Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, October 23, 2015

ဝိုင်အကြောင်းသိကောင်းစရာ


(ပေါက်ပေါက်) - Ref: Internet

“၀ိုင်” ဟု ကြားလိုက်ရုံဖြင့် အနီရောင်
အရည်လေးများကိုမျက်စေ့ထဲမြင်ယောင်လာကြ၏။
ဝိုင်ကို အရသာရှိရှိ သောက်တော့မယ့်ဆိုရင်
ရှေးဦးစွာ ၀ိုင်ထည့်ထားတဲ့ဖန်သားကြည်ကြည်
ကလပ်ခွက်ကိုစက်ဝိုင်းပုံပတ်ချာလည်
လှည့်လှုပ်ခတ်ပေးလျှက်မှ ၀ိုင်၏ရနံ့ကို ရှူသွင်းကာ၊
တစ်ကျိုက်ချင်း စက္ကန့် အနည်းငယ် ငုံထားပြီးမှသာ
အရသာခံမျိုချသောက်ရပါသည်။



ဝိုင်ဆိုတာ အရက်တော့မဟုတ်ပေ
မယ့်များများသောက်ပါက လူကိုမူးယစ်စေတတ်သော
အဖျော်ယမကာတစ်မျိုးဖြစ်ပါသည်။
အင်္ဂလိပ်စကားလုံး အက္ခရာ Wine သည်
ယေဘုယျ အားဖြင့် စပျစ်သီးမှချက်လုပ်ထားသော
ဝိုင်အရက်ကို ရည်ညွှန်းခြင်းဖြစ်သော်လည်း၊
အခြားအသီးအနှံများမှ ချက်လုပ်သော
ဝိုင်အရက် (ဥပမာ-ပန်းသီးဝိုင်၊ စတော်ဘယ်ရီဝိုင်)
စသည်တို့ကိုလည်း “၀ိုင်” ဟုသာ
ခေါ်ဆိုသုံးနှုန်းလေ့ရှိကြပါသည်။
ဝိုင်ချက်လုပ်အသုံးပြုသောထိုအသီးများထဲတွင်
ပါရှိတဲ့ သဘာဝသကြားဓာတ်ကို
ကစော်ပေါက်ခြင်းဖြင့် ၀ိုင် ချက်လုပ်ခြင်းဖြစ်ပါသည်။
ပုံမှန်အားဖြင့် ၀ိုင်နီ၊ ၀ိုင်ဖြူ၊
Rose ၀ိုင် (ခေါ်) Pink ၀ိုင် နှင့်
စပါကလင်ဝိုင် ဟူ၍ ၀ိုင်(၄)မျိုးရှိပါသည်။

ဝိုင်နီကို စပျစ်သီးအနီဖြင့် ချက်လုပ်ပါသည်။
ကောင်းမွန်သော ၀ိုင်နီရရှိစေရန်အတွက်
စပျစ်သီး၊ စပျစ်ခွံ၊ စပျစ်စေ့များပါ ထည့်၍
အချဉ်ဖောက်ပေးရ၏။
ဝိုင်ဖြူကိုတော့ စပျစ်သီးအဖြူဖြင့်
ချက်လုပ်ကြပါသည်။
Rose ၀ိုင် (ခေါ်) Pink ၀ိုင် ဆိုသည်မှာ
ဝိုင်နီနှင့် ၀ိုင်ဖြူများကို ရောနှောပေါင်းစပ်ထားခြင်း
မဟုတ်ဘဲ၊ အနီရောင် စပျစ်သီးများကို
အရည်ညှစ်ထုတ်ခြေထားပြီး
ဝိုင် ချက်လုပ်ခြင်းသာဖြစ်ပါသည်။
အဲဒီ စပျစ်ရည်ထဲမှာ စပျစ်ခွံများကျန်ရှိမှုပမာဏ
အနည်း၊ အများနှင့် အသုံးပြုထားသောစပျစ်သီးခွံ
အထူ၊ အပါး ပေါ်မူတည်ပြီးတော့
Rose ၀ိုင်၏ ပန်းရောင်အနု၊ အရင့်
ကွာခြားမှုဖြစ်လာပါသည်။
ဝိုင်အတွင်းမှာ အမြှုပ်ထနေသော ၀ိုင်ကို
စပါကလင်ဝိုင်ဟုခေါ်ကြပါသည်။

ဝိုင်ရဲ့အရောင်ကို ကြည့်တဲ့အခါ
ဝိုင်ထည့်ထားသောခွက်ကိုလေထဲတွင်မြှောက်ပြီး
ကြည့်ရုံနှင့် အဖြေမှန်ကို မသိနိုင်ပါဘူး။
ကြည်လင်သောအရောင်ကိုနောက်ခံထားပြီး
ဝိုင်ခွက်ကို45ံ C စောင်း၍ ကြည့်ရပါသည်။

ဝိုင်နီများကိုအစိမ်းရောင်ရင့်ရင့်(သို့)
အနက်ရောင်ပုလင်းများတွင်
သိမ်းဆည်းထားလေ့ရှိပါသည်။
ထိုကဲ့သို့ အရောင်ရင့်သောပုလင်းများအတွင်း၌သာ
ထည့်သွင်းသိမ်းဆည်းခြင်းဖြင့်ဝိုင်နီများရဲ့
သက်တမ်းကို ရင့်လာစေတယ်လို့ဆိုကြပါသည်။

ဝိုင်ဖြူများကိုမူ အစိမ်းရောင်ဖျော့ဖျော့ (သို့်)
အ၀ါရောင်ပုလင်းများတွင်ထည့်သွင်းထားလေ့ရှိပါသည်။
ယေဘုယျအားဖြင့်ဝိုင်၏အရောင်ကိုကြည့်ပြီး
သက်တမ်းကို ခန့်မှန်းလို့ ရနိုင်ပါသည်။

ဝိုင်ဖြူများသည် သက်တမ်းရင့်လာပါက
ဝိုင်၏အရောင်မှာ ပိုမိုရင့်လာတတ်ပါသည်။
၎င်းဝိုင်ဖြူများကို သစ်ချသား စည်များအတွင်း
သိုလှောင်သိမ်းဆည်း ထားတဲ့
သက်တမ်းပေါ်တွင်မူတည်ပြီးတော့လည်း
အရောင်ပြောင်းတတ်ပါသည်။

ဝိုင်နီများမှာမူ ၎င်းတို့ သက်တမ်း
ပိုမိုရင့်လာသည်နှင့်အမျှ အရောင်ပိုမိုဖျော့လာပါသည်။

ဝိုင်ပုလင်းရဲ့အရှေ့ဘက်ခြမ်းမှာBrand Name ၊
ဝိုင်ထဲတွင်ပါတဲ့စပျစ်သီးများနှင့်
အခြားအမျိုးအမည်များ၊ ထုတ်လုပ်တဲ့နိုင်ငံနဲ့
ဝိုင်အမျိုးအစားတို့ကို ဖော်ပြထားလေ့ရှိပါသည်။
ပုလင်းရဲ့နောက်ဘက်ခြမ်းမှာ စပျစ်ခင်းများထွက်ရှိရာ ဒေသ၊
ဝိုင်ပြုလုပ်သည့်နည်းစနစ်များ၊
ဝိုင်အနံ့အရသာနှင့်တွဲဖက်စားသုံးသင့်သော
ဟင်းလျာများ၊၀ိုင်ပုလင်းကိုထိန်းသိမ်းထားရှိရမည့်
အပူချိန်၊ ၀ိုင်ထဲမှာပါတဲ့Alcohol ရာခိုင်နှုန်းတို့ကို
ဖ်ာပြထားလေ့ရှိပါသည်။

