ဂစ်(စ်)အိုးကြီးတွေဟာ အသုံးခံသလို အတန်ကြာအသုံးပြုပြီးတဲ့အခါ ဂစ်(စ်)အိုးမှာ ဂစ်(စ်)တွေဘယ်လောက် ကျန်ရှိနေသေးလဲ မှန်းကြည့်ဖို့ ခက်ခဲတတ်ပါတယ်။ မကြည့်ပြီးလို့ မှန်းကြည့်မယ်ဆိုလည်း သူ့အလေးချိန်နဲ့ကျတော့ မလွယ်ကူပါဘူး။ သို့သော် ဒီနည်းလမ်းက ဂစ်(စ်)အိုး သေးသေး၊ ကြီးကြီး ဂစ်(စ်)အကျန် စစ်ဆေးသိရှိဖို့ အသုံးတည့်နိုင်ပါလိမ့်မယ်။
ဂစ်(စ်)အိုးကို စောင်းပေးလိုက်ပါ။ ပြီးတော့ ဘေးတစ်လျှောက်လုံး အပေါ်မှအောက်ဆုံးအထိ ပွက်ပွက်ဆူတဲ့ရေနွေးဖြင့် လောင်းချရပါမယ်။ လောင်းလိုက်တဲ့ရေကြောင့် ပူနေတဲ့ ဂစ်(စ်)အိုးနေရာဟာ ဂစ်(စ်)မရှိတော့တဲ့နေရာဖြစ်ပြီး ပိုအေးတဲ့နေရာမှာတော့ ဂစ်(စ်)တွေကျန်ရှိနေသေးတဲ့ နေရာတွေပဲဖြစ်ပါတယ်။ ကွဲပြား ခြားနားမှုမရှိဘူးဆိုရင် အကုန်သုံးလိုက်ပြီပေါ့လေ။
Ref: lifetricks
Credit...Tren Myanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။