Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, October 23, 2015

အင်္ဂလိပ်-မြန်မာ စတုတ္ထစစ်ပွဲ ( အပိုင်း 1-2-3-4-5 )

English-Myanmar Fourth Fire ( part-1)
အင်္ဂလိပ်-မြန်မာ စတုတ္ထစစ်ပွဲ ( အပိုင်း ၁ )
================
အင်္ဂလိပ်တို့သည် လက်နက်ကောင်းများ အားကိုးဖြင့်အနိုင်ကျင့်ကာ ၁၈၂၄-ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲကြီး ဆင်နွဲပြီး တနင်္သာရီကမ်းရိုးတန်းကို သိမ်းပိုက်လုယူခဲ့ကြသည်။ ၁၈၅၂-ခုနှစ်တွင် ရေတပ်သင်္ဘောကြီးများ အားကိုးဖြင့် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲကို ဆင်နွဲကာ မြန်မာနိုင်ငံအောက်ပိုင်း တစ်ခုလုံးကို သိမ်းပိုက်ခဲ့ပြန်သည်။ ၁၈၈၅-ခုနှစ်တွက်ကား နိုင်ငံကို မချစ် အာဏာကိုချစ်သော သီပေါနှင့် စုဖုရားလတ်တို့ကို ဖမ်းခေါ်ခြင်းနှင့် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲကို ဆင်နွဲအနိုင်ယူကာ မြန်မာတစ်ပြည်လုံးကို သိမ်းပိုက်လိုက်ပြန်သည်။ ထိုအကြောင်းကို တစ်ကမ္ဘာလုံးက သိကြသည်။


သို့သော် ပေ(၂၀) ကြိုးဝိုင်းအတွင်း ဆင်နွဲခဲ့သော အင်္ဂလိပ်-မြန်မာ စတုတ္ထ စစ်ပွဲအကြောင်းကိုကား မြန်မာကရော၊ ကမ္ဘာကပါ သိလိုက်သူ သိပ်မရှိပေ။ ရှေ့က စစ်ပွဲသုံးခုသည် မြန်မာတို့အတွက် ဂုဏ်ပျက်စရာ ဖြစ်သော်လည်း ယခုဖော်ပြမည့် စတုတ္ထစစ်ပွဲကား မြန်မာတို့အတွက် ဂုဏ်တက်ရမည့် စစ်ပွဲဖြစ်၏။ ထိုစစ်ပွဲကြီးကို ၁၉၄၇-ခုနှစ်၊ ဧပြီလ၊ ၁၇-ရက်နေ့က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ တိုရန်တို အားကစားကွင်းကြီး အတွင်းတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ထိုနေ့က အင်္ဂလိပ်လူမျိုးများ ကိုယ်စားပြု ထိုးသတ်မည့် လက်ဝှေ့အကျော်မှာ အင်္ဂလန်ပြည် လိုက်ဝိတ်တန်း ချန်ပီယံ ဒေါက်ဂလပ်စမင်ဖြစ်ပြီး၊ မြန်မာလူမျိုးများ ကိုယ်စားပြု ယှဉ်ပြိုင်မည့် လက်ဝှေ့ကျော်မှာ မောင်သောင်း ဖြစ်သည်။
မောင်သောင်း၏ စိတ်ဓာတ်ကို အကဲခက်နိုင်ရန် သူ့မှတ်တမ်းတင် ရေးသားထားသော ဖော်ပြပါ စာတမ်းကို ဖတ်ကြည့်နိုင်၏။
``နယ်ချဲ့အင်္ဂလိပ်ကို တို့မြန်မာတွေက လက်နက်ချင်း မတူမျှလို့ စစ်တလင်းမှာ ရှုံးခဲ့ပေမယ့်၊ နယ်ချဲ့ အင်္ဂလိပ်လူမျိုးနဲ့ ငါ၊ တစ်ယောက်ချင်း စစ်ခင်းကြရာမှာတော့ အင်္ဂလိပ်တို့ မှောက်လျက် တစ်မျိုး၊ ပက်လက်တစ်ဖုံ၊ ဘေးစောင်းတစ်နည်း၊ ဒူးထောက်လို့ တစ်သွယ် သွေးမြေကျပြီး ငါ့ကို မရှုမလှ ရှုံးရတာချည်းပါ။´´
``ငါ့တိုင်းပြည်၊ ငါ့လူမျိုးကို ကျွန်လုပ်ထားတဲ့ အင်္ဂလိပ်လူမျိုး၊ အင်္ဂလိပ်အနွယ် လက်ဝှေ့ကျော်တွေနဲ့ ကြိုးဝိုင်းနယ်ပယ်မှာ တွေ့ရလေတိုင်း၊ ငါ့မြန်မာလူမျိုးတွေကိုယ်စား၊ ငါ့အရိုးတွေ ကွဲကွဲ၊ အသားတွေပဲ့ပဲ့၊ ငါ့အသက်ပင် သေသေ၊ ငါ နောက်တစ်လက်မမှ မဆုတ်တမ်း တိုက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ချက် ချထားတယ်၊ အဲဒီဆုံးဖြတ်ချက်ကို ငါအသက်သေသည်အထိ မပြင်။´´
(မောင်သောင်း)

အင်္ဂလိပ်ကို ကြိုးဝိုင်းအတွင်းမှာ အနိုင်ယူရမည်ဟူသော အတွေးအခေါ်ကို ပထမဆုံးရသူမှာ ဆရာကြီး ဦးရာဇတ်ဖြစ်သည်။ ဦးရာဇတ်သည် အိန္ဒိယပြည်၊ ဘုံဘေမြို့တွင် နေထိုင်သော လက်ဝှေ့ကျော် ဘီ(ဘ်)ဖစ်ရှာကို ခေါ်ယူ၍ သူ့တပည့်ကျောင်းသားများနှင့်တကွ အရပ်သားများကိုပါ လက်ဝှေ့ပညာကို စနစ်တကျသင်ပေးခဲ့သည်။ ဘီ(လ်)ဖစ်ရှာသည် အဖေ အမေရိကန် နီဂရိုး၊ အမေ ဗြိတိန်သူ တို့မှ မွေးဖွားခဲ့သူဖြစ်သည်။ ၁၉၂၆-၂၇ ကမ္ဘာ့ဟဲဗီးဝတ်တန်းချန်ပီယံ ပြင်သစ်နိုင်ငံသား ဂျော့ဂျက်(စ်)ကာပင်တီးယားနှင့် ခေတ်ပြိုင် လက်ဝှေ့ကျော်တစ်ယောက် ဖြစ်သည်။
ဂျော့ဂျက်(စ်)ကာပင်တီးယား ဆယ်ချီ အပြည့်ထိုးပြီး အမှတ်ဖြင့် ကပ်နိုင်ခဲ့သော အမေရိကန် လက်ဝှေ့သမားတစ်ယောက်ကို ဘီ(လ်)ဖစ်ရှာက အီဂျစ်တွင် အလဲထိုး အနိုင်ယူခဲ့ဖူးသူဖြစ်သည်။ သူတို့က စခဲ့သော လက်ဝှေ့ပညာကို ကမ္ဘာသို့ ပြန့်စေချင်သော အင်္ဂလိပ်များက မြန်မာပြည်တွင်လည်း ဖြန့်ဖြူးရင်းဖြင့် ၁၉၂၅-ခုနှစ် ဝန်းကျင်တွင် ရန်ကုန်၌ ကြေးစားပွဲများပင် ဖြစ်လာတော့၏။
မြန်မာ့လက်ဝှေ့သူရဲကောင်း မောင်သောင်းကို ဖခင် ဦးဖိုးခင်(ရဲဝန်ထောက်)၊ မိခင် ဒေါ်စိန်တို့မှ ၁၉၁၇-ခုနှစ်၊ ၁၆ရက်၊ ကြသပတေးနေ့တွင် မွေးဖွားခဲ့သည်။ နေရာမှာ အမှတ်(၈)၊ ကနေဒီလမ်း၊ ရန်ကုန်ဖြစ်သည်။
ဖခင်ဖြစ်သူမှာလည်း အမျိုးချစ်သူတစ်ယောက် ဖြစ်သောကြောင့် သားဖြစ်သူကို ငယ်စဉ်ကတည်းက လက်ဝှေ့ပွဲများကို လိုက်ပြပြီး မျိုးချစ်စိတ် သွင်းပေးခဲ့သည်။ မောင်သောင်း(၁၀)နှစ်သား အရွယ်ကတည်းက သဲအိတ်ဖြင့် လက်ဝှေ့ထိုးလေ့ကျင့်နေပြီးဖြစ်သည်။ ဇွဲနပဲဖြင့် လေ့ကျင့်သောကြောင့် (၁၇)နှစ်သားအရွယ်တွင် မောင်သောင်းသည် ပြိုင်ပွဲဝင်နိုင်သည့် အဆင့်သို့ ရောက်နေပြီဖြစ်သည်။
မောင်သောင်း၏ လက်သီးဆုတ်သည် သာမန်လက်ဝှေ့သမားတို့၏ လက်သီးဆုပ်ထက် ပိုမိုကြိးမားသည်။ ထို့ပြင် ပြင်းထန်စွာ လေ့ကျင့်ထားသောကြောင့် သူ့လက်ကောက်ဝတ် လုံးပတ်သည် လက်သီးပမာဏမျှ ထွားကျိုင်းသန်မာနေခြင်းပင်။ တစ်ခါတွင် သူ့ဖခင်သည် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ မဆင်နွဲမီ၊ အင်္ဂလိပ်ရေတပ်က လက်နက်ချင်း မညီမျှသော ရန်ကုန်ဆိပ်ကမ်းမှာ အကောက်တော်ဝန်နှင့် မြန်မာတပ်သားများအား အနိုင်ကျင့် သတ်ဖြတ်ကြပုံကို ယခုလို အသက်ဝင်အောင်း ပြောပြလျက်ရှိ၏။
“ကောင်းပြီလေ၊ တို့ကလည်း ဒီလိုအရိုင်းကောင် မြန်မာတွေကို ဘယ်လိုအမြောက်စာ ပြန်ကျွေးလိုက်မယ်ဆိုတာ ကြည့်ရသေးတာပေါ့”
လင်းဘတ်က ဝမ်းထဲမှကြိမ်းရင်း မိမိတို့သင်္ဘောအား အကောက်ဆိပ်နှင့် နီးသောနေရာသို့ အတင့်ရဲစွာ အရွှေ့ခိုင်း၏။ ထို့နောက် ကမ်းပေါ်ရှိ မြန်မာအရိုင်းကောင်များ မည်သို့ ပြေးလွှားတိုက်ခိုက်ကြမည်ကို သေချာမြင်ရရန် မှန်ပြောင်းဖြင့် ကြည့်၏။
“ကိုင်း - ပစ်ကြစမ်း”
လင်းဘတ်၏ အမိန့်အတိုင်း သင်္ဘောအမြောက်မှူးက အမြောက်လေးလက်စလုံး အကောက်ဆိပ်သို့ အပစ်ခိုင်း၏။ မိမိတို့ သင်္ဘောမှသာလျှင် ပစ်သည်မဟုတ် မိမိနောက်မှ ပါလာသော တနင်္သာရီ စစ်မီးသင်္ဘောကလည်း ဝိုင်းပစ်သည်။ မြန်မာယမ်းမှုန့်ထိုး အမြောက်တစ်လက်က တစ်ချက်ပစ်လိုက်တိုင်း မိမိတို့၏ ကျည်ထိုး အမြောက်တစ်လက်သည် အချက်ပေါင်း (၂၀)ကျော်ပစ်နိုင်သည်။
ထိမှန်ရာ၌ တစ်ဆင့် ပေါက်ကွဲသော ယမ်းမှုန့်အသင့်ထည့်ပြီး ကျည်တောင့်များကို အသုံးပြုရသောကြောင့် မြန်မာအမြောက်တို့ထက် အဆပေါင်းများစွာ ပြင်းထန်လှ၏။ ထို့ပြင် မြန်မာတို့ဘက်၌ ယမ်းမှုန့်ထိုး အမြောက်အိုကြီး (၂)လက်သာရှိ၏။ မိမိတို့မူ မိမိတို့ သင်္ဘောပေါ်၌ (၄)လက်၊ တနင်္သာရီစစ်သင်္ဘောပေါ်၌ အမြောက်(၆၀)၊ အားလုံးပေါင်း (၆၄)လက်ဖြစ်၏။
“ကဲ- ကြည့်ကြသေးတာပေါ့ကွာ”
လင်းဘတ်သည် အောင်နိုင်သူတို့၏ ရင့်ကျက်တည်ငြိမ်သော မျက်နှာဖြင့် ကမ်းထက်သို့ စူးစိုက်ကြည့်၏။ ကမ်းထက်၌ရှိသော အုန်းပင်၊ ထန်းပင်နှင့် အခြားသစ်ပင်များ၊ အိမ်ငယ်အဆောက်အအုံများ အစရှိသည်အားလုံးတို့သည် ထောင်းထောင်းညက်ညက် ကြေလျက် လေပွေဆောင်ယူသော အမှိုက်သစ်ရွက်တို့ကဲ့သို့ ကောင်းကင်၌ လွှင့်စဉ်နေကြသည်။ အမြောက်ဆန်တို့မှ ပေါက်ကွဲသည့် ယမ်းမီးခိုးများ ထိမှန်ရာမှ ထောင်းထောင်းထနေသည့် မြူမှုန့်များဖြင့် ကမ်းပါးသစ်အုပ် တစ်ခုလုံး ချက်ချင်း အမှောင်ထုဖြင့် ဖုံးလွှမ်းသွား၏။
မြန်မာအရိုင်းကောင်များ မည်သို့ အထိပ်တလန့် ဖြစ်ကုန်ကြသည်ကို ကြည့်လိုမြင်လိုသော လင်းဘတ်သည် မိမိ၏ အမြောက်တပ်သားများဘက်သို့ လက်ကာလိုက်၏။ အတော်ကြီးကြာမှ ကမ်းပါး၌ မီးခိုးဖုန်မှုန့်များ ရှင်းတော့၏။ ရှုခင်းသည် မျက်လှည့်ပြဘိသကဲ့သို့ ချက်ချင်းပြောင်းလဲသွား၏။ ခပ်စောစောက မြင်ထားရသော စိမ်းစိမ်းစိုစို သစ်အုပ်နှင့် အိမ်ကလေးတို့သည် ပြောင်တလင်းခါလျက် မြေပြင်၌ ပြားပြားဝပ်ကုန်၏။
လတ်လတ်ဆတ်ဆတ် ကျိုးကျနေသော သစ်ကိုင်းတို့မှ ကြွင်းကျန်ရစ်သည့် ပင်စည်ငုတ်တိုသည် ဖရိုဖရဲ ပြန့်ကျဲနေသော အမှိုက်ပုံတို့၏ အကြား၌ ထိုးထိုးထောင်ထောင် မင်းမူနေကြ၏။ အချို့ နေရာတို့တွင် အိမ်ပျက်များကို မီးစွဲလောင်နေသောကြောင့် မီးခိုးငွေ့ တလူလူထနေ၏။ မိနစ်ပိုင်းအတွင် ဤမျှချေမှုန်း ပြလိုက်နိုင်ခြင်းအတွက် လင်းဘတ်က ဂုဏ်ယူကျေနပ်၏။
မြန်မာအရိုင်းကောင်များ မည်မျှ ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရွံ့သွားကြလိမ့်မည်လဲဟု တွေးလျက်ဝမ်းသာနေ၏။ သို့သော် လင်းဘတ်သည် ချက်ချင်းအံ့အားသင့်လာပြန်၏။ ကျင်းများချိင့်များ ဖြစ်နေသော မြေပြင်ထဲမှ လူတစ်စုသည် လေးပင်သော အရာဝတ္ထုတစ်ခုကို သယ်မလာကြ၏။ သင်းတို့ကို မြင်ရသည်မှာ စားသောက်ဖွယ်ရာတစ်ခုကို ပုရွတ်ဆိတ်များ ဝိုင်းအုံမလာသကဲ့သို့ မြင်နေရ၏။
မကြာမီ သင်းတို့ သယ်ယူလာကြသောအရာသည် အသုံးမဝင်သော သင်းတို့၏ အမြောက်အိုကြိး တစ်လက်ဖြစ်ကြောင်း လင်းဘတ်သိလာ၏။ ဒီမြန်မာတွေ ဘာများဆက်လုပ်ကြမတုန်းဟု စောင့်ကြည့်၏။ သူတို့သည် လေးလံကြီးမားသော သူတို့၏ အမြောက်အိုကြီးကို အမြင်းဆုံး ကမ်းနဖူးထိပ်သို့ ယူလာကြ၏။ ထို့နောက် လူပေါင်းများစွာတို့သည် အမြောက်ကြီးကို ကျောဖြင့်လည်းကောင်း၊ ပခုံးဖြင့်လည်းကောင်း၊ လေးဖက်ဝပ်၍လည်းကောင်း၊ ကုန်း၍လည်းကောင်း သင့်ရာသင့်ရာ အလိုက်သင့်ထမ်းကြ၏။
“အိုး.. မိုင်ဂေါ့(လ်)- တော်တော်မိုက်မဲပြီး ဉာဏ်နည်းတဲ့ အကောင်တွေပါလား”
လင်းဘတ်၏ နှုတ်မှ အမှတ်တမဲ့ ထွက်လာ၏။ ထို့နောက် ထိုသို့ထုတ်ဖော်အံ့သြမိသည့်အတွက် မိမိတို့ အင်္ဂလိပ်လူမျိုး၏ ဂုဏ်သိက္ခာကို ထိခိုက်လေမလားဟု တွေးရင်း ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်၏။ မည်သူမျှ သိကြပုံမရသဖြင့် တော်သေး၏။ လင်းဘတ်သည် ကမ်းဆီသို့ မှန်ပြောင်းဖြင့် ထပ်ကြည့်၏။ ထိုစဉ် မိမိတို့၏ တနင်္သာရီစစ်သင်္ဘောဆီမှ အမြောက်(၃)လက် တစ်ပြိုင်နက် ပစ်လိုက်ရာ ထိုလူအုပ်ဆီသို့ တိုက်ရိုက်ထိ မှန်၏။ ထိုမြင်ကွင်းကို အပ်ကြမက်ကျ မြင်လိုက်ရသော လင်းဘတ်အဖို့ အရသာရှိလှ၏။
လင်းဘတ်သည် အသက်မရူဘဲ စိတ်ဇောကြီးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြည့်၏။ မီးခိုးများ ရှင်းသွားသည်နှင့် တုံးလုံးပက်လက် လဲကျနေသော မြန်မာများကို တွေ့ရ၏။ အချို့သူတိုသည် သင်းတို့၏ အမြောက်ကြီးအောက်၌ မရှုမလှ ပိနေ၏။ သို့သော် ထနိုင်သူက ချက်ချင်းလူးလဲထကြ၏။ ထီးနီကြီးနှင့် ဆောင်းပေးခံရသော နှုတ်ခမ်းမွှေးကားကားနှင့် မြန်မာကြီးသည် ဣနြေ္ဒမပျက် မလှုပ်မရှားသေား မျက်နှာဖြင့် တစ်စုံတစ်ခုကို ပြောဆိုစီမံနေဟန်ရှိ၏။
ထိုလူကြီး၏ နောက်ပါးမှ ထီးမိုးပေးနေသူကား မိမိလက်ထဲ၌ရှိသော ထီးကြီးတစ်ခြမ်းလုံးလုံး စုတ်ပြတ်သွားသည့်တိုင်အောင် မိမိ၏တာဝန်ကို မလစ်ဟင်းစေဘဲ ထိုထီးစုတ်ကြီးဖြင့် နေရောင်ကို ကာမြဲကာပေးနေ၏။ တနင်္သာရီသင်္ဘောမှ ပစ်လိုက်သော အမြောက်ဒဏ်ကြောင့် လူအတော်များများ သေကျေပျက်စီးသွားသည့်တိုင်အောင် နောက်ထပ်၊ လူစားများချက်ချင်းရောက်လာကြ၏။ နောက်ရောက်လာသော သူတို့သည် စောစောက လူများနည်းတူ အမြောက်ကြီးကို ဝိုင်းဝန်းထမ်းလာကြ၏။
လင်းဘတ်သည် မြန်မာလူမျိုးများ ပြုလုပ်နေသည်ကို ကြည့်လိုသောကြောင့် တနင်္သာရီသင်္ဘောနှင့်တကွ မိမိသင်္ဘောကိုပါ အမြောက်များ မပစ်ဘေးဘဲ ရပ်ထားရန် အမိန့်ပေးအချက်ပြခိုင်း၏။ ထို့နောက် မျက်ခြည်ပြတ်မခံဘဲ ဆိပ်ကမ်းရှိရာသို့ ဆက်ကြည့်၏။ ထိုအချိန်တွင် မြန်မာတို့သည် အမြောက်ကြီး၏ ပြောင်းဝအတွင်းသို့ ယမ်းမှုန့်များ လောင်းထည့်သူက လောင်းထည့်ကြ၏။ လေးလံစေရန်အတွက် အုန်းခွံနှင့် အခြားအရာဝတ္ထုများကိုထည့်သူ၊ ထောင်းသူတို့က ထည့်ကြ၊ ထောင်းကြ၏။