ဝိုင်ကို အမှောင်ခန်းနှင့် အအေးဓာတ်ရှိသော
နေရာများတွင် နှစ်ကြာကြာထားလေ၊
အရသာပိုကောင်းလေဖြစ်သောကြောင့်
နှစ်ချို့ဝိုင်သည် တန်ဖိုးမြင့်မားပါသည်။
ပုလင်းအဖုံးကို သစ်သားခေါက်တစ်မျိုးဖြင့်
ပြုလုပ်လေ့ရှိပါသည်။
ထိုသစ်သားခေါက် ပုလင်းအခွံနှင့် ၀ိုင်ကို
အမြဲထိတွေ့ နေစေရန်အတွက် ပုလင်းကို
အောက်ဘက်သို့အနည်းငယ်စောင်းပြီး
သိမ်းဆည်းလေ့ရှိပါသည်။
အဆိပ်ငွေ့များထွက်သွားစေရန်နှင့်
ဝိုင်၏ အနံ့အရသာတို့ယိုယွင်းမှုမရှိစေရန်အတွက်
ဤသို့ သိမ်းဆည်းရသည်ဟုဆိုပါသည်။
သိုလှောင်သိမ်းဆည်းထားသည့်
သက်တမ်းကိုလိုက်၍ဈေးကွာခြားမှုရှိပါသည်။
<<--------------------------------------

ဝိုင်များကို မသုံးဆောင်မီ Wine Cooler အတွင်း
အပူချိန် 17ံC ခန့် ရှိသောနေရာတွင်
အချိန် ၁-နာရီ ခန့်ကြိုတင်ထားပြီး၊ သောက်သုံးမှသာ
ဝိုင်အရသာကို ပိုမိုပေါ်လွင်စေမည်ဖြစ်ပါသည်။
များသောအားဖြင့် အနီရောင်ဝိုင်များကို
အခန်းအပူချိန်(Room Temperature) မှာထား၍
အသားနဲ့တွဲဖက်စားသောက်သောအခ
အရသာပိုမိုပေါ်လွင်ပြီး၊
အဖြူရောင် ၀ိုင် များကိုတော့ ငါး၊ အသုပ်တို့နှင့်
တွဲဖက်စားသောက်ပါက အရသာပိုထူးပါသည်။

ကျန်းမာရေးရှုထောင့်ကကြည့်ပါလျှင်
ကမ္ဘာပေါ်တွင် ဦးစားပေးသောက်သုံးသင့်သောအရည် မှာ
ရေ (သို့ မဟုတ်) ရေနွေးကြမ်းGreen Tea ဖြစ်ပြီး၊
ဒုတိယအနေနဲ့သောက်သင့်သောအရည်မှာ
အနီရောင်စပျစ်ဝိုင်ဖြစ်ကြောင်းဆေး
ပညာရှင်များကအကြံပြုထားကြပါသည်။
ထို့ကြောင့် စပျစ်ဝိုင်အနီကို လူကြီး၊ လူ
ငယ်၊ ကျား၊ မ မရွေး သောက်သုံးသင့်ပါသည်။
အကယ်၍၀ိုင် များများသောက်မိရင်တော့
မူးတာလည်းမဟုတ်ဘဲ ရီဝေေ၀ ခံစားရပါမည်။

ဆေးပညာရှင်များ၏အဆိုအရ စပျစ်သီးအခွံတွင်အိုမင်ရင့်ရော်မှုကို နှေးကွေးစေသည့်
ဓာတ်တစ်မျိုး ပါဝင်သောကြောင့် “ မအိုဆေး ” ဟု
ညွှန်းဆိုကြပါသည်။ ၀ိုင်အနီကို ဆေးဝါးအဖြစ်
နေ့စဉ်ပုံမှန်သောက်သုံးသူများသည်
နှလုံးရောဂါ မဖြစ်စေပါ။ သွေးတိုးကိုကျစေသည့်အပြင်၊
သွေးအတွင်း အဆီဓာတ်များကိုလည်းကျစေပါသည်။
ထို့ပြင်အနီရောင်ဝိုင်တွင်ပါရှိသော
သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးသည်
နျူကလီးယားဓာတ်ရောင်ခြည်ကြောင့်
ခန္ဓာကိုယ်ထဲရှိဆဲလ်များသေဆုံးခြင်းကို
ကာကွယ်ပေးနိုင်ကြောင်း
ယူကေအခြေစိုက် တယ်လီဂရပ် သတင်းစာတွင်
ဖော်ပြထားခဲ့ပါသည်။
ထိုအဆိုကို ပစ္စဘတ်တက္ကသိုလ်၏
သုတေသနအဖွဲ့မှလည်း ထောက်ခံထားပါသည်။

သမိုင်းရာဇ၀င်များကိုလေ့လာကြည့်ရာတွင်
လွန်ခဲ့သောBC 6000 ခန့် ကစ၍
ပါရှား (ခေါ်) အီရန်သည် ကမ္ဘာပေါ်တွင်
ပထမဦးဆုံး စပျစ်သီးဖြင့် ၀ိုင်ကို
စတင်ချက်လုပ်သောက်သုံးသော နိုင်ငံဖြစ်ပါသည်။
ထိုမှတစ်ဆင့် အီဂျစ်၊ဂရိ၊ အီတလီ၊ စပိန်၊ ပြင်သစ်၊
အာရေဗျ၊ဥရောပမြောက်ပိုင်း၊ ရောမ၊ မက္ကဆီကို၊ပီရူး၊
ကာလီဖိုးနီးယား၊ သြစတြေးလျ၊နယူးဇီလန်
စသည်ဖြင့် လက်ဆင့်ကမ်း ရွေ့လျားလာခဲ့ပါသည်။

အနောက်ဥရောပနိုင်ငံအားလုံးလိုလိုတွင်
စပျစ်သီးမှသာ ၀ိုင်ချက်လုပ်လေ့ ရှိကြပါသည်။ အာရှတိုက်တွင်တော့ အိန္ဒိယနိုင်ငံမြောက်ပိုင်း နှင့်
တရုတ်တို့တွင်BC 100 ခန့်က
စတင်သောက်သုံးလာခဲ့ကြပြီး၊
ထိုမှတစ်ဆင့် အာရှနိုင်ငံအသီးသီးတို့
ဝိုင်သောက်သုံးသောဓလေ့ပျံ့နှံ့လာခဲ့ပါသည်။

“ဂျပန်မှာ ဆာကေး၊ ပြင်သစ်မှာ ၀ိုင်၊
စကော့တလန်မှာ ၀ီစကီ၊ ရုရှားမှာဗော့ဒ်ကာ”
ဟူသော ဆိုရိုးစကားရှိပါသည်။ မှန်ပါသည်။
ပြင်သစ်နိုင်ငံထုတ်ဝိုင်အရက်များသည်
ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားဆုံးဖြစ်ပါသည်။
ပြင်သစ်တို့သည် စပျစ်သီးဖြင့်သာ
ဝိုင်ချက် လုပ်လေ့ရှိကြပါသည်။
သောက်သုံးပြီးသောအခါ ခံတွင်းထဲတွင်
သင်းပျံ့သောမွှေးရနံ့နှင့်အတ
အရသာရှည်ကြာစွာစွဲကျန်နေစေရန်အတွက်
ငရုတ်ကောင်းမှရရှိသော ပူရှိမ်းရနံ့၊ သစ်ခွရနံ့နှင့်
ရင့်မှည့်သော ဘလက်ဘယ်ရီသီး ရနံ့တို့ဖြင့်
ပြုလုပ်ကြပါသည်။

