Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 17, 2015

သူဌေးကို ကြောက်ရသည့် အလုပ်ခွင် တိုးတက်မှု အနှေးဆုံး

 

သူဌေးကို ကြောက်ရသည့် အလုပ်ခွင် တိုးတက်မှု အနှေးဆုံး

သူဌေးကို ကြောက်ရ၊ အထက် လူကြီးကို ကြောက်ရသည့်အခါ ၀န်ထမ်းများသည် အလုပ်ကို ကြိုးစား

လုပ်ကိုင်ကြလိမ့်မည်ဟု ထင်စရာရှိသည်။ သို့သော် ထိုသို့ ကြောက်နေရသော အလုပ်ခွင်မျိုးသည်

တကယ်တမ်းတွင် ဘက်စုံ တိုးတက်မှု အနှေးဆုံး ဖြစ်ကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။

အထက်လူကြီးကို ကြောက်နေရသော အလုပ်ခွင်မျိုးတွင် လုပ်ရသော ၀န်ထမ်းများသည် အထက်လူကြီး

စိတ်ကျေနပ်အောင်၊ သဘောကျအောင် နေထိုင်ပြုမူရသည့် အလုပ်ပိုအတွက်ပါ အချိန်ပေးနေရသဖြင့်

မိမိနှင့်ပတ်သက်သော အလုပ်မှာ ရာနှုန်းပြည့် အားမစိုက်နိုင် ဖြစ်ရကြောင်း လေ့လာမှု စစ်တမ်းက ဆိုသည်။

စစ်တမ်းကို နိုင်ငံတကာ အလုပ်ခွင် အုပ်ချုပ်မှု သင်တန်းများ ပို့ချပေးနေသော Chartered Management

Institute က ပြုလုပ်ထားခြင်း ဖြစ်သည်။ အထက်အောက် အုပ်ချုပ်မှုပုံစံ ကျင့်သုံးပြီး ၀န်ထမ်းကို အလုပ်က

ပိုင်သော ကုမ္ပဏီမျိုးနှင့် ရေပြင်ညီ အုပ်ချုပ်မှု ပုံစံကျင့်သုံးကာ ကုမ္ပဏီကို ၀န်ထမ်းများကပါ တစ်စိတ်တစ်ပိုင်း

ပိုင်ဆိုင်ခွင့်ရှိသည့် ကုမ္ပဏီမျိုးကို နှိုင်းယှဉ် လေ့လာထားခြင်း ဖြစ်သည်။

မိမိ၏ အကျိုးစီးပွားနှင့် ကုမ္ပဏီ၏ အကျိုးစီးပွား တိုက်ရိုက် ဆက်စပ်နေသလို၊ ရေပြင်ညီ အုပ်ချုပ်မှု ပုံစံကိုလည်း

ကျင့်သုံးသော လုပ်ငန်းခွင်မျိုးမှ ၀န်ထမ်းများသည် အလုပ်ခွင်တွင် မျှမျှတတအရှိဆုံး၊ ယုံကြည် စိတ်ချရဆုံး၊

အားအထုတ်ဆုံး၊ လုပ်ရဲကိုင်ရဲ ဆုံးဖြတ်ရဲဆုံး ဖြစ်ကြောင်း လေ့လာမှု စစ်တမ်းက ဖော်ပြသည်။

ရေပြင်ညီ အုပ်ချုပ်မှုစနစ် ကျင့်သုံးသော လုပ်ငန်းခွင်မျိုးတွင် လုပ်ကိုင်သူများထဲ၌ (၁၀) ယောက်တွင်

ကိုးယောက်က သူတို့အလုပ်ခွင်သည် ဒီမိုကရေစီ နည်းကျသည်၊ ဖန်တီးမှု ရှိသည်ဟု ဆိုကြသည်။

သမားရိုးကျ အထက်အောက် အုပ်ချုပ်မှု စနစ်ကျင့်သုံးသော ကုမ္ပဏီများတွင် လုပ်ကိုင်နေသူများထဲတွင် ကား

(၁၀) ယောက်တွင် ငါးယောက်ကသာ အထက်ပါ အတိုင်း သဘောထား ရှိကြသည်။

အထက်အောက် အုပ်ချုပ်သည့် အလုပ်ခွင်များမှ ၀န်ထမ်းများသည် အလုပ်ရှင် သို့မဟုတ် အထက်

လူကြီးများသည် အာဏာရှင်ဆန်လွန်းသည်၊ ချုပ်ချယ်လွန်းသည်၊ ဖိအားပေးလွန်းသည်ဟု ညည်းညူနှုန်း

လေးဆ ပိုများကြောင်းလည်း တွေ့ရသည်။ ၀န်ထမ်းများကို တန်းတူ ဆက်ဆံလေ့ရှိသော အလုပ်ရှင်များသည်

လုပ်ငန်း ဆုံးဖြတ်ချက် ချမှတ်ရာတွင်လည်း ကျွမ်းကျင် နားလည်သော ၀န်ထမ်းများထံမှ ပွင့်လင်းသော

အကြံဥာဏ်များ ရရှိသဖြင့် ဆုံးဖြတ်ချက် လွဲမှားခြင်းမျိုး နည်းပါးကြကြောင်း သိရသည်။

အထက်အောက် အမိန့်ပေးစနစ်သုံးပြီး အကြောက်တရားနဲ့ အုပ်ချုပ်တဲ့အခါ ၀န်ထမ်းတွေဟာ အထက်လူကြီး

ခိုင်းတာကိုသာ အဓိကထား လုပ်နေကြရတာကြောင့် လုပ်ငန်းဟာ ဖောက်သည် ၀န်ဆောင်မှုပိုင်း

လျော့ရဲတတ်သည်။ တီထွင်ဖန်တီးမှု လျော့ကျသွားတတ်သည်။ အကျိုးဆက်အဖြစ် ၀င်ငွေနဲ့ အမြတ်ငွေ

ကျဆင်းပြီး လုပ်ငန်း ကုန်ကျစရိတ်ကတော့ သိသိသာသာ တက်လာတတ်သည်ဟု စစ်တမ်းက ထောက်ပြထားသည်။

Credit, Messenger News Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။