“ပျင်းလှပြီဗျာ၊ ဒီလူတွေ ကျွန်တော်တို့ တစ်ချက်လောက် တွယ်လိုက်ကြဦးစို့”
“အသာနေစမ်း၊ ဒီအရိုင်းကောင်တွေ ဘယ်လောက်ဉာဏ်တုံးသလဲ၊ မြည်းတွေလိုပဲ မိုက်မဲကြတယ်ဆိုတာ အခုတွေ့ရမယ်”
လင်းဘတ်က မှန်ပြောင်းနှင့် မျက်လုံးမခွာဘဲ စကားပြန်လိုက်၏။ ကမ်းပေါ်၌လည်း လင်းဘတ်ပြောသည့်အတိုင်း မြင်နေရ၏။ လူ(၅၀)ကျော်ခန့်တို့သည် အမြောက်ကြီးကို ဝိုင်းဝန်းထမ်းထားကြရင်း ထီးဆောင်းပေးခြင်း ခံနေရသောလူကြီး၏ အမိန့်အချက်အတိုင်း အမြောက်ပြောင်းဝကို နှိမ့်ခြင်း၊ မြှင့်ခြင်း၊ ဘယ်ညာရွှေ့ခြင်း စသည်တို့ ပြုလုပ်နေကြ၏။ ခိုင်းသူသည် မိမိသဘောကျရရှိသည်နှင့် မီးစတစ်စကိုကိုင်ကာ စနတ်တံကို ကိုယ်တိုင်မီးရှို့၏။
အမြောက်ကြီး၏ ရှေ့၊ နောက် ဘေးပတ်လည်တို့၌ ချက်ချင်း မီးခိုးများဖုံးလွှမ်းသွားပြီး လူတွေအားလုံး လွှင့်စင်လဲပြိုကုန်၏။ လင်းဘတ် ထိုမြင်ကွင်းကို ကြည့်လျက် ပြုံး၏။ လင်းဘတ် ပြုံးနေသော အချိန်သို့ရောက်မှ အမြောက်ကျည်ဆန် သံလုံးကြီးနှင့် အမြောက်ဆန်က ရှေ့ဆင့်၊ နောက်ဆင့် ရောက်လာ၏။ အရှိန်ကုန်လာသော အမြောက်ကျည်ဆံ သံလုံးကြီးသည် လင်းဘတ်၏ နားရွက်ကိုပွတ်လျက် သင်္ဘောကုန်းပတ်ပေါ်သို့ ကျလာရ ကြမ်းပြင်သုံးချောင်း ကျိုးစေပြီးနောက် ဘေးသို့ လိမ့်သွား၏။
ကမ်းအထက်၌ကား မြန်မာတို့၏ အမြောက်ကြီးသည် လုံးဝ ကွဲသွားပြီးနောက် အမြောက်ကြီးကို ထမ်းလာသည့်လူများလည်း အနီးအနားတွင် လွင့်စဉ်လဲပြိုနေကြရာ ထလာနိုင်သည်ကို မတွေ့ရတော့။ ဤရှုခင်းကို မြင်လိုက်ရသော လင်းဘတ်သည် အမြောက်ကျည်ဆန် မိမိနားရွက်နားကပ်၍ ဖြတ်လာသဖြင့် ထိတ်လန့် စိတ်ဆိုးနေရာမှ ချက်ချင်း မအောင့်နိုင် မဆည်းနိုင်ပြုံး၏။
ထိုစဉ် မျက်နှာတစ်ခြမ်းလုံး မည်းနေပြီဖြစ်သော နှုတ်ခမ်းမွှေး ကားကားရှိသည့် လူကြီးသည် တစ်စုံတစ်ခုကို အမိန့်ပေးလျက် ကုန်းမြင့်နေရာသို့ ညွှန်ပြနေ၏။ လေးပင်သော အရာတစ်ခုကို သယ်မလာဟန်ရှိသော ဘယ်ကရောက်လာသည် မသိရသည့် လူစုလူဝေးတစ်အုပ်သည် ချိုင့်ထဲမှ တစ်စတစ်စ ပေါ်လာ၏။ ပြိုလဲနေသော ကျန်သေးသည့် အမြောက်တစ်လုံးကို သယ်မ လာကြခြင်း ဖြစ်၏။
“ဒီအရိုင်းကောင်တွေ သင်းတို့ဟာ သင်းတို့ ငရဲသွားဖို့ လုပ်နေကြပြန်ပြီ၊ ဒီကောင်တွေ လန့်ပြေးအောင် ဘေးပတ်လည်နဲ့ ကမ်းစပ်အောက်ခြေကို အမြောက်နဲ့ ပစ်ထည့်လိုက်ကြစမ်း၊ သင်းတို့ကို မထိစေနဲ့”
လင်းဘတ်၏ အမိန့်ပေးသည့်အတိုင်း အမြောက်ဗိုလ်က တစ်ဆင့် အမိန့်ပေး၏။ ဖောက်(စ်) သင်္ဘောပေါ်၌ပါသော အမြောက်(၄)လတ်လုံးက ဝိုင်းအုံပစ်လိုက်ကြ၏။ အချက်ပေါင်း(၃၀)ကျော် ပစ်လေသည်။ လင်းဘတ်သည် မိမိ၏ အမြောက်တပ်ဖွဲ့ကို အပစ်ရပ်စေလျက် ကမ်းထိပ်ကို မှန်ပြောင်းဖြင့် ကြည့်ပြန်၏။ အမြောက်ဆန်များ ပေါက်ကွဲရာမှ ထွက်လာသည့် မီးခိုးလုံးများ ရှင်းသွားသည်နှင့် မိမိတို့သင်္ဘောကို ပြန်လည်ပစ်ခက်ရန် အသင့်ဖြစ်နေကြသော မြန်မာအရိုင်းကောင်များကို တွေ့နေရပြန်၏။
“ကြည့်စမ်း- ဒီကောင်တွေ သင်းတို့ဘေးမှာ အမြောက်ဆန်တွေ ဒီလောက်ဝိုင်းဝိုင်းလည် ပေါက်ကွဲနေတာတောင် ထွင်မပြေးကြဘူး။ ကဲ … သိရအောင် တစ်ချီလောက် တည့်တည့်တီးလိုက်ကြစမ်း”
အမြောက်ဗိုလ်သည် လင်းဘတ်၏အမိန့်ကို သာသာထိုးထိုး နာယူလျက် နှစ်ချက်ပစ်ချလိုက်၏။ နှစ်ချက်လုံး တည့်တည့်ထိမှန်သောကြောင့် အမြောက်ကြီးဘေးရှိ မြန်မာအားလုံးလိုလို ဒဏ်ရာရကြကုန်၏။ သို့သော် ဒဏ်ရာအနာတရ မကြီးကျယ် သူတို့လဲပြိုရာမှ ချက်ချင်းထရပ်ကြ၏။ အမြောက်ကြီးကိုဆက်၍ မချီကြ၏။ အကောက်ဆိပ်ကမ်း၏ အကြီးအကဲပြုလုပ်သူ နှုတ်ခမ်းမွှေးကြီးသည် မိမိ၏ ဦးခေါင်းတွင် ရစ်ပတ်ထားသော ပုဝါစကိုဖြုတ်၍ မိမိရင်သို့စည်း၏။ ထို့နောက် မိမိလူများကို လှမ်းကြည့်၏။
“ငါတို့လူတွေ ဒါအကုန်ပဲလားဟေ့၊ ဒီလူအင်အားနဲ့တော့ တို့အမြောက်ကြီးကို မလို့ရမယ် မထင်ဘူးကွယ့်”
နှုတ်ခမ်းမွှေးကြီး၏စိတ်၌ အကြံရကျပ်နေ၏။ မိမိ ပတ်ဝန်းကျင်၌ ရှိသမျှလူများလည်းကုန်ပြီ၊ အမြောက်ကြီးကို ရှိရင်းအတိုင်း အောက်၌ချ၍ ထိထိ၊ မထိထိ အရမ်းပစ်နေလျှင် ကုလားတွေက အထင်သေးမည်။ မထိမည့် အတူတူ မထူဘူးဟု မပစ်ဘဲရပ်လိုက်လျှင်လည်း သင်းတို့ကိုကြောက်ပြီး မပစ်ဝံ့၍ ရပ်သွားသည်ဟု ထင်မည်။ ကြောက်သည်ဟု ထင်ရုံမျှက ကိစ္စမရှိ။ နိုင်နေကျကြက်ကဲ့သို့ အနိုင်ကျင့် လိုစိတ်ဖြင့် မြန်မာတို့ကို ဆက်လက် နှိပ်စက်လာချေသော်…
မခံချင်မှုများ ပေါက်ကွဲထွက်လာဘိသကဲ့သို့ ကျယ်လောင်စွာ တက်တစ်ချက်ခေါက်လိုက်၏။ အမြောက်ကြီးဘေးရှိ ကြိုးစားမချီနေကြသော လူများသည် တက်ခေါက်သံကြားရာသို့ လှည့်ကြည့်မိကြ၏။ ချစ်ချစ်တောက်ပူနေသော နေရောင်ခြည်အောက်၌ ယောက်ျားပီပီ ကျားကျားလျားလျား ကားရားကြီးရပ်နေသော နှုတ်ခမ်းမွှေးကြီး၏ ရင်စည်းပုဝါတွင် သွေးခြင်းခြင်း စိမ့်စိုနေ၏။ ထီးတော်မိုး လုလင်သည် သွေးအိုင်ထဲမှ မထတော့၊ ရွှေပန်းအကွပ်တပ်ထားသော ထီးနီကြီးသည် မြေပြင်တစ်နေရ၌ အမှိုက်ဖန်မှုန့်တို့ဖြင့် ရောနှောလျက် စုတ်စုတ်ပြတ်ပြတ် လဲပြိုနေ၏။
“ဟယ် … အကောက်ဝန်မင်း ရင်ဘက်မှာ”
ချစ်ကြည်ညိုသော လူတစ်ဦးက မိမိကိုယ်တိုင် နာကျင်စွာခံရဘိသကဲ့သို့ အထိတ်တလန့် အသံပြု၏။ ဤအသံမျိုးသည် စိတ်ဓာတ်ကို ကျလွယ်စေသော အသံမျိုးဖြစ်သည့်အတွက် အကောင်ဝန်ထောက်ကြီးက လက်မခံ။
“ကဲ ကွယ်ရို့- အစော်ကားခံပြီး အသက်ရှင်နေရတာထက် အသေခံပြီး တုံ့ပြန်နိုင်အောင် ကြိုးစားကြဦးစို့လား။ မြန်မာသွေးဟေ့၊ အားခဲပြီး ထလိုက်ကြဦးမောင်ရို့”
အကောက်ဝန်ထောက်မင်းကြီး၏ အသံကြောင့် အတော်အတန် ဒဏ်ရာအနာတရ ရရှိသူတို့ပါ သွေးသံစက်စက် စီးယိုနေကြလျက် အားခဲထရပ်ကြ၏။ အမြောက်ကြီးကို ကြွမြောက်လာအောင် ဝင်ရောက်ကူညီထမ်းကြ၏။ သို့သော် အမြောက်ကြီးသည် တည့်တည့်မတ်မတ် တန့်ရပ်နိုင်ခြင်းမရှိဘဲ ဟိုယိမ်း ဒီယိမ်း ခါနေ၏။ ရဲမက်တော်သားတို့သည် လူအားနည်းလှသောကြောင့် မနိုင်မနင်း ဖြစ်နေကြ၏။
“ဒီအတိုင်းဆိုရင် ကုလားတို့ ရှုတ်ချတာကို ငါတို့ခံကြရတော့မကော”
အကောက်တော်ဝန်ထောက်ကြီး၏ အသံ၌ မခံချင်လှသည့် ညည်းညူသံမျိုးပါနေသည်။ ထိုစဉ် မနီးမဝေး ကုန်းမြင့်အကွယ်တို့မှ ပုန်းအောင်းကြည့်နေကြသော အမျိုးသမီးတို့က မိမိတို့သား ငယ်များကို ပစ်ချကာ ယောက်ျားတွေ၏ အကြားသို့ ပြေးဝင်ကြလျက် အချို့ဦးခေါင်းဖြင့်ရွက်၏။ အချို့ ခါးစောင်းတင်၏။ အချို့ ကျောဖြင့် ဖေးမ၏။ မြန်မာယောက်ျားကြီးများသည် မိမိတို့အား လာရောက်ကူညီကြသည့် မိခင်များ၊ မယားများဖြစ်ကြသော အမျိုးသမီးများကို ကြည့်မိရာမှ တစ်ဖက်သို့ မျက်နှာများ လှည့်လိုက်ကြ၏။
မေးကြောကြီးများ ထောင်လာအောင် အံကြိတ်နေကြ၏။ သူတို့သည် မိမိတို့ဆီသို့ မလာရန်၊ မကူရန် မိမိတို့၏ မိခင်များ၊ မယားများကို မည်သူ တစ်စုံတစ်ယောက်မျှ တားဆီးခြင်း မပြုကြပေ။ အမြောက်ကြီးသည် ခုံပေါ်၌ တင်ထားဘိသကဲ့သို့ လုံးဝမလှုပ်ရှားဘဲ လိုရာသို့ တန်းတန်းမတ်မတ် ချိန်ဆပြီး အသင့်ရှိ၏။ သားငယ်တစ်ယောက်၏ အော်ဟစ်ငိုလိုက်သည်အသံကို ကြားရသည့် မိခင်ငယ်တစ်ဦးသည် အသံကြားရာဆီသို့ ရုတ်ခြည်းလှည့်ကြည့်မိရာမှ မျက်ရည်ဖုံးသည့် မျက်လုံးကို မှိတ်လျက် ချာခနဲ ခေါင်းကိုယမ်းလိုက်ပြီး မကြားဘိသို့ ငြိမ်သက်၏။
အကောင်တ်ာဝန်ထောက်ကြီး၏ ချုပ်ထိန်းထားသည့် မျက်နှာဖြင့် စနက်တံကို မီးညှိရန် လှုပ်ရှားလိုက်သည်။ ထိုစဉ် အကောက်တော် ဆိပ်ကမ်းဆီသို့ မြင်း(၃)စီး အပြင်းမောင်းနှင်လာသည်။ မြင်းစေကျော်တို့သည် မြင်းမရပ်မီ မြင်းပေါ်မှ ခုန်ဆင်းလျက် အကောက်တော်ဝန်ထောက်ကြီးကို ရိုသေစွာဦးညွှတ်၍ ပုဝါနီရစ်ပတ်ထားသည့် အမိန်တော်စာ ပုရပိုက်ကို ဆက်၏။
“ကိုယ်တို့က မပစ်ခတ်ကြနှင့်တော့။ ကိုယ်တို့က မပစ်မခတ်တော့ပါဘူးဟုလည်း ကုလားတို့ကို အကြောင်းမကြားလေနှင့်။ သင်းတို့ အနိုင်အထက်ပို၍ ပြုကျင့်လာပါလျှင် လွတ်အောင်ရှောင်၍ ဆုတ်၊ တရားရေး၌ သင်းတို့လွန်သည်ကို ဖုံးကွယ်မရ သိသာပြီ”
(ရေဝန်မင်းကြီး)

အကောက်တော်ဝန်ထောက်ကြီးသည် ပစ်ရန်အသင့်ပြင်ထားသော အမြောက်လုံးကြီးကို ချစေ၏။ ထို့နောက် မိမိရဲမက် လူသူတို့ကို ရန်သူ့လက်နက် မထိမပေါက်နိုင်သည့်နေရာ၌ စုစုစည်းစည်း နေကြလော့ဟု အမိန်ပေး၏။
“ရေးဝန်မင်းကြီးကြောင့် ငါတို့ရပ်ရသည်။ အစကတည်းက သင်းတို့ အနိုင့်အထက်ပြုကျင့် ဝင်လာကြသောကြောင့် ရှုံးမည်သိလျက် ငါတို့အသေခံပြီး တားဆီးတိုက်ခိုက်နေကြခြင်းဖြစ်သည်။ တံခါးမရှိ ဓါးမရှိ မတားရဲ မဆီးရဲသော နိုင်ငံဟု သင်တို့ အထင်ရောက်မည်စိုး၍ ငါတို့တိုက်ကြ၊ ပစ်ကြသည်” ဟု ဆို၏။
ဆက်ရန်။
{ကျန် အပိုင်း ၂ ၊ ၃ ၊ ၄ ၊ ၅ တို့အား နေ့စဉ် တင်ပေးပါမယ်}

မေတ္တာရှင်-ရွှေပြည်သာ
လူသတ်သမား၏ ကရုဏာနှင့်
အခြားဝတ္ထုတိုများ မှ
ကူးယူဖော်ပြပါသည်။
Admin..KS


English-Myanmar Fourth Fire ( part-2)
အင်္ဂလိပ်-မြန်မာ စတုတ္ထစစ်ပွဲ ( အပိုင်း ၂ )
================ အကောက်တော်ဝန်မင်းကြီးသည် အောက်နှုတ်ခမ်းစွန်းတစ်ဖက်ကို ကိုက်လျက် မျက်လုံး၌ မျက်ရည်များဝေလာ၏။
“တို့တော့ နိုင်ငံနှင့် လူမျိုးပါ အစော်ကားခံရလေပြီကော” ဟူသော အသိသည် နှုတ်ခမ်းမွေးကားကားနှင့် ယောက်ျားကြီးတစ်ယောက်အတွက် မျက်ရည်များ ရစ်ဝိုင်းစရာ အကြောင်းတစ်မျိုးပင်ဖြစ်သည်။ အကောက်တော်ဝန်ထောက်ကြီးသည် အကျေမချမ်းသော မျက်နှာဖြင့် အဝေသို့ ငေးမျှော်ကြည့်နေရာမှ ရင်၌စည်းထားသည့် ပဝါစကို ဖြေချလိုက်၏။ ရထားသော ဒဏ်ရာ အပေါက်ကြီးမှ သွေးတို့သည် သွန်ချလိုက်ဘိသကဲ့သို့ ဝေါခနဲ ထွက်ကျလာ၏။ သွေးအကျရပ်သည်နှင့် အရှေးမနှောင်းပင် သစ်ပင်ကြီး လဲပြိုသကဲ့သို့ လဲပြိုကျလေ၏။
အသက်(၁၅)နှစ် အရွယ်ခန့်ရှိနေပြီဖြစ်သော မောင်သောင်းသည် ဖခင်စကားဆုံးလျှင် တက်တစ်ချက်ကို ပြင်းပြင်းခေါက်၏။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၏။
“အဖေရာ၊ အနိုင်ကျင့် လိုက်ကြတာဗျာ။ မြန်မာဘုရင်တွေကလည်း ကိုယ့်နိုင်ငံတစ်ဝန်း လုံခြုံအောင် လက်နက်ကောင်းတွေ ထားနိုင်အောင် မလုပ်ကြဘူးလားဗျာ”
“မလုပ်ကြဘူး၊ သားရဲ့။ မြန်မာဘုရင်တွေက မျက်ကန်းမျိုးချစ်တွေ ဖြစ်နေကြတာပေါ့။ ဘာစာအုပ်မှလည်း မဖတ်ကြ၊ ဘယ်နိုင်ငံမှလည်း မသွားဘူးကြတော့ မမြင်ဘူး၊ မူးမြစ်ထင်ဆိုတဲ့အတိုင်း၊ အမေရိကန် နိုင်ငံနဲ့စာရင် ၃၁ပုံ၊ ပုံတစ်ပုံလောက်သာရှိတဲ့ နိုင်ငံလေး အုပ်ချုပ်ရတာကိုပဲ သွေးနထင်ရောက်ပြီး အောက်ခြေလွတ်နေကြတယ်။ ပင်လယ်တွေ မြစ်တွေထဲ မရောက်ဘူးတဲ့ နွားခြေရာခွက်ထဲက ဖားသူငယ်လို ဖြစ်နေတာပေါ့”
“တခြားနိုင်ငံက ခေါင်းဆောင်တွေက တစ်ကမ္ဘာလုံးလှည့် နေတဲ့အချိန်မှာ မြန်မာဘုရင်တွေက နန်းတော်ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ်လောက်ပဲ ရောက်ဖူးကြတာဆိုတော့ စာပေအတွေ့အကြုံ၊ ဒေသန္တရတွေ့အကြုံတွေ အများကြီးရှိတဲ့ အင်္ဂလိပ်တွေဟာ တို့မြန်မာပြည်ကို အလွယ်တကူ သိမ်းပိုက်သွားနိုင်တာပေါ့”
“သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါ နိုင်ငံတွေကို အင်္ဂလိပ်လူမျိုးတွေ အပိုင်ရသွားတာဟာ ပင်လယ်ခရီးသွားတဲ့ အကျိုးကျေးဇူးတွေပေါ့”
“တတိယစစ်ပွဲကျရင် ရေလမ်းခရီး သင်္ဘောတွေနဲ့ လာတိုက်မှာကို ကြိုသိထားတဲ့ ကနောင်မင်းသားကြီးက ရေမြှပ်မိုင်းတွေ တီထွင်တော့လည်း မင်းတုန်းမင်းကြီးက ဆက်မလုပ်ဖို့ တားမြစ်သတဲ့”
