သွေးပေါင်ချိန်ကျခြင်းနှင့် သွေးအားနည်းခြင်း ………..
သွေးသွားလှူသည့် တစ်ဦးမှ ဟေမိုဂလိုဘင်နည်းလို့ သွေးလှူမရကြောင်းဆိုပြီး မေးမြန်းလာခြင်းနှင့်တစ်ချို့  သွေးပေါင်ကျ သွေးအားနည်း အသိတွေရောထွေးနေကြပါတယ် ဒါကြောင့် သွေးအားနည်းခြင်းနဲ့ သွေးပေါင်ကျခြင်းမတူကြောင်း ကို ကျန်းမာရေးအသိအမြင်ရှိအောင် အနည်းငယ်ရေးသားပါသည် ။
လူနာအများစုတွင် သွေးပေါင်ချိန်ကျခြင်း (Hypotension) နှင့် သွေးအားနည်းခြင်း (Anaemia) ဆိုသည်အဓိပ္ပာယ်နှစ်ခုကို လုံးထွေးပြီးသိနေကြပါတယ်။ တနည်းအားဖြင့်သွေးပေါင်ချိန်ကျတယ် သွေးအားနည်းတယ်ဆိုရင် တူညီတယ်လို့ ထင်ကြပါတယ် ။တစ်ချို့ လူနာတွေကို သွေးအားတိုးအောင်သွေးအားဖြည့်အောင်
ပြောတယ် ဆေးပေးတယ် အဲဒါကို သွေးတက်မှာကြောက်လို့ ဆိုပြီး မသောက်ဘဲ
နေတာတွေလည်း ရှိပါတယ် သွေးအားတိုးခြင်း နှင့် သွေးပေါင်တက်ခြင်းအသိကို
ရောနေလို့ သာ သွေးတက်မှာမှာဆိုသည့် အသိတစ်ခုဝင်ပြီး မသောက်ခြင်းဖြစ်တာပါ
ဒါကြောင့် သွေးတိုးခြင်းနှင့်သွေးအားတိုးခြင်း မတူညီပါ ။
သွေးအားနည်းသူ၏ သွေးအားနည်းသည့်သွေးတွင် တနည်းဆိုရရင် သွေးအနီရောင်ဖျော့တော့ခြင်း ရှိနေတက်ပါတယ် ။ သွေးအရည်ထဲတွင် ဟေမိုဂလိုဘင် (Haemoglobin) ဟုခေါ်သည် အနီရောင် ဓါတ်တမျိုးပါရှိသည်။အဲဒီဓာတ်တစ်မျိုးနည်းသည့်အတွက် အနီရောင်သွေးကို ဖျော့တော့စေပါတယ် ။ ဟေမိုဂလိုဘင်နည်းသွားတဲ့အတွ က်ကြောင့် လူတစ်ဦးတွင် သွေးအတွင်း အောက်စီဂျင်သယ်ယူပို့ဆောင်ေ ရးကတော့ ကျသွားတယ် သွေးအားနည်းသွားတယ်ပေါ့  အဲလို သွေးအားနည်းသူတွေမှာ မောလာတယ် လှုပ်လှုပ်ရှားရှားလုပ်လိုက်တာနဲ
့မောပန်းလာတယ် ။ကြားရသည့်နားအတွင်းမှာလဲ အူပြီ ဝီခေါ်နေသည့်
အသံတွေကြားနေရတယ် ခေါင်းတွေကိုက်မယ် ရင်တွေတုန်မယ် နှုတ်ခမ်းတွေမှာ
ဖျော့တော့ပါမယ် ။
ဒီလို ဟေမိုဂလိုဘင်နည်းနေပြီဆိုလျှင်
သွေးလှူနေကြဖြစ်နေပေမဲ့ လှူခွင့်မရတော့ပါဘူး ။ သွေးအားကောင်းစေရန်
လိုအပ်ချက် စားသောက်ရန်အစာအစားများကို သီးသန့် တစ်ခုအနေဖြင့်တင်ပြပေးပါမည် ။
ယခေုတင်ပြသော သွေးပေါင်ကျခြင်းနှင့်သွေးအားနည်း မတူညီကြောင်းကို ကျန်းမာရေးအသိတစ်ခုရရှိပြီ …
အသက်ရာကျော် ရှည်ပါစေ
သွေးသွားလှူသည့် တစ်ဦးမှ ဟေမိုဂလိုဘင်နည်းလို့ သွေးလှူမရကြောင်းဆိုပြီး မေးမြန်းလာခြင်းနှင့်တစ်ချု
လူနာအများစုတွင် သွေးပေါင်ချိန်ကျခြင်း (Hypotension) နှင့် သွေးအားနည်းခြင်း (Anaemia) ဆိုသည်အဓိပ္ပာယ်နှစ်ခုကို လုံးထွေးပြီးသိနေကြပါတယ်။ တနည်းအားဖြင့်သွေးပေါင်ချိန
သွေးအားနည်းသူ၏ သွေးအားနည်းသည့်သွေးတွင် တနည်းဆိုရရင် သွေးအနီရောင်ဖျော့တော့ခြင်း
ဒီလို ဟေမိုဂလိုဘင်နည်းနေပြီဆိုလှ
ယခေုတင်ပြသော သွေးပေါင်ကျခြင်းနှင့်သွေးအ
အသက်ရာကျော် ရှည်ပါစေ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။