စတင်ကြသူများ (၁)
***************
အရှုံးများနှင့် စတင်ခြင်း
==============
ရှုံးမှာကြောက်တာ သဘာဝပါ။ နိုင်ချင်ကြတယ်။ ဘယ်ပြိုင်ပွဲမဆို အနိုင်လိုချင်ကြတယ်။ စိန်ခေါ်မှုတိုင်းကို ကျော်လွှားနိုင်ချင်ကြသူတွေချည်းပါပဲ။
ဒါကြောင့်လည်း မရှုံးချင်တာဆိုပေမယ့် ရှုံးမှာကြောက်တာ သဘာဝကျပေမယ့်
ရှုံးမှာစိုးလို့ စိန်ခေါ်မှုတွေကို ကြောက်ရွံ့ထိတ်လန့်နေလို့တော့လည်း အောင်မြင်မှုဆိုတာ ဝေးနေမှာပါ။ တကယ်တော့ ကျရှုံးမှုဆိုတာ အောင်မြင်ဖို့အတွက် ခွန်အားတွေပါ။
ဒီနေ့ နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့သူတွေ၊ အောင်မြင်ခဲ့သူတွေတိုင်း ရှုံးနိမ့်မှုနဲ့ ယဉ်ပါးခဲ့ကြပါတယ်။ Startup City လို့ခေါ်ကြတဲ့ အစ္စရေးနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတစ်ခုကို စလုပ်မယ့် Startup တွေကို စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့
(၈၅)ရာခိုင်နှုန်းအထိ အစိုးရက ထောက်ပံ့ပါတယ်။ Startup ဆိုလို့
သိန်းဆယ်ဂဏန်း၊ ရာဂဏန်းလောက်မဟုတ်ပါဘူး။ ပျမ်းမျှ ဒေါ်လာ တစ်သန်းခွဲလောက်
ရှိပါတယ်။ သူတို့ပြောတဲ့စကားတစ်ခွန်းရှိပါတယ်။
နိုင်ငံတော်က ထောက်ပံ့တဲ့ငွေကိုတော့ သတ်မှတ်ချိန်တစ်ခုမှာ ပြန်ဆပ်ရပါတယ်။
ဒါပေမယ့် အဲဒီလုပ်ငန်းက ကျရှုံးသွားရင်တော့ စွန့်ဦးတီထွင်
လုပ်ငန်းရှင်အနေနဲ့ ဒီငွေတွေကို ပြန်ဆပ်စရာမလိုပါဘူး။ ဒါဆို နိုင်ငံတော်က
အပြည့်ရှုံးမှာလားလို့မေးစရာ ရှိပါတယ်။ အပြည့်မရှုံးပါဘူး။ လုပ်ငန်းကျရှုံးသွားတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေဟာ အတွေ့အကြုံတွေအများကြီးရသွားပါတယ်။
ဒါဟာနိုင်ငံတော်အတွက် မြတ်ပါတယ်လို့ အစ္စရေး စွန့်ဦးတီထွင်လုပ်ငန်းတွေ
ပေါ်ထွက်လာအောင် စွမ်းဆောင်ပေးနေသူတွေနဲ့ အစိုးရက ဆိုပါတယ်။ ရှုံးနိမ့်မှုတွေက
အောင်မြင်မှုတွေရဖို့အတွက် အကောင်းဆုံးစွမ်းအင်ပါ။
များသောအားဖြင့် လူတွေဟာ အောင်မြင်မှုအကြောင်းတွေပဲ သိချင်ကြပါတယ်။ သူတို့တွေ ဘယ်လိုအောင်မြင်လာကြလည်း စိတ်ဝင်စားကြပါတယ်။ အောင်မြင်နေသူတွေ ကျရှုံးခဲ့တာတွေကို စိတ်ဝင်စားသူ နည်းပါတယ်။ တကယ်တော့ ရှုံးနိမ့်မှုအပေါ်က သူတို့တွေ သင်ခန်းစာ ဘယ်လိုယူကြလည်းဆိုတာလည်း သိသင့်ပါတယ်။ လူတိုင်းရှုံးနိမ့်ဖူးကြပါတယ်။ လူတိုင်းမှားခဲ့ဖူးကြပါတယ်။
အရှုံးတွေကို ရင်ဆိုင်ပြီး သင်ခန်းစာတွေကို ရယူနိုင်မယ်ဆိုရင်
အောင်ပွဲတွေအတွက် ပြင်ဆင်နိုင်မှာပါ။ ရှုံးနိမ့်ဖူးသူတွေထဲက ဘယ်လိုလူတွေ
အောင်မြင်လာကြသလဲဆိုရင် ရည်ရွယ်ချက် ကြီးမားသူတွေသာ
ပြန်လည်ရုန်းထွက်နိုင်ခဲ့ကြ ပါတယ်။ အရှုံးဆိုတာ ပြဿနာမဟုတ်ပါဘူး။ ရည်ရွယ်ချက်ကြီးမားသူ၊ ရေရှည်မျှော်မှန်းချက်ရှိသူ တွေအတွက် အရှုံးဆိုတာ လှေကားထစ်လေးတွေပါ။ အရှုံးများနဲ့ စခဲ့သူဖြစ်နေခဲ့ရင်လည်း တစ်ချိန်မှာ အောင်မြင်ဖို့ အခွင့်အလမ်းရှိနေဆဲပါ။
(ဆက်ရန်)
www.htetzanlinn.com
https://www.facebook.com/ htetzanlinndotcom
***************
အရှုံးများနှင့် စတင်ခြင်း
==============
ရှုံးမှာကြောက်တာ သဘာဝပါ။ နိုင်ချင်ကြတယ်။ ဘယ်ပြိုင်ပွဲမဆို အနိုင်လိုချင်ကြတယ်။ စိန်ခေါ်မှုတိုင်းကို ကျော်လွှားနိုင်ချင်ကြသူတွေခ
ဒီနေ့ နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့သူတွေ၊ အောင်မြင်ခဲ့သူတွေတိုင်း ရှုံးနိမ့်မှုနဲ့ ယဉ်ပါးခဲ့ကြပါတယ်။ Startup City လို့ခေါ်ကြတဲ့ အစ္စရေးနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတစ်ခုကို
များသောအားဖြင့် လူတွေဟာ အောင်မြင်မှုအကြောင်းတွေပဲ သိချင်ကြပါတယ်။ သူတို့တွေ ဘယ်လိုအောင်မြင်လာကြလည်း စိတ်ဝင်စားကြပါတယ်။ အောင်မြင်နေသူတွေ ကျရှုံးခဲ့တာတွေကို စိတ်ဝင်စားသူ နည်းပါတယ်။ တကယ်တော့ ရှုံးနိမ့်မှုအပေါ်က သူတို့တွေ သင်ခန်းစာ ဘယ်လိုယူကြလည်းဆိုတာလည်း သိသင့်ပါတယ်။ လူတိုင်းရှုံးနိမ့်ဖူးကြပါတယ
(ဆက်ရန်)
www.htetzanlinn.com
https://www.facebook.com/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။