“ဟာ - ဘာလို့တားရတာလဲ အဖေရာ။ ကိုယ့်နိုင်ငံ ကာကွယ်ဖို့ လုပ်တဲ့ဟာကို ဘာသဘောလဲဗျာ”
“ဆရာတော်ကြီးတွေက မိုင်းစမ်းသပ်ခွဲတဲ့ အသံတွေ ကြားရတာ စိတ်မချမ်းသာဘူးဆိုပြီး မင်းတုန်းမင်းကြီးကို ပြောကြလို့တဲ့”
“ဒီလောက်တော့ ကျွန်တော်တောင် စဉ်းစားတတ်ပါတယ် အဖေရာ၊ ရဟန်းကတော့ ရဟန်းစကားပြောမှာပေါ့။ ကိုယ့်နိုင်ငံ ကိုယ်ကာကွယ်တဲ့အခါ ပါဏာတိပါတကံလောက်မှ မလုပ်ချင်ရင် ဘုရင် မလုပ်ဘဲ ဘုန်းကြီးဝတ်နေဖို့ကောင်းတယ်”
“အေး - သားကတော့ စာပေတွေဖတ်လို့ အဲဒီလို တွေးနိုင်တာ။ မင်းတုန်းမင်းကြီးတို့ခေတ်က ဘာသာရေး စာအုပ်ကလွဲရင် ဘာစာအုပ်မှ ရှိတာမဟုတ်ဘူး။ အဲဒီ ဘာသာရေးစာအုပ်တွေကလည်း ဘုန်းကြီးတွေပဲ ဖတ်နိုင်တာ။ လူတွေဖတ်နိုင်တဲ့ ဘာသာရေးစာအုပ်ဆိုတာ အတော်ရှားတယ်”
“ပြီးတော့ ကျွန်တော်မြန်မာစာ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးသေးတယ်။ ကနောင်မင်းသားကြီးက မြန်မာလူငယ်အယောက်(၃၀) လောက်ကို ဥရောပနိုင်ငံတွေမှာ ပညာတော်သင် လွှတ်ဖူးတယ်ဆို”
“အေး- ဟုတ်တယ်ကွ။ ကနောင်မင်းသားကြီးက တော်တော်အမြင်ကျယ်တယ်။ လူကြီးဆိုတာ ကာမဂုဏ်ကြီးကြီး ခံစားဖို့ မဟုတ်ဘူး။ တာဝန်ကြီးကြီး ထမ်းဆောင်ဖို့ဖြစ်တယ်လို့ ယူဆထားသူပဲ။ ဒါကြောင့် မြန်မာပြည်အထက်ပိုင်း အင်္ဂလိပ်လက်ထဲ မရောက်အောင် လက်နက်စက်ရုံတွေဆောက်ဖို့ ရည်ရွယ်ချက်ရှိတယ်။ ကိုယ်တိုင် လက်နက်ထုတ်ပြီး ကိုယ့်နိုင်ငံကို ကာကွယ်မယ်ပေါ့ကွာ”
“အဲဒီအချိန်မှာပဲ လူကြီးဆိုတာ တာဝန်ကြီးကြီး ထမ်းဆောင်ဖို့ မဟုတ်ဘူး၊ ကာမဂုဏ်ကြီးကြီး ခံစားဖို့ ဖြစ်တယ်လို့ ခံယူထားတဲ့ မြင်ကွန်းမင်းသားနဲ့ မြင်းခုံတိုင်မင်းသားတို့ရဲ့ လုပ်ကြံမှုကြောင့် ကနောင်မင်းသားကြီးရဲ့ နိုင်ငံကာကွယ်ရေး အစီအစဉ်တွေဟာ ရေစုန်မျောရတော့တာပေါ့ကွာ”
“ကနောင်မင်းသားကြီး မရှိတော့ မင်းတုန်းမင်းတရားကြီးက ပညာတော်သင်ကိစ္စကို ဆက်မလုပ်ဘူးလား အဖေ”
“မလုပ်ဘူးကွ၊ မင်တုန်းမင်းကြီးက ဘာသာရေးဘက်ပဲ အားသန်တော့ ပဉ္စမသင်္ဂါယနာ တင်ဖို့လောက်ပဲ ကြိုးစားနေတာ”
“ကျွန်တော် စဉ်းစားမိသလောက်တော့ မင်းတုန်းမင်းကြီးဟာ ဘုရင်နေရာမှာ မရှိသင့်ဘူး။ ကနောင်မင်းသားကြီးကသာ ဘုရင်လုပ်ရမှာ။ အမရပူရ ထီးနန်းကို လုပ်ကြံတော့လည်း ကနောင်မင်းသားကြီးက ခေါင်းဆောင်ရတာ မဟုတ်လား”
“ဟုတ်တယ်ကွ၊ ဒါပေမယ့် ကနောင်မင်းသားကြီးက အသာစံလမ်းစဉ်နဲ့ အနာခံလမ်းစဉ်မှာ အနာခံလမ်းစဉ်ကို ရွေးချယ်ခဲ့တယ်ကွာ။ ဘာကြောင့်လဲဆိုတော့ အသာစံလမ်းစဉ်က ရှင်ဒေဝဒတ်ရဲ့ လမ်းစဉ်ဖြစ်ပြီး၊ အနာခံတဲ့လမ်းစဉ်ကတော့ ဘုရားရှင်ရဲ့ လမ်းစဉ် ဖြစ်နေလိုပဲပေါ့”
“သားကတော့ နားမလည်တော့ဘူး၊ အကျယ်ရှင်းပြပါဦး”
“နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး ဘာပဲလုပ်လုပ် ငါကောင်းစားဖို့ ဦးစားပေးတာဟာ အသာစံတာပဲ။ ဘာပဲလုပ်လုပ် လောကလူသားတွေ ကောင်းစားဖို့ ဦးစားပေးတာဟာ အနာခံတာပဲ။ တကယ်တော့ သားရယ်၊ အခုဘဝ အသာစံတဲ့ လူတွေဟာ နောင်ဘဝကျတော့ အနာခံရတာပါပဲ။ အနာခံရတယ် ဆိုတာ အပါယ်ကျတာကို ပြောတာ၊ အရှင်ဒေဝဒတ်ကြီးကို ကြည့်လေ။ ဟိုး နုစဉ်ဘဝကနေ အရှင်ဒေဝဒတ်ကြီး ဖြစ်လာသည်အထိ အသာပဲစံခဲ့တယ်”
“အခုတော့ ငရဲကျပြီး အနာခံနေရပြီလေ။ ဘုရားရှင်ကျတော့ နုစဉ်ဘဝတည်းကစပြီး အနာခံလိုက်တာ အခု ဘုရားဖြစ်တဲ့ အထိပေါ့။ ဒါကြောင့်လည်း အနာခံတဲ့အတွက်ကြောင့် အခုချိန်မှာ အသာစံနေရပြီလေ။ အသာစံရတယ်ဆိုတာ ကိလေသာကုန်ရာ နိဗ္ဗာန်ရောက်တာလို့ အကျဉ်းချုပ် မှတ်ထားပေါ့ကွာ”
“ပုဂံမင်းကို ပုန်ကန်တဲ့နေရာမှာရော တော်လှန်တိုက်ခိုက်တဲ့နေရာမှာပါ ကနောင်မင်းသားက ခေါင်းဆောင်ရတယ်။ အဲဒါ အကြောင်းတရားမှာ အနာခံတာလို့ခေါ်တယ်။ ထီးနန်းကို သိမ်းပိုက်မိတဲ့အခါကျတော့ အစ်ကိုပဲ နန်းတင်ပြီး သူက အိမ်ရှေ့မင်းသားပဲလုပ်တယ်။ အဲဒါ အကျိုးတရားမှာ အနာခံတာ၊ အဲဒီလို အကြောင်းတရား၊ အကျိုးတရား နှစ်ခုလုံးမှာ အနာခံမှ ပါရမီထိုက်တဲ့ အနာခံခြင်းလို့ခေါ်တယ်”
“လူ၊ နတ်ဦးခိုက် ပူဇော်ထိုက်တဲ့ အနာခံခြင်းပေါ့။ အကြောင်းတရားမှာသာ အနာခံပြီး အကျိုးတရားကျတော့ အနာမခံသူဟာ အသာစံသူနဲ့ သိပ်မကွာခြားပါဘူး။ မူလတန်းနဲ့ မူကြိုကွာတာမျိုးလောက်ပဲ။ ခက်တာက တို့မြန်မာတွေက ကာယသတ္တိ ကောင်းသလောက် စိတ္တသတ္တိအားနည်းကြတယ်။ တိုက်မယ်ခိုက်မယ်၊ သတ်မယ်ဖြတ်မယ်ဆိုတာက ကာယသတ္တိပေါ့။ ဒီ ကာယသတ္တိကတော့ မြန်မာတွေမှာ အပြည့်ရှိတယ်”
“အသာစံခွင့် ကြုံရက်နဲ့ အနာခံလိုက်တာ၊ အများအကျိုးနဲ့ ကိုယ့်အကျိုး ယှဉ်လာရင် ကိုယ့်အကျိုးကို စွန့်လိုက်တာမျိုးဟာ စိတ္တသတ္တိပေါ့”
“အဲဒီလောက် ပြောရုံနဲ့ ကျွန်တော်က ဘယ်နားလည်မှာလဲ၊ လက်တွေ့သာဓကလေး တစ်ခုလောက်နဲ့ ပြောမှပေါ့”
“ဂငယ်သုံးခု၊ ဥသျှစ်ထုဆိုတဲ့ စကားတစ်ခုရှိတယ်။ ၈၈၈-ခုနှစ်မှာ သိုဟန်ဘွားဆိုတဲ့ မိစ္ဆာဒိဋ္ဌိဘုရင်ဟာ အင်းဝကို သိမ်းပိုက်ပြီး နန်းစံတယ်။ ရာထူးအာဏာကို မချစ်ပဲ ပြည်သူကိုချစ်တဲ့ မင်းကြီး ရန်နောင်ကိုတော့ အရင်အတိုင်းပဲ သူကောင်းပြုပြီး နန်တော်မှာထားတယ်။ တစ်ခါတော့ သိုဟန်ဘွားဟာ ရဟန်း၊သံဃာတွေပင့်ပြီး ဆွမ်းကပ်တယ်။ ပြည်သူတွေက အဟုတ်မှတ်ပြီး သာသနာပြုဘုရင် ထင်နေတာပေါ့”
“သံဃာတွေလည်း ကြွလာရော၊ သိုဟန်ဘွားရဲ့ တပ်သားတွေက ဓါးနဲ့လိုက်ခုတ်သတ်လိုက်ကြတာ၊ သံဃာတွေ ရာနဲ့ချီပြီး ပျံတော်မူသွားကြတယ်။ အဲဒီကစပြီး သိုဟန်ဘွားဟာ ဗုဒ္ဓဘာသာကို ဖျက်ဆီးတယ်၊ ဘုရားတွေ ဖြိုတယ်၊ ဌာပနာတွေ ဖောက်တယ်၊ ပိဋကတ်တွေ မီးရှို့တယ်၊ ပြည်သူပြည်သားအားလုံး စိတ်ဆင်းရဲကြတာပေါ့”
“အဲဒီကျတော့ မင်းကြီးရန်နောင်ဟာ သူကိုယ်တိုင် သိုဟန်ဘွားကို လုပ်ကြံသတ်ဖြတ်တယ်။ အများက ဝိုင်းပြီး မင်းအဖြစ် တင်မြှောက်ကြတဲ့အခါ လက်မခံဘူ။ အမျိုး၊ ဘာသာ၊ သာသနာအတွက် သိုဟန်ဘွားကို သတ်တာဖြစ်တယ်။ မင်းအဖြစ် လိုချင်လို့ သတ်တာလို့ ရာဇဝင်မှာ စာအတင်မခံနိုင်ဘူး လို့ပြောပြီး၊ ဘုန်းကြီးဝတ်သွားတယ်။ အဲဒါမျိုးကို စိတ္တသတ္တိလို့် ခေါ်တာပေါ့”
“သိုဟန်ဘွားကို လုပ်ကြံသတ်ဖြတ်တဲ့ ကာယသတ္တိက မခဲယဉ်းဘူး၊ မင်းအဖြစ် မယူသင့်တာကို မယူဘဲနေရဲတဲ့ စိတ္တသတ္တိက ခဲယဉ်းတယ်။ ကဲ - သဘောပေါက်ပြီလား”
“ဒါပေမယ့် ၊ တစ်ခုတော့ရှိတယ်ကွာ။ ကနောင်မင်းသားကြီး မင်းအဖြစ်ကို မယူဘဲ အနာခံလိုက်တာ၊ သူသာနာတာမဟုတ်ဘူး၊ ငါတို့မြန်မာတစ်ပြည်လုံး နာသွားတာ။ သူသာ ဘုရင်ဖြစ်မယ်ဆိုရင် ငါတို့မြန်မာနိုင်ငံ အထက်ပိုင်းဟာ ဘယ်တော့မှ အင်္ဂလိပ်လက်အောက်ကို ရောက်မှာ မဟုတ်ဘူး။ လူကြီး နေရာယူတာက တာဝန်ကြီးကြီး ထမ်းဆောင်ဖို့ကိုး။ အခုတော့ မြန်မာဘုရင် အဆက်ဆက်ဟာ ကာမဂုဏ်ကြီးကြီး ခံစားဖို့အတွက် လူကြီးနေရာကို ယူကြတာဆိုတော့ မြန်မာပြည်ဟာ သူ့ကျွန်ဘဝ ရောက်တော့တာပေါ့။ အင်္ဂလိပ်က မန္တလေးကို သိမ်းပိုက်ဖို့ ခရီးတစ်ဝက် ရောက်နေပြီ။ မြန်မာပြည်က ဘုရင်တို့၊ မိဖုရားတို့၊ မူးမတ်တို့၊ ဝန်ကြီးတို့ အာဏာလုပြီး စားမာန်ခုတ်နေကြတုန်း ရှိသေးတယ်လေ”
“သားကတော့ ဖြစ်တဲနည်းနဲ့ အင်္ဂလိပ်တွေကို မြန်မာအားလုံးကိုယ်စား ကလဲ့စား ချေချင်တာပဲ”
“အဲဒါဆိုရင် လက်ဝှေ့ပဲ သေချာလေ့ကျင်ပေါ့။ ဒါမှ ကြိုးဝိုင်းထဲမှာ ဥပဒေနဲ့အညီ ကလဲ့စားချေနိုင်မှာ”
“စိတ်ချအဖေ၊ တစ်နေ့မှာ သူတို့အင်္ဂလိပ်လက်ဝှေ့သမားကို အလဲ အကွဲထိုးပြီး သွေးကြွေးဆပ်ပြမယ်”
တစ်ရက် ကျောင်းတွင် မုန့်စားကျောင်းဆင်းအချိန်တွင် မြန်မာကျောင်းသားတစ်ယောက်ကို အင်္ဂလိပ် ကပြားကျောင်းသားများက ဝိုင်းထိုးနေကြသည်။ မြန်မာကျောင်းသား လဲကျသွားသည်ကိုပင် ခြေထောက်ဖြင့် ဝိုင်းကန်နေကြပြန်သည်။ မောင်သောင်း အခင်းဖြစ်သောနေရာသို့ တစ်ရှူးထိုး ပြေးသွားသည်။ အနားရောက်သည်နှင့် -
“ဟေ့ကောင်တွေ၊ ရပ်လိုက်”
စိတ်တန်ခိုးသည် အသံမှာပင် ပါနေသောကြောင့် ဝိုင်းကန်နေကြသော သုံးယောက်လုံးရပ်သွားပြီး သူ့ကိုလှမ်းကြည့်ကြသည်။ မြန်မာကျောင်းသား သုံးယောက်ရှိသော်လည်း မည်သူမျှ အကူအညီမပေးဘဲ ရပ်ကြည့်နေကြသည်။
“မင်းတို့ ဘာဖြစ်လို့ ဝိုင်းထိုးကြတာလဲ”
“မုန့်ဆိုင်တွေမှာ တို့လိုအင်္ဂလိပ်ကျောင်းသားတွေ ဝယ်နေချိန်မှာ မင်းတို့မြန်မာကျောင်းသားတွေ လာမဝယ်ရဘူး။ ဒီကောင်စည်းကမ်းကိုမသိဘဲ တို့ဝယ်နေတဲ့အချိန်မှာ လာဝယ်လို့ ဆုံးမနေတာ”
“လူလူချင်းအတူတူ မင်းတို့အင်္ဂလိပ်လူမျိုးက တို့မြန်မာလူမျိုးထက် ဘာသာလို့လဲ”
“သာတာပေါ့ကွ၊ တို့အင်္ဂလိပ်လူမျိုးက သခင်မျိုး၊ မင်းတို့မြန်မာတွေ ကျွန်လူမျိုး၊ ဒါကြောင့် ငါတို့နဲ့ တန်းတူ ……”
“ခွပ်”
“ဝုန်း”
အရပ်ရှည်ရှည်ကျောင်းသား စကားမဆုံးခင်မှာပင် ညာဖြောင့်လက်သီးဖြင့် မျက်ခွက်ကို အားကုန်ပစ်သွင်းလိုက်ရာ မျက်နှာကိုတည့်တည့်ထိပြီး ပက်လက်လဲကျသွားသောအသံ ဖြစ်သည်။ ပက်လက်ကျသွားသော ကျောင်းသားကား မလှုပ်တော့။ မေ့သွားပြီ။ အဘယ်မှာ မမေ့ဘဲ ခံနိုင်ပါမည်နည်း။ ထိုအင်္ဂလိပ်ကျောင်းသား၏ ရှေ့သွားသုံးချောင်းသည် ကျွဲပခုံးထနေသော မောင်သောင်းလက်သီးတွင် စိုက်ပါလာသည် မဟုတ်ပါလော။
ဒုတိယကျောင်းသား သတိဝင်လာပြီး ညာခြေထောက်ဖြင့် ပြေးကန်သည်။ ဘယ်ဘက်သို့ တိမ်းပြီးလျှင် ရှေ့တစ်လှမ်းတက်၍ ဘယ်ဝိုက်လက်သီးကို အားကုန်ထိုးလိုက်ပြန်ရာ ညာမေးရိုးကို တည့်တည့်ထိသဖြင့် “ဖေါက်” ဆိုသော အသံနှင့်အတူ ထိုကျောင်းသား ခွေကျသွားရာ ပြန်မထတော့။ လက်၏ အတွေ့၌ စေးစေးပိုင်ပိုင် ဖြစ်သွားသောကြောင့် သကောင့်သား မေးရိုးကျိုးသွားပြီဖြစ်ကြောင်း အလိုလို သိလိုက်သည်။
တတိယကျောင်းသားကား ဗလလည်းကောင်းသည်။ အရပ်အမောင်းလည်း မောင်သောင်းထက် (၄)လက်မခန့် ပိုမြင့်သည်။ လက်ဝှေ့သမားလည်း ဖြစ်ဟန်တူသည်။ သူ့ထံပြေးဝင်ပြီး ပွဲသိမ်းလက်သီးဟုဆိုရမည့် ဘယ်ဝိုက်၊ ညာဝိုက်နှစ်လုံးကို ခပ်သွက်သွက် ပစ်သွင်းလိုက်သည်။ ခါးကိုနောက်သို့ လှန်ရှောင်လိုက်သည်နှင့် နှစ်ချက်စလုံး လွတ်သွားသည်။ သူ့ကိုယ်ပြန်မတ်လာသော အချိန်မျာပင် ညာဖြောင့်၊ ဘယ်ဖြောင့် နှစ်လုံးစလုံး ဝင်လာပြန်သည်။ ဒူးနှစ်ဖက်ကို ညွတ်ကာ ငုံ့ပေးလိုက်သည်နှင့် နှစ်လုံးစလုံး လွတ်သွားသည်။ ထိုအခါမှပင် ပွင့်နေသော ထိုကျောင်းသား၏ မေးရိုးကို ညာပင့် လက်သီးပစ်သွင်းလိုက်ရာ “ခွပ်” ဟူသော အသံနှင့်အတူ ထိုကျောင်းသားမြေပြင်မှာ လက်မအနည်းငယ်မြောက်သွားပြီးမှ ပက်လက်လန်ကျသွားသည်။
ထိုအချိန်မှာပင် အခြားကျောင်းသားများ အတန်းပိုင်ဆရာ၊ ဆရာမများပါ သူတို့ရှိရာသို့ ပြေးလာနေသည်ကို မောင်သောင်းတွေ့လိုက်ရ၏။ မောင်သောင်းက လဲနေသောကျောင်းသားကို ထူပေးရင်း ဘေးမှရပ်ကြည့်နေသော မြန်မာကျောင်းသားများကို လက်ညှိုးထိုးကာ အပြစ်တင်နေသည်။
“မင်းတို့၊ မြန်မာတွေ မဟုတ်ဘူးလား။ ကိုယ့်မြန်မာတစ်ယောက်ကို လူမျိုးခြားက အနိုင်ကျင့်နေတာ မင်းတို့မို့ ကြည့်နေရက်တယ်။ မင်းတို့လို မျိုးချစ်စိတ် မရှိတဲ့ကောင်တွေကြောင့် တို့မြန်မာတွေ ကျွန်ဖြစ်ရတာ”
ထိုပြစ်မှုကြောင့် မောင်သောင်းတစ်ယောက် (၉)တန်းကျောင်းသားဘဝမှပင် ကျောင်းထုတ်ခံလိုက်ရသည်။ အကြောင်းကား ထိုကျောင်းမှ ကျောင်းအုပ်ကြီးမှာ အင်္ဂလိပ်ကပြားတစ်ယောက် ဖြစ်နေသောကြောင့်ပင်တည်း။ မှန်သည့်ဘက်က ရပ်တည်ရဲဖို့ဆိုသည်မှာ သူတော်ကောင်းစိတ်လည်းရှိမှ၊ ရဲရင့်သောစိတ်လည်းရှိမှ၊ တွေးခေါ် မြော်မြင်နိုင်သော ပညာလည်းရှိမှာသာ ဖြစ်နိုင်သည်။ မြန်မာကျောင်းသားတစ်ယောက်ကို ဝိုင်းထိုးသော အင်္ဂလိပ်ကျောင်းသား သုံးယောက်ကို အပြစ်မပေးဘဲ မတရားမှုအတွက် သုံးယောက်ကို တစ်ယောက်တည်းဖြင့် ရင်ဆိုင်ဖြေရှင်းသော မောင်သောင်းကိုသာ ကျောင်းထုတ်ပစ်ခဲ့လေသည်။
