Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, October 23, 2015

အတင်းပြောတဲ့ ဥပုသ်သည်


အတင်းပြောတဲ့ ဥပုသ်သည်
**********************************
တစ်ခါတုန်းက တာဝတိံသာနတ်ပြည်က နတ်သမီးလေးတစ်ပါးဟာ လူ့ပြည်ကို နတ်မျက်စိနဲ့ ကြည့်လိုက်တယ်။ အဲဒီလိုကြည်တဲ့အခါ လူ့ပြည်မှာ ၀ါတွင်းကာလဆိုတော့ လူတွေ အများကြီး ဥပုသ်စောင့်နေကြတာကို တွေ့လိုက်တယ်။ အဲဒီအခါ နတ်သမီးလေးဟာ သိကြားမင်းကြီးကို “အရှင်သိကြားမင်း၊ လူ့ပြည်မှာ လူတွေ ဒီလောက်ဥပုသ်စောင့်ကြရင် သူတို့ကွယ်လွန်တဲ့အခါ နတ်ပြည်ရောက်ကြမှာမို့ နတ်ပြည်မှာ နေစရာမှ ရှိပါဦးမလား” လို့ မေးလိုက်တယ်။
သိကြားမင်းက “ဥပုသ်စောင့်တယ်ဆိုတာလဲ စောင့်တတ်မှ ကုသိုလ်ရတာ၊ ကုသိုလ်ရမှ နတ်ပြည်ရောက်တာပါ။ တစ်ချို့က ဥပုဉ်မစောင့်တတ်ကြဘူး၊ အဲဒီဥပုသ်သည်တွေထဲမှာ နတ်ပြည်ရောက်နိုင်တဲ့သူ ဘယ်နှစ်ယောက်ပါမလဲဆိုတာ ငါတို့ လေ့လာကြည့်ရအောင်” လို့ နတ်သမီးလေးကို ပြောလိုက်တယ်။
အဲဒီနောက် သိကြားမင်းဟာ မိမိကိုယ်ကို အသက် ၆၀ ကျော် အဘိုးကြီးအသွင် ဖန်ဆင်းပြီး နတ်သမီးလေးကိုတော့ အသက် ၁၆ နှစ်အရွယ် မိန်းမပျိုမလေးလို ဖန်ဆင်းကာ လူ့ပြည်ကို ဆင်းသက်လိုက်တယ်။ လူ့ပြည်ရောက်တဲ့အခါမှာတော့ ဥပုသ်သည်တွေ စုဝေးနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဇရပ်တွေဘက်ကို စုံတွဲခုတ်ပြီး သွားလာ လည်ပတ်ကြတယ်။

အဲဒီအခါမှာ အမျိုးသမီးတွေ စုဝေပြီး ဥပုသ်စောင့်နေတဲ့ ဇရပ်တစ်ခုနားကို ရောက်သွားခဲ့တယ်။ ပြီးတော့ သူတို့ ဘာတွေပြောနေကြလဲ ဆိုတာကို နားထောင်ကြည့်လိုက်တယ်။ အဲဒီအခါ ဥပုသ်သည် အမျိုးသမီးတစ်စုဟာ သူတို့နှစ်ယောက်ကို ကြည်ပြီး သူတို့အကြောင်း အတင်းပြောနေကြတာကို ကြားလိုက်တယ်။ “ကြည့်စမ်းပါဦးတော်၊ ရုပ်ရည်ကလေး သနားကမား ပျိုပျိုရွယ်ရွယ်ကလေးနဲ့ သေခါနီးအဘိုကြီးကိုမှ ယူရသလား၊ ယောက်ျားတွေ ဒီလောက်ပေါတဲ့ဟာကို၊ ငွေမက်တဲ့မိန်းမဖြစ်မှာပေါ့။ အဘိုးကြီးကလည်း သေခါနီးမှ ရိက္ခာယူတဲ့ နွားအို မြက်နုကြိုက်ကြီးပဲ” လို့ ၀ိုင်းပြီးအတင်းပြောနေကြသတဲ့။

ဒါနဲ့ အမျိုးသားတွေ စုပြီး ဥပုသ်စောင့်နေတဲ့ ဘက်ကို မယောင်မလည်နဲ့ ထွက်သွားခဲ့တယ်။ အဲဒီနားရောက်တော့လည်း သူတို့ဘာတွေပြောနေလဲ နားထောင်ကြည့်လိုက်တယ်။ ဥပုသ်သည် အမျိုးသားတွေဟာ သူတို့ကိုကြည့်ပြီး သူ့တို့အတင်းကို ပြောနေကြပြန်သတဲ့။ “ကြည့်စမ်းဟေ့၊ အဘိုးကြီးနဲ့ ကောင်မလေး၊ အဘိုးကြီးကလည်း မခေဘူးနော်၊ မုန့်ပေးကြိုက်တာနေမှာ၊ ကောင်မလေးကတော့ မကြာခင် မုဆိုးမဖြစ်တော့မှာပဲ၊ မုဆိုးမဖြစ်ရင် ငါတို့သွားတန်းစီကြမယ်” စသည်ဖြင့် အတင်းပြောနေကြပြန်သတဲ့။

အဲဒီနောက်မှာတော့ နတ်သမီးလေးဟာ “လူတွေ ဥပုသ်စောင့်တယ်ဆိုတာ တကယ်တော့ အတင်းပြောနေကြတာပါလား” လို့ တွေးမိလိုက်သတဲ့။

ကဲကဲ…. ဥပုသ်သည်တွေ၊ အတင်းမပြောကြနဲ့နော်
မြတ်သောဥပုသ်သီလဖြင့် ကုသိုလ်ရအောင် ဆောက်တည်နိုင်ကြပါစေ………..

အရှင်ပညာဝုဓ (ဓမ္မရိပ်သာ) 16.10.15

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။