ပြင်သစ်နိုင်ငံထုတ် နာမည်ကြီးဝိုင်
အမျိုးမျိုးရှိကြရာ၊Burgundy ၀ိုင်သည်လည်း
အကောင်းဆုံးစာရင်းဝင်တစ်ခုဖြစ်ပါသည်။
ပြင်သစ်နိုင်ငံအရှေ့ပိုင်း ဘာဂန်ဒီနယ်သည်
ကမ္ဘာကျော် ၀ိုင်အရက် အကောင်းစားများ
ထုတ်လုပ်ရာနယ်ဖြစ်ပြီး ထိုဒေသမှ ထွက်ရှိသော
စပျစ်သီးများဖြင့်သာ ၀ိုင်ကိုချက်လုပ်ကြပါသည်။
ထိုဒေသထွက် စပျစ်သီးအခွံများထဲတွင်
အခြားနိုင်ငံများနှင့်မတူ တစ်မူထူးခြားစွာ
လူသားတို့ကျန်းမာရေးကိုအကျိုးပြုစေသည့်
saponins (ခေါ်) သဘာဝဖယောင်းဓာတ်
ပမာဏမြင့်မားစွာပါရှိသောကြောင့်
သွေးထဲရှိကိုလက်စထရောများကိ
လျှော့ချပေးနိုင်စွမ်းရှိပါသည်။
ရှန်ပိန်(ချမ်ပိန်)ဒေသမှ ထွက်သောအရက်ကို
ရှန်ပိန် အရက်ဟု အမည်သညာပြု ခေါ်ကြသကဲ့သို့၊
Burgundy ဒေသမှထုတ်သည့် ၀ိုင်ကို
Burgundy၀ိုင် ဟု ခေါ်ခြင်းဖြစ်ပါသည်။
နာမည်ကျော်စစ်ဘုရင်နပိုလီယံ၏ Favourate ၀ိုင်
ဟု ဆိုပါသည်။
ဘာဂန်ဒီ ၀ိုင် အရက် ၏ အရောင်မှာ နီညိုရောင်
(သို့ မဟုတ်) ကြက်သွေးရောင် ဆန်ဆန် ဖြစ်ပါသည်။
အရသာမှာ ချိုသယောင်ယောင်နှင့်
ခါးသက်သက်ဖြစ်ပြီး၊ သက်တမ်းပိုကြာလာသောအခါ
ခါးသက်သက် အရသာရှိပါသည်။
အနီရောင် အသားများ၊ ချိစ်များနှင့်
အသားကင်အမျိုးမျိုးတို့ဖြင်
လိုက်ဖက်စွာသုံးဆောင်နိုင်သော ၀ိုင်ဖြစ်ပါသည်။

ထိုဝိုင်နီကို သောက်သုံးရုံသာမက၊ အမဲသား၊
ချိစ်၊ ဂျုံမှုန့်တို့ဖြင့် စီမံသော ကြက်သွန်နီစွပ်ပြုတ်ထဲတွင်
နေ့စဉ်ဟင်းလျာအဖြစ်ချက်ပြုတ်စားသုံးလေ့ရှိပါသည်။
ဘာဂန်ဒီ အနီရောင်ကို ပြင်သစ်ကဗျာဆရာများကလည်း
တဖွဲ့တနွဲ့စပ်ဆိုကြပါသည်။
ယနေ့ကမ္ဘာပေါ်တွင် ၀ိုင်နှင့်အဖျော်ယမကာတို့ကိ
အစွဲလမ်းဆုံးနိုင်ငံမှာပြင်သစ်နိုင်ငံဖြစ်သည့်အလျောက်၊
နာမည်ကြီးဝိုင်ပုလင်းများကိ
ထိုနိုင်ငံရှိနာမည်ကျော်မျိုရိုးစဉ်ဆက်ချမ်းသာသည့်
သူဌေးကြီး များကငွေကြေးဒေါ်လာသောင်းချီ
အကုန်ကျခံကာ၊ လေလံဆွဲကြပြီး အပူ၊
အအေး ထိန်းညှိထားသည့် ၎င်းတို့၏ ဧည့်ခန်းများတွင်
အလှဆင်ထားကြပါသည်။
ထိုနိုင်ငံ၏ ခရစ္စတင်း လေလံပွဲများတွင်
ဝိုင်အရက် လေလံဆွဲမှုမှာရှေးဟောင်းနာရီနှင့်
ပန်းချီကားတို့ပြီးလျှင်လူကြိုက်အများဆုံးဖြစ်ပါသည်။

------------------------------------------------------------>>
 <<--------------------------------------------

အမေရိကန်Beringer ၀ိုင်
==============
အမေရိကန်နိုင်ငံတွင်လည်း
ဝိုင်အမြောက်အမြားထွက်ရှိပါသည်။
အမေရိကန်ပြည်ထောင်စု၏
ဆန်ဖရန်စစ္စကိုမြောက်ဘက်ပိုင်းတွင်
Napa Valley ရှိပါသည်။
ထိုဒေသသည် ပစိဖိတ်သမုဒ္ဒရာ နှင့်နီးသော
နွေးသမဒေသဇုန်ဖြစ်သောကြောင့်၊
စပျစ်ပင်အကြိုက် ရာသီဥတုဖြစ်၍၊
ထိုဒေသထွက် စပျစ်သီးများသည်
အနံ့အရသာအထူးကောင်းမွန်ကြသည်။
ယနေ့အမေရိကန်တွင်Napa Valley ဒေသထွက်
ဝိုင်အမျိုးအစားပေါင်း ၄၀ ကျော်ရှိရာ
၎င်းတို့အနက်မှာမည်ကျော်ကြား
လူကြိုက်များဆုံးဖြစ်သည့်Beringer ၀ိုင်ဖြင့်
မိတ်ဆက်ပေးပါမည်။
Beringer သည် ၁၈၇၀ ခုနှစ် လောက်ကတည်းက
ထုတ်လုပ်လာသည့်နှစ်ချို့ဝိုင်ဖြစ်ပါသည်။
ဝိုင်နီအမျိုးအစားဖြစ်ပြီးဧည့်ခံပွဲများတွင်
သောက်သုံးလေ့ရှိပါသည်။
သူ့ချည်းသက်သက် သောက်သုံးပါက
မွှေးမွှေးအီအီ ရနံ့နှင့်ချိုမြမြ အရသာ ဖြစ်ပါသည်။
အကယ်၍ အနီရောင်အသား၊ သစ်သီး၊ ချိစ် စသည့်
အမြည်းများနှင့် တွဲဖက်သောက်သုံးသည့်အခါမှာတော့
ခါးသက်သက်အရသာကိုခံစားရမည် ဖြစ်ပါသည်။
ဝိုင်ထဲတွင်ပါရှိသော တည်ငြိမ်သည့် အယ်(လ်)ကိုဟော
အရသာကြောင့် နာမည်ကျော်ဂေါက်သီးရိုက်
အကျော်အမော်များ အထူးနှစ်ခြိုက်လျှက်ရှိကြသည်ဟု
ဆိုပါသည်။
ထို့ပြင် Beringer ၀ိုင် ဖြင့် စီမံချက်ပြုတ်ထားသော
ကြက်ရင်ပုံသားကင်သည်လည်း အလွန်အရသာထူးပါသည်။