နိဒါနသံယုတ် အဋ္ဌကထာတွင် ပဋိပဒါသုတ်ဟူ၍ ရှိသည်။ ထို ပဋိပဒါသည် သမ္မာပဋိပဒါ - မှန်သောအကျင့်လည်း ရှိ၏။ မိစ္ဆာပဋိပဒါ - မှားသောအကျင့်လည်း ရှိ၏။ မှားသောအကျင့်၊ မှန်သောအကျင့် ဟူရာ၌ ကုသိုလ်အလုပ် ဆိုလျှင် မှန်သည်။ အကုသိုလ်အလုပ် ဆိုလျှင် မှားသည် ဟု အလုပ်တစ်ခုတည်းကို ကြည့်၍ ဆုံးဖြတ်ရုံဖြင့် မမှန်ပေ။ ရည်ရွယ်ချက်နှင့် စေတနာကို ကြည့်၍ ဆုံးဖြတ်မှသာ မှန်ကန်ပေမည်။
ရာထူးတက်ဖို့၊ အာဏာမြဲဖို့၊ နောင်ဘဝချမ်းသာဖို့၊ နာမည်ကြီးဖို့ ရည်ရွယ်ချက်ဖြင့် ပြုလုပ်သော ကုသိုလ်မျိုးကား မိစ္ဆာပဋိပဒါ-မှားသောအကျင့် ဖြစ်သည်။ အဘယ်ကြောင့် ထိုကုသိုလ်မျိုးကို အဋ္ဌကထာ ဆရာက မိစ္ဆာပဋိပဒါ၌ သွင်းရပါသနည်း။ စပြုစဉ်ကတည်းက လောကလူသားတွေ ကောင်းစားဖို့ မပါဘဲ ငါကောင်းစားဖို့သာ အဓိကထားသောကြောင့်ပင်တည်း။
ဗီယက်နမ်နိုင်ငံကို တရုတ်က နှစ်ပေါင်း(၁၀၀၀)ကျော် အနိုင်ကျင့်အုပ်ချုပ်ခဲ့သည်။ ပြင်သစ်က နှစ်ပေါင်း(၇၀)ကျော် အနိုင်ကျင့် အုပ်ချုပ်ခဲ့သည်။ အမေရိကန်က(၁၀)နှစ်နီးပါး အနိုင်ကျင့်သတ်ဖြတ် အုပ်ချုပ်ခဲ့သည်။ ဟိုချီမင်း ခေါင်းဆောင်သော ဗီယက်နမ်များက ခုခံတိုက်ခိုက်ရာ လွတ်လပ်ရေး ရသွားခဲ့ပေသည်။ စစ်ပွဲဖြစ်သောကြောင့် တစ်ဖက်နှင့်တစ်ဖက် သတ်ကြရသည်။ ပါဏာတိပါတ အကုသိုလ်ကံများပင် ဖြစ်၏။
သို့သော် အကုသိုလ်ချင်းတူသော်လည်း တရုတ်၊ ပြင်သစ်၊ အမေရိကန်တို့ တိုက်ခိုက်သတ်ဖြတ်မှုသည် အကုသိုလ်ဖြစ်၏။ မှားသော မိစ္ဆာပဋိပဒါ ဖြစ်၏။ ဗီယက်နမ်တို့ ခုခံတိုက်ခိုက်မှုသည်ကား အကုသိုလ်ဖြစ်သော်လည်း သမ္မာပဋိပဒါ-မှန်သောအကျင့်သာ ဖြစ်သည်။ လက်နက်အားကိုးဖြင့် အနိုင်ကျင့်သော အဓမ္မဝါဒ ပျောက်ကွယ်တားဆီးရန် လူသားတိုင်းတွင် တာဝန်ရှိသည်။
လူအင်အား၊ လက်နက်အင်းအားကြောင့် အဓမ္မဝါဒက ဓမ္မဝါဒအပေါ် အနိုင်ယူနိုင်ပါ၏။ သို့သော် ယာယီသာဖြစ်သည်။ ထာဝရ မဟုတ်၊ ဓမ္မဝါဒက အဓမ္မဝါဒအပေါ် အနိုင်ရခြင်းသည်သာ ထာဝရဖြစ်သည်။ ထို့ကြောင့် လေယာဉ်တစ်စီးမှ မရှိသော ဗီယက်နမ်ဆင်းရဲသားများက လေယာဉ်အစီးပေါင်းများစွာ ပိုင်သော ပြင်သစ်၊ အမေရိကန်တို့ကို အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ယခုဖြစ်ရပ်၌လည်း မောင်သောင်းအပြုအမူကို ကြည့်လျှင် ရန်ဖြစ်ခြင်းဖြစ်၍ အကုသိုလ်ဖြစ်၏။ သိုသော် သူ့ကိုယ်ကျိုးအတွက် မဟုတ်။ မတရားသဖြင့် အနိုင်ကျင့်သော အဓမ္မဝါဒ ကွယ်ပျောက်ဖို့အတွက် တိုက်ခိုက်ခြင်းဖြစ်၍ အကုသိုလ်ဖြစ်သော်လည်း မှန်သောအကျင့်ဟု ဆိုရ၏။
ထိုစဉ်က အင်္ဂလိပ်တို့သည် လက်ဝှေ့ပြိုင်ပွဲများ၌ မြန်မာတို့ကို ပြိုင်ခွင့်မပေးဘဲ နှိမ်ထားကြသည်။ ထို့ကြောင့် မောင်သောင်းမှာ လက်ဝှေ့အရည်အချင်း ပြည့်ဝနေသော်လည်း ယှဉ်ပြိုင်ခွင့် မရဘဲ ဖြစ်နေသည်။ သို့သော် မောင်သောင်းက အားမလျှော့၊ စိတ်မပျက်၊ အခက်အခဲကြီးလေ - အောင်ပွဲကြီးလေဟု သဘောထား၏။ အခက်အခဲဟူသည် လူတစ်ယောက်၏ စွမ်းရည်များထွက်လာအောင် ညှစ်ထုတ်ပေးသော မိတ်ဆွေပင်ဖြစ်၏။ အချစ်ဝတ္ထုများတွင် မင်းသားနှင့် မင်သမီးတွေ့ပြီး ပေါင်းသွားသည်ဆိုလျှင် ဘာမှအရသာမရှိ၊ သူတို့အချစ်ကို နှောက်ယှက်မှု အခက်အခဲများကို ကျော်လွန်ပြီး မင်းသားနှင့် မင်းသမီး ပေါင်းသွားမှာသာလျှင် ဇတ်လမ်းသည် အရသာရှိသည်။
ထို့အတူ ဘဝတက်လမ်းသို့ သွားရာလမ်းတွင်လည်း မည်သည့်အခက်အခဲမျှ မရှိလျှင် ပျင်းစရာကောင်းသည်။ စိတ်ဝင်စားစရာလည်း မရှိ၊ ထိုအခက်အခဲများကို ကျော်လွန်ပြီး အောင်ပွဲရမှသာလျှင် အရသာရှိ၏။ ချိုမြိန်၏။ ထို့ကြောင့် အခက်အခဲ အကျပ်အတည်းများကို ကြောက်နေဖို့မလိုပေ။ လူသည် နွားနို့နှင့် တူသောလူ၊ သစ်သီးနှင့် တူသောလူဟူ၍ နှစ်မျိုးရှိသည်။ နွားနို့သည် နေပူနှင့်တွေ့လျှင် ခဏနှင့် သိုးသွားသည်။ သစ်သီးကား နေပူနှင့်တွေလေ ပို၍ရင့်မှည့်လေ ဖြစ်၏။
ထို့အတူ နွားနို့နှင့်တူသော စိတ်ဓာတ်ပျော့သည့် လူသည် အခက်အခဲတစ်ခုခုနှင့် ကြုံလိုက်သည်နှင့် ဘဝကို အရှုံးပေးသွားတော့သည်။ နောက်တစ်ကြိမ် ထပ်မကြိုးစားတော့ပေ။ သစ်သီးနှင့်တူသော စိတ်ဓာတ်ခိုင်မာသူသည် အခက်အခဲနှင့် ကြုံရလျှင် စိတ်မပျက်ဘဲ မိမိအားနည်းချက်ကို ပြင်၍ တက်သောလှေကားအဖြစ် အသုံးချလိုက်သည်။
ဆက်ရန်။
{ ကျန် အပိုင်း ၃ ၊ ၄ ၊ ၅ တို့အား နေ့စဉ်တင်ပေးပါမယ်}
မေတ္တာရှင်-ရွှေပြည်သာ
လူသတ်သမား၏ ကရုဏာ နှင့်
အခြားဝတ္ထုတိုများ စာအုပ်မှ
ကူးယူဖော်ပြပါသည်။

Admin...KS

 English-Myanmar Fourth Fire ( part 3 ) အင်္ဂလိပ်-မြန်မာ စတုတ္ထစစ်ပွဲ ( အပိုင်း ၃ )
================
စိတ်ဓာတ်ခိုင်မာသူများက အခက်အခဲကို အတက်လှေကားအဖြစ် အသုံးချသော်လည်း၊ စိတ်ဓာတ်ပျော့ညံ့သူများကား အခက်အခဲကို အဆင်းလှေကားအဖြစ် အသုံးချကြသည်ဟု ဆိုရပေမည်။ မောင်သောင်းကား သစ်သီးနှင့်တူသော စိတ်ဓာတ်ခိုင်မာသူဖြစ်သည်။ အခက်အခဲကို အတက်လှေကားအဖြစ် အသုံးချသူဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ဝှေ့ထိုးခွင့် မရသောအခါ အိန္ဒိယနိုင်ငံသို့ သွားလေတော့သည်။
၁၉၄၁-ခုနှစ်တွင် S.S.BUIMR အမည်ရှိသော သင်္ဘောကြီး၌ သင်္ဘောမီးထိုးသားဘဝဖြင့် လိုက်သွားလေတော့သည်။ သင်္ဘောလက်မှတ်ခ၊ စားစရိတ်များ မတတ်နိုင်သောကြောင့် အလုပ်သမားအဖြစ် လိုက်သွားခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့တွင် ကြေးစားလက်ဝှေ့အဖွဲ့ တစ်ဖွဲ့နှင့် ချိတ်ဆက်မိပြီး၊ ထိုအဖွဲ့ပိုင် ကလပ်များမှာပင် လေ့လာသင်ယူခွင့်ရခဲ့သည်။ မောင်သောင်းကား လက်ဝှေ့ပွဲတိုင်း ရောက်အောင်သွားကြည့်သည်။
လက်ဝှေ့အကြောင်း ရေးထားသောစာအုပ်များကို ဖတ်သည်။ လက်ဝှေ့ဆရာမျိုးစုံထံတွင်လည်း နည်းခံလေ့လာသည်။ များသောအားဖြင့် အင်္ဂလိပ်လက်ဝှေ့သမားများနှင့် ထိုးရလျှင် လဲသွားအောင်၊ ကွဲသွားအောင် မေ့သွားအောင် ထိုးမှသာလျှင် မြန်မာများ၊ ကုလားများက အနိုင်ရကြသည်။ အဘယ်ကြောင့်ဆိုသော် ဒိုင်သုံးယောက်နှင့် ပရိသတ်များသည် အင်္ဂလိပ်များ ဖြစ်နေသောကြောင့်ပင်။ မောင်သောင်းက အင်္ဂလိပ်လက်ဝှေ့သမားများထက် နှစ်ဆခန့်ပို၍ လေ့ကျင့်သည်။ အလဲမထိုးနိုင်ဘဲ အမှတ်နှင့်သာ ဆုံးဖြတ်ရလျှင် မြန်မာများသာ ရှုံးကြသည်။
မောင်သောင်းသည် လက်သီးပြင်းအောင်၊ မြန်အောင်၊ ရှောင်တတ်တိမ်းတတ်အောင် လေ့ကျင့်ရုံသာမက မေးရိုးမာအောင်၊ ခံနိုင်ရည်ရှိအောင်လည်း လေ့ကျင့်၏။ သူသည် သာမန် လူနှစ်ယောက် မ မှကြွသော သံတုံးများထည့်ထားသည့် ပုံးကြီးကို ပါးစပ်နှင့် ကိုက်၍ မလိုက်၊ ချလိုက် လေ့ကျင့်သည်။
ထိုလေ့ကျင့်ခန်းကြောင့် မေးပတ်ဝန်းကျင်ရှိ အကြောများ သန်မာလာ၏။ အံ့ကြိတ်ထားလျှင် မေးကြောများ ထောင်ထနေသဖြင့် အတော်အတန် လက်သီးကို ခံနိုင်ရည်ရှိလာသည်။
နှစ်ယောက်ပူးသတ်နေစဉ် တစ်ထွာလောက်အကွာမှ လက်သီးပြင်းပြင်း ထိုးတတ်အောင် အထူးလေ့ကျင့်ထားသည်။ ထိုလက်သီးသည် မည်မျှပြင်းသနည်းဆိုလျှင် သေချာထိလျှင် နံရိုးပင်ကျိုးသည်။ သူ့ထက် အရပ်အမောင်းရော၊ ဗလရော၊ ထိုးကွက်ပါကောင်းသော ACE ခေါ် မျိုးအောင်နှင့် ပြိုင်ပွဲပမာ ထိုးသတ် လေ့ကျင့်လေ့ရှိသောကြောင့် အရပ်အမောင်းသာသော ထိုးဘတ်များကို မောင်သောင်းတစ်ယောက် ပိုင်ပိုင်နိုင်နိုင် ရင်ဆိုင်ရဲခြင်းဖြစ်သည်။
၁၉၄၂-ခုနှစ်တွင် မောင်သောင်းတစ်ယောက် ပထမဆုံးကြေးစားလက်ဝှေ့ပွဲ တစ်ပွဲကို စထိုးရသည်။ ဖယ်သာဝိတ်တန်းမှာ အိန္ဒိယလက်ဝှေ့ကျော် အာ(ရ်)ကေဒေး (R.K.DEY) ဖြစ်သည်။ အာ(ရ်)ကေဒေးသည် ကြေးစားလက်ဝှေ့ပွဲပေါင်း (၃၀)ကျော်ထိုးထားသော နာမည်ကြီး ဝါရင့်လက်ဝှေ့သမားတစ်ဦး ဖြစ်သည်။ (၃)မိနစ်ထိုး၊ (၂)မိနစ်နား (၆)ချီပွဲ ထိုးသတ်မည်ဖြစ်သည်။ လက်ဝှေ့ပွဲ အတွင်းမျာ နှစ်ထောင်ကျော်သော အိန္ဒိယပရိသတ်များမှာ သူတို့အိန္ဒိယနိုင်ငံသားက မြန်မာနိုင်ငံသားကို အလဲထိုးမည်ဟု ယုံကြည်နေကြသည်။
သတင်းစာများကလည်း ထိုကဲ့သို့ပင် ခန့်မှန်းထားသည်။ အာ(ရ်)ကေဒေးထိုးခဲ့သည့် ပွဲပေါင်း(၃၀)ကျော်သည် နိုင်ပွဲများချည်းဖြစ်သည်။ ထို့ပြင် (၂၅)ပွဲ အလဲထိုးအနိုင်ယူခဲ့ခြင်း ဖြစ်သည်။ သတင်းစာများက မောင်သောင်းကို အာ(ရ်)ကေဒေးက (၃)ချီမြောက်တွင်ပင် အလဲထိုး အနိုင်ယူလိမ့်မည်ဟု ခန့်မှန်းရေးသားကြရာ လောင်းကြေများမှာ အာ(ရ်)ကေဒေးဘက်မှ နှစ်လေး၊တစ်လေးပင် ဖြစ်နေသည်။
မောင်သောင်းဘက်က လောင်းကြေး ရူဘီ(၁၀၀၀)ဆိုလျှင် အာ(ရ်)ကေဒေးဘက်မှ (၂၀၀၀)ပေးမည့် သဘောပင်ဖြစ်သည်။ မောင်သောင်းသည် လက်ဝှေ့ပွဲတိုင်းကို မလွတ်တမ်း ကြည့်သူဖြစ်ရာ အာ(ရ်)ကေဒေး၏ ထိုးကွက်နှင့် လက်သီးအားကို သိနေပြီဖြစ်သည်။ လက်ဝှေ့ပွဲမကျင်းပမီ တစ်ရက်က အားကစားသတင်းထောက် တစ်ယောက် ရောက်လာပြီး မောင်သောင်းအား အင်တာဗျူးသည်။
“မောင်သောင်းအနေနဲ့ ဒီပွဲဟာ ပထမဆုံးကြေးစားပွဲလို့ သိရပါတယ်။ မောင်သောင်းနဲ့ ထိုးသတ်မယ့်ပြိုင်ဘက်က ကြေးစားလက်ဝှေ့ပွဲပေါင်း (၃၀)ကျော် ထိုးပြီးရာမှာ ပွဲတိုင်းနိုင်ထားပါတယ်။ (၂၅)ပွဲကိုလည်း အလဲထိုးထားပါတယ်။ ကိုယ့်ထက် အစစသာနေတဲ့ ဝါရင့်လက်ဝှေ့သမား တစ်ယောက်ကို ရင်ဆိုင်ရမယ့်အတွက် စိတ်ထဲမှာ ဘယ်လိုများ ခံစားရပါသလဲ”
“ပျော်ပါတယ်”
“အလို - ဘာကြောင့် ပျော်နေတယ်ဆိုတာ ရှင်းပြပါလား”
“ပြဋ္ဌာန်းစာကို အကုန်ရထားတဲ့ ကလေးဟာ စာမေးပွဲခန်းထဲဝင်ရမှာ ပျော်သလိုမျိုးပါ။ ကျွန်တော်ဟာ ကြေစားလက်ဝှေ့သမား ဘဝရောက်အောင် အသက်(၁၃)နှစ်သား ကတည်းက တစိုက်မတ်မတ် လေ့ကျင့်လာတာပါ။ လေ့ကျင့်တဲ့အခါမှာ သူတစ်ပါးကိုထိုးဖို့ အတွက်သာမကဘူး။ မိမိကိုယ်ထိရင် ခံနိုင်ရည်ရှိအောင်ပါ လေ့ကျင့်ထားတာပါ။ ဒါကြောင့် ကိုယ်ကြိုးစားအားထုတ်မှုကို ကိုယ်အားရလို့ ထိုးရတော့မယ်ဆိုတဲ့အခါ ပျော်တာပါ”
“ပွင့်ပွင့်လင်းလင်း မေးပါရစေ။ ပြိုင်ဘက်ကို နိုင်မယ်လို့ ယုံကြည်ပါသလား”
“ဟုတ်ကဲ့၊ အကြွင်းမဲ့ ယုံကြည်ပါတယ်”
“အမှတ်နဲ့ နိုင်မယ်လို့ ထင်ပါသလား၊ အလဲထိုးပွဲနဲ့ နိုင်မယ်လို့ထင်ပါသလား”
“အလဲထိုးပွဲနဲ့ နိုင်မယ်လို့ ယုံကြည်ပါတယ်”
“ဘယ်နှစ်ချီလောက်မှာ အလဲထိုးမယ်လို့ မှန်းထားပါသလဲ”
“ပထမအချီမှာပဲ ဖြစ်ပါတယ်”
“အိုး - မိုင် - ဂေါ့(လ်)”
ထိုအင်တာဗျူးသည် သတင်းစာတွင် တစ်ရက်ကြိုပါသွားရာ ပရိသတ်များမှာ ရုံပြည့်ရုံလျှံဖြစ်သွားသည်။ အရပ်အမောင်းအားဖြင့် မောင်သောင်းက ၅ ပေ၊ ၆ လက်မလောက်သာ ရှိသော်လည်း၊ အာ(ရ်)ကေဒေးက ၅ ပေ၊ ၁၀ လက်မလောက် ရှိသည်ကိုတွေ့ရသည်။ အာ(ရ်)ကေဒေး မျက်နှာတွင် ဒေါသအရိပ်အယောင်တွေ အထင်အရှား တွေ့ရသည်။ သူလိုနာမည်ကျော် ဝါရင့်လက်ဝှေ့သမားကို တစ်ပွဲမှ မထိုးဖူးသေးသော မြန်မာလက်ဝှေ့သမား တစ်ယောက်က ပထမအချီမှာပင် အလဲထိုးမည်ဟု ပြောခြင်းမှာ သူ့ကို သက်သက်သိက္ခာချခြင်းဟု ယူဆနေပုံရသည်။
ပထမအချီစရန် ခေါင်းလောင်းသံ ထွက်လာသည်နှင့် အာ(ရ်)ကေဒေးက ကွင်းလယ်ကို ခုန်ထွက်လာသလို မောင်သောင်းကလည်း ခပ်သွက်သွက်ပင် ထွက်လာလိုက်သည်။ ရင်ဆိုင်တွေ့သည်နှင့် အာ(ရ်)ကေဒေးသည် မောင်သောင်းကို ထိုးခွင့်မပေးဘဲ တရစပ် မရပ်မနား ထိုးတော့သည်။ အရှောင်အတိမ်းကိုလည်း သေချာလေ့ကျင့်ထားသောကြောင့် မောင်သောင်းကို တစ်ချက်မျှမထိသေးပေ။ တစ်မိနစ်ခန့် ရှိသွားပြီ ဖြစ်သောကြောင့် မောင်သောင်းဘက်ကလည်း တန်ပြန်လက်သီးများ ထိုးမည်ဆိုလျှင် ထိုးနိုင်ပြီ ဖြစ်သည်။
