Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 24, 2015

မြန်မာဖြစ်မှန်း တန်းသိနိုင်တဲ့ အချက်တချို့


မြန်မာဖြစ်မှန်း တန်းသိနိုင်တဲ့ အချက်တချို့
--------------------

[တစ်]

အိမ်နားနီးချင်း ထိုင်းနိုင်ငံရောက် မြန်မာတွေက မေးဖူးပါတယ်။ ထိုင်းနဲ့ မြန်မာဘယ်လို ခွဲမလဲတဲ့။ ဟုတ်ပါ့။ ဘယ်လိုလုပ်ပြီး ခွဲတတ် ပါလိမ့်မလဲ။ ဆံပင်အတူတူ၊ အရပ်အတူတူ၊ မျက်နှာ ပေါက် အတူတူ၊ အသားအရောင်အတူတူ၊ ပါးစပ်က ထွက်လာတဲ့ စကားသံကို မကြားဘဲနဲ့တော့ ဘယ်လိုမှ ခွဲခြားလို့ မတတ်ပေါင် ဗျာ။ ကွယ်လွန်သူသံအမတ်ကြီး ဦးသက်ထွန်းကတောင် သူ့စာ တစ်ပုဒ်မှာ ‘‘သိပ်မတူသော အမြွှာညီနောင်’’လို ခေါင်းစဉ်တပ်ပြီး ထိုင်းနဲ့ မြန်မာတို့ ဆင်ဆင်တူပုံတွေကို ရေးခဲ့ဖူးသေးတာပဲဥစ္စာ။

ဟုတ်ပါတယ်။ ကွဲပြားခြား နားမှုရဲ့ သော့ချက်ကို မသိသူတွေ အဖို့ ထိုင်းနဲ့ မြန်မာခွဲရတာ နည်း နည်းကလေးခက်ပါတယ်။ ဒါပေမဲ့ခွဲနည်းကို သူတို့က ပြောပြတော့ လည်း အရှင်းသား ပါကလား။

ထိုင်းရဲတွေက မြန်မာကို ဖမ်းတဲ့အခါ နှစ်ချက်ကြည့်လေ့ရှိပါ တယ်တဲ့။ ပထမတစ်ချက်က ပါးစပ်ကိုကြည့်တာပါ။ မသေချာရင် ပါးစပ်ကို ဟပြခိုင်းတတ်ပါတယ်။ ကွမ်းစားထားသလား၊ မစားဘူး လား။ ကွမ်းစားထားရင် မြန်မာ၊ မစားရင် ထိုင်း။ လွဲခဲပါတယ်။ တောနေ တောထိုင် သက်ကြီးရွယ်အို နည်းနည်းပါးပါးကလွဲလို့ သည်နေ့ မျိုးဆက်သစ်ထိုင်းတွေဟာ ဘယ်သူမှ ကွမ်းမစားကြ တော့ပါဘူး။ ဒါကြောင့် ပါးစပ်မှာ ကွမ်းစား ထားတဲ့ အရိပ် အယောင် ကလေး တွေ့လိုက်ရပြီဆိုတာနဲ့ အဲသည့် လူကို ဖမ်းပြီး လိုချင်တာကို ညှစ် လို့ရပါပြီ။ ဧကန်မုချ အဲဒါ မြန်မာ နိုင်ငံသားပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာ ကားလမ်း၊ ရထားလမ်း၊ ဘူတာရုံ၊ လူသွားစင်္ကြံ၊ ဆေးရုံ၊ ကျောင်း၊ရုံး၊ လှေကား အတက် အဆင်း၊ နေရာတိုင်းမှာ ကွမ်းတံတွေးတွေနဲ့ ပေလူးနေတာကို အားလုံးအသိပဲမို့ ထိုင်းရောက်မြန်မာအမျိုးကောင်း သားတို့က အဲဒါကို ဆက်ပြီးကျင့် သုံးကြတဲ့အခါ ထိုင်းရဲက ဖမ်းဖို့ လွယ်ကူ သွားတာပါ။

[နှစ်]