အီတလီ Rosato Salento Rose ၀ိုင်
====================
အီတလီတို့ကလည်း “အကောင်းဆုံးဆိုသောနို
င်ငံခြားဖြစ်ဝိုင်များသည်ပင်မိမိတို့အီတလီနိုင်ငံထုတ်
ဝိုင်ကို လိုက်မမီ” ဟု ညွှန်းဆိုကြပါသည်။
အီတလီလူမျိုးတို့သည် သမိုင်းမတိုင်မီ
နှစ်ပေါင်း ၄၀၀၀ နီးပါးခန့်ကတည်းက
ဝိုင်သောက်သုံးသောယဉ်ကျေးမှု
ထွန်းကားလာခဲ့ပြီး ဖြစ်ပါသည်။
၁၉ရာစုနှစ်ရောက်သောအခါတွင်
ဝိုင်ထုတ်လုပ်သူများသည် ပုလင်းအတွင်းရှိဝိုင်ကို
ပိုမိုကောင်းမွန်ကာ သန့်ရှင်းလတ်ဆတ်
ကြာရှည်ခံစေရန်အတွက်ဖော့ဆို့များဖြင့်
တီထွင်ဖန်တီးလာသောကြောင့်
အီတလီဝိုင်သည် ကမ္ဘာ့ဈေးကွက်တွင်
ပိုမိုကျော်ကြားလာခဲ့ပါသည်။
ထိုခေတ်ထိုအခါကတည်းကပင်
ဥရောပနှင့်အမေရိကန်နိုင်ငံများသို့
သင်္ဘောဖြင့်တင်ပို့ရောင်းချခဲ့ကြပါသည်။
ယနေ့ခေတ်တွင်တော့ online store ကဲ့သို့
network marketing အဖြစ်
တွင်တွင်ကျယ်ကျယ်ရောင်းချနေကြပြီ ဖြစ်ပါသည်။
အီတလီဝိုင်များကို ပြည်တွင်းဖြစ် စပျစ်သီးဖြင့်သာ
ချက်လုပ်လေ့ရှိပြီး၊ ဘယ်ရီသီး၊ ဆီးသီး၊
နှင်းဆီ၊ သီးစုံ၊ ကော်ဖီ စသည့်ရနံ့တို့ဖြင့်ဝိုင်အရသာကို အားဖြည့်ထားကြပါသည်။
အီတလီဝိုင်အမျိုးမျိုးရှိသည့်အနက်
Rosato Salento Rose ၀ိုင်သည်အမျိုးသားရော၊
အမျိုးသမီးကြိုက် ၀ိုင်အဖြစ် ထင်ရှားလှပါသည်။
ထိုဝိုင်ကို စပျစ်ဖြူ၊ စပျစ်နီ(၂)မျိုးစလုံးဖြင့်
ပေါင်းစပ်ထုတ်လုပ်ထားပြီး၊
ဆေးဘက်ဝင် ချယ်ရီသီးရနံ့ကဲထားသော
ပန်းနုရောင်အဆင်းရှိသည့် Rose Wine (ခေါ်)
Pink Wine အမျိုးအစားဖြစ်ပါသည်။
လတ်ဆတ်သော သစ်သီးစုံချိုရည် အရသာ ရှိပြီး၊
အသားကင်၊ ဒိန်ခဲ၊ အသုပ်အမျိုးမျိုးတို့အပြင်၊
တရုတ်အစားအစာ၊ ဂျပန်အစားအစာတို့ဖြင့်လည်း
တွဲဖက်စားသုံးကြပါသည်။
ထို့ပြင် အရသာထူးစေရန်အတွက်
ပင်လယ်စာဟင်းလျာများထဲတွင်ထည့်ကာ
ချက်ပြုတ်စားလေ့ရှိကြပါသည်။
အယ်လ်ကိုဟော ၁၂% ပါဝင်သော ကြောင့်
မသုံးဆောင်မီWine Cooler ထဲတွင်
အပူချိန် 8ံC ခန့် အချိန် (၁)နာရီလောက်
ကြိုတင်ထည့်ထား၍ သောက်သုံးရပါသည်။


ချီလီနိုင်ငံ Sauvignon Blanc White ၀ိုင်
=======================
သမိုင်းအထောက်အထားများအရ
၁၅၅၅ ခုနှစ်မှစ၍ ချီလီနိုင်ငံတွင်
စပျစ်သီးမှ ၀ိုင်ချက်လုပ်သောက်သုံးသောဓလေ့
စတင်ခဲ့ပါသည်။
၁၇၈၄ ခုနှစ်ခန့်တွင်တော့ ချီလီဝိုင်များသည်
ဥရောပနိုင်ငံများနှင့် ရင်ပေါင်တန်းကာ
နိုင်ငံတကာဈေးကွက်တွင် နေရာတစ်ခု အဖြစ်
ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့ပါသည်။
သို့သော် ၁၉၇၀ ခုနှစ်ခန့်တွင်
သဘာဝဘေးအန္တရာယ်ရာသီဥတုပြောင်းလဲမှုဖြင့်
ကြုံတွေ့ခဲ့ရပြီး၊ စပျစ်သီးဈေးကစားရာမှ
ဝိုင်ထုတ်လုပ်မှုပမာဏ ထက်ဝက်မျှ
ကျဆင်းသွားခဲ့ပါသည်။
၁၀-ရာစုနှစ်တစ်ခုစာမျှဝိုင်ထုတ်လုပ်မှုတန့်နေခဲ့ပြီး၊
၁၉၉၀ နှစ်ဦးပိုင်းမှာတော့ ပုံမှန်အတိုင်း
ပြန်လည်လည်ပတ်လာနိုင်ခဲ့ပါသည်။
ချီလီနိုင်ငံ၏ကောင်းမွန်သော
ပထ၀ီမြေအနေအထားနှင့် ရာသီဥတုတို့ကြောင့်
အနံ့၊ အရသာနှင့် အရည်အသွေးပြည့်မီသော
စပျစ်စိုက်ခင်းများဖြစ်ထွန်းအောင်မြင်ကြပါသည်။
ထို့ပြင် အဆင့်အတန် မီဝါရင့်နည်းပညာ
များကြောင့်လည်း ချီလီဝိုင်တို့သည်
ကမ္ဘာ့အလယ်တွင် ပွဲလယ်တင့်လျှက်ရှိပါသည်။
ချီလီလူမျိုးတို့သည် အချဉ်အရသာကို
ကြိုက်သည်ဖြစ်၍ အခြားနိုင်ငံများနှင့်မတူဘဲ
ဝိုင်နီနှင့် ၀ိုင်ဖြူများအားလုံးကို
အချဉ်ဓာတ်အရသာပါရှိအောင် ဆီးသီး ၊
Dark ဘယ်ရီသီးစသည့်အချဉ်သီးတို့ဖြင့်
ရောစပ်လေ့ရှိပါသည်။
စပျစ်သီးအဖြူဖြင့်ချက်ထုတ်ထားသော
Sauvignon Blanc White ၀ိုင်ဖြူသည်
ဖျော့တော့တော့စိမ်းဝါရောင်အဆင်းရှိပါသည်။
Grape Fruit နှင့် သစ်တော်သီး များ၏
လတ်ဆတ်တက်ကြွသော ရနံ့များသင်းပျံ့လျှက်ရှိရာ
ထိုအချဉ်ဓာတ်များ၏လန်းဆန်းမှုက
ဝိုင်အနံ့အရသာနှင့်လိုက်ဖက်ညီလှပါသည်။
၎င်းကိုနှုတ်မြိန်ဝိုင်အဖြစ်သုံးဆောင်လေ့ရှိပြီး
ဥရောပဟင်းလျာများသာမက
အာရှအစားအစာများနှင့်လည်း
သင့်တော်သော ၀ိုင်ဖြစ်ပါသည်။
ထိုဝိုင်ကိုစွန်ပင်လယ်စာအစပ်ဟင်းလျာတွင်
ရောနှောချက်ပြုတ်စားလေ့ရှိပါသည်။



