Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, October 4, 2015

အော်ကြအုံးကွာ


အော်ကြအုံးကွာ
==========

(၁)

အမေရိကန်အစိုးရနဲ့အဆင်ပြေအောင်..
ပြည်သူ့ဘဏ္ဍာထဲက...
ဒေါ်လာ သိန်းပေါင်းများစွာသုံးပြီး..
လော်ဘီငှားနေရတဲ့ဘ၀....

အမေရိကန်က အလကားပေးတဲ့..
ဖေ့စ်ဘုတ်ကို သုံးပြီး ဖွတာတောင်..
လူကြိုက်နည်းပြီး အားမရလို့..
လစဉ် လစဉ် အတွက် အမေရိကန်ကုမ္မဏီ ဖေ့စ်ဘုတ်ကို
ဒေါ်လာတွေ ပေး ပေးနေရတဲ့ဘ၀..

တရုတ်က ဆီမဆွတ်ပဲဗျဉ်းတာကို မခံနိုင်လို့
ရုန်းထွက်ချင်တော့..
အမေရိကန်အပါအ၀င် အနောက်အုပ်စုနဲ့
US ပါတနာ ဂျပန် ကိုးရီးယားကို အရှက်မဲ့စွာနဲ့..
လက်ဖြန့်တောင်းစားနေရတဲ့ဘ၀...

"အော်ကြအုံး ကွာ..အမျိုးချစ်သူကြီး..
အော်ကြအုံး ကွာ....ဘာသာချစ်သူကြီး.."

------------------------

(၂)

စားထားမျိုထားတဲ့ ဘဘရွှေတို့အုပ်စုကို
မတို့ရဲ မထိရဲပေမဲ့...
နိုင်ငံတကာကျတော့..
အမျိုးဘာသာသိက္ခာကျရင်ကျပါစေ..
"ချေးမှာပဲ..တောင်းမှာပဲ."ဆိုတဲ့..
စိတ်ထားညံ့ဖျဉ်းလှတဲ့ ဘ၀..

တိုင်းပြည် ကိုကျတိုးတက်အောင်မလုပ်..
စားစရာရှိတာအကုန်စားလို့..
ပြည်သူတွေအကုန်လုံးကို..ခွေးဖြစ်အောင်ထားပြီး..
လူမျိုးနဲ့ဘာသာကို စောင့်ရှောက်တယ်လို့..
ခံယူချင်နေကြရှာတဲ့....
စုတ်ပြတ်တဲ့ အတွေးအခေါ်ရှိတဲ့ဘ၀..

နိုင်ငံတကာ အကူအညီ..နဲ့..
ချေးငွေတွေ ရပ်လိုက်ရင်..
အကုန်လုံးပြန်ဆပ်လိုက်ရင်..

တိုင်းပြည်တစ်ခုလုံး....
ကုန်းကောက်စရာမရှိလောက်အောင်ကို..
ဖြစ်သွားနိုင်တဲ့အထိ...
ကြွေးထူလွန်းလှတဲ့...
ခွေးထက်မိုက်တဲ့ သူတွေအုပ်ချုပ်တဲ့ဘ၀..

"အော်ကြအုံး ကွာ..အမျိုးချစ်သူကြီး..
အော်ကြအုံး ကွာ....ဘာသာချစ်သူကြီး.."

------------------------

(၃)

ခရိုနီဆောက်ပေးတဲ့အိမ်ကြီးတွေမှာနေတဲ့
ဘဘတွေက ရှူးတိုက်တိုင်း...
သွားရည်တမြားမြားနဲ့ လိုက်ကိုက်နေတဲ့..
နှောင်ကြိုးမဲ့ ၀ုတ်ဝုတ် များရဲ့ဘ၀..

ဒေါ်လာသန်းချီတန် ကားတွေစီးနေတဲ့...
ဘဘတွေနဲ့ မာမီတွေက ပစ်တဲ့ခဲနောက်ကို..
တရုန်းရုန်းနဲ့ လိုက်နေတဲ့...
ကတ္တီပါလက်အိတ်စွတ်..ဘောမများရဲ့ဘ၀..

မဟာမုနိကို ဗိုက်ဖေါက်...
သီတဂူကိုလူဝတ်လဲ..၊
သာမညကို အလောင်းဖျောက်ပြာချ၊
တိပိဋက ဆရာတော်ကို သေတဲ့အထိနှိပ်စက်တဲ့...
မီးသင်္ကန်းကပ်တတ်သူ အာဏာရှင်လူတန်းစားတွေက...
မြှောက်ပေးတိုင်း...အဟုတ်မှတ်နေတဲ့..
သင်္ကန်းတရုန်းရုန်းနဲ့ ဘုန်းဘုန်းတစ်ချို့ရဲ့..ဘ၀..

"အော်ကြအုံး ကွာ..အမျိုးချစ်သူကြီး..
အော်ကြအုံး ကွာ....ဘာသာချစ်သူကြီး.."

------------------------

(၄)

နိုင်ငံတကာ ကမ္ဘာလှည့်ခရီးသည်တွေရှေ့...
သူတို့နိုင်ငံက..၀က်တွေတင်တဲ့ကားစုတ်ကို..
စုတ်ပြတ်စွာတွယ်စီးနေတဲ့ ပြည်သူတွေအတွက်..
ရှက်ရကောင်းမှန်းလဲမသိ...နာရကောင်းမှန်းလဲမသိတဲ့
အောက်တန်းကျစိတ်ဓာတ်ရှိတဲ့ဘ၀...