ကျွန်တော်က ဒါဆိုရင် ကွမ်း မစားကြတော့ဘူးဆိုရင်ဖြင့် ခွဲရ ခက်သွား မှာပေါ့လို့ အထွန့်တက် မိခဲ့ပါသေးတယ်။ မိတ်ဆွေက ရယ်ပါတယ်။ မခက်ဘူး ဆရာရဲ့ တဲ့။ တခြား နည်းလမ်းတွေ ရှိသေး တယ်တဲ့။

ဆိုစမ်းပါဦးလို့ စကား ကလေးထောက်ပေးတော့ ရယ် သွမ်းသွေး ရင်းကနေ မလှမ်းမကမ်းက ပလက်ဖောင်းပေါ်မှာ လျှောက် သွား နေတဲ့ လူတစ် ယောက်ကို လက်ညှိုးညွှန်ပြပါ တယ်။ အဲဒါ မြန်မာဗျတဲ့။ ကျွန် တော်က ခင်ဗျား ဘယ်လိုခွဲခြားသ တုံးဗျာ လို့ မေးမိတော့ သူက ဟိုမှာလမ်းသွား ရင်းနဲ့ ဖုန်းကို ပွတ်သွား နေတာ မတွေ့ဘူးလားတဲ့။ ဟုတ် တယ်ဗျ။

လမ်းတစ်လျှောက်လုံး မှာကို လက်ထဲက ဖုန်းကို တရစပ် ပွတ်ပြီး လျှောက်သွားနေတာ။ သူ ပြောမှပဲ သတိထား မိတော့တယ်။ ထိုင်းနိုင်ငံသား အားလုံးလိုလိုဟာ အကြောင်းမဲ့ သက်သက် ဖုန်းကို ပွတ်နေတယ်ဆိုတာ အလွန်တွေ့ ရခဲတာ ကလား။ အမျိုးကောင်း သား မြန်မာတို့သာ ဘူတာရုံမှာ ပွတ်၊ ကားမှတ်တိုင်မှာပွတ်၊ ရ ထားပေါ်၊ ကားပေါ်ပွတ်၊ ရုံးခန်း စားပွဲ မှာပွတ်၊ ခြင်ထောင်ထဲမှာပွတ်၊ လှေကားထစ်ထောင့်ချိုးမှာပွတ်၊ လမ်းဘေးအုတ်ခုံမှာပွတ်၊ ထိုင်ပွတ်၊ ထပွတ်၊ လျောင်းပွတ်၊အိပ်ပွတ်။ ထိုင်းရဲက အရည်မရ အဖတ်မရ ဖုန်းပွတ်နေတာကို မြင်လိုက်တာနဲ့ ဒါမြန်မာနိုင်ငံသားဆိုတာ ကိုးဆယ့်ကိုး ဒသမ ကိုးကိုး သေချာတယ်ဆိုပြီး ဖမ်းတာပါ။ လွဲခဲတယ် ခင်ဗျ။

[သုံး]

မြန်မာနိုင်ငံသားဖြစ်မှန်း တန်းသိနိုင်တဲ့ အချက်တွေဟာ တော်တော်ပဲ များပါတယ်။ ထိုင်း ရောက် မြန်မာတွေဟာ ထိုင်းနဲ့ ဆင်တူကြတာကြောင့် ထိုင်းလား၊ မြန်မာလားဆိုတာကို အထက် မှာ ပြောပြခဲ့တဲ့ နည်းလမ်းမျိုးတွေနဲ့ ခွဲရသလို ဥရောပကမ္ဘာလို၊ အနောက်ကမ္ဘာလို နိုင်ငံကလူတွေကျတော့ လည်း ဒါဟာ မြန်မာလား၊ ထိုင်း လား၊ ဗီယက်နမ်လား၊ ကမ္ဘောဒီးယားလား ခွဲခြားရခက်တတ်ပါ တယ်။ ရင်းနှီးသူ၊ လူဖြူမိတ်ဆွေ တချို့က မြန်မာဖြစ်မှန်းတန်းသိ တဲ့အချက်တချို့ကို အသိတရား လက်ဆောင် ဝေမျှ ပါတယ်။

လေဆိပ်ထဲမှာ Check In ၀င်တဲ့အခါ၊ လေဆိပ်ကောင်တာမှာ Boarding Pass ယူတဲ့အခါ၊ လေယာဉ်ပေါ်သို့တက်၊ လေယာဉ် ပေါ် က ဆင်းတဲ့အခါ တန်းမစီဘဲနဲ့ ဟိုလိုလို သည် လိုလို လုပ်ပြီး ၀င်လာ သူကို တွေ့တဲ့အခါ အဲဒါမြန်မာပါ တဲ့။

အမှိုက်ကို ရထားပေါ်က၊ ကားပေါ်က၊ လမ်းလျှောက်သွား နေရင်းက၊ တိုက်ခန်းပေါ်က ပစ် ချသူကိုတွေ့တဲ့အခါ အဲဒါမြန်မာ ပါတဲ့။

ကလေးငယ်ကလေးတစ် ယောက်၊ သက်ကြီးရွယ်အိုတစ် ဦး၊ မသန်စွမ်းသူ တစ်ပုဂ္ဂိုလ်ကို တွေ့နေပါလျက်နဲ့ ထိုင်ခုံက မထ ပေးဘဲ နေမြဲနေနေတာ အဲဒါမြန် မာပါတဲ့။

မျဉ်းကျားကနေ လမ်းကူးဖို့ စောင့်နေတဲ့ လူကိုရပ်မပေး၊ ကူး နေတဲ့သူကို တွေ့တော့လည်း နင် ပဲ ငဆနဲ့ ဆဲဆိုကြိမ်းမောင်းပြီး မထီမဲ့မြင်မောင်းနှင်ထွက်သွားတတ် တဲ့ ကားမောင်းသူနဲ့ တွေ့တဲ့အခါ အဲဒါ မြန်မာပါတဲ့။

အသက်မပြည့်တဲ့ ကလေး တွေကို စီးကရက်ရောင်းပေးတာ မြန်မာ၊ အရက်ဘီယာရောင်းပေး တာ မြန်မာ၊ အိမ်နားနီးချင်းတွေ နားမခံသာအောင် သီချင်းတွေ၊ တရားခွေတွေ ၀က်ဝက်ကွဲ ဖွင့်တာ မြန်မာ၊ ကိုယ့်ကြောင့် လူတစ်ယောက်ယောက် အနေအထား ပျက်သွားတဲ့အခါ တောင်းပန်ပါ တယ်လို့ တိုးလျှိုးဖို့ ၀န်လေးနေ တာ မြန်မာ၊

သြော်...မြန်မာရဲ့ သိ သာထင်ရှားတဲ့ အမှတ်အသား တွေဟာ များလှချည်ရဲ့။

ဒါပေမဲ့...အဲဒါတွေဟာ ကျေနပ်စရာတွေလားလို့ မေးခဲ့ရင် မြန်မာနိုင်ငံ သားတွေ ဘယ်လိုဖြေကြ လေမယ် မသိ။ စိတ်တွေ ဘာတွေ ရော ဆိုးနေကြဦးမှာလေလား။ ကျွန်တော်ကတော့ မဆိုးဘူး။ မဆိုးချင်ဘူး။ အဲဒါ ကျွန်တော်တို့ရဲ့ ပုံရိပ်ပဲလေ။ အဲသည် ပုံရိပ်ကို ကျွန်တော်တို့ ကိုယ်တိုင်ဖန်တီးခဲ့ကြ တာပဲ လေ။

မကျေနပ်ရင် အဲသည့်ပုံရိပ် တွေကို ဖျက်ပစ်ဖို့ပဲပေါ့။ ပုံရိပ်လှ အောင်ပြန်ပြီး ထုဆစ်ကြရုံပဲပေါ့။

အဲဒါ စာဖတ်တဲ့သူတွေရော၊ စာမဖတ်တဲ့ သူတွေရော ပြန်ပြီး ထု ဆစ်ကြမှရမယ့်ကိစ္စ။ မြန်တာနှေး တာက နိုင်ငံသားတွေနဲ့ စိတ်ဇော အဟုန်ထက်သန်မှု၊ မထက်သန် မှု။

မောင်သာချို ရေးသားသည်ကို မမာလာကြွယ် မှ ပြန်မျှခဲ့သည်။
----------
- မှတ်စုကြမ်းမှ ထပ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါသည်#kyawnge

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။