တောင်အာဖရိကMerlot Red ၀ိုင်
===================
တောင်အာဖရိကတွင် ၁၆၅၉နှစ်ဦးပိုင်းမှစ၍
ပထမဦးဆုံးသောဝိုင်ကို Cape မြို့မှ
စတင်ထုတ်လုပ်ခဲ့ပါသည်။
ယနေ့ Capeမြို့၏ ၀ိုင်ထုတ်လုပ်နိုင်မှုပမာဏသည
ကမ္ဘာ့အဆင့်ံပါတ်(၇) နေရာတွင်ရှိပါသည်။
တောင်အာဖရိကမှထုတ်လုပ်သော
ဝိုင်တို့သည်လည်း ထူးခြားကောင်းမွန်သော
အနံ့အရသာတို့ဖြင့်စွဲဆောင်လျှက်ရှိပါသည်။
ဝိုင်အနီ၊ ၀ိုင်အဖြူတို့တို့အပြင် အချဉ်ဓာတ်စူးသည့်
အ၀ါရောင် အဆင်းရှိသည့်ဝိုင်အဖြူကိုလည်း
ထုတ်လုပ်ပါသည်။
ထိုဝိုင်များအားလုံးကို ပြည်တွင်းဖြစ်
စပျစ်သီးဖြင့်သာ ချက်လုပ်ကြပြီး
ယနေ့တောင်အာဖရိကထုတ်Merlot Red ၀ိုင်သည်
ကမ္ဘာပေါ်ရှိဝိုင်နှစ်သက်သူများ၏ နှုတ်ဖျားတွင်
အလွန်ရေပန်းစားလျှက်ရှိပါသည်။
ဒေသထွက်Merlot ပျစ်သီးဖြင့်သာ ချက်လုပ်ထားကာ
တောက်ပသောပတ္တမြားရောင်အဆင်းရှိသည့်
ဝိုင်နီအမျိုးအစားဖြစ်ပါသည်
ထို့ပြင် အရည်ရွှမ်းသောအနီရောင် ဘယ်ရီသီးတို့၏
မွှေးရနံ့များဖြင့် ပေါင်းစပ်ပြုလုပ်ထားသောကြောင့်
အနံ့အရသာနှင့် စပျစ်သီး၏ အဖန်ဓာတ်တို့ကို
တစ်ချိန်တည်း၊ တစ်ပြိုင်တည်းမှာ
ခံစားရမည်ဖြစ်ပါသည်။
တစ်ငုံမျှသောက်သုံးရုံဖြင့်ခံတွင်းလိုက်စေပြီး၊
အမောပြေလန်းဆန်းလာစေပါသည်။
အသားအမျိုးမျိုးတို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပြီး၊
အထူးသဖြင့် ကြက်သားကင်ဖြင့်စားသုံးပါက၊
စွဲမက်ဖွယ်အရသာကို ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။
ထိုဝိုင်ကို သူ့ချည်းသက်သက် သောက်သုံးရုံသာမက ၀က်အသားလွှာအချိုဟင်းလျာတွင်လည်း
ရောနှောချက်ပြုတ်ခြင်းဖြင့်
အရသာပိုမိုလေးနက်လာစေပါသည်။


ပေါ်တူဂီ Port ၀ိုင်
==========
ဝိုင်အကြောင်း ပြောရလျှင် ပေါ်တူဂီ ၀ိုင်ပါမှ
ပြည့်စုံမည်ဖြစ်ပါသည်။
ပေါ်တူဂီ နိုင်ငံတွင် ၀ိုင်နှင့်ပတ်သက်သော
သမိုင်းကြောင်း ရာဇ၀င်ကိုတိတိကျကျ
ဖော်ပြထားခြင်းမရှိသော်လည်း
မျက်မှောက်ကာလမှာတော့
ဝိုင်အမျိုးပေါင်းမြောက်မြားစွာ ထုတ်လုပ်လျှက် ရှိနေပါပြီ။
Porto မြို့တော်မှ ထုတ်လုပ်သော Port ၀ိုင်မှာ
အလွန်နာမည်ကြီးပါသည်။
ထိုနိုင်ငံထွက် စပျစ်သီးသာမက၊
ပြည်တွင်းဖြစ် သကြားကဲ၍၊
စပျစ်သီးBrandy အရက်အနည်းငယ်ရောကာ
ကစော်ဖောက်ချက်လုပ်သောကြောင့်
ရရှိလာသောဝိုင်၏ အရသာမှာအချိုစူးရှပြီး၊
Alcohol လည်းများပါသည်။
Alcohol ပါဝင်ပမာဏ ၂၀%ထိရှိသောကြောင့်
အနီရောင် Full-Bodied ၀ိုင် အမျိုးအစားဖြစ်ပါသည်။
Port ၀ိုင်ကို အချိုပွဲအမျိုးမျိုးနှင့် ချိစ်တို့ဖြင့်
တွဲဖက်စားသောက်လေ့ရှိကြပါသည်။
ထို ၀ိုင်ကို ဟင်းလျာများတွင်ချက်ပြုတ်လေ့မရှိဘဲ
ဝိုင်အဖြစ်သာ အရသာခံသောက်သုံးကြပါသည်။
နှစ်ချို့လေ၊ အရသာမှာလည်း
အထွတ်အထိပ်ရောက်လေ ဖြစ်သောကြောင့်
ဝိုင်ပြင်းပြင်းကြိုက်သူများအတွက်
အလွန်အဆင်ပြေပါသည်။



သြစတြေးလျ Jacob's Creek ၀ိုင်
====================
သြစတြေးလျသမိုင်းမှတ်တမ်းများအရ
Sydney မြို့တော်၏Royal Botanic Garden မှာ
စပျစ်ခင်းများကို ၁၇၈၈ ခုနှစ်တွင်
စတင်စမ်းသပ်စိုက်ပျိုးခဲ့ရာ မအောင်မြင်ခဲ့ကြောင်း၊
၁၇၉၁ နှစ်ဦးပိုင်းတွင်တော့
ကောင်းစွာဖြစ်ထွန်းအောင်မြင်လာခဲ့ကြောင်း၊
၁၈၂၂ ခုနှစ်ခန့် တွင်ပြည်တွင်းဖူလုံရုံသာမက
ပြည်ပနိုင်ငံများသို့ ကုန်သွယ်ဖောက်ကား
လာနိုင်ခဲ့ပြီးငွေတံဆိပ်၊ရွှေတံဆိပ်များ
ဆွတ်ခူးလာနိုင်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။
သြစတြေးလျနိုင်ငံတွင်
နွယ်ချိုအစရှိသော ဆေးဘက်ဝင်
ဟင်းခတ်အမွှေးအကြိုင်တို့ဖြင့်
ရောစပ်ချက်လုပ်ထားသော
ခရမ်းသွေးရောင်အဆင်းရှိ ၀ိုင်နီများ၊
ပိုးစာသီးဖြင့်ရောစပ်ချက်လုပ်ထားသော
ဖန်တန်တန်အရသာရှိသည့်ဝိုင်နီများ၊
သစ်တော်သီးဖြင့် ရောစပ်ချက်ထားသော
ဖျော့တော့တော့ အဆင်းရှိသည့်ဝိုင်ဖြူများ၊
ဝက်သစ်ချစည်ထဲတွင် သိုလှောင်ထား သော
နူးညံ့ညက်ညောသော အရသာရှိသည့် ၀ိုင်ဖြူများ၊
ရှောက်သီး (သို့မဟုတ်)သံပရာသီးတို့ဖြင့်
ပေါင်းစပ်ထားသော အချဉ်ဓာတ်ကဲသည့်
စိမ်းဝါရောင်အဆင်းရှိသည့် ၀ိုင်ဖြူများ၊
ပန်းသီးဖြင့်ပေါင်းစပ်ချက်ထားသော
စပါကလင် ၀ိုင်များ စသည်တို့ ကို
ကုမ္ပဏီပေါင်းစုံက အရသာအမျိုးမျိုး
တံဆိပ်မျိုးစုံ ဖြင့်ချက်လုပ်ရောင်းချလျှက်ရှိပါသည်။
၎င်းတို့အနက် Jacob’s Creek တံဆိပ်မှာ
အထူးထင်ရှားပါသည်။ ၁၉၉၃ခုနှစ်တွင်
Australian Exporter of The Year ကို
ဆွတ်ခူးနိုင်ခဲ့ပါသည်။
ထို့ပြင် ကမ္ဘာအနှံ့ဝိုင်ပြပွဲများတွင
ဆုတံဆိပ်ပေါင်း ၈၀၀ ကျော်ခန့်
လက်ဝယ်ပိုင်ဆိုင်ရရှိထားပြီးဖြစ်ပါသည်။