သို့သော် မောင်သောင်းက ပထမအချီမှာပင် တစ်ချက်တည်း အလဲထိုးသိပ်လိုသောကြောင့် အကွက်ကောင်းကို စောင့်နေသည်။ အမြတ်လိုချင် အရင်းထုတ်ရမည်။ သူ့ကို အလဲထိုးချင်လျှင် ကိုယ့်ကိုကိုယ် နည်းနည်းတော့ အထိခံရမည်။ ထို့ကြောင့် အာ(ရ်)ကေဒေး ဘယ်-ညာ ဖြောင့်လက်သီးနှစ်လုံး အထိခံလိုက်ရာ အိန္ဒိယပရိသတ်များ ဝေါခနဲ အားပေးလိုက်ကြသည်။ နောက်ထပ် ဘယ်ဖြောင့် ထောက်သက်သီးတစ်လုံး မောင်သောင်းကို ထိုသွားပြန်ရာ “အာ(ရ်)ကေဒေး၊ အာ(ရ်)ကေဒေး” ဟူသော အော်ဟစ်သံများ တစ်ရုံလုံး ဆူညံသွားတော့သည်။
အာ(ရ်)ကေဒေး စိတ်ထဲ၌ မောင်သောင်းကို သူလုပ်သလို ရသည်ဟုထင်ကာ လျှော့တွက်သွားသည်။ ဤသည်ကား အာ(ရ်)ကေဒေး၏ အမှားပင်၊ အာ(ရ်)ကေဒေးက ဘယ်၊ ညာ ဆင့်လက်သီးနှစ်လုံး ပစ်သွင်းအပြီး နောက်သို့ အဆုတ်လိုက်တွင် မောင်သောင်းက ဖျက်ကနဲ ရှေ့သို့ခပ်မြန်မြန် တစ်လှမ်းတက်ကာ ဝုန်းခနဲ ညာဖြစ်(RIGHT CROSS) လက်သီးတစ်လုံးကို ပစ်သွင်းလိုက်သည်။
အာ(ရ်)ကေဒေး၏ ဘယ်ဘက်မေးဖျားကို တိုက်ရိုက်ထိကာ ဒုန်းကနဲ ကြမ်းပြင်ပေါ် ပြုတ်ကျသွားတော့သည်။ အိန္ဒိယ ပရိသတ်ကြီးကား တုတ်တုတ်မျှပင် မလှုပ်ကြတော့။ အာ(ရ်)ကေဒေး ပြုတ်ကျသွားသည်နှင့် မောင်သောင်းက သူထောင့်သူ အေးအေးဆေးဆေး ပြန်လျှောက်သွား၏။ သူ့လက်သူ ယုံကြည်ပြီးသား မဟုတ်ပါလား။ ကြိုးဝိုင်းဒိုင်က အမှတ်စဉ်ရေတွက်ရာ (၁၀)ရောက်သည်အထိ မထလာတော့သဖြင့် မောင်သောင်း၏ ညာလက်ကိုမြှောက်ကာ အနိုင်ရကြောင်း ကြေညာလိုက်တော့သည်။
အာ(ရ်)ကေဒေးမှာ သတိပြန်မရတော့သဖြင့် ထမ်းစင်ဖြင့် ဆေးရုံသို့ တင်လိုက်ရသည်။ နောက်တစ်နေ့တွင် မေးရိုးကျိုးသွားကြောင်း သတင်ကြားရသည်။ အာ(ရ်)ကေဒေး အလဲထိုးခံလိုက်ရသဖြင့် အိန္ဒိယကြေးစား လက်ဝှေ့လောကတွင် မောင်သောင်း၏ ဂုဏ်သတင်းသည် ဗုံးကွဲသလို ထင်ရှင်းသွားသည်။ ၁၉၄၁-ခုနှစ် ထဲမှာပင် ဝါရင့်ကြေးစား လက်ဝှေ့ကျော်များ ဖြစ်သော ဘိရွိင်း၊ အေမာနွတ်(စ်)၊ အီပီပေါ(လ်)တို့ကို ဆက်တိုက် အနိုင်ရရှိခဲ့သည်။
သာမန်အမှတ်ဖြင့် နိုင်ခြင်းမဟုတ်၊ ဘိရွိင်းကို ဒိုင်ပွဲရပ်၊ ကျန်နှစ်ယောက်ကို အလဲထိုးဖြင့် အနိုင်ရခြင်းဖြစ်သည်။ ဒိုင်ပွဲရပ်ဟူသည် လက်ရည်မမျှမဖြင့် ဆက်ထိုးလျှင် တစ်ဖက် လက်ဝှေ့သမား သေဆုံးနိုင်သောကြောင့် ဒိုင်က ပွဲကိုရပ်ပြီး အနိုင်ပေးခြင်းဖြစ်သည်။
၁၁-၉-၄၁ ရက်နေ့တွင် ဝါရင့် ကမ္ဘာ့လှည့်လက်ဝှေ့ကျော် SAIBANSING နှင့် ကာလ်ကတ္တားမြို့တွင် (၁၀)ချီပွဲထိုးရာ မောင်သောင်းက ဒုတိယအချီမျာပင် အလဲထိုးပစ်လိုက်သည်။ ပြိုင်ဘက် လက်ဝှေသမားသည် ဆေးရုံပေါ်တွင် (၃)နာရီခန့် မေ့မြောနေခဲ့ရသည်။ နိုင်မည့်သာနိုင်သည်၊ ထိုစဉ်က မောင်သောင်းက ဝိတ်ကျောပေး၍ ထိုးခဲ့ရခြင်းဖြစ်သည်။ ဆာဗားဆင်းက ပေါင်(၁၄၀) ရှိပြီး၊ မောင်သောင်းက (၁၃၂)ပေါင်သာရှိသည်။ ယခုခေတ် ဖလစ်ပိုင်မှ ပက်ကွီအိုသည် မိမိထက် ဝိတ်တန်းမြင့်သော ချန်ပီယံများကို အနိုင်ထိုးသည်မှာ မောင်သောင်းထက် နှစ်(၇၀)ကျော် နောက်ကျပေသေးသည်။
မြန်မာများသည် လက်ဝှေ့အရည်အချင်း၊ သတ္တိ၊ ခံနိုင်ရည်အားကောင်းသဖြင့် ကမ္ဘာ့ချန်ပီယံဖြစ်ရန် အရည်အသွေး ပြည့်ဝကြ၏။ အားပေးချီးမြှောက်မှု မရှိသောကြောင့်သာ အောက်ကျနောက်ကျ ဖြစ်သွားရခြင်းပင်။ “စိုးလင်းဦး” တို့ကဲ့သို့ မြန်မာလက်ဝှေ့သမားများကို ကမ္ဘာ့ကျော်အဆင့်အထိ ရောက်နိုင်ပေသည်။ စိုးလင်းဦး ထက် အရည်အသွေး ပိုမည့်သူမှာ “တွေ့မရှောင်” ဖြစ်သည်။ ယခုအချိန်တွင်ကား အသက်အရွယ် ရသွားပြီဖြစ်သည်။
သို့သော် စိတ်ဓာတ်နှင့် လေ့ကျင့်မှုသည် အဓိကကျမည်ထင်သည်။ ယခု ကမ္ဘာ့ ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်နေသော ဝလာဒီမာကလာ(ပ်)ချင်ကိုသည် (၃၉)နှစ်ကျော်နေပြီ ဖြစ်သည်။ တွေမရှောင်မှာ (၃၀)ကျော်ခန့်သာ ရှိသေး၍ ကမ္ဘာ့လက်ဝှေ့သို့ လက်လှမ်းလျှင် ဖြစ်နိုင်သေးသည်။ စွမ်းနိုင်သူများရှိလျှင် မြန်မာကို ကမ္ဘာကသိအောင် တင်ပေးစေလိုသည်။
ကမ္ဘာ့လက်ဝှေ့တွက် အတန်း(၉)တန်းရှိရာမှာ ဟဲဗီးဝိတ်တန်းလောက်သာ အမေရိကန်နှင့် ဥရောပသားများ ကြီးစိုးကြသော်လည်း ကျန်အတန်းငယ် အများစုကိုကား အာရှမှ ကြီးစိုးထားပေသည်။ အာဆီယံနိုင်ငံများထဲမှ ချန်ပီယံပေါ်ထွန်းဖူး၊ ပေါ်ထွန်းဆဲ နိုင်ငံများမှာ ထိုင်းနိုင်ငံနှင့် ဖလစ်ပိုင်နိုင်ငံ တို့ဖြစ်သည်။ လွန်ခဲ့သည့်(၁၅)နှစ်ကျော်လောက်က ထိုင်းမှ ကမ္ဘာ့ချန်ပီယံ တစ်ယောက်ပေါ်ထွန်းခဲ့ပါသည်။ သူ၏နာမည်မှာ ခေါင်ဆိုင်ဂလက်ဆီ ဖြစ်ပါသည်။ သူသည် ချန်ပီယံဘွဲ့ကို နှစ်ပေါင်းများစွာ သိမ်းပိုက်နိုင်ခဲ့ပါသည်။ သူထိုးတိုင်း ရှုံးသည်ကို တစ်ခါမှ မတွေ့ခဲ့ဖူးပါ။ အသက်အရွယ်ရလာသောကြောင့် အနားယူသွားခြင်းဟု မှတ်မိနေသည်။ ခေါင်ဆိုင်သည် ထိုင်းရိုးရာ မွေထိုင်းလက်ဝှေ့မှ ကမ္ဘာ့လက်ဝှေ့သို့ ကူးပြောင်းလာသူတစ်ယောက်ဖြစ်သည်။
မောင်သောင်းသည် ဖယ်သာဝိတ်(၁၂၆) ပေါင်တန်းမှ စထိုးသူ ဖြစ်သည်။ ထိုအချိန်က အိန္ဒိယတွင် အလဲထိုး ဘုရင်ဘွဲ့ခံနေသူမှာ အင်္ဂလိပ်လက်ဝှေ့သမား ဟယ်ရီဘလူးဖြစ်သည်။ ဟယ်ရီဘလူး၏ ဝိတ်တန်းက လိုက်ဝိတ်(၁၃၂)ပေါင်တန်းဖြစ်သည်။ ဟယ်ရီဘလူးသည် ရက်စက်စွာထိုးသတ်သော လက်သီးကြမ်းပိုင်ရှင် ဖြစ်သောကြောင့် သူ့ကို ထိုးသတ်လိုသူ ကြေးစားလောကတွင် ရှားပါးနေသည်။ မောင်သောင်းကား သူ့ရည်ရွယ်ချက်ကို စတင်အကောင်အထည် ဖော်သည့်အနေဖြင့် ဝိတ်တန်းမတူဘဲ ဟယ်ရီဘလူးကို စိန်ခေါ်လိုက်တော့သည်။
မောင်သောင်း လက်ဝှေ့လောကသို့ ဝင်လာခြင်း၏ အဓိကရည်ရွယ်ချက်မှာ အင်္ဂလိပ်များကို ကြိုးဝိုင်းအတွင်းမှ ဆုံးမဖို့ဖြစ်သည်။ ခေတ်မီလက်နက်မရှိသော မြန်မာလူမျိုးများကို ခေတ်မီလက်နက်ဖြင့် အနိုင်ကျင့်သတ်ဖြတ်ပြီး နိုင်ငံကိုပါသိမ်းခဲ့သည့် အင်္ဂလိပ်များကို မောင်သောင်း တစ်သက်တွင် ကျေလိမ့်မည်မဟုတ်ပေ။ အင်္ဂလိပ်-မြန်မာ စိန်ခေါ်ပွဲဟူသော ခေါင်းစဉ်ဖြင့် သတင်းစာတွင် ကြော်ငြာပါလာရာ လက်ဝှေ့ရုံထဲတွင် အင်္ဂလိပ်ပရိသတ်များ ပြည့်ကျပ်နေတော့သည်။ အိန္ဒိယပရိသတ်များပင် လက်မှတ်ဝယ်လို့မရ ဖြစ်သွားသည်။
ဟယ်ရီဘလူးသည် သူတစ်ပါးကို ရက်ရက်စက်စက် ထိုးသတ်တတ်သကဲ့သို့ သူ့ကို ရက်ရက်စက်စက် ထိုးသတ်မှုကို ခံနိုင်ရည်ရှိသူ ဖြစ်သည်။ (၃)မိနစ်ထိုး (၈)ချီပွဲ သတ်မှတ်ထားသည်။ ဟယ်ရီဘလူးက ကိုယ်အလေးချိန် သာသည်သာမက အရပ်အမောင်း၊ လက်တံ၊ ဗလ အားလုံး မောင်သောင်းထက်သာသည်။ သို့သော် ခန္ဓာကိုယ်တွင် အသားပိုများ ရှိနေသည်။ မောင်သောင်းကား တစ်ကိုယ်လုံး ကြွက်သားများဖြင့် စုဖွဲ့ထားသည်။ အဆီပြင်၊ အသားပြင်ဟူ၍ ရှာမရလောက်အောင်ဖြစ်သည်။
ဟယ်ရီဘလူး၏ ပွဲများကိုလည်း မောင်သောင်း အတော်များများ ကြည့်ခဲ့ဖူးပြီး ဖြစ်သည်။ သက်လုံရော မာကျောမှုပါရှိသူ ဖြစ်သည်။ ထို့ကြောင့် အားကစား သတင်းထောက်လာမေးစဉ်က (၆)ချီတွင် အနိုင်ထိုးမည်ဟု ပြောလိုက်ခြင်းဖြစ်၏။
ပထမအချီ ခေါင်းလောင်းသံထွက်လာကြသည်။ နှစ်ယောက်သား စင်၏အလယ်သို့ ပြေးဝင်လာကြသည်။ လက်တံရှည်သော ဟယ်ရီဘလူးက ထောက်လက်သီးများ မရပ်မနားလွှတ်သည်။ လူသန်ကြီးတစ်ယောက်ကို သက်လုံအရင်ခြွေရမည်ဟု မောင်သောင်းက အလိုလိုသိနေသည်။ ထို့ကြောင့် လှည့်ပတ်ရှောင်တိမ်းရင်း မောအောင်လုပ်ထားလိုက်သည်။ သို့သော် ဟယ်ရီဘလူးက သူ့ကို (၆)ချီတွင် အနိုင်ယူမည်ဟူသော စကားကို အတော်ခံပြင်းဟန်တူသည်။ ပညာကုန်၊ အားကုန်သုံးပြီး ထိုးနေသောကြောင့် ထိုးချက်အားလုံး လွတ်အောင်ရှောင်ဖို့ မလွယ်ပေ။
ထို့ကြောင့် ထောက်လက်သီးတစ်လုံး မောင်သောင်း၏ နှာခေါင်းကိုထိရာ ပက်လက်လန်ကျသွားသည်။ အင်္ဂလိပ် ပရိသတ်များ၏ အော်ဟစ်အားပေးသံများမှာ ရုံထဲတွင် ပွက်လောရိုက် သွားတော့သည်။
“ဟယ်ရီဘလူး”
“ဟယ်ရီဘလူး”
“မြန်မာကောင်ကို အသေထိုး”
“မြန်မာကောင်ကို အသေထိုး”
“ဖြောင်း… ဖြောင်း… ဖြောင်း… ဖြောင်း…”
ဒိုင်လူကြီးက အမှတ်စဉ်ရေဖို့ လျှောက်လာစဉ်မှာပင် မောင်သောင်းက ခုန်ထလိုက်သည်။ ထို့ကြောင့် ဒိုင်က အမှတ်စဉ်မရေတော့ဘဲ ပွဲကိုဆက်လွှတ်ပေးလိုက်သည်။ ဒီတစ်ခါတော့ မောင်သောင်း အလှည့်ဖြစ်သည်။ ဟယ်ရီ၏ ဖြောင့်လက်သီးနှစ်လုံးအောက်မှ လျှိုဝင်ကာ အားပါသော ညာဖြောင့်တစ်လုံးကို ဟယ်ရီ၏ ရင်ဘက်တည့်တည့်သို့ ထိုးလိုက်ရာ “ဗုန်း” ဟူသော အသံကြီးနှင့်အတူ ဟယ်ရီတစ်ယောက် ကြမ်းပြင်ပေါ် ဖင်ထိုင်လျက်ကျသွားတော့သည်။
အမောဆို့ချိန်တွင် အားပါပြင်းထန်သော လက်သီးချက်က ရင်ဘက်ကိုထိလိုက်ရာ အမောဆို့သလိုဖြစ်သွားပြီး ပါးစပ်ကြီးဟကာ မှင်တက်မိနေသည်။ ဒိုင်က အမှတ်စဉ် ရေဖို့ သွားစဉ် ပထမအချီ ပြီးဆုံးကြောင်း ခေါင်းလောင်သံ ပေါ်လာသည်။ အမှန်က (၃)မိနစ် မပြည့်သေး။ ကျင်းပသူများ၊ ဒိုင်လူကြီးများမှာ အင်္ဂလိပ် များဖြစ်သောကြောင့် မောင်သောင်းကို ဝိုင်းညစ်ကြခြင်းဖြစ်သည်။
ပရိသတ်များက လက်ညီသည်ဟုဆိုကာ အထူးအဘောကျနေကြသည်။ ဒုတိုယအချီတွင်လည်း ဟယ်ရီက တရကြမ်းတိုက်စစ်ဆင်သည်။ ဟယ်ရီ၏ သက်လုံကို ခြွေသည့်အနေဖြင့် မောင်သောင်းသည် လှည့်ပတ်ရှောင်တိမ်းရင်း ခွင့်ရသည်နှင့် ဟယ်ရီ၏ ရင်ဘက်နှင် ဝမ်းဗိုက်သို့သာ လက်သီးချက်များ ပစ်သွင်းနေသောကြောင့် ဟယ်ရီသည် အမောပိုဖောက်လာပြီး အသက်ရှူသံများ ပြင်းလာသည်။ သို့သော် ဝိတ်ပိုများသော ဟယ်ရီ၏ လက်သီးထိုးချက်များက ပိုမြန်ပြီး ပိုပြင်းထန်ကြောင်း မောင်သောင်းသိသည်။ ဒုတိယအချီ (၂)မိနစ်ခန့်တွင် ရှောင်တိမ်းနေသည့်ကြားမှ စက်သေနတ်ပစ်သလို ထွက်လာသော ဟယ်ရီ၏ လက်သီးချက် နှစ်ချက်က မောင်သောင်းကို ထိသွားသည်။
ဘယ်ဖြောင်လက်သီးက မေးရိုးကိုထိပြီး ညာဝိုက်လက်သီးက နာထင်ကိုထိရာ မောင်သောင်း ကြမ်းပြင်ပေါ် ပုံကျသွားသည်။ ဝေါကနဲ အော်သံကြီးနှင့်အတူ အင်္ဂလိပ်ပရိသတ်များအားလုံး ထိုင်ခုံများမှထကာ တစ်ပြိုင်နက် ဟယ်ရီကို အားပေးလိုက်ကြသော အသံကြီးမှာ ရုံထဲတွင် သိမ့်သိမ့်တုန်သွားသည်။ ဟယ်ရီက ပွဲပြီးပြီဟူသော အတွေးဖြင့် သူ့လက်နှစ်ဖက်ကိုမြှောက်ကာ ပရိသတ်ကို နှုတ်ဆက်ရင်း သူ့ထောင့်သို့လျှောက်သွားသည်။ ထိချက်ပြင်းသောကြောင့် ချက်ချင်းပြန်မထနိုင်ပေ။
ဒိုင်က အမှတ်စဉ် ရေရာ နံပါတ်(၆)အရောက်တွင် ပြန်ထလာသည်။ မောင်သောင်း၏ ပါးစပ်နှင့်နှာခေါင်းတို့တွင် သွေးခြင်းခြင်း နီသွားသည်။ မတ်တပ်ရပ်ပြီးသည်အထိ မောင်သောင်းမှာ ခေါင်းကို အထိုးခံလိုက်ရသဖြင့် မူးဝေယိမ်းယိုင်နေသည်။ နံပါတ်(၈)ရောက်မှ တည်တည်ငြိမ်ငြိမ် ဖြစ်သွားသည်။ ပွဲပြန်စလေပြီ၊ ဟယ်ရီက ဒုတိယအချီနှင့် အလဲပွဲသိမ်းနိုင်ရန် လက်သီးချက်များကို ဆက်တိုက်ထိုးသွင်းသည်။
သည်တစ်ခါတွင်တော့ မောင်သောင်းသည် တိုက်စစ်ကို တိုက်စစ်ဖြင့် တုံ့ပြန်လေတော့သည်။ ထို့ကြောင့် ဟယ်ရီ၏ နှုတ်ခမ်းမှာ မောင်သောင်း၏ လက်သီးတစ်လုံး ထိသဖြင့်ကွဲသွားသည်။ ထိုဒဏ်ရာမှ သွေးတို့က စီးကျလာရာ လက်ဝှေ့ကြမ်းပြင်တွင် အင်္ဂလိပ်သွေးနှင့် မြန်မာသွေး ရောနှောတော့သည်။ တစ်ချီတွင် ဟယ်ရီက ပွဲသိမ်းဘယ်ဝိုက်လက်သီးကို လျှပ်တစ်ပြတ်ပစ်သွင်းသည်။ မောင်သောင်းက ရှောင်မနေတော်ဘဲ ညာဝိုက်ကို အားထည့်ကာ ထိုးလိုက်သည်။
နှစ်ယောက်စလုံး ထိသည်။ နှစ်ယောက်စလုံး လဲကျသည်။ သို့သော် မခံချင်စိတ် ပြင်းထန်မှု ပိုမိုအားကြီးသော မောင်းသောင်းက ဒယီးဒယိုင်ဖြင့် ထလာနိုင်သော်လည်း ဟယ်ရီမှာ မထလာတော့။ အင်္ဂလိပ်ပရိသတ်များ အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိပ်သွားသည်။ ဒိုင်လူကြီး အမှတ်စဉ် ရေတွက်ဖို့ သွားစဉ် ဒုတိယအချီ ပြီးဆုံးကြောင်း ခေါင်းလောင်းသံ ထွက်လာပြန်ရာ ဟယ်ရီကံကောင်းသွားသည်။ သိုမဟုတ်ပါက နှစ်ချီတည်းနှင့် အလဲထိုး ရှုံးတော့မည်ဖြစ်သည်။
တတိယအချီတွင်ကား မြန်မာသွေးက အင်္ဂလိပ်သွေးထက် ပိုရဲကြောင်း ထင်ရှားလေပြီ။ အချက်ပေးခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့် မောင်သောင်းသည် ဟယ်ရီထံသို့ တစ်ဟုန်ထိုး တိုးဝင်ကာ ဖြောင့်လက်သီး၊ ထောက်လက်သီး၊ ပင့်လက်သီး၊ ဖြတ်လက်သီး၊ ဝိုက်လက်သီး တို့ကို မရပ်မနား ပစ်သွင်းတော့ရာ ထိုးချက်များထိလိုက်တိုင်း ဟယ်ရီ၏ခေါင်းမျာခါခါ ထွက်သွားသည်ကို တွေ့ရသည်။
ပရိသတ်ထံမှ စုတ်သတ်သောအသံများ ညည်းတွားသံများ ထွက်လာသည်။ ဟယ်ရီ၏ မျက်ခုံးနှစ်ဖက် စုတ်ပြတ်သွားကာ သွေးတပေါက်ပေါက်ကျနေသည်။ တတိယအချီ ဆုံးခါနီးတွင် မောင်သောင်း၏ ဝိုက်လက်သီးနှစ်လုံးအနက် ညာဝိုက်လက်သီးက ဟယ်ရီ၏ နားထင်ပေါ်ကျသွားရာ “ခွပ်” ဟူသောအသံ နှင့်အတူ ဟယ်ရီတစ်ယောက် ကြမ်းပြင်ပေါ်ပစ်ကျသွားတော့သည်။ နားထင် တွင်လည်း ကွဲသွားရာသွေးများ မြင်မကောင်းအောင် ထွက်နေသည်။
ဆက်ရန်။
{ ကျန်အပိုင်း ၄ ၊ ၅ တို့အား နေ့စဉ်တင်ပေးပါမယ်။}
မေတ္တာရှင်-ရွှေပြည်သာ
သူသတ်သမား၏ကရုဏာ နှင့်
အခြားဝတ္ထုတိုများ စာအုပ်မှ
ကူးယူဖော်ပြပါသည်။
Admin..KS

 English-Myanmar Fourth Fire ( part 4 )
အင်္ဂလိပ်-မြန်မာ စတုတ္ထစစ်ပွဲ ( အပိုင်း ၄ )
================
ကြိုးဝိုင်းဒိုင်က အမှတ်စဉ်ရေတွက်ရာ နံပါတ်(၈)ရောက်မှ ဒယီးဒယိုင်ဖြင့် ထလာနိုင်သည်။ ဒိုင်က အချိန်ဆွဲသည့် အနေဖြင့် သူ့လက်ဝါးကို ထောင်ပေးပြီး ဟယ်ရီကို ထိုးခိုင်းနေသည်။ အများအမြင်တွင် ဟယ်ရီသတိ ရှိ၊ မရှိ ဥပဒေစည်းမျဉ်း အတိုင်းလက်တွေ့ စမ်းသပ်ခြင်းပင်။ တကယ်ဖြစ်စဉ်က အင်္ဂလိပ်လူမျိုး ကြိုးဝိုင်းဒိုင်သည် သူ့လူ သုံးချီနှင့် အလဲထိုး ခံရခြင်းမှ လွတ်မြောက်အောင် ပရိယာယ်ဖြင့် အချိန်ဆွဲပေးခြင်းသာတည်း။ ထိုသို့ စမ်းသပ်ချိန်မှာပင် တတိယအချီ ပြီးဆုံးကြောင်း ခေါင်းလောင်းသံ ထွက်ပေါ်လာဖြင့် ဟယ်ရီ ဒုတိယအကြိမ်မြောက် ကံကောင်းသွားပြန်၏။ မောင်သောင်းက ဒုတိယအကြိမ် အညစ်ခံရခြင်းဖြစ်သည်။
ထိုကဲ့သို့သော ညစ်ပတ်မှုမျိုးသည် ယခု ၂၀၁၂-ခုနှစ် အချိန်မှာ ပင်ရှိနေသေးသည်။ ပက်ကွီအိုသည် အမေရိကန် လက်ဝှေ့သမား တစ်ယောက်နှင့် အမေရိကန်တွင် ထိုးရသည်။ ပက်ကွီအိုက ပြတ်သားစွာ သာလွန်အောင် ထိုးသတ်နိုင်ခဲ့သည်။ သို့သော် ဒိုင်အားလုံးနှင့် ပရိသတ်အားလုံးတို့မှာ အမေရိကန်နိုင်ငံသားတွေ ဖြစ်နေသောကြောင့် ပက်ကွီအိုမှာ အမှတ်နှင့် အရှုံးပေးခဲ့လိုက်ရ၏။ အမေရိကန်နိုင်ငံသား ကမ္ဘာ့ဟဲဗီဝိတ် ချိန်ပီယံကြီးများ ကိုယ်တိုင်က မှန်သည့်ဘက်မှ ရပ်တည်ကာ ပက်ကွီအိုသာ အနိုင်ရသင့်ကြောင်း ထောက်ခံပြောဆိုကြသည်။
ပထမအချီနှင့် ဒုတိယအချီကတည်းက မထိုးဘဲ အားမွေးထားသော မောင်သောင်းသည် စတုတ္ထအချီမှစ၍ မရပ်မနား တိုက်စစ်ဆင်တော့သည်။ ဟယ်ရီကိုလည်း ချီးကျူးစရာကောင်းသည်ကား ခံစစ်ဖြင့်ရှောင်ပြေးမနေဘဲ တိုက်စစ်ဖြင့် တုံ့ပြန်ခြင်းပင်ဖြစ်၏။ သို့သော် စိတ်စွမ်းအားပိုမိုကြီးမားသော မောင်သောင်း၏ လက်သီးချက်များက လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှပေရာ ဟယ်ရီတစ်ယောက် လွတ်အောင် မရှောင်နိုင်ဘဲ လည်စင်းခံနေခဲ့ရတော့သည်။
စတုတ္ထအချီ တစ်မိနစ်ခွဲသာသာလောက်မှာပင် အတင်းဝင်ပူးကပ်၍ ပစ်တင်လိုက်သော ညာပင့်လက်သီးတစ်လုံးသည် ဟယ်ရီ၏ မေးရိုး ချက်ကောင်းကို ထိလိုက်ရာ “ဖောက်” ဟူသော အသံနှင့်အတူ ဟယ်ရီတစ်ယောက် ကြမ်းပြင်ပေါ် ပက်လက်ပြုတ်ကျသွားတော့၏။ ဟယ်ရီ မျက်နှာတစ်ပြင်လုံး ဖူးရောင်ပေါက်ပြဲနေပြီ ဖြစ်သော်လည်း နိုင်ငံ၏ ဂုဏ်သိက္ခာအတွက် အရှုံးပေးမည့်လက္ခဏာကို မတွေ့ရ။ ဒိုင်လူကြီးက အမှတ်စဉ် ရေရာ(၇)အရောက်တွင် ပြန်ထလာနိုင်ခဲ့သည်။
ပွဲစဉ်အစက ဆူညံနေသော အင်္ဂလိပ်ပရိသတ်များကား တုတ်တုတ်မျှမလှုပ်ကြတော့။ ဒိုင်က ထိုးခွင့်ပြုသည်နှင့် မောင်သောင်းသည် လှစ်ခနဲပြေးဝင်ကာ ဝိုက်လက်သီးနှစ်လုံး ပစ်သွင်းလိုက်ရာ နှစ်ချက်လုံးထိပြီး ဟယ်ရီတစ်ယောက်ကြမ်းပြင်ပေါ် ပစ်ကျသွားပြန်သည်။ ဒိုင်က အမှတ်စဉ်ကို အချိန်ဆွဲ ရေတွက်နေသောကြောင့် စတုတ္ထအချီ စေ့သွားပြန်သည်။
ပဉ္စမအချီနှင့် ဆဋ္ဌမအချီတို့တွင်လည်း မောင်သောင်း၏ လက်သီးဒဏ်ကြောင့် ဟယ်ရီမှာ ကြမ်းပြင်သို့ မကြခဏ ပြုတ်ကျနေရာ အသက်အန္တရာယ် စိုးရိမ်စရာဖြစ်သောကြောင့် မောင်သောင်းကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ပေးလိုက်လေတော့သည်။ မောင်သောင်း၏ လက်သီးဒဏ်ကြောင့် ဟယ်ရီသည် ပွဲပြီးသည်နှင့် ဆေးရုံတက်၍ ရက်(၂၀)ခန့် ကုသမှု ခံယူလိုက်ရလေ၏။
မောင်သောင်း၏ ရည်ရွယ်ချက်သည် ပထမအဆင့် အောင်မြင်ခဲ့လေပြီ။ ဒုတိယအဆင့် အနေဖြင့် ကမ္ဘာကျော်လက်ဝှေ့သမားဖြစ်အောင် နိုင်ငံတကာသို့ လှည့်လည်၍ ထိုသတ်ရပေဦးမည်။ မောင်သောင်းသည် အာရှတစ်ခွင်၊ အနောက်တိုင်းတစ်ခွင် တို့သို့ လှည့်လည်၍ ကြေစားပွဲပေါင်း (၂၀၀)ကျော် ထိုးသတ်ခဲ့ရာဝယ်၊ (၁၈၀)ပွဲ အနိုင်ရခဲ့၏။ မောင်သောင်း၏ ထိုးချက်ကြောင့် နံရိုးကျိုး၊ မေးရိုးပြုတ်ပြီး လက်ဝှေ့လောကမှ ရာသက်ပန် နားသွားရသူ (၆)ဦး အထိရှိသည်။
မောင်သောင်း အနိုင်ထိုးခဲ့သော လက်ဝှေ့ကျော်များမှာ-
၁။ ဂျော်နီကတ်တလင်း (အင်္ဂလန်)
၂။ ဂျင်မီကော(သ်) (စကော့တလန်)
၃။ ဒိုင်စွန်ပေါင် (ထိုင်း)
၎။ ဂျိမာရှယ် (အမေရိကန်)
၅။ အီကစ်စင် (ကနေဒါ)
၆။ မစ်ကီဝေါ(လ်) (အမေရိကန်)
၇။ နိဂရိုး ဂန်းဘုတ်ဂျက် (အမေရိကန်)
၈။ မလင့်မလီယာနိုး (အမေရိကန်)
၉။ ဂျော့အဲလစ် (အင်္ဂလန်)
၁၀။ ကလဲယားလင့်ကပ် (အမေရိကန်)
၁၁။ ယန်းတာလီ (ဖီလစ်ပိုင်)
၁၂။ ဝိုင်းဒင်းဘွိုင် (စင်္ကာပူ)
၁၃။ အာ(ရ်)ကေဒေး (အိန္ဒိယ)
၁၄။ အယ်ဘိုးဝစ် (အိန္ဒိယ) တို့ဖြစ်ကြသည်။
ထိုအချိန်မှာပင် အင်္ဂလန်၌လည်း ဒေါက်ဂလပ်စမင် အမည်ရှိ ကြေးစားကမ္ဘာကျော် လက်ဝှေ့ချန်ပီယံတစ်ဦး ပေါ်ထွန်းနေသည်။ အင်္ဂလန်၌ သူ့ကိုယှဉ်ပြိုင်ဘက် မရှိတော့သဖြင့် တခြားနိုင်ငံက လက်ဝှေ့သမာများနှင့်သာ တွေ့ပေးနေရသော အချိန်ဖြစ်၏။ ထိုအချိန်က အိန္ဒိယတွင် သူ့လူမျိုး အင်္ဂလိပ်လက်ဝှေ့သမားတစ်ယောက်ကို မောင်သောင်းက မျက်နှာတပြင်လုံး စုတ်ပြတ်အောင် ထိုးသတ်သွားသည်ကို ဒေါက်ဂလပ်စမင်က သိထားသည်။ ထို့ကြောင့်လည်း သွေးကြွေးဆပ်ချင်စိတ်ဖြင့် ပြင်းပြင်းထန်ထန် လေ့ကျင့်ရင်း ကမ္ဘာ့လှည့် ထိုးနေသူဖြစ်သည်။
မြန်မာသွေးသည် အင်္ဂလိပ်သွေးထက် ပိုနီသောကြောင့် ၁၉၄၇-ခုနှစ်ထဲတွင် လန်ဒန်သို့ မောင်သောင်းက အရောက်လာကာ စိန်ခေါ်ခဲ့ပေပြီ။ ဒေါက်ဂလပ်စမင် ထိုးသတ်အနိုင်ယူခဲ့သော ပွဲပေါင်း(၄၀)ကျော်တွင် (၃၀)ကျော်မှာ အလဲထိုးပွဲချည်းဖြစ်၍ ဒေါက်ဂလပ်စမင်တစ်ယောက် အလဲထိုးဘုရင်ဘွဲ့ ရထားသည်မှာ ထိုက်တန်သည်ဟု ဆိုရပေမည်။ ထိုအချိန်က မောင်သောင်းသည်လည်း ပွဲပေါင်း(၄၀)ကျော်ပင် ထိုးရသေးသည်။
ဒေါက်ဂလပ်စမင်သည် မောင်သောင်းကဲ့သို့ပင် ထိုးသတ်ကွက်များကိုသာမက အထိုးခံနိုင်အောင်ပါ လေ့ကျင့်ထားသော ဒေါင်ဒေါင်မြည် လက်ဝှေ့သမားတစ်ယောက်ပင် ဖြစ်၏။ ထို့ကြောင့်လည်း လက်ဝှေ့ပရိသတ်အားလုံးက သူတို့နိုင်ငံ၊ သူတို့လူမျိုးရှေ့တွင် ထိုးသတ်မှာဖြစ်ခြင်းကြောင့် ဒေါက်ဂလပ်စမင် အလဲထိုး အနိုင်ယူသွားမည်ဟု ခြွင်းချက်မရှိ ယုံကြည်နေကြခြင်းဖြစ်သည်။
ဧပြီလ ၁၇ ရက်နေ့ နံနက်ခင်းတွင် လက်ဝှေ့သမားနှစ်ယောက် ကိုယ်အလေးချိန်၊ ဆေးစစ်၊ လက်မှတ်ထိုး အပြီးမှာပင် ပြဿနာတက်လေပြီ။ ကိစ္စအားလုံးအပြီး လက်ဝှေ့သမားနှစ်ယောက် လက်ဆွဲနှုတ်ဆက်ခါနီးတွင် ဒေါက်ဂလပ်စမင်က -
“ကျုပ် သူနဲ့လက်ဆွဲပြီး နှုတ်မဆက်နိုင်ဘူး၊ ဒီ လူဟာ မြန်မာလူမျိုးဖြစ်တယ်။ မြန်မာလူမျိုးတွေဟာ ကျုပ်တို့အင်္ဂလိပ် လူမျိုးတွေရဲ့ ကျွန်ဖြစ်တယ်။ ကျွန်နဲ့ သခင်ဟာ လက်ဆွဲနှုတ်ဆက်ရိုး ထုံးစံမရှိဘူး”
ထိုစကားကြောင့် မောင်သောင်း အပါအဝင် ကြေးစားလက်ဝှေ့ပွဲ ဖြစ်မြောက်ရေး ကော်မရှင်အားလုံး အံ့အားသင့်သွားကြသည်။ စိတ်ကောင်းရှိသော အင်္ဂလိပ်အချို့က မောင်သောင်းကို အလွန်အားနားသွားကြသည်။ မောင်သောင်း၏ လက်ဝှေ့မန်နေဂျာ ဂျိုးဇတ်ဟင်နရီက -
“မင်း အဲဒီလိုပြောဖိုမသင့်ဘူး ထင်တယ်။ လူမျိုးရေးကို ထိခိုက်ပြီး အကြောင်းမဲ့ ပြောတာဟာ အောက်တန်းကျလွန်းပါတယ်”
“ပြောသင့်လို့ ပြောတာပဲ။ ကျုပ်တို့ လူမျိုးတွေရဲ့ ကျေးကျွန်ဖြစ်တဲ့ …”
“ဟေ့ကောင်း- မင်းပါးစပ်ကို ပိတ်လိုက်စမ်း၊ မင်း ငါ့လူမျိုးနဲ့ ငါ့တိုင်ပြည်ကို ထိပြီးမပြောနဲ့ ငါလက်မခံဘူး၊ တို့ မြန်မာလူမျိုးတွေဟာ ကျွန်မျိုးမဟုတ်ဘူး၊ သခင်လူမျိုး၊ ဘုရင်လူမျိုးကွ နားလည်လာ။ မင်း ကောင်းကောင်းသတိထား၊ မင်နဲ့ငါ ဒီနေ့ ညသတ်ရမယ့်ပွဲဟာ ငါ့အတွက်ဒေါ်လာရဖို့ မဟုတ်တော့ဘူး၊ ငါ့မြန်မာပြည်အတွက် သတ်မှာဖြစ်တယ်။ မင်းတို့ အင်္ဂလိပ်လူမျိုးတွေဟာ မြန်မာပြည်ကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်ပြီး သိမ်းပိုက်အနိုင်ယူခဲ့ပေမယ့် မြန်မာ့သတ္တိ၊ မြန်မာ့စွမ်းရည်ဟာ မင်းတို့အင်္ဂလိပ်တွေထက် အဆတစ်ထောင် သာတယ်ဆိုတာ၊ ငါ လက်သီးနှစ်လုံးက ကနေ့ည သက်သေပြလိမ့်မယ်ဟေ့။ အေး … မင်းကို အသေသတ်လို့ရရင် အသေသတ်ပစ်မယ်၊ မင်း ဒီနေ့ည သေဖို့သာ ပြင်ပေတော့”
မောင်သောင်းက ဒေါက်ဂလပ်စမင်ကို လက်ညှိုးထိုး၍ တစ်လုံးချင်းပြတ်သားစွာ တုံ့ပြန်ပြောဆိုလိုက်သည်။ ဒေါက်ဂလပ်စမင်ကို မောင်သောင်းက စူးစူးစိုက်စိုက် စားတော့ဝါးတော့မတတ် ကြည့်နေသကဲ့သို့ ဒေါက်ဂလပ်စမင်ကလည်း မောင်သောင်းကို မျက်ထောင့်နီကြီးနှင့် မျက်တောင်မခတ် စိုက်ကြည့်နေသည်။ သူတို့ အင်္ဂလိပ်လူမျိုးကို ထိခိုက်ပြော၍ ဒေါသမီး တောက်နေသည်။ နှစ်ဖက်သော လက်ဝှေ့အဖွဲ့ဆိုင်ရာ ပုဂ္ဂိုလ်များက သူတို့နှစ်ဦးကြားတွင် ဝင်ရပ်ကာ ဆွဲဖယ်ဖျန်ဖြေလိုက်၏။ အနီးကပ် အကဲခတ်ရန် ရောက်လာကြသော သတင်းထောက်များနှင့် ပရိသတ်များမှာ အုန်းအုန်းကျက်ကျက် ဖြစ်သွားသည်။ ကြေးစားလက်ဝှေ့ပွဲသွင်းသူ မစ္စတာဟူးဘတ်(ဒ်)စတုန်းက ကြားထဲကဝင်၍ တောင်းပန်သည်။
“လက်ဝှေ့ပွဲက လူမျိုးရေးပွဲအဖြစ် ဖန်တီးတာတော့ မကောင်းပါဘူးဗျာ။ ဒီစကားတွေကို ဒီမှာတင်ပဲ ရပ်ကြပါလို့ ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်”
ဘေးက မည်သို့ပင် တောင်းပန်စေကာမူ မောင်သောင်းကား ကျေနပ်၍မရတော့။ မြန်မာလူမျိုးတွေဟာ အင်္ဂလိပ်ရဲ့ ကျွန်ဟူသော စကားသည် သူ၏နှလုံးသားကို လက်သီးဖြင့် အားပါးတရ အထိုးခံရသလို နာကြည်းသွား၏။ ခန္ဓာကိုယ် ပြင်ပတွင်ရသော ဒဏ်ရာက ရက်ပိုင်း၊ လပိုင်းအတွင်း ပျောက်ကင်းနိုင်သော်လည်း နှလုံးသားတွင် ရသောဒဏ်ရာကား ကလဲ့စား မချေရသေးသရွေ့ ဘယ်သောအခါမှ ပျောက်တော့မည်မဟုတ်ပေ။ ဝိုင်းအုံနေသော သတင်းထောက်များ၊ အင်္ဂလိပ်လူမျိုးများကို မောင်သောင်းသည် တစ်ချက်ဝှေ့ကြည့်လိုက်ပြီး ရဲရဲတောက်စကားကို ယခုလို ပြောကြားလိုက်၏။
“ခင်ဗျားတို့ အင်္ဂလိပ်တွေဟာ လက်နက်အားကိုးနဲ့ အနိုင်ကျင့်ပြီး မြန်မာပြည်ကို စစ်(၃)ခါတိုက်ခဲ့တယ်။ မြန်မာတွေဟာ သတ္တိကောင်းပေမယ့် လက်နက်မကောင်းလို့ ခင်ဗျားတို့အင်္ဂလိပ်တွေကို အရှုံးပေးလိုက်ရတယ်။ ဒီနေ့ည ထိုးသတ်မယ့်လက်ဝှေ့ပွဲဟာ အင်္ဂလိပ်-မြန်မာ စတုတ္ထစစ်ပွဲပဲ။”
“ဒီနေ့ နိုင်တာကမှ တရားသဖြင့် နိုင်တာဖြစ်တယ်။ မင်းတို့အင်္ဂလိပ်လူမျိုး လက်ဝှေ့သမားကို ဥပဒေဘောင် စည်းမျဉ်းထဲကအတိုင်း အင်္ဂလန်နိုင်ငံ၊ အင်္ဂလိပ်လူမျိုးရှေ့မှာ အသေထိုးပြပြီး မြန်မာတွေရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ပြမယ်”
အရပ် ၅ ပေခွဲလောက်ရှိသော မြန်မာ လူပုလေးက အရပ် ၆ ပေနီးပါးမြင့်သော အင်္ဂလိပ်လက်ဝှေ့သမားတစ်ယောက်ကို သွေးအေးအေးဖြင့် အသေထိုးမည်ဟု ပြောနေသည်မှာ ဖြစ်နိုင်ပါလားဟု ထင်စရာပင်ဖြစ်၏။
“စိတ္တ ဝတော ကိံ နာမကမ္မံ န သိဇ္ဈတိ” ဟူသော ဘုရားဟောကို သတိရသင့်၏။ စိတ်ဓာတ်ပြင်းထန်လျှင် အဘယ်မည်သော ကိစ္စသည် မပြီးစီးနိုင်ဘဲရှိအံ့နည်း ဟူသော ဒေသနာကို ဦးထိပ်ထားသူတိုင်း မည်သည့် အခက်အခဲများရှိရှိ အောင်မြင်မှု ပန်းတိုင်ကို လှမ်းကိုင်နိုင်သည်သာဖြစ်၏။
အရပ် ၅ ပေ၊ ၇ လက်မရှိသော လူပုလေးတစ်ယောက်က၊ ၆ ပေကျော်မြင်သော ဟဲဗီးဝိတ်ချန်ပီယံ လက်ဝှေ့သမားပေါင်း (၄၉)ယောက်ကို အနိုင်ထိုးသတ်ခဲ့သည်ဟုဆိုလျှင် ဒဏ္ဍာရီဟု မထင်လိုက်ပါနှင့်၊ တကယ်ရှိခဲ့ပါသည်။ ထိုသူကား အီတလီလူဖြူ လက်ဝှေ့သမား ရော့ကီးမာစီယာနိုးပင် ဖြစ်သည်။ သူသည် ၁၉၅၂-ခုနှစ်မှာ ၁၉၅၆-ခုနှစ်အထိ ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို သိမ်းပိုက်ရယူထားသူ ဖြစ်သည်။
သူသည် ရှုံးပွဲမရှိဘဲ သက္ခာရှိစွာဖြင့် လက်ဝှေ့လောကမှ အနားယူခဲ့သည်။ သူအနိုင်ယူခဲ့သော (၄၉)ပွဲမှာ အလဲထိုးအနိုင်ယူခဲ့ခြင်း ဖြစ်သည်။ သူခက်ခက်ခဲခဲ အနိုင်ယူခဲ့သော ဟဲဗီးဝိတ် လက်ဝှေ့သမားများတွင် ဂျိုးလူဝစ်သည် ၆ ပေ၊ ၂ လက်မ။ ဂျာစီဂျိုးဝေါ့(လ်)ကောက်(ခ်)မှာ ၆ ပေ။ လူသတ်သမား(အသေထိုးသူ) အီဇက်ချာ(လ်)မှာ ၆ ပေ။ အာချီမိုး ၆ ပေ၊ ၁ လက်မ။ ဒွန်ကော့ကဲ(သ်) ၆ ပေ တို့ဖြစ်သည်။
ရောကီး ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်ခဲ့ရသည်မှာ အထိုးကောင်းသော အချက်တစ်ခုတည်းကြောင့် မဟုတ်။ သူမတူအောင် ခံနိုင်ရည် (မာဂုဏ်) မြင့်သောကြောင်လည်း ဖြစ်သည်။ ထိုစဉ်က ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဂျိုးလူဝစ် ကို (၈)ချီနှင့် အလဲထိုးပြီးနောက်၊ သူ့ကိုရှုံးနိမ့်ခဲ့သော ဂျိုးလူဝစ်ကိုယ်တိုင် ရော့ကီးကို ယခုကဲ့သို့ ထုတ်ဖော်ချီးမွမ်းခဲ့သည်။
“သူ မျက်နှာကို ကျုပ်ရဲ့လက်သီးတွေ အဆက်မပြတ် တဒိုင်းဒိုင်းနဲ့ ထိနေသော်လည်း သူ့မျက်နှာတစ်ပြင်လုံး မြင်မကောင်းလောက်အောင် သွေးတွေဖုံးနေပေမယ့် သူဟာ လုံးဝလဲပြိုသွားဖြင်းမရှိဘဲ ရှေ့ကိုသာ သဲသဲမဲမဲတိုးလာပြီး ရက်ရက်စက်စက် အားရပါးရ ဆက်ထိုးနေတယ်။ ကြာတော့ ကျုပ်မှာ သူ့ကိုထိုးရလွန်းလို့ အားတွေကုန်လာရတယ်ပေါ့။ ကျုပ်ရဲ့ လက်ဝှေ့ထိုးသက်တမ်း တစ်လျှောက်မှာ ရော့ကီမာစီယာနိုးလို ခံနိုင်ရည်ရှိလွန်းတဲ့ လက်သီးသမားမျိုး မတွေ့ဖူးဘူး၊ တကယ့်ကို မာကျောတဲ့ ကျောက်ခဲလို လူသားမျိုးပါ”
အမေရိကန် သမ္မတကြီး အိုင်စင်ဟောင်ဝါသည် ရော့ကီးမာစီယာနိုးတစ်ယောက် ကမ္ဘာ့ဟဲဗီးဝိတ် သရဖူပိုင်ရှင်ဖြစ်ပြီးနောက် သူ၏ အိမ်ဖြူတော်သို့ ခေါ်ကာ ရော့ကီးအား ချီးကျုးဂုဏ်ပြုခဲ့သည်။ ဂုဏ်ပြုပွဲတွင် သမ္မတကြီးသည် ယခုကဲ့သို့ ချီးကျုးစကားပြောခဲ့သည်။
“ရော့ကီးရဲ့ ကိုယ်ခန္ဓာထက် ရော့ကီးရဲ့ နာမည်ဂုဏ်သတင်းက ပိုကြီးနေသဟေ့၊ ရော့ကီးဟာ ဂျိုးလူဝစ်ကြီးကိုတောင် ထိုးပစ်နိုင်လို့ ပရိမိုကားနေရားတို့လို့ လူကောင်ထွားကြီးလို့ ကျုပ်ထင်နေခဲ့မိတာ။ ခုတွေ့ရမှ ခပ်သေးသေးပုပုလေး ဖြစ်နေတာကိုး”
“အေးကွယ်- မင်းလိုလူပုကလေးက တကယ့်ထိပ်သီး လက်ဝှေ့ ကျော်ကြီးတွေကို အလဲအကွဲ ချည်းထိုးထိုးပြီး အနိုင်ယူခဲ့တာကို ထောက်ရှုလိုက်တော့ သူရဲကောင်းဆိုတာ အရွယ်ပမာဏက စကားမပြောဘဲ သတ္တိဗျတ္တိနဲ့ လုပ်ရည်ကိုင်ရည် ခံယူချက်အားမာန်က စကားပြောတာပါကလားလို့ ကျုပ်တွေးလိုက်မိတယ်”
လူတစ်ယောက် မည်သည့်အလုပ်ကိုလုပ်လုပ် အောင်မြင်မှုရဖို့ အဓိကသော့ချက်မှာ ရုပ်ပိုင်းဆိုင်ရာမဟုတ်၊ စိတ်ပိုင်းဆိုင်ရာသာ ဖြစ်ကြောင်း သမ္မတကြီးက ပြောကြားလိုက်ခြင်းပင် ဖြစ်၏။
၁၉၄၇-ခုနှစ်၊ ဧပြီလ၊ ၁၇ ရက်နေ့ည၌ အင်္ဂလန်ပြည်၊ လန်ဒန်မြို့၊ တိုရန်တို လက်ဝှေ့အားကစားရုံကြီးထဲတွင် အင်္ဂလိပ်ပရိသတ် (၃၀၀၀၀)ကျော်ဖြင့် ပြည့်ညပ်နေပြီ ဖြစ်သည်။ ကိုယ်အလေးချိန်၊ ဆေးစစ်ပွဲအပြီးတွင် အင်္ဂလန်ပြည် လိုက်ဝိတ်တန်း ပြိုင်ဘက်မရှိ ချန်ပီယံ ဒေါက်ဂလပ်စမင်က သတင်းထောက်များကို အင်္ဂလိပ်များ အားတက်စရာ သတင်းတစ်ခုပေးခဲ့သည်။ ထိုသတင်းကား မြန်မာလက်ဝှေ့သမား မောင်သောင်းကို (၈)ချီဖြင့် အလဲထိုးမည်ဟူသော သတင်းပင်။ ထိုသတင်းနှင့်အတူ မောင်သောင်းက အင်္ဂလိပ်လက်ဝှေ့သမားကို (၁၀)ချီမပြည့်မီ အသေထိုးမည်ဟူသော ကြောငြာချက်ကိုပါ သတင်းစာထဲ ထည့်လိုက်ရာ အင်္ဂလန်ပြည်၊ လန်ဒန်ရှိ ယောက်ျားမှန်သမျှ လက်ဝှေ့ရုံသို့ ချီတက်ကြတော့သည်။
ဆက်ရန်။
{ကျန် အပိုင်း ၅ အား နေ့စဉ် တင်ပေးပါမယ်။}
မေတ္တာရှင်-ရွှေပြည်သာ
လူသတ်သမား၏ ကရုဏာ နှင့်
အခြားဝတ္ထုတိုများ စာအုပ် မှ
ကူးယူဖော်ပြပါသည်။
Admin..KS


English Myanmar Fourth Fire(ending part)
အင်္ဂလိပ်-မြန်မာ စတုတ္ထစစ်ပွဲ (အပိုင်း ၅ - ဇတ်သိမ်းပိုင်း)
================
အင်္ဂလန်နိုင်ငံ ရာဇဝင်တွင် သမိုင်တွင်မည့် လက်ဝှေ့ပွဲကြီးကို မကြည့်လိုက်မှာ စိုးရိမ်သောကြောင့် အစောကြီးကတည်းက ရုံထဲသို့ အပြေးအလွှားဝင်နေကြသည်။ လက်ဝှေ့အားကစားသည် အင်္ဂလန်မှ စခဲ့ခြင်းဖြစ်သည်။ ပြီးတော့ အင်္ဂလန်နိုင်ငံ အင်္ဂလိပ်လူမျိုးများရှေ့တွင် ကျင်းပမည်ဖြစ်ရာ အင်္ဂလိပ်လက်ဝှေ့သမား တစ်ယောက်အနေဖြင့် သေချာပေါက်နိုင်မည်ဟူသော တွက်ထားကြသည်။
မြန်မာလူမျိုးများကို လက်နက်ဖြင့် (၃)ကြိမ် အနိုင်ယူပြီးနောက် လက်သီးဖြင့် (၄)ကြိမ်မြောက် အနိုင်ယူသည်ကို အရသာရှိရှိ ကြည့်ချင်နေကြသည်။ တခြားပွဲငယ် (၅)ပွဲခန့် ထိုးအပြီးမှာပင် မောင်သောင်းတို့၏ ပွဲကြီးစပါလေပြီ။ ထိုအချိန်မှာပင် တစ်ရုံးလုံး မီးများမှိတ်သွားသည်။ ပြီးလျှင် အလွန်အားကောင်းသော ဆလိုက်မီးကြီးသည် လက်ဝှေ့စင်သို့ အားကစားသမားများ တက်လာရာလမ်းသို့ ထိုးထားသည်။ အပြာရင့်ရောင် ဝတ်စုံကို ဝတ်ထားသော ဒေါက်ဂလပ်စမင်သည် လာလမ်းအတိုင်း လက်ဝှေ့စင်ရှိရာသို့ လက်သီးနှစ်ဖက်ကိုမြှောက်လျက် နှုတ်ဆက်ကာ ဝင်လာသည်။
“အင်္ဂလန်ပြည် ပြိုင်ဘက်ကင်း အလဲထိုးဘုရင် လိုက်ဝိတ်တန်း ချန်ပီယံ ဒေါက်ဂလပ်စမင် ဖြစ်ပါတယ်ခင်ဗျား”
အခမ်းအနားမှူး၏ စကားအဆုံးတွင် မတ်တပ်ရပ်ကာ လက်ခုပ်တီးလိုက်ကြသော လူ(၃၀၀၀၀)ကျော်၏ အသံသည် လက်ဝှေ့ရုံကြီး ကွဲထွက်တော့ မတတ်ဟိန်းထွက်သွားသည်။ ဒေါက်ဂလပ်စမင် စင်ပေါ်ရောက်သည်နှင့် အခမ်းအနားမှူးက ဒေါက်ဂလပ်စမင်၏ ဂုဏ်ပုဒ်များကို ထုတ်ကာ ပရိသတ်နှင့် မိတ်ဆက်ပေးသည်။
“ရွှေပွဲလာပရိသတ်များ ခင်ဗျား၊ ယခု လက်ဝှေ့ကြိုးဝိုင်းပေါ်ကို တက်လာတဲ့ ပုဂ္ဂိုလ်ကတော့ ရွှေပွဲလာတို့ရဲ့ အချစ်တော်၊ ရွှေပွဲလာတို့ရဲ့ အသဲစွဲဖြစ်တဲ့ အင်္ဂလန်ပြည် လိုက်ဝိတ်ချန်ပီယံ ဒေါက်ဂလပ်စမင် ဖြစ်ပါတယ် ခင်ဗျား”
ဒေါက်ဂလပ်စမင်ဟာ အမေရိကန်၊ ဟော်လန်၊ သြစတေးလျ၊ စပိန်၊ ပြင်သစ်၊ ဖင်လန်၊ ကနေဒါပြည်များမှ တကယ့်နာမည်ကြီး လက်ဝှေ့ကျော် (၄၀)မျှကို အလဲပွဲ၊ ဒိုင်ပွဲရပ်များနှင့် တစ်ဖက်စီးနင်း ထိုးပြိုင် အနိုင်ယူကာ အင်္ဂလိပ်လူမျိုးတို့ရဲ့ ကျက်သရေဆောင် အမျိုးသားအလံတော်ကြီးကို မားမားဝင့်ဝင့် လွှင့်ထူနိုင်ခဲ့တဲ့ အင်္ဂလိပ် တစ်မျိုးသားလုံးရဲ့ လက်ဝှေ့သူရဲကောင်းကြီး ဖြစ်တယ်ဆိုတာကို အထူးပြောဖို့တောင် လိုမယ်မထင်ပါဘူးခင်ဗျား”
“ဒေါက်ဂလပ်စမင်နဲ့ ယှဉ်ပြိုင် အနိုင်လုသူတိုင်းဟာ သူ့ရဲ့ အလွန်းပြင်းထန်မာကျောတဲ့ လက်သီးနှစ်လုံးနဲ့ တွေ့ထိလိုက်တာနဲ့ တစ်ပြိုက်နက် ကြိုးဝိုင်းအလယ်မှာ လဲခွေကျရသည်ချည်း ဖြစ်တယ်ဆိုတာကိုလည်း ရွှေပွဲလာပရိသတ်များ အသိဖြစ်ကြပါတယ်”
“အခုပွဲမှာ ဒေါက်ဂလပ်စမင်ဟာ လယ်လိုဘယ်ပုံ ယှဉ်ပြိုင် အနိုင်သတ်မယ်ဆိုတာကို စောင့်ကြည့်အကဲခတ်ကြပါစို့လား ခင်ဗျား”
“ဖြောင်း … ဖြောင်း … ဖြောင်း … ဖြောင်း … ဖြောင်း…”
ပရိသတ်များ၏ သြဘာလက်ခုပ်သံများက ရုံပွင့်ထွက်မတတ် ပေါ်ထွက်လာသည်။ ထိုအချိန်မှာပင် ရုံတွင်းမီးများ ဒုတိယအကြိမ် မှိတ်သွားပြန်ပြီး စင်ဆီလာရာအပေါက်ဆီသို့ မီးမောင်းကြီးများ ထိုးလိုက်ပြန်သည်။ မောင်သောင်းသည် ကတ္တီပါကြက်သွေးရောင် ဝတ်စုံကြီးဖြင့် ခံ့ခံ့ညားညား လက်ဝှေ့စင်ရှိရာသို့ တစ်လှမ်းချင်း လျှောက်လာသည်။ ဝတ်ရုံ၏ ကျောဘက်တွင် “မြန်မာ မောင်သောင်း” ဟူသော အင်္ဂလိပ်စာလုံးကို ကတ္တီပါအစိမ်း ရင့်ရောင်ဖြင့် ချုပ်ထားသည်။ စာလုံးအောက်တွင် မြန်မာဒေါင်းအလံဖြစ်သော ခွပ်ဒေါင်းရုပ်ကို အစိမ်းရင့်ရောင်၊ အဝါရောင်တို့ဖြင့် သေသပ်စွာ ချုပ်ထားသည်။
“ရွှေပွဲလာ ပရိသတ်များခင်ဗျာ၊ ယခုကြိုးဝိုင်းအတွင်းသို့ ရောက်ရှိလာသူကတော့ မြန်မာမောင်သောင်း ဖြစ်ပါတယ်။ မြန်မာမောင်သောင်းဟာ အင်္ဂလန်မှာ နာမည်ကျော်ကြား လူသိများတဲ့ လိုက်ဝိတ်တန်းနဲ့ လိုက်ဝယ်သာဝိတ်တန်းက ထိပ်တန်းလက်သီးကျော် (၁၁)ယောက်ကို အလဲထိုးအနိုင်ယူပြီး ဖြစ်ပါတယ်။ သူ့မှာလည်း အလဲထိုး အနိုင်ယူနိုင်တဲ့ လက်သီးရှိတဲ့အတွက် ဒီပွဲဟာ တကယ်ကို ကြည့်ကောင်းမယ့် ပွဲကြီးပွဲကောင်း ဖြစ်မယ်လို့ ယူဆရပါတယ်။ အင်္ဂလန်ချန်ပီယံ ဒေါက်ဂလပ်စမင်ကပဲ စွမ်းသလား၊ မြန်မာမောင်သောင်းကပဲ ထက်သလားဆိုတာကို စောင့်ကြည့်ကြပါစို့လား ခင်ဗျား”
ပရိသတ်များ အားနာပါးနာပင် လက်ခုတ်တီးဖော် မရ။ ခပ်ဆိတ်ဆိတ် နေကြသည်။ မောင်သောင်းက အံကိုတင်းတင်းကြိတ်ကာ ညာလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ အပေါ်ထောင်ပြ နှုတ်ဆက်လိုက်သည်။ ပွဲစခါနီး အချိန်မှာပင် ရှေ့ဆုံးတန်းမှ အင်္ဂလိပ်တစ်ဦး၏ အသံက မောင်သောင်းနားထဲသို့ စူးစူးဝါးဝါး ဝင်လာသည်။
“ဟေ့ .. ဒီမြန်မာကောင်ကို အသေထိုးပြီး သူ့အလောင်းကို မြန်မာပြည် ပြန်ပို့လိုက်”
ထိုစကားသံနှင့်အတူ မျက်နှာချင်းဆိုင်မိသည်နှင့် ဒေါက်ဂလပ်စမင် ပြောလိုက်သော စကားက မောင်သောင်း၏ ဒေါသကိုဆွပေးလိုက်သည်နှင့် တူသွားသည်။
“မင်း ငါ့ကို အသေထိုးနိုင်ရင်ထိုး၊ မထိုးနိုင်ရင် မင်းကို ငါက အသေထိုးမယ်”
မောင်သောင်းက လေကုန်မခံတော့၊ လွှတ်လိုက်သည်နှင့် တရကြမ်းဝင်ထိုးတော့သည်။ ဒေါက်ဂလပ်စမင်၏ အသည်းနှင့် ကျောက်ကပ်တည်နေရာကို သဲသဲမဲမဲ ထိုးနေသည်။ ပင့်လက်သီး၊ ဘယ်ဝိုက်လက်သီး၊ ညာဝိုက်လက်သီးတို့ကို အများဆုံးထိုး၍ တိုက်စစ်ဆင်နေလေသည်။ နံဘေးသို့ထိုးသော လက်သီးချက်များသည် နံရိုးများကို ထိမိတိုင်း တတုတ်တုတ်နှင့် အသံထွက်နေသည်။
ပြင်းထန်သော လက်သီးအားကြောင့် ဒေါက်ဂလပ်စမင်တစ်ယောက် တစ်ချက်ထိမိတိုင်း မျက်နှာမှာ ရှုံ့မဲ့သွားသည်။ ထိချက်များလာလျှင် ထိုနံရိုးကျိုးမည်ဆိုသည်ကို မောင်သောင်းက အတွေ့အကြုံကြောင့် သိနေသည်။ သူသည် ထိုရက်စက်သော ထိုးချက်များကို အင်္ဂလန်လက်ဝှေ့သမားများနှင့် ဆုံသောအခါတွင်သာ သုံးသည်။ တခြားလက်ဝှေ့သမားနှင့် ထိုးသောအခါတွင် အသုံးမပြုပေ။
ဒေါက်ဂလပ်စမင်လည်း ဘယ်ညာပင့်လက်သီးဖြင့် Shoit-Punch ခေါ် ပူးသတ်ရာတွင် ထိုးရသည့် လက်သီးထိုးချက်များဖြင့် မောင်သောင်း၏ ထိုးဟန်ထိုးကွက်ကို ဖျက်ပစ်နေသည်။ နှစ်ဦးသား တိုက်စစ်ဆင်၍ ဘတစ်ပြန် ကျားတစ်ပြန် ပူးကပ်သတ်နေမှုကို ပရိသတ်များက ကျေနပ်ကာ အကြိုက်တွေ့နေပြီး၊ တစ်ခဲနက် အားပေးလျက်ရှိ၏။ နှစ်ဦးသား ပူသတ်နေသည်မှာ ကျားနှစ်ကောင် တစ်ကောင်နှင့်တစ်ကောင် သဲသဲမဲမဲ ခဲနေသည့် ပမာနှယ်။
(၃)မိနစ် အချိန်စေ့သဖြင့် ပထမအချီပြီးသည်။ (၁)မိနစ် နားချိန်တွင် မောင်သောင်းကို သူ့နည်းပြ ဆရာက ကြိုးဝိုင်းပေါ်သို့တက်၍ အမောဖြေပေးသည်။ အကြံဉာဏ်ပေးသည်။ (၁)မိနစ်စေ့၍ ဒုတိယအချီဝယ် မောင်သောင်းသည် သူ့ထောင့်မှနေ၍ လျှင်မြန်စွာထွက်ပြီး ဒေါက်ဂလပ်၏ အသည်းနှလုံးနေရာကို သူအားကိုးသော ညာပင့်လက်သီးတစ်လုံးကို အားကုန်ပစ်ကျုံးလိုက်ရာ “ဟိ” ဟု အော်မြည်ရင်း အရုပ်ကြိုးပြတ်ခွေကျသွားတော့သည်။ ဒေါက်ဂလပ် ခွေကျသွားသဖြင့် ပရိသတ်များသည် အံ့အားကြီးသင့်နေကြ၏။
ကြိုးဝိုင်းဒိုင်က လဲကျနေသော ဒေါက်ဂလပ်ကို အမှတ်စဉ်ရေတွက်သည်။ အမှတ်စဉ် ၁ မှ ၈ အထိအရောက် ပြန်ထလာ၏။ နောက်ပြီး ပွဲလွှတ်လိုက်၏။ လွှတ်လျှင် လွှတ်ချင်းနှစ်ဦးသား ပူပြီး ထိုးကြပြန်သည်။ ဒေါက်ဂလပ်သည် အထိနာ၍ တုံ့ပြန်မထိုးဘဲ ခံစစ်မှသတ်နေသည်။ သူ့ ကိုယ်ပိုင်းကို အထူးဂရုပြု ကာကွယ်နေသည်။ မောင်သောင်းက သူ့ကိုအသေထိုးဖို့ ကြိုးစားနေပြီဖြစ်ကြောင်း သူသိသွားလေပြီ။ သို့သော် မျက်နှာကို ကာကွယ်ဖို့ထက် ကိုယ်ခန္ဓာကို ကာကွယ်ဖို့က ပိုမိုခဲယဉ်းသည် မဟုတ်ပါလား။ များ မကြာမီ ဒုတိယအချီ ပြီးသွားသည်။
တတိယအချီနှင့် စတုတ္ထအချီတွင် ဒေါက်ဂလပ်က လက်ရည်သာသည်။ ပဉ္စမအချီတွင် မောင်သောင်း၏ မေးရိုးကို ညာဖြတ်လက်သီးတစ်ချက် ထိလိုက်ရာ မောင်သောင်းလဲခွေကျသွားသည်။ မောင်သောင်း လဲကျသွားစဉ်ဝယ် အင်္ဂလန်ပရိသတ်များက “ဒေါက်ဂလပ်စမင်” ဟု တစ်ပြိုင်နက် ဟစ်ကြွေး၍ အားပေးချီးကျူးကြသည်။ အမှတ်စဉ် (၄) တွင် မောင်သောင်းပြန်ထလာပြီး ဒေါက်ဂလပ်ကို မရပ်မနား ဖိသတ်၏။ ဒေါက်ဂလပ်ကလည်း မနားတမ်း လက်သီးချက်တွေ ပြန်သွင်းသည်။ ထိုအချီပြီးခါနီးဝယ် ဒေါက်ဂလပ်၏ မျက်ခုံးနှစ်ဖက် စုတ်ပြတ်ပေါက်ကွဲကာ သွေးစိမ်း နီနီများ တပေါက်ပေါက်ကျနေတော့၏။
အင်္ဂလိပ်၏သွေး မြေကျ၍ ကျေနပ်နေသော မောင်သောင်းသည် မဲ့ပြုံးတစ်ချက် ပြုံးပြလိုက်သည်။ လက်ဝှေ့သမားတို့၏ ညဉ်အတိုင်း ထိုးဘက်၏သွေးကိုမြင်၍ မောင်သောင်းအဖို့ ထိုးအားပိုတိုးလာသည်။ ပဉ္စမအချီတွင် ဒေါက်ဂလပ် အထိနာသွားသော်လည်း မောင်သောင်း အမှတ်ဖြင့်ရှုံးသည်။ ဆဋ္ဌမအချီ လွှတ်လိုက်လျှင် လွှတ်လိုက်ချင်း မောင်သောင်းက ခပ်ရဲရဲပင် ဝင်သတ်၏။ ပူးမိသည်တွင် ဘယ်၊ ညာ ပင့်လက်သီး များကို အားပါးတရ ထိုးလိုက်ရာ ဒေါက်ဂလပ် ကြိုးတန်းပေါ်သို့ လန်နေသည်။
သတ်ကွင်းကိုရနေပြီဖြစ်သော မောင်သောင်းက ဒေါက်ဂလပ် နံဘေးနှစ်ဖက်ကို ကျွဲခတ်သလို ဖိထိုးသည်။ Combination ခေါ် ပူးတွဲဆင့်လက်သီးချက်ကို ဆယ်လုံးမျှဆက်တိုက်ထိုးပြီး နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်ဝယ် အင်္ဂလန်ပြည်၏ ချန်ပီယံကြီးခမျာ ကြမ်းပြင်ပေါ်သို့ မှောက်ခုံကြီး ကျသွားလေတော့သည်။ ဆဋ္ဌမအချီ ပွဲပြီးခေါင်းလောင်းကို ဂျူရီအဖွဲ့မှ ဥက္ကဋ္ဌက တီးလိုက်သည်။ မောင်သောင်းကို အင်္ဂလိပ်တို့က ဝိုင်း၍ ညစ်ချေပြီ။ ဆဋ္ဌမအချီတွင် မောင်သောင်း အနိုင်ရသည်။ သုံးမိနစ် အချိန်မစေ့ဘဲ ခေါင်းလောင်းတီးခြင်း ဖြစ်သည်။
ဓား၊ လှံ၊ လေး၊ မြှားသာ ရှိသောမြန်မာများကို ရိုင်ဖယ်သေနတ်များ၊ စက်သေနတ်များ၊ အမြှောက်များဖြင့် မတရား အနိုင်ကျင့် သတ်ဖြတ်ခဲ့သော အင်္ဂလိပ်များသည် လက်နက်တူသော ကြိုးဝိုင်းထဲတွင်ကာ အရှက်တကွဲ အရှုံးပေးနေရလေပြီ။
သတ္တမအချီ အရောက်ဝယ် တိုက်စစ်သမား မောင်သောင်းက အတင်းဝင်ပူးသတ်သည်။ ဒေါက်ဂလပ်စမင်က အပူးမခံလို၍ ဝိုင်းလယ်တွင် ရွှေ့ပြေးကာ ခံစစ်မှ သတ်နေသည်။
ဒေါက်ဂလပ်က လက်တံအားကိုးဖြင့် ဘယ်ဖြောင့်ထောက်လက်သီးများကို တွင်တွင်ကြီး ထိုးလွှတ်ရင်း ပြေးထိုးနေ၏။ ပရိသတ်များက ဒေါက်ဂလပ်ကို တစ်ခဲနက် အားပေးလျက်ရှိကြ၏။ ဒေါက်ဂလပ်၏မျက်နှာတွင် စိုးရိမ်စိတ်များ ပြေးနေသည်။ တကယ်တော့ သူအတွင်းကြေကြေတာ အထိနာနေပြီး မဟုတ်ပါလား။ အင်္ဂလိပ်ချင်း ထိုးသောပွဲသာဆိုလျှင် သူတစ်ခါတည်း လဲရာက မထဘဲ အရှုံးပေးလိုက်တော့မည်ဖြစ်သည်။ အခုတော့ သူကိုယ်တိုင် အသေထိုးမည်ဟု ပွဲမစခင်က ပြောထားသော မြန်မာတစ်ယောက်ကို သူသေမှ အရှုံးပေးတော့မည်။
သတ္တမအချီပြီးခါနီး၌ ထောင့်တစ်နေရာတွင် မောင်သောင်းက ဘယ်ဝိုက်လက်သီးနှင့် ညာပင့်လက်သီး နှစ်လုံးပူတွဲလိုက်ရာ နှစ်လုံးစလုံး ထိသဖြင့် ဒူးညွတ်ကျသွား၏။ သို့သော် ပွဲပြီးခေါင်းလောင်းက ဒေါက်ဂလပ်ကို ကယ်လိုက်ပြန်သည်။ မောင်သောင်းနိုင်သော ပွဲအချီပင်ဖြစ်သည်။ အဋ္ဌမအချီတွင် လွှတ်လျှင်လွှတ်ချင်း မောင်သောင်းက တဝုန်းဝုန်း တဒိုင်းဒိုင်းနှင့် အတင်းတရကြမ်း ဝင်မွှေသည်။ ဒေါက်ဂလပ်က သူ့သေမင်း နံဘေးနှစ်ဖက်ကို လက်မောင်းဖြင့် ကာကွယ်ထားသည်။
ထိုသို့ ကာထားသည့်ကြားမှ ပြင်းထန်သော ပင့်လက်သီး၊ ဖြတ်လက်သီးများ ထိမှန်လျက်ရှိ၏။ အဋ္ဌမအချီမှစ၍ (၂)မိနစ်အကြာတွင် ဒေါက်ဂလပ်ကြိုးဝိုင်းထောင်၌ ပိတ်မိနေသည်။ မောင်သောင်းက ဒေါက်ဂလပ်၏ နံဘေးနှစ်ဘက်ကို သဲကြီးမဲကြီး ဖိထိုးနေစဉ်အတွင်း အလစ်တွင် ဒေါက်ဂလပ်က ညာပင့်လက်သီးတစ်ချက် အားပါးတရ ပင့်ထိုးလိုက်သည်တွင် မောင်သောင်း၏ နှာခေါင်းကို တိုက်ရိုက်ထိသွားသည်။ ပြင်းထန်သည့်ထိုးအားကြောင့် မောင်သောင်း၏ မျက်နှာတပြင်လုံးနှင့် ရင်ဘက်၌ သွေးများ နီမြန်းစိုရွှဲနေသည်ကို တွေ့မြင်ရသော အင်္ဂလိပ်မျက်နှာဖြူ ပရိသတ်သည် ဒေါက်ဂလပ်ကို လက်ဝှေ့ရုံကြီး ပွင်အန်မတတ် ဟိန်းဟည်းကား တပြိုင်နက် အားပေးလျက်ရှိကြပေ၏။
“ဒေါက်ဂလပ်(စ်)၊ ဒီကောင့်ကို သတ်ပစ်လိုက်”
“ဒေါက်ဂလပ်(စ်)၊ ဒီကောင့်ကို သတ်ပစ်လိုက်”
ပရိသတ်၏ ဟစ်ကြွေးသံများ ဆူညံနေ၏။ မောင်သောင်း အထိနာပြီး တုံ့အသွား ဒေါက်ဂလပ်က ဘယ်ထောက်လက်သီး နှစ်လုံး ထပ်ဆင့်ပစ်သွင်းလိုက်ပြီး ညာဖြတ်တစ်လုံးပါ ထိုးလိုက်ရာ မောင်သောင်းတစ်ယောက် ကြမ်းပြင်ပေါ်သို့ ခွေကျသွား၏။ ဒေါက်ဂလပ်၏ သေခါနီး ရိက္ခာယူသော ထိုးချက်သည် ရက်စက်ပြီး ကြောက်စရာကောင်း၏။ ခံနိုင်ရည်မရှိသူဆိုလျှင် မေ့လျှင်မေ့၊ သေလျှင်သေလောက်ပေမည်။ သို့သော် စိတ်ဓာတ်ပြင်းထန်သော မောင်သောင်းကား ဒိုင်အမှတ် မရေခင် ချက်ချင်းခုန်ထ လိုက်သဖြင့် ဒေါက်ဂလပ်ပင် အံ့သြလေးစားသွားသည်။ ထိုကဲ့သို့ အထိုးခံနိုင်သူကို သူ့လက်ဝှေ့သက်တမ်းတလျှောက်တွင် မတွေ့ဖူးခဲ့သည် မဟုတ်ပါလော။ သို့သော် အချိန်စေ့သွားသဖြင့် မောင်သောင်းလည်း ကံကောင်းသွားသည်။
နဝမအချီ လွှတ်လိုက်လျှင် လွှတ်လိုက်ချင်း ဒေါက်ဂလပ်က ကျားနာခဲသလို အရင်ဝင်ထိုးသည်။ ဘယ်ဖြောင့်ထောက်လက်သီး ကိုသုံးပြီး ညာဖြတ်ကို ထပ်ဆင့်သည်။ မောင်သောင်းက ပခုံးနှစ်ဖက်ဖြင့် ကာကွယ်ကား အတွင်းသို့ ဝင်လုသည်။ ပြီး ဒေါက်ဂလပ်၏ နံဘေးနှစ်ဘက်ကို တအားကုန်ထိုးတော့သည်။ ရှိသည့်အားကို အကုန်ပစ်သုံးကာ အားပါလှသော ဆင့်လက်သီး လေးငါးလုံး ဆက်ကျုံးလိုက်သည်နှင့် မမျှော်လင့်ဘဲ ဒေါက်ဂလပ်တစ်ယောက် နောက်သို့ လန်သွားလျက် ကြိုးတန်းပေါ်သို့ တင်နေတော့သည်။
အခွင့်ကောင်းကို လက်မလွှတ်သော အတွေ့အကြုံ ရင့်ကျက်သည့် မောင်သောင်းက နောက်ထပ်ဆင့် တွဲလုံးများကို ဒေါက်၏ နံဘေးနှစ်ဖက်ကို ဆက်တိုက်ထိုးလွှတ်လိုက်သည်ဝယ် နယ်ချဲ့အရင်းရှင် အင်္ဂလိပ်လူမျိုးတို့၏ လက်ဝှေ့သူရဲကောင်းကြီးသည် လက်နှစ်ဖက် မြှောက်လျက် မှောက်လျက်သား လဲခွေကျသွားလေတော့သည်။ ကြိုးဝိုင်းဒိုင်သည် မှောက်လျက်သား လဲကျနေသော ဒေါက်ဂလပ်အား မသာယာသော မျက်နှာထားနှင့် အမှတ်စဉ်ကို လေးလေးတွဲတွဲ ရေတွက်နေ၏။ အမှတ်စဉ် ရေတွက်နေချိန်ဝယ် ပရိသတ်များက -
“ဒေါက်ဂလပ်(စ်) ထ၊ မြန်မြန်ထ”
“ဒေါက်ဂလပ်(စ်) ထ၊ မြန်မြန်ထ”
ဟုအားပေးလှုံဆော်နေကြသည်။ အမှတ်စဉ် (၁)မှ (၁၀)အထိ ရေတွက်ပြီးသည်နှင့် အင်္ဂလိပ် လူမျိုးတို၏ လက်ဝှေ့သူရဲကောင်းကြီး ဒေါက်ဂလပ်စမင်သည် နောက်ကောက်ခေါ် အလဲပွဲဖြင့် ဇတ်သိမ်းရတော့သည်။ ပရိသတ်များ ရုတ်ရုတ်သဲသဲ လှုပ်လှုပ်ရွရွ ဖြစ်နေကြ၏။ မတ်တပ်ရပ်သူ ကရပ်၊ ခုံပေါ်တက်သူ ကတက်၊ ကြိုးဝိုင်းပေါ်သို့ ဇွတ်တရွတ် တက်သူကတက်နှင့် ဆူပွက်နေကြသည်။
မှောက်လျက်သားကြီး လဲကျနေသော ဒေါက်ဂလပ်စမင်အား သူ့လူများနှင့် ဒေါက်တာတစ်ဦးက ကြိုးဝိုင်းပေါ်သို့ တက်ရောက်လာပြီး ပွေ့ချီဖေးမ ကုသကြသည်။ သို့ရှိစဉ် လက်ဝှေ့ပွဲလုံခြုံရေးအဖွဲ့က လက်ဝှေ့ကြိုးဝိုင်းကို လက်ချင်းချိတ်၍ ဝိုင်းပတ်ကာ ကာကွယ်ထားရ၏။ မောင်သောင်းကား သူ့ထောင့်၌ မတ်တပ်ရပ်ကာ မြန်မာ့ဒေါင်းအလံပါသော ခြုံထည်နီကြီးကို ဝတ်ရုံ၍ စောင့်ကြည့်နေသည်။ ဒေါက်ဂလပ်စမင် သတိပြန်လည် မလာတော့သဖြင့် ဆေးရုံသို့ အရေးပေါ်တင်ရန် ချက်ခြင်း စီစဉ်ရသည်။ လက်ဝှေ့ကော်မရှင် လူကြီးများ၏မျက်နှာသည် သွေးဆုတ်နေသည့် လူမမာအသွင် ဖြစ်နေသည်။ ပရိသတ်များသည် အုပ်စု၊ အုပ်စုနှင့် ညံစီညံစီနှင့် ဆူညံလျက်ရှိသည်။
ရာဇဝင်တွင် မှတ်တမ်းတင်ရမည့် အင်္ဂလိပ်နှင့်မြန်မာ တစ်ယောက်ချင်း လက်သီးချင်း စီးချင်းထိုးပွဲကြီးသည် ပြီးဆုံးလေပြီ။ အနှီ မြန်မာနှင့်အင်္ဂလိပ် တစ်ဦးချင်းတစ်ယောက်ချင်း စိတ်တူသဘောတူ လက်မှတ်ထိုး၍ သတ်ကြသည်။ သက်ရာဝယ် မြန်မာက အင်္ဂလိပ်မျက်နှာဖြူကို အပြတ်အသတ် တစ်ဖက်စီးနင်းထိုးပြီး အနိုင်ရချေ၏။ နယ်ချဲ့အင်္ဂလိပ်မျက်နှာဖြူ လူမျိုးဖြစ်သော ဒေါက်ဂလပ်စမင်သည် မောင်သောင်း၏ ရှေ့ဝယ် ဒူးထောက်ကာ အရှုံးပေးဇတ်သိမ်းရပေပြီ။
နောက်တစ်ရက်တွင် လန်ဒန်မြို့မှ ထုတ်ဝေသော The Evening News သတင်းစာနှင့် Sports News သတင်းစာ မျက်နှာဖုံးတွင် အောက်ပါအတိုင်း လက်ဝှေ့သတင်း ပါလာ၏။
“အသေသတ်တဲ့ မြန်မာမောင်သောင်း။ ချန်ပီယံ ဒေါက်ဂလပ်စမင် သေဆုံးရှာ”
၁၇-၄-၄၇ နေ့ညက လန်ဒန်မြို့ရှိ တိုရန်တို လက်ဝှေ့ အားကစားရုံတွင် အင်္ဂလိပ် လိုက်ဝိတ်တန်း ချန်ပီယံ ဒေါက်ဂလပ်စမင်နှင့် မြန်မာပြည်မှ လက်ဝှေ့ကျော် မြန်မာမောင်သောင်း ဆိုသူတို့ (၁၀)ချီပွဲ အဖြစ် ပွဲသွင်းထိုးသတ်ကြသည်။ ဒေါက်ဂလပ်စမင်က အမှတ်ဖြင့် အသာစီးရနေသော်လည်း (၉)ချီ အရောက်တွင် မောင်သောင်း၏ လက်သီးချက်များက ဒေါက်ဂလပ်စမင်၏ နံဘေးနှစ်ဘက်ကိုထိပြီး မှောက်လျက်လဲကျသွားခဲ့သည်။ ကြိုးဝိုင်းဒိုင်ဖြစ်သူ ဝီ(လ်)ဆင်စတီးဝပ်က အမှတ်စဉ် ရေတွက်ရာ၊ အမှတ်စဉ် (၁၀) ရေတွက်ပြီးသည်အထိ ပြန်မထနိုင်ပါဘဲ အလဲအကွဲဖြင့် ရှုံးနိမ့်ခဲ့သည်။
ပွဲပြီးဆုံး၍ ဒေါက်ဂလပ်စမင်ကို ပြုစုရန် သူ့အကူလူနှင့် ဒေါက်တာက ကြိုးဝိုင်းပေါ်သို့ တက်ရောက် ကုသကြသော်လည်း သတိပြန်လည်မလာသဖြင့်၊ ဒေါက်တာ၏ အမိန့်အရ ဆေးရုံကြီးသို့ တင်ပို့ကြသည်။ လန်ဒန်ဆေးရုံကြီးမှာ အထူးကုဆရာဝန်ကြီးများက ဂရုစိုက်ခွဲစိတ် ကုသကြပါသော်လည်း ဒေါက်ဂလပ်စမင်၏ ညာဘက်နံရိုးနှစ်ချောင်း ကျွံဝင်၍ ကျိုးသွားပြီး အဆုတ်လည်း ကွဲသွားပြီဖြစ်ပါသဖြင့် မည်သို့မျှ မတတ်နိုင်တော့ပါဘဲ ည ၁၀ နာရီ၊ ၄၅ မိနစ်တွင် သေဆုံးသွားပြီးဖြစ်ကြောင်း ကြားသိရသည်။
အင်္ဂလန်ပြည်၏ လက်ဝှေ့သူရဲကောင်းတစ်ယောက် မမျှော်လင့်ဘဲ ဆုံးရှုံးရ၍ ကြားသိရသူတိုင်း အင်္ဂလန်ပြည်အတွက် နှမြောတသ ယူကျုံးမရ ဖြစ်နေကြပေသည်။ လက်ဝှေ့သတ်ကြေးငွေနှင့် အသက်တစ်ချောင်း လဲလိုက်ရသည်မှာ ရင်နင့်စရာ ကောင်းလှသည်ဟု ဒေါက်ဂလပ်စမင်ကို လေးစားချစ်ခင်သူများက ပြောဆိုလျက် ရှိကြပေတော့သည်။
မှတ်ချက်။ ။၁-၉-၇၈ ရက်နေ့တွင် စန္ဒာမဂ္ဂဇင်းမှာ ရွှေဘိုဘာမထီခင်အောင်၏ ဆောင်းပါးကို မှီငြမ်းပြုစုရေးဖွဲ့ပါသည်။
စာချစ်သူ မိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~
မေတ္တာရှင်-ရွှေပြည်သာ
လူသတ်သမား၏ ကရုဏာများနှင့် အခြားဝတ္ထုတိုများ
စာအုပ်မှ ကူးယူဖော်ပြပါသည်။

Admin..KS

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။

!
t
s
e
B
e
h
T
e
B