မျက်ရည်
ဆိုကြပါစို့
ခင်ဗျားပဲဖြစ်ဖြစ်ကျွန်တော် ပဲဖြစ်ဖြစ်
အဲဒီ့ခေတ်က မကုန်သေးဘူး
သံဝေဂတွေအဆုတ်လိုက် အခိုင်လိုက်
ပေါင်မုန့်တစ်လုံးကို
အချစ်ရေလို့လည်း မခေါ်နိုင်ဘူး
လိုအပ်ချက်ကိုပြုပြင်ဖို့ရာ
မတည်မြဲသော စိတ်နဲ့မတည်မြဲသော ညီညွတ်မှုများ
ကြက်ကလေး ငှက်ကလေးဖမ်းသလို
ဖမ်းမယ်ဆိုရင်တော့
မေတ္တာတရားကို မိမယ်မထင်ဘူး။ ။
အောင်ခိုင်မြတ်
စတိုင်သစ်မဂ္ဂဇင်း၊နိုဝင်ဘာ၊ ၁၉၉၉
ဆိုကြပါစို့
ခင်ဗျားပဲဖြစ်ဖြစ်ကျွန်တော်
အဲဒီ့ခေတ်က မကုန်သေးဘူး
သံဝေဂတွေအဆုတ်လိုက် အခိုင်လိုက်
ပေါင်မုန့်တစ်လုံးကို
အချစ်ရေလို့လည်း မခေါ်နိုင်ဘူး
လိုအပ်ချက်ကိုပြုပြင်ဖို့ရာ
မတည်မြဲသော စိတ်နဲ့မတည်မြဲသော ညီညွတ်မှုများ
ကြက်ကလေး ငှက်ကလေးဖမ်းသလို
ဖမ်းမယ်ဆိုရင်တော့
မေတ္တာတရားကို မိမယ်မထင်ဘူး။ ။
အောင်ခိုင်မြတ်
စတိုင်သစ်မဂ္ဂဇင်း၊နိုဝင်ဘာ၊
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။