သြစတြေးလျနိုင်ငံထုတ်Jacob’s Creek
ဝိုင်များကို နိုင်ငံပေါင်း ၆၀ ကျော်တွင်
နှစ်ခြိုက်စွာ လက်ခံသောက်သုံး လျှက်ရှိကြပါသည်။
Shiraz CabernetRed ၀ိုင်ကို
စပျစ်သီးအနီရောင်ဖြင့်ချက်လုပ်ပြီး
ကြက်သွေးရောင်ကဲ့သို့သော နီစွေးစွေး
အရောင်ရှိသည့် ၀ိုင်နီဖြစ်ပါသည်။
ဆီးသီး၊Black ဘယ်ရီသီးများ၏ အနံ့အရသာများနှင့်
အငွေ့အသက်များပါဝင်ပြီး၊Vanilla နှင့်
Oak အရသာတို့၏ ချိုမြိန်ခြင်းကိုလည်း
တစ်ပြိုင်တည်းခံစားနိုင်မည့်ဝိုင်ဖြစ်ပါသည်။
ထိုဝိုင်ထဲတွင် နူးညံ့သော
အဖန်ဓာတ်အရသာလည်းရောယှက်နေပါသည်။
အသားကင်များ၊ ကျပ်တိုက်ထားသောအသားများ၊
အမဲသား၊ သိုးသား၊ ၀က်ပေါင်ခြောက်၊Sausage ၊
အိန္ဒိယအစားအစာများဖြင့်
တွဲဖက်သုံးဆောင်သင့်သောဝိုင်ဖြစ်ပါသည်။
ထိုဝိုင်ကို ခရစ္စမတ်နေ့ကဲ့သို့သော
နေ့ထူး၊ နေ့မြတ်များတွင် မိသားစု ၀ိုင်းဖွဲ့သောက်သုံး
လေ့ရှိကြပါသည်။
Shiraz Cabernet Red သည်
ဟင်းချက်ဝိုင်မျိုးမဟုတ်ပါ။
သူ့ချည်းသက်သက်သာ သောက်သုံးရသောဝိုင်ပါသည်။

ဗဟုသုတအဖြစ် တင်ပြရပါလျှင်
သြစတြေးလျနိုင်ငံသား Kracher ဆိုသူ က
ပုံမှန်အရက်ပုလင်း ၆၄၀ လီတာ
(၀ိုင်အရက်ခွက် ၆၉၀၀၀ ခွက်) နှင့်ညီမျှသော
၄၉၀ လီတာရှိ ၀ိုင်အရက်ပုလင်းကြီးကို
တီထွင်နိုင်ခဲ့သဖြင့်၂၀၀၇ ခုနှစ်၊
နိုဝင်ဘာလ ၂၈ ရက်တွင် ချီးမြှင့်သော
ဂင်းနစ်မှတ် တမ်းဝင်ကမ္ဘာ့အကြီးဆုံးဝိုင်(Wine)
ပုလင်းကြီးအဖြစ်မှတ်တမ်းတင်ခဲ့ရပါသည်။

ကမ္ဘာ့နိုင်ငံအသီးသီးက၀ိုင်များကို
သူ့ထက်ငါ ပိုမိုသာလွန်ကောင်းမွန်အောင
နည်းပညာများ ဆန်းသစ်၍
အပြိုင်အဆိုင်ထုတ်လုပ်လျှက်ရှိကြရာ
သြစတြေးလျနိုင်ငံသည်ဝိုင်ပုလင်းအဖုံးများကို
အလွယ်တကူလှည့်ဖွင့်နိုင်ရန်အတွက် Screw Cap အဖုံးများကိုမှ စတင်ဖန်တီးနိုင်ခဲ့ပါသည်။
Screw Cap အဖုံးများသည်
ယခင်ရှေးရိုးဟောင်းCork (သို့မဟုတ်) ဖော့ဆို့အဖုံး
တို့ထက် ဖွင့်ရတာလွယ်ကူသည့်အပြင်
ဝိုင်၏ လတ်ဆတ်မှု၊ အနံ့၊ အရသာ ပျက်စီးခြင်းမှလည်း
ကာကွယ်ပေးပါသည်။
ထိုဆန်းသစ်မှုကြောင့်လည်း သြစတြေးလျ ၀ိုင်ကို
ကမ္ဘာကအသိအမှတ်ပြုခံရခြင်းဖြစ်ပါသည်။


နယူးဇီလန် Marborough Sauvignon Blonc ၀ိုင်
==========================
နို့နှင့်နို့ထွက်ပစ္စည်းများထွက်ရှိသော
နိုင်ငံတစ်ခုအဖြစ်ဂုဏ်သတင်းကျော်ကြားသော
နယူးဇီလန် နိုင်ငံသည် ၁၈၁၉ ခုနှစ်ကတည်းကပင်
ကိုယ်ပိုင်စတိုင်ဖြင့်ဝိုင်ချက်လုပ်သောက်သုံး
လာခဲ့ကြပါသည်။
၁၉၉၀ ခုနှစ် ၀န်းကျင်ကာလများတွင်
ဝိုင်ထွက်ရှိမှု၏ ၉% လောက်သာ နိုင်ငံခြားသို့
တင်ပို့ရောင်းချနိုင်ခဲ့သော်လည်း
၂၀၀၂ ခုနှစ်ရောက်သောအခါမှာတော့
၆၆% ထိ တိုးမြှင့်ရောင်းချနိုင်ခဲ့ပါသည်။
ဝိုင်နှစ်သက်သူများကလည်း နယူးဇီလန်ဝိုင်သည်
အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သော
သြစတြေးလျဝိုင်၏ အရသာကို
လိုက်မှီသည်ဟု ကောက်ချက်ချကြ ပါသည်။

အဖြူရောင်ဝိုင်တစ်မျိုးဖြစ်သည့်
မြက်ရနံ့နှင့် Grape Fruit ရနံ့တို့ သင်းနေသော
Marborough Sauvignon Blanc ၀ိုင်သည်
အရသာတစ်မျိုးဖြင့် စွဲအားကောင်းလှပါသည်။
ထို့အပြင် အထူးထင်ရှားလူကြိုက်များသည်
Rose ၀ိုင်(ခေါ်) Pink ၀ိုင်နှင့် မိတ်ဆက်ပေးလိုပါသည်။
စပျစ်သီးအနီဖြင့် ချက်လုပ်ထားသည့်
ပန်းရောင်အဆင်းရှိသော ၀ိုင်ဖြစ်ပါသည်။
လတ်ဆတ်သော ဘယ်ရီသီး၊ စတော်ဘယ်ရီသီး၊
ချယ်ရီသီးနှင့် ရက်စ် ဘယ်ရီသီးများ၏
နှစ်ထောင်းအားရဖွယ်ရနံ့တို့နှင့်
ဝိုင်အရသာကိုပိုမိုကောင်းမွန်ပေါ်လွင်အောင်
ပံ့ပိုးပေးထားပါသည်။မပျစ်လွန်း၊
မကျဲလွန်းသောMedium Body ၀ိုင်
အမျိုးအစားဖြစ်ပြီးအချဉ်ဓာတ
ညီမျှစွာ ပါဝင်သောကြောင့်
တစ်ကျိုက်လောက်သောက်လိုက်သည့်အခါ
အာခံတွင်းတွင် နူးညံ့ခြောက်သွေ့မှု
အရသာကို ခံစားရရှိစေနိုင်ပါသည်။
အနံ့အရသာ ပြင်းထန်ခြင်းမရှိဘဲ
ကျား၊ မ မရွေး၊ အချိန်အခါမရွေး
လွယ်ကူစွာ သောက်သုံးနိုင်သော
ဝိုင်အမျိုးအစားဖြစ်ပါသည်။
ထိုဝိုင်ကို ညစာ မသုံးဆောင်မီအချိန်၊
ညစာသုံး ဆောင်နေစဉ် တစ်လျှောက်လုံး နှင့်
အချိုပွဲစားသုံးနေချိန်များတွင်ပါ
သောက်သုံးနိုင်သည့်
စွယ်စုံရ၀ိုင်အမျိုးအစားဖြစ်ပါသည်။
Rose ၀ိုင်ကို ညနေခင်းပါတီပွဲများတွင်
တည်ခင်းဧည့်ခံခြင်းဖြင့်
ယနေ့နယူးဇီလန်နိုင်ငံတွင်ခေတ်တစ်ခေတ်၏
Fashion တစ်မျိုးဖြစ်နေပါသည်။
ထိုဝိုင်ကို Grouper (ခေါ်) ငါး စွပ်ပြုတ်ဟင်းလျာများ
ချက်ပြုတ်ရာတွင်လည်း
အရသာပိုမိုပေါ်လွင်စေရန်အတွက
ဟင်းခတ်အဖြစ်အနည်းငယ်သုံးလေ့ရှိကြပါသည်။


တရုတ် Yellow ၀ိုင် (ခေါ်) ဆန်ဝိုင်
====================
တရုတ်နိုင်ငံတွင် ဟန်မင်းဆက် လက်ထက်မှ
စတင်၍ မက်မွန်သီးဖြင့်ဝိုင်ချက်လုပ်
သောက်သုံးလာခဲ့ကြပါသည်။
ယနေ့တရုတ်ပြည်တွင် ဆန် (သို့မဟုတ်)
လူးစပါးကဆီဓာတ်ကိုအချဉ်ဖေါက်ထားသော
Yellow ၀ိုင် (ခေါ်) ဆန်ဝိုင်ကို
လူကြိုက်များ လျှက်ရှိပါသည်။
၁၀-နှစ်နှင့်အထက်သက်တမ်းရှိသော
နှစ်ချို့ ဆန်ဝိုင်များကို သောက်သုံးရုံသာမက၊
ရှလကာရည်အဖြစ် တရုတ်ဟင်းလျာအမျိုးမျိုးတွင
ချက်ပြုတ်လေ့ရှိကြပါသည်။
Zheijang ခရိုင်၏ Shaoxing ဒေသမှ
ထွက်ရှိသော ဆန်ဝိုင်သည် အထူးထင်ရှားပါသည်။
ထိုဝိုင်ကို အခန်းအပူချိန်မှာသာ
ထိန်းသိမ်းထားလေ့ရှိပြီးအလင်းရောင်နှင့်
မထိတွေ့ လေ ၊ ပိုကောင်းလေဟုဆိုပါသည်။
ယနေ့တရုတ်ပြည်တွင် ဆန်ဝိုင်ဖြင့်
ချက်ပြုတ်သော Drunken Chicken (ခေါ်)
ကြက်အရက်မူးဟင်းလျာသည်
တရုတ်နှစ်ကူးအခါသမယများတွင်မပါမဖြစ်ပါ။
ထို့ပြင် ကလေးမီးဖွားပြီးစ အမျိုးသမီးများ
ကိုယ်ခံစွမ်းအားတိုးပွားပြီး၊
သွေးလည်ပတ်မှုကောင်းစေရန်အတွက်
ကြက်ဥ၊ ကြက်သား၊ နှမ်းဆီနှင့် ဆန်ဝိုင်ဖြင့်
ကြော်ချက်ထားသော ဟင်းလျာကို
တရုတ်ရိုးရာဓာတ်စာအဖြစ် စားသုံးလေ့ရှိကြပါသည်။
တရုတ်ပြည်တွင် Yellow ၀ိုင်ကို
ချယ်ရီအရက် အနည်းငယ်ရောစပ်ကာ၊
အချဉ်ဖောက်ထားသော Sherry ၀ိုင်လည်းရှိပါသည်။
သို့သော်ဆန်ဝိုင်လောက်အရသာမပြင်းဘဲ
Alcohol နည်းကာ အတန်ငယ်ချိုမြိန်ပါသည်။
Sherry ၀ိုင်ကိုတော့ ဟင်းချက်ပြုတ်ရာတွင်
သုံးလေ့မရှိဘဲဝိုင်အဖြစ်သာသောက်သုံးကြပါသည်။

အိန္ဒိယ Bellissima ၀ိုင်
============
အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင်BC 100 ခန့်
ကတည်းက ၀ိုင်စတင်သောက်သုံးလာခဲ့ကြပါသည်။
အိန္ဒိယနိုင်ငံတွင် ချင်း၊ ပျားရည်နှင့်
ပရဆေးအမျိုးမျိုးတို့ဖြင့် ချက်လုပ်သော
ဆေးဘက်ဝင် ၀ိုင်အမျိုးပေါင်းမြောက်မြားစွာ
ရှိကြပါသည်။
ယနေ့အိန္ဒိယ၀ိုင် ဈေးကွက်တွင်
စပျစ်သီးဖြင့်ချက်လုပ်ထားသေ
အနံ့အရသာပြည့်စုံသည့်Bellissima၀ိုင်သည်
ဝယ်လိုအားအကောင်းဆုံး အနီရောင်ဝိုင် ဖြစ်ပါသည်။
ခံတွင်းလည်းရှင်းသောကြောင့်နှုတ်မြိန်ဝိုင်အဖြစ်
ပါတီပွဲများနှင့် မင်းစိုးရာဇာပွဲများတွင်
တည်ခင်းလေ့ရှိပါသည်။
အထူးသဖြင့် အချိုပွဲ အမျိုးမျိုး၊ သစ်သီးများ၊
ချိစ်များဖြင့် တွဲဖက်စားပါက ၀ိုင်အရသာ
ပိုမိုပေါ်လွင်ပါသည်။

ဝိုင်ချစ်သူ စာဖတ်ပရိသတ်တို့ကို
ဗဟုသုတအဖြစ် တင်ပြရပါလျှင်
အာရှတိုက်တစ်ခွင်လုံးမှာ
ဝိုင်အသောက်ဆုံးသော နိုင်ငံသည်
ဟောင်ကောင်ဖြစ်ပါသည်။
ISWR (ခေါ်) အပြည်ပြည်ဆိုင်ရာ
ဝိုင်သုတေသနအဖွဲ့၏
၂၀၁၀ ခုနှစ် စစ်တမ်းများအရ၊
ဟောင်ကောင်ရှိ လူတစ်ဦးချင်းစီ၏
ဝိုင်သောက်နှုန်းသည် တစ်နှစ်လျှင်
ပျမ်းမျှ၎.၇ လီတာရှိကြောင်း၊
နောင် ၄-နှစ် ကြာသော အခါတွင်
၆.၀ လီတာ အထိသောက်သုံးလာဖွယ်ရှိကြောင်း
ဖော်ပြထားပါသည်။
ဟောင်ကောင်တစ်ခွင်လုံး၏
ဝိုင်ဈေးကွက်တွင် ပြည်ပမှတင်သွင်းလာသော
နိုင်ငံခြားဖြစ် ၀ိုင်အမျိုးစုံလင်လျှက်ရှိရာ၊
အထူးသဖြင့် ပြင်သစ်မှသွင်းလာသောဝိုင်များက
ဗိုလ်စွဲလျှက်ရှိပါသည်။


မြန်မာပြည်အေးသာယာဝိုင်
===============
ယနေ့မြန်မာပြည်၏ ၀ိုင်ဈေးကွက်တွင်
နိုင်ငံခြားဖြစ် ၀ိုင်များသာမက
ပြည်တွင်းဖြစ်ဝိုင်များလည်းအမျိုးစုံလင်လှပါသည်။
ယေဘုယျ အားဖြင့်နိုင်ငံခြားဖြစ်ဝိုင်များကို
စပျစ်သီးဖြင့်သာချက်လုပ်လေ့ရှိသော်လည်း
မြန်မာပြည်တွင်တော့ မက်မန်း၊ စတော်ဘယ်ရီ၊
စပျစ်၊ နာနတ်၊ ချယ်ရီ်၊ ပန်းသီးစသည်တို့ကို
အခြေခံ၍ “၀ိုင်” များကို တံဆိပ်အမျိုးမျိုးဖြင့်
ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။
အထူးသဖြင့် မြန်မာပြည်အနှံ့ 
ဝိုင်ဈေးကွက်တွင်ပြင်ဦးလွင် နှင့် တောင်ကြီးတို့ မှ ထုတ်လုပ်သော ၀ိုင်များက
အလှဆင်ပံ့ပိုးပေးထားကြပါသည်
ရှမ်းမြောက်ပိုင်း ကွတ်ခိုင်မှ ထွက်ရှိသော
ချဉ်စော်ကားဝိုင်(Quench Wine) နှင့်
ချင်းပြည်နယ်ထုတ် တောင်ဇလပ်ဝိုင်တို့လည်း
ရှိကြပါသေးသည်။
ကုန်ကြမ်းများဖြစ်သော သကြားဈေးနှင့်
သစ်သီးတို့ထွက်ရှိမှုပေါ်မူတည်ပြီး
ဈေးအနည်းငယ် ကွာဟမှုရှိတတ်ပါသည်။
မြန်မာပြည်၏၀ိုင်ဈေးကွက်တွင်
အရသာချိုရဲရဲရှိပြီး
၊အယ်လ်ကိုဟောဓာတ်ပေါ့သောမက်မန်းဝိုင်သည်
ဈေးအပေါဆုံးဖြစ်ပြီး၊
ချဉ်ဖန်ဖန် ဖြင့်အရသာလေးသောစပျစ်ဝိုင်က
ဈေးအမြင့်ဆုံးဖြစ်ပါသည်။
ပြည်တွင်းဖြစ် စပျစ်ဝိုင်တို ကိုနိုင်ငံခြားသားများလည်း
နှစ်ခြိုက်စွာသောက်သုံးကြပါသည်။

ထူးထူးခြားခြားအနေဖြင့်တင်ပြရပါလျှင်
အနံ့အရသာ အမျိုးမျိုးရှိသော
ပြည်တွင်းဖြစ် ၀ိုင်များအနက်၊ တောင်ကြီးမြို့မှ
စပျစ်သီးဖြင့်ထုတ်လုပ်သော ဒေါင်းတံဆိပ်ပုံ
အေးသာယာဝိုင် သည် နိုင်ငံခြား အဆင့်မီ
အနံ့အရသာနှင့် ပြည့်စုံသောကြောင့်
သောက်သုံးသူတို့အသည်းစွဲဟု သိရပါသည်။
“အေးသာယာဝိုင်” ကို အနီနှင့် အဖြူထုတ်လုပ်ပြီး၊
အရသာမှာ ချဉ်တင်တင်၊ ဖန်တံတံ ရှိပါသည်။
ဝိုင်အဖြူက အချိုနည်းနည်းပေါ့ပါသည်။
မြန်မာပြည် တစ်ခွင်လုံး၏နာမည်ကြီး
Super Market ကြီးများ၊Liqure House များ၊
စားသောက်ဆိုင်များနှင့်Hotel ကြီးများတွင်
ပြည်တွင်းဖြစ်ဝိုင်များ သာမက
နိုင်ငံခြားဖြစ်ဝိုင်များအားလုံးကို
ဝယ်ယူရရှိနိုင်ပါသည်။

--------------------------------------------------->>

<<-----------------------------------------

အိမ်တွင်းဖြစ်ဝိုင်ချက်လုပ်နည်း
==================
ဝိုင်ချစ်သူများအတွက် သတင်းကောင်းလေးပါ။
မိမိဖာသာ အိမ်မှာ ၀ိုင်ချက်လို့ရတဲ့
လွယ်ကူသော နည်းလေးဖြစ်ပါတယ်။
ဝိုင်ချက်လုပ်ရန်အတွက်မချဉ်လွန်း၊
မချိုလွန်းသော မိမိနှစ်သက်ရာ
အနီရောင်သစ်သီးဖျော်ရည်၊
သန့်ရှင်းလတ်ဆတ်သော ဖန်ကရားနှင့်
ထိုဖန်ကရားကို လုံအောင်ပိတ်သည့်
ရာဘာဘူးဆို့တို့လိုအပ်ပါသည်
ဒီဝိုင်ချက်နည်းကအရသာနည်းနည်းပြင်းပါသည်။
၎င်းဝိုင်ကို ဟင်းလျာများချက်ပြုတ်ရာတွင်လည်း
သုံးလို့ရပါသည်။
လူဦးရေ ၃၂ ယောက်စာသောက်သုံးရန်အတွက်
ဝိုင် ၁-ဂါလံချက်လုပ်သော နည်း ဖြစ်ပါသည်။

ပါဝင်မှု
======
• ၀ိုင်ဖောက်သည့်ကစော်မှုန့် -၀.၂၅ အောင်စ
(စားပွဲဇွန်း တစ်ဝက်)
• သကြား- စားပွဲခွက် ၄ခွက်
• သစ်သီးဖျော်ရည် -၁၂-အောင်စ (စားပွဲဇွန်း ၅ ဇွန်း)
• ရေအေးအေး -၀.၈ ဂါလံ တို့ လိုအပ်ပါသည်။

ပြုလုပ်နည်း
=======
ရှေးဦးစွာဝိုင်ချက်တဲ့ ကစော်မှုန့်၊
သကြားနှင့် အနီရောင်သစ်သီးဖျော်ရည်ုရည်တို့ကို
ဖန်ကရားထဲလောင်းထည့်ပါ။

သကြားအရည်ပျော်သွားသောအခါ ရေထည့်ပြီး၊
ရာဘာဘူးဆို့ဖြင့် တင်းတင်းကျပ်ကျပ်ပိတ်ထားလိုက်ပါ။
ပြီးရင် အေး၍ခြောက်သွေ့သောနေရာတွင် ထားပေးပါ။
တစ်ရက်အတွင်းမှာပင်သကြားများအချဉ်ပေါက်ကာ
Alcohol အဖြစ် ပြောင်းသွားပြီး၊
ဖန်ကရားထဲတွင် ပူစီဖောင်းဘောလုံးလေးများ
ပြည့်လာသည်ကို တွေ့မြင်ရပါမည်။

ထို့နောက် ဘောလုံးလေးများသည်Gas အသွင်သို့
ပြောင်းကာ ၀ိုင်ဖြစ်လာပါသည်။

ထိုအချိန်တွင်သောက်လို့ရပါပြီ။
သို့သော် ၀ိုင်ဖြစ်ပြီး ရက်သတ္တ ၆-ပတ်ကြာမှ သောက်ပါက
အရသာပိုကောင်းပါသည်။


(ပေါက်ပေါက်) Ref: Internet
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။

!
t
s
e
B
e
h
T
e
B