အုပ်ချုပ်သူတွေ သောက်သုံးမကျလို့
နိုင်ငံတကာကိုထွက်ပြီးအလုပ်လုပ်နေတဲ့..
(၄)သန်းလောက်အထိများလွန်းနေတဲ့..
မြန်မာလူမျိုးတွအတွက်...တစ်ချက်မှ..
ရှက်ရကောင်းမှန်း ရပ်တည်ရကောင်းမှန်းမသိတဲ့ဘ၀..

တိုင်းပြည်စီးပွားရေးမတည်ငြိမ်..
ဒေါ်လာဈေးတွေကတက်နေတဲ့အချိန်မှာ..
ပညာမဲ့ ငပိန်းတွေ အတွင်းပစ္စည်းရောင်းသလိုမျို
သယံဇာတတွေထုတ်ရောင်း..တာကလွဲရင်
မည်မည်ရရ စီးပွားရေးမရှိလေတော့..
ကေတီဗီ မာဆပ်တွေ ထောင်စား..
စပွန်ဆာယဉ်ကျေးမှုတွေ ဖြန့်ချီလို့...
နာမည်မခံတဲ့ ဖါတွေကိုမွေးမြုနေတဲ့အပြင်..

တရုတ်ပြည်ကို သူတို့သမီးရောင်းတဲ့အဆင့်..
တရုတ်ပြည်ရဲ့ သားဖေါက်စက်တွေလို..
မြန်မာမတွေကို သုံးပြုခံတဲ့အဆင့်အထိ
ရောက်တာကိုတောင်...သောက်ရှက်မရှိတဲ့
မျက်နှာပေးနဲ့ နောက်ငါးနှစ် ဆက်နေချင်သေးတဲ့..
ခေါင်း သာသာစိတ်ဓာတ်ရှိသူတွေရဲ့ဘ၀..

"အော်ကြအုံး ကွာ..အမျိုးချစ်သူကြီး..
အော်ကြအုံး ကွာ....ဘာသာချစ်သူကြီး.."

--------------------------

(၅)

အော်ချင်သလိုအော်..
ကြိုက်သလိုအော်...
သေအောင်အော်ကြ...

တိုင်းပြည်မတိုးတက်ပဲ...
အမျိုးဘာသာအော်လို့မရ..

တိုင်းပြည် မထက်မြက်ပဲ..
အမျိုးဘာသာ အော်လို့မရ..

ပညာမတတ်...စာမဖတ်ပဲ..
နိုင်ငံတကာလက်ဖြန့်နေတဲ့အစိုးရဟာ..
ခါချဉ်ကောင်မာန်ကြီးလို့..
တောင်ကြီးဖြိုပြီး...
သင်္ကြန်အမြောက်ဖေါက်သလို..
အမျိုးဘာသာချစ်တယ်လို့ပြောတာကို
ဘယ်လိုမှ စဉ်းစားလို့မရ..နိုင်ဘူး..

----------------

(၆)

တို့နိုင်သမိုင်း..
အနော်ရထာလက်ထက် ဘုန်းမီးတောက်ခဲ့ချိန်..
မင်းကျင့်တရား ပြည့်စုံတဲ့အချိန်..
ပြည်သူတွေ ဆီကိုရေချိုးလို့ ဆေးရိုးမီးလှုံတဲ့အချိန်..
ပုဂံဆိုတဲ့ ဘာသာရေးအမွေအနှစ်..
အခုထက်တိုင် ကမ္ဘာက ရင်သပ်ရှုမောခဲ့တယ်..

ဘုရင့်နောင်လက်ထက်..
ဘုန်းမီးတောက်ခဲ့ချိန်...
ဘာသာသာသနာထွန်းကားလို့..
ဟံသာဝတီနန်းတော်တစ်ခုလုံး..
ရွှေပြားခတ်ပြီး တရုတ်ကုလားယိုးဒယားအထိ
နိုင်ငံတော်ကျယ်ပြန့်ခဲ့ရ...
လက်အောက်ခံဘုရင် (၂၀)ကျော်နဲ့..
ဧကရာဇ်လို စိုးစံခဲ့ကြတယ်..
ဘာသာသာသနာ ရွှေတ၀င်းဝင်းဖြစ်ခဲ့တယ်..

ဘုရင့်နောင်နဲ့..အနော်ရထာလက်ထက်တွေမှာ
ပြည်သူ့ဘဏ္ဍာမခိုး၊ လာဘ်လာဘမယူ..
သယံဇာတမရောင်းစား..၊
ပြည်သူကို မနှိပ်စက်..
ကိုယ့်နိုင်ငံသားကို မျက်နှာငယ်အောင်မလုပ်..
မြန်မာ...ဆိုတာနဲ့..ဒေသတွင်းနိုင်ငံအကြား..
ဖိန့်ဖိန့်တုန်လို့...ဘာသာသာသနာဆိုတာလဲ..
အရှိန်အ၀ါတောက်လင်းခဲ့ရတယ်..

အူမတောင့်မှ သိလစောင့်မည်..
တရားရှိသူအုပ်ချုပ်မှ ဘာသာသာသနာတိုးတက်မည်..
ဆိုတာကို...ခေါင်းထည့်ထည့်ထားကြ..၊

သူခိုးအစိုးရက ထိပ်ကမိုးနေရင်..
ခေါင်အောက်က ပြည်သူကလဲ...
နည်းမျိုးစုံနဲ့ ခွေးဖြစ်ပြီး..
အကျင်းစာရိတ္တတွေပျက်နိုင်သလို..

ဘာသာသာသနာကွယ်လို့..
သာသနာတုများပေါ်ပြီး..
ထေရ၀ါဒ ပျောက်နိုင်တဲ့အပြင်..

အစွန်းရောက် