္
ၾကံဆ နည္းလမ္းရတဲ့။“အခ်ိန္မရဘူးလို႔ ဘယ္ေတာ့မွ
ဆင္ေၿခေပးေလ့မရွိပါဘူး။” ကြ်န္ေတာ္စေလ့လာတုန္း
ကBusကားတိုးစီးရင္းနဲ႔ လည္း Listening ေလ့က်င့္ပါ
တယ္။ ပိုက္ဆံမရွိတာေတာင္ စာအုပ္အေဟာင္းေလး
ေတြ ၀ယ္ဖုိ႔ပိုက္ဆံစုပါတယ္။ BBC Radio Program
ကုိတစ္လံုးမွနားမလည္ပဲနဲ႔ Radioအစုတ္ေလးနဲ႔
ရေအာင္နားေထာင္ ခဲ့ဖူးပါတယ္။ ကြ်န္ေတာ့္Time-table
ကုိလည္းကြ်န္ေတာ္သစၥာရွိခဲ့ပါတယ္။

(၆) မရွက္ပါနဲ႔။

အေပၚကအခ်က္မွာေၿပာခဲ့သလိုပဲ ဘာသာစကားတစ္ခုကို
တတ္ကြ်မ္းခ်င္ရင္ ရူးသြပ္ရပါတယ္။အစမွာေတာ့ဘယ္သူမွ
အသံထြက္မွန္မွာမဟုတ္ပါဘူး။ ဒါကိုလည္း လူေတြကရယ္
ခ်င္ရယ္မွာေပါ့။သင္ေရာ သူမ်ားအသံထြက္မွားရင္ မရယ္ပဲ
ေနနိုင္ လို႔လား။ ဒါကရွက္စရာမဟုတ္ပါဘူး ။ရယ္ရလို႔
ရယ္ၾကတာပါ။ လူ႔သဘာ၀ပါပဲ။အဲ့ဒါၾကီးကို အာရံုစိုက္ေန
လို႔ကေတာ့ ဘယ္ေတာ့မွေၿပာရဲလာမွာမဟုတ္ပါဘူး။
မိမိဘာသာစကားမဟုတ္တဲ့အရာတစ္ခုကို သင္ယူေနတာ
မွားတာကသဘာ၀ပါ။ရွက္စရာမဟုတ္ပါဘူး။ ေၿပာရဲတာ
ဂုဏ္ယူစရာပါ။

(၇) ေၿပာရဲၿပီးရင္ အသံထြက္ေကာင္းေအာင္လုပ္ပါ။

ေၿပာရဲတာကေတာ့ဟုတ္ပါၿပီ။ ဒါေပမယ့္ တစ္လေနလည္း
အသံထြက္က မေကာင္း၊ ၅လေနလည္း အသံထြက္
က တစ္စက္မွမမွန္၊ တစ္ႏွစ္ေနလည္း အသံထြက္မတိုး
တက္ဆိုရင္ေတာ့မဟုတ္ေသးပါဘူး။ စသင္သင္ခ်င္း
မွားတာက သဘာ၀ၿဖစ္ေပမယ့္ အခ်ိန္ အၾကာၾကီး
ေလ့လာၿပီးတာေတာင္ မတိုးတက္ေသးရင္ေတာ့ သင့္ကိုယ္
သင္ၿပန္သံုးသပ္ဖို႔လုိပါၿပီ။ ဘာလို႔အသံထြက္မေကာင္းတာလဲ?
အသံထြက္တိုးတက္ေအာင္ဘယ္လိုလုပ္မလဲ? ဒီအေၾကာင္း
ကို ကြ်န္ေတာ္အရင္ေရးဖူးပါတယ္။ မၾကာမီမွာလည္း ျပန္
တင္ေပးပါ့မယ္။

(၈)ေလ့လာတတ္ပါေစ။

အၾကာၾကီးေလ့လာၿပီးမွ မတိ္ုးတက္ဖူးဆိုရင္ေတာ့
သင္ဗ်ဴဟာမွားေနပါၿပီ။ ဘာသာစကားေလ့လာရင္
ပါးနပ္ရပါတယ္။ ဘယ္ဟာအေရးအၾကီးဆံုးလဲ သိရပါတယ္။
သင္ဘာလို႔အဲ့ဒိဘာသာစကားကုိသင္တာလဲ ၿပန္သံုးသပ္
ပါ။ မ်ားေသာအားၿဖင့္ေတာ့ communicateလုပ္ဖို႔
သင္ယူၾကတာပါ။ ဒါေၾကာင့္ Speaking Skill ကအေရးၾကီး
ဆံုးပါ။ ဒါေပမယ့္ သင္ကBest Seller စာေရးဆရာ
တစ္ေယာက္ၿဖစ္ခ်င္တာလား။ ဒါဆိုရင္ေတာ့ Writing ကို
ပိုအာရံုစုိက္ေပါ့။ Speaking Skillကတကယ္ေတာ့ Skill
ေလးခုထဲမွာအလြယ္ဆံုးပါပဲ။ မွန္ကန္တဲ့နည္းဗ်ဴဟာ
ေလးပဲလုိတာပါ။ ဆိုရိုးေလးတစ္ခုရွိပါတယ္။ “English
is easy to learn but difficult to master” တဲ့။
သင္ဖို႔လြယ္တယ္ ဆရာက်ဖို႔ခက္တယ္တဲ့။ ဟုတ္ပါတယ္
ေၿပာတတ္ရံုပဲေၿပာတတ္ခ်င္ရင္ ထင္သေလာက္မ
ခက္ပါဘူး။

(၉)အင္တာနက္ကို အက်ိဳးရွိစြာသံုးတတ္ပါေစ။

အင္တာနက္ကိုအက်ိဳးရွိစြာအသံုးၿပဳတတ္ရင္ေတာ့
သင့္Englishစာတိုးတက္တာ ၿမန္လာပါလိမ့္မယ္။ အသံဖိုင္
ေတြ အမ်ားၾကီး Downloadလုပ္လို႔ရပါတယ္။
ဗီဒီယုိေတြၾကည့္လို္႔ရပါတယ္။ ကြန္နက္ရွင္မေကာင္း
ဘူးလို႔ေတာ့ဆင္ေၿခမေပးပါနဲ႔။ ကြ်န္ေတာ္လည္း
ကြန္နက္ရွင္ေကာင္းတဲ့ အင္တာနက္ဆိုင္ရွာၿပီး ၾကိဳးစားခဲ့
တာပါ။

(၁၀) စိတ္အားထက္သန္မႈရွိပါ။

စိတ္အားထက္သန္မႈမရွိတာကလည္း ေတာ္ေတာ္မ်ားမ်ား
ၿဖစ္ေလ့ရွိတဲ့ၿပသနာပါပဲ။ လူငယ္ေတာ္ေတာ္မ်ားမ်ား
က ေလ့လာတာ နည္းနည္းၾကာလို႔ မတိုးတက္ရင္
စိတ္ဓာတ္က်လြယ္တတ္ၾကပါတယ္။ ၿပီးေတာ့ စိတ္အား
ထက္သန္မႈက သင့္အတြက္တြန္းအားပါ။စိတ္အားထက္
သန္မႈမရွိတဲ့သူေတြက စိတ္ဓာတ္က်လြယ္တတ္ပါ
တယ္။စိတ္အားထက္သန္မႈက ေတြ႔ရမယ့္အခက္အခဲ
ေတြထက္ၾကီးမားမွ သင္ၿဖတ္ေက်ာ္နိုင္မွာပါ။

(၁၁) အားက်စရာပုဂၢိဳလ္ရွာပါ။

စိတ္အားထက္သန္ဖို႔ဆိုတာက အားက်စရာလူတစ္ေယာက္
ရွိေနဖုိ႔လည္း အရမ္းအေရးၾကီးပါတယ္။ ဥပမာ
ေဒၚေအာင္ဆန္းစုၾကည္ Englishစကားေၿပာတာကို
ၾကည့္ၿပီးအားက်တာမ်ိဳးသို႔မဟုတ္ သင္တက္ေနတဲ့
သင္တန္းက ဆရာေၿပာတာကို ၾကည့္ၿပီးအားက်တာမ်ိဳး၊
ဒါမွမဟုတ္Englishစာေကာင္းတဲ့သင့္သူငယ္ခ်င္း
တစ္ေယာက္ကိုၾကည့္ ၿပီးအားက်တာမ်ိဳးေပါ့။ေနာက္ဆံုး
ဘယ္သူမွမရွိရင္လည္း Radio,TVေတြကNative
Speakerတစ္ေယာက္ေယာက္ကို အားက်တာမ်ိဳး
ရွိေနသင့္ပါတယ္။ ဒါမွာ သင့္အတြက္တြန္းအားရွိေနမွာပါ။

(၁၂) ဘာသာစကားကုိတန္ဖိုးထားပါ။

ဘယ္အရာမဆိုသင္တန္ဖိုးထားမွာ တတ္ေၿမာက္မွာပါ။
ဘာသာစကားကလည္းဒီလုိပါပဲ။အေပ်ာ္မသင္ပါနဲ႔။
စာေမးပြဲအတြက္၊ အင္တာဗ်ဴးအတြက္ မသင္ပါနဲ႔။
ဘ၀အတြက္သင္ယူပါ။သင့္ကိုထမင္းေကြ်းနိုင္တဲ့ဘာသာ
စကားတစ္ခု ဆိုတာမေမ့ပါနဲ႔။ ေလးစားပါ။ တန္ဖိုး
ထားပါ။အဲ့ဒိအက်ိဳးေက်းဇူးကိုသင္ၿပန္လည္ ရရွိပါလိမ့္မယ္။
တစ္ေန႔ကိုေရတစ္ခြက္ အနည္းဆံုးေသာက္သလို
Englishစာကို တစ္ေန႔တစ္နာရီေလာက္ေလ့လာပါ။

(၁၃) အသံသြင္းထားပါ။

သင္ေၿပာတဲ့အသံထြက္တိုးတက္မႈရွိလားမရွိလား
အသံသြင္းထားၿပီးၿပန္နားေထာင္နုိင္ပါတယ္။ ဒါမွ
သင့္အသံထြက္တိုးတက္ေအာင္လုပ္နုိင္မွာပါ။

(၁၄) ရူးသြပ္ပါ။

ရူးသြပ္ပါ။ မရူးသြပ္သ၍ တိုးတက္ဖုိ႔မၿမန္ဆန္နုိင္ပါဘူး။
ကြ်န္ေတာ္ဆိုအိပ္ရင္းနဲ႔ထေယာင္ရင္ေတာင္ English
လိုထေယာင္တဲ့ အထိစြဲစြဲလမ္းလမ္းေလ့လာခဲ့ပါတယ္။
ေၿပာစရာအေဖာ္ကလည္းမရွိခဲ့ပါဘူး။ ေနာက္ဆံုးေတာ့
ေၿပာစရာအေဖာ္မရွိလည္း တစ္ေယာက္ထဲေၿပာၿပီး
ေလ့က်င့္ ခဲ့ပါတယ္။ သူငယ္ခ်င္းေတြက “မင္းရူးေနလား
လို႔”ေမးေတာ့“ေအးဟုတ္တယ္ ရူးေနတယ္”လို႔ပဲေၿပာခဲ့
ပါတယ္။ အခုေတာ့ သူတို႔ေၿပာတဲ့စကားက“ငါ့ကို English
စာသင္ေပးပါလားတဲ့” ပတ္၀န္းက်င္ကို ဂရုစိုက္လြန္းရင္
ဘယ္ေတာ့မွေၿပာတတ္မွာမဟုတ္ပါဘူး။

(၁၅) အိပ္ရာေခါင္းရင္းမွာ စာရြက္တစ္ရြက္ကပ္ထားပါ။

သင္တစ္ေန႔တာက်က္ဖို႔ စာလံုးေရကိုသတ္မွတ္ထားပါ။
၅လံုးလည္းရပါတယ္။ ၁၀လံုးလည္းရပါတယ္။
သင္က်က္မွတ္ဖို႔ သတ္မွတ္ထားတဲ့ စာလံုးေတြကို
အၿမဲက်က္မွတ္ပါ။မွတ္ထားသမွ်စကားလံုးအားလံုး
စကားေၿပာမွာပါေအာင္သံုးပါ။ အဲ့လိုမသံုးရင္ေတာ့
သင္က်က္ထားတာ ဘာမွကိုအက်ိဳးမရွိပါဘူး။
မၾကာမီေမ့သြားမွာပါ။

(၁၆) ေပ်ာ္စရာေတြနဲ႔ေလ့လာပါ။

စာအုပ္ဖတ္မွ Englishစာေလ့လာတာမဟုတ္ပါဘူး။ Movies
ေတြၾကည့္ပါ။ Englishsongsေတြနားေထာင္ပါ။
Jokesေတြ ဖတ္ပါ။အမ်ားၾကီး လုပ္စရာေတြရွိပါတယ္။

အားလံုးပဲ English စာတုိးတက္ၾကပါေစ။

#မိုးရွင္း (I.M.T)

Unicode Version

ကျွန်တော် English စာကို Part-time သင်ပါတယ်။ ကျွန်တော်
ခဏခဏ ကြုံတွေ့ရတဲ့ မေးခွန်းကတော့ သူတို့Englishစာ
ဘာလို့မတိုးတက်တာလဲတဲ့။ ဘယ်လိုလေ့လာမှEnglishစာကို
ကောင်းကောင်းပြောတတ်မှာလဲတဲ့။ကျွန်တော်ဒီဆောင်းပါး
လေးကနေပဲအကြံပေးပါရစေ။ ကျွန်တော် အောက်မှာရေးပြ
ထားတဲ့အချက်တွေထဲက သင်ဘယ်နှစ်ချက်လောက်
ကျင့်သုံးနေပါလဲ? ဒီဆောင်းပါးလေးဖတ်ပြီးရင်တော့
သင့်အတွက်တစ်စုံတစ်ခု အကျိုးရှိမှာသေချာပါ
တယ်။ ကျွန်တော် မိုးရှင်း (I.M.T) သည်လည်း ဆရာကြီး
တစ်ယောက်မဟုတ် သေးပါ။ ဒါပေမယ့် English စာကြောင့်
အခွင့်အလမ်းပေါင်းများစွာကို ဘဝမှာ ရရှိခဲ့ပါတယ်။ ဒါ့ကြောင့်
သိသမျှကိုဝေမျှလိုသော စေတနာဖြင့်ရေးသားပါသည်။

(၁) Confidence ရှိပါ။

ဘယ်အရာပဲလုပ်လုပ် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိမှ အောင်မြင််
မှာပါ။ ယုံကြည်မှုမရှိပဲ ခက်ခဲတဲ့အရာတွေကိုရင်ဆိုင်နိုင်မှာ
မဟုတ်ပါဘူး။ ဘာသာစကားတစ်ခုကိုကျွမ်းကျင်ချင်တယ်ဆို
ရင်တော့ အချိန်ယူရပါတယ်။တစ်လအတွင်းသင်ပြီး
သင်မတတ်မြောက်နိုင်ပါဘူး။

(၂) အလေးထားပါ။အာရုံစူးစိုက်ပါ။ (Focus!)

ဘယ်လိုနေရာမျိုးမှာဖြစ်ဖြစ်အောင်မြင်ချင်ရင် အာရုံစိုက်ရ
ပါတယ်။ သင်ကယုံကြည်မှုလေးတော့ရှိပါတယ်။အာရုံစူးစိုက်မှု
မရှိရင်တော့ သင့်English စာတိုးတက်လာဖို့မလွယ်ပါဘူး။
သင်တန်းတစ်ခုသာတက်နေတာ အာရုံစူးစို်က်မှုမရှိရင်
ဘာမှအကျိုးမရှိပါဘူး။

(၃) ရည်မှန်းချက်ရှိပါ။

ရည်မှန်းချက်မရှိတဲ့သူတွေဟာဘယ်တော့မှအာရုံမစူးစိုက်
နိုင်ပါဘူး။Englishစာသင်တန်းကိုရည်းစားရအောင်၊
အိမ်က စိတ်ချမ်းသာအောင် စသဖြင့်ရည်ရွယ်ချက်တွေနဲ့
တက်နေလို့ကတော့ ဘယ်တော့မှတိုးတက်မှာမဟုတ်ပါဘူး။
သင်အဲ့ဒိလို လူမျိုးတွေလည်း မြင်ဖူးပါလိိမ့်မယ်။
တက်လိုက်တဲ့သင်တန်း၊ကုန်လိုက်တဲ့ငွေ၊ တကယ့်တကယ်
ကျတော့ အသက်သာ တစ်နေ့ထက်တစ်နေ့ကြီးလာတယ်
သိတဲ့အသိကတော့ အသက်နဲ့အတူမကြီးလာပါဘူး။
ဒါကြောင့် ရည်မှန်းချက်ထားပါ။ တစ်နေ့ကျရင်(သို့မဟုတ်)
တစ်နှစ်လေ့လာပြီးရင်ကျွမ်းကျင်စွာပြောကိုပြောတတ်ရမယ်
လို့ ရည်မှန်းချက်ထားပါ။

(၄) ရည်မှန်းချက်ကိုသစ္စာရှိပါ။

တစ်ချို့ကရည်မှန်းချက်လေးတော့ထားပါရဲ့။ တကယ့်
တကယ်ကျတော့ ညဘက်Facebookမှာအချိန်ကုန်လိုက်၊
Candy Crush, Clash of Clans စသဖြင့်ဂိမ်းပေါင်းစုံမှာ
အချိန်ကုန်လိုက်နဲ့ ဘယ်တော့မှပြန်မရနိုင်တော့တဲ
အချိန်တွေကို ကောင်းကောင်းကြီးကို ဖြုန်းနေကြပါတယ်။
ဒါပေမယ့် သူတို့မေးတဲ့မေးခွန်းက “ကျွန်တော့်
Englishစာတိုးတက်အောင် ဘယ်လိုလုပ်ရမလဲတဲ့”။
သူတို့ကတောင်ပေါ်ကိုတက်ချင်တယ်။ ဒါပေမယ့်
တောင်အောက်မှာဆော့ရင်းနဲ့အချိန်ဖြုန်း နေတယ်။
ပြီးတော့တောင်ပေါ်ကလူကို အဲ့ဒိကိုလာဖို့ဘာလုပ်ရမလဲ
လို့လှမ်းမေးတယ်။ အဖြေကရှင်းပါတယ်။ ဆော့နေတာ
ရပ်ပြီး တောင်ပေါ်စတက်ပေါ့။ တောင်ပေါ်တက်နေရင်း
အခက်အခဲရှိလို့မေးတဲ့သူမျိုးကို ဖြေရတာအကျိုး ရှိပါတယ်။
ဘာလို့လည်းဆိုတော့ လူတော်တော်များများ
တောင်ပေါ်ကိုရောက်ဖို့ အသည်းအသန်တက်နေကြပြီ။
တောင်အောက်မှာ ဆော့ရင်းတစ်သက်လုံးပျော်ရွှင်
နိုင်တယ်ဆိုရင်တော့ကိစ္စမရှိပါဘူး။ တောင်ပါ်တက်ချင်
ရင်တော့ စတက်တော့နော်။ ဒါကြောင့်ရည်မှန်းချက်
ထားရုံနဲ့လည်းမပြီးပါဘူး။ အဲဒိရည်မှန်းချက်ကို သစ္စာရှိပါ။

(၅) Time-table တစ်ခုထားပါ။သူ့ကိုလည်း သစ္စာရှိပါ။

သင့်မှာအရင်က Time-tableမရှိဘူးဆိုရင်လည်း အခုစပြီး
ဆွဲပါ။ တစ်နေ့တစ်နာရီပဲလေ့လာအုံး။သင့်English
စာတိုးတက် နိုင်ပါတယ်။ ဆိုးတာကတစ်ချို့သူတွေက
တစ်နာရီလေးတောင်အချိန်မပေးချင်ကြပါဘူး။
ဒါပေမယ့် နှေးကွေးတဲ့connection နဲ့ညနက်သန်း
ခေါင်တက်လာမယ့်Facebook Status တွေကိုတော့
စောင့်ကြည့်တတ်ကြပါတယ်။ သင်တစ်နေ့ကို
တစ်နာရီလောက်အချိန်မပေးပဲနဲ့ သင့်Englishစာအမြန်ဆုံး
တိုးတက် ချင်တာကတော့ ရူးသွပ်လွန်းတယ်လို့ပဲပြောပ
ရစေ။ နှစ်ပေါင်းများစွာကြာမှ တိုးတက်ရင်လည်း
ရပါတယ်ဆိုရင်တော့ သင်လုပ်နေကျအတိုင်းသာဆက်
လုပ်ပါ။ ဒါမှမဟုတ် အမြန်ဆုံးတိုးတက်ချင်ပါတယ်ဆို
ရင်တော့ အခုကစပြီး တစ်နေ့ကိုတစ်နာရီတော့အချိန်
ပေးပါ။ မအားဘူးလို့တော့ ဆင်ခြေမပေးပါနဲ့။ လိုလျှင်
ကြံဆ နည်းလမ်းရတဲ့။“အချိန်မရဘူးလို့ ဘယ်တော့မှ
ဆင်ခြေပေးလေ့မရှိပါဘူး။” ကျွန်တော်စလေ့လာတုန်း
ကBusကားတိုးစီးရင်းနဲ့ လည်း Listening လေ့ကျင့်ပါ
တယ်။ ပိုက်ဆံမရှိတာတောင် စာအုပ်အဟောင်းလေး
တွေ ၀ယ်ဖို့ပိုက်ဆံစုပါတယ်။ BBC Radio Program
ကိုတစ်လုံးမှနားမလည်ပဲနဲ့ Radioအစုတ်လေးနဲ့
ရအောင်နားထောင် ခဲ့ဖူးပါတယ်။ ကျွန်တော့်Time-table
ကိုလည်းကျွန်တော်သစ္စာရှိခဲ့ပါတယ်။

(၆) မရှက်ပါနဲ့။

အပေါ်ကအချက်မှာပြောခဲ့သလိုပဲ ဘာသာစကားတစ်ခုကို
တတ်ကျွမ်းချင်ရင် ရူးသွပ်ရပါတယ်။အစမှာတော့ဘယ်သူမှ
အသံထွက်မှန်မှာမဟုတ်ပါဘူး။ ဒါကိုလည်း လူတွေကရယ်
ချင်ရယ်မှာပေါ့။သင်ရော သူများအသံထွက်မှားရင် မရယ်ပဲ
နေနိုင် လို့လား။ ဒါကရှက်စရာမဟုတ်ပါဘူး ။ရယ်ရလို့
ရယ်ကြတာပါ။ လူ့သဘာဝပါပဲ။အဲ့ဒါကြီးကို အာရုံစိုက်နေ
လို့ကတော့ ဘယ်တော့မှပြောရဲလာမှာမဟုတ်ပါဘူး။
မိမိဘာသာစကားမဟုတ်တဲ့အရာတစ်ခုကို သင်ယူနေတာ
မှားတာကသဘာဝပါ။ရှက်စရာမဟုတ်ပါဘူး။ ပြောရဲတာ
ဂုဏ်ယူစရာပါ။

(၇) ပြောရဲပြီးရင် အသံထွက်ကောင်းအောင်လုပ်ပါ။

ပြောရဲတာကတော့ဟုတ်ပါပြီ။ ဒါပေမယ့် တစ်လနေလည်း
အသံထွက်က မကောင်း၊ ၅လနေလည်း အသံထွက်
က တစ်စက်မှမမှန်၊ တစ်နှစ်နေလည်း အသံထွက်မတိုး
တက်ဆိုရင်တော့မဟုတ်သေးပါဘူး။ စသင်သင်ချင်း
မှားတာက သဘာဝဖြစ်ပေမယ့် အချိန် အကြာကြီး
လေ့လာပြီးတာတောင် မတိုးတက်သေးရင်တော့ သင့်ကိုယ်
သင်ပြန်သုံးသပ်ဖို့လိုပါပြီ။ ဘာလို့အသံထွက်မကောင်းတာလဲ?
အသံထွက်တိုးတက်အောင်ဘယ်လိုလုပ်မလဲ? ဒီအကြောင်း
ကို ကျွန်တော်အရင်ရေးဖူးပါတယ်။ မကြာမီမှာလည်း ပြန်
တင်ပေးပါ့မယ်။

(၈)လေ့လာတတ်ပါစေ။

အကြာကြီးလေ့လာပြီးမှ မတိ်ုးတက်ဖူးဆိုရင်တော့
သင်ဗျူဟာမှားနေပါပြီ။ ဘာသာစကားလေ့လာရင်
ပါးနပ်ရပါတယ်။ ဘယ်ဟာအရေးအကြီးဆုံးလဲ သိရပါတယ်။
သင်ဘာလို့အဲ့ဒိဘာသာစကားကိုသင်တာလဲ ပြန်သုံးသပ်
ပါ။ များသောအားဖြင့်တော့ communicateလုပ်ဖို့
သင်ယူကြတာပါ။ ဒါကြောင့် Speaking Skill ကအရေးကြီး
ဆုံးပါ။ ဒါပေမယ့် သင်ကBest Seller စာရေးဆရာ
တစ်ယောက်ဖြစ်ချင်တာလား။ ဒါဆိုရင်တော့ Writing ကို
ပိုအာရုံစိုက်ပေါ့။ Speaking Skillကတကယ်တော့ Skill
လေးခုထဲမှာအလွယ်ဆုံးပါပဲ။ မှန်ကန်တဲ့နည်းဗျူဟာ
လေးပဲလိုတာပါ။ ဆိုရိုးလေးတစ်ခုရှိပါတယ်။ “English
is easy to learn but difficult to master” တဲ့။
သင်ဖို့လွယ်တယ် ဆရာကျဖို့ခက်တယ်တဲ့။ ဟုတ်ပါတယ်
ပြောတတ်ရုံပဲပြောတတ်ချင်ရင် ထင်သလောက်မ
ခက်ပါဘူး။

(၉)အင်တာနက်ကို အကျိုးရှိစွာသုံးတတ်ပါစေ။

အင်တာနက်ကိုအကျိုးရှိစွာအသုံးပြုတတ်ရင်တော့
သင့်Englishစာတိုးတက်တာ မြန်လာပါလိမ့်မယ်။ အသံဖိုင်
တွေ အများကြီး Downloadလုပ်လို့ရပါတယ်။
ဗီဒီယိုတွေကြည့်လို့်ရပါတယ်။ ကွန်နက်ရှင်မကောင်း
ဘူးလို့တော့ဆင်ခြေမပေးပါနဲ့။ ကျွန်တော်လည်း
ကွန်နက်ရှင်ကောင်းတဲ့ အင်တာနက်ဆိုင်ရှာပြီး ကြိုးစားခဲ့
တာပါ။

(၁၀) စိတ်အားထက်သန်မှုရှိပါ။

စိတ်အားထက်သန်မှုမရှိတာကလည်း တော်တော်များများ
ဖြစ်လေ့ရှိတဲ့ပြသနာပါပဲ။ လူငယ်တော်တော်များများ
က လေ့လာတာ နည်းနည်းကြာလို့ မတိုးတက်ရင်
စိတ်ဓာတ်ကျလွယ်တတ်ကြပါတယ်။ ပြီးတော့ စိတ်အား
ထက်သန်မှုက သင့်အတွက်တွန်းအားပါ။စိတ်အားထက်
သန်မှုမရှိတဲ့သူတွေက စိတ်ဓာတ်ကျလွယ်တတ်ပါ
တယ်။စိတ်အားထက်သန်မှုက တွေ့ရမယ့်အခက်အခဲ
တွေထက်ကြီးမားမှ သင်ဖြတ်ကျော်နိုင်မှာပါ။

(၁၁) အားကျစရာပုဂ္ဂိုလ်ရှာပါ။

စိတ်အားထက်သန်ဖို့ဆိုတာက အားကျစရာလူတစ်ယောက်
ရှိနေဖို့လည်း အရမ်းအရေးကြီးပါတယ်။ ဥပမာ
ဒေါ်အောင်ဆန်းစုကြည် Englishစကားပြောတာကို
ကြည့်ပြီးအားကျတာမျိုးသို့မဟုတ် သင်တက်နေတဲ့
သင်တန်းက ဆရာပြောတာကို ကြည့်ပြီးအားကျတာမျိုး၊
ဒါမှမဟုတ်Englishစာကောင်းတဲ့သင့်သူငယ်ချင်း
တစ်ယောက်ကိုကြည့် ပြီးအားကျတာမျိုးပေါ့။နောက်ဆုံး
ဘယ်သူမှမရှိရင်လည်း Radio,TVတွေကNative
Speakerတစ်ယောက်ယောက်ကို အားကျတာမျိုး
ရှိနေသင့်ပါတယ်။ ဒါမှာ သင့်အတွက်တွန်းအားရှိနေမှာပါ။

(၁၂) ဘာသာစကားကိုတန်ဖိုးထားပါ။

ဘယ်အရာမဆိုသင်တန်ဖိုးထားမှာ တတ်မြောက်မှာပါ။
ဘာသာစကားကလည်းဒီလိုပါပဲ။အပျော်မသင်ပါနဲ့။
စာမေးပွဲအတွက်၊ အင်တာဗျူးအတွက် မသင်ပါနဲ့။
ဘဝအတွက်သင်ယူပါ။သင့်ကိုထမင်းကျွေးနိုင်တဲ့ဘာသာ
စကားတစ်ခု ဆိုတာမမေ့ပါနဲ့။ လေးစားပါ။ တန်ဖိုး
ထားပါ။အဲ့ဒိအကျိုးကျေးဇူးကိုသင်ပြန်လည် ရရှိပါလိမ့်မယ်။
တစ်နေ့ကိုရေတစ်ခွက် အနည်းဆုံးသောက်သလို
Englishစာကို တစ်နေ့တစ်နာရီလောက်လေ့လာပါ။

(၁၃) အသံသွင်းထားပါ။

သင်ပြောတဲ့အသံထွက်တိုးတက်မှုရှိလားမရှိလား
အသံသွင်းထားပြီးပြန်နားထောင်နိုင်ပါတယ်။ ဒါမှ
သင့်အသံထွက်တိုးတက်အောင်လုပ်နိုင်မှာပါ။

(၁၄) ရူးသွပ်ပါ။

ရူးသွပ်ပါ။ မရူးသွပ်သ၍ တိုးတက်ဖို့မမြန်ဆန်နိုင်ပါဘူး။
ကျွန်တော်ဆိုအိပ်ရင်းနဲ့ထယောင်ရင်တောင် English
လိုထယောင်တဲ့ အထိစွဲစွဲလမ်းလမ်းလေ့လာခဲ့ပါတယ်။
ပြောစရာအဖော်ကလည်းမရှိခဲ့ပါဘူး။ နောက်ဆုံးတော့
ပြောစရာအဖော်မရှိလည်း တစ်ယောက်ထဲပြောပြီး
လေ့ကျင့် ခဲ့ပါတယ်။ သူငယ်ချင်းတွေက “မင်းရူးနေလား
လို့”မေးတော့“အေးဟုတ်တယ် ရူးနေတယ်”လို့ပဲပြောခဲ့
ပါတယ်။ အခုတော့ သူတို့ပြောတဲ့စကားက“ငါ့ကို English
စာသင်ပေးပါလားတဲ့” ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်းရင်
ဘယ်တော့မှပြောတတ်မှာမဟုတ်ပါဘူး။

(၁၅) အိပ်ရာခေါင်းရင်းမှာ စာရွက်တစ်ရွက်ကပ်ထားပါ။

သင်တစ်နေ့တာကျက်ဖို့ စာလုံးရေကိုသတ်မှတ်ထားပါ။
၅လုံးလည်းရပါတယ်။ ၁၀လုံးလည်းရပါတယ်။
သင်ကျက်မှတ်ဖို့ သတ်မှတ်ထားတဲ့ စာလုံးတွေကို
အမြဲကျက်မှတ်ပါ။မှတ်ထားသမျှစကားလုံးအားလုံး
စကားပြောမှာပါအောင်သုံးပါ။ အဲ့လိုမသုံးရင်တော့
သင်ကျက်ထားတာ ဘာမှကိုအကျိုးမရှိပါဘူး။
မကြာမီမေ့သွားမှာပါ။

(၁၆) ပျော်စရာတွေနဲ့လေ့လာပါ။

စာအုပ်ဖတ်မှ Englishစာလေ့လာတာမဟုတ်ပါဘူး။ Movies
တွေကြည့်ပါ။ Englishsongsတွေနားထောင်ပါ။
Jokesတွေ ဖတ်ပါ။အများကြီး လုပ်စရာတွေရှိပါတယ်။

အားလုံးပဲ English စာတိုးတက်ကြပါစေ။

#မိုးရှင်း (I.M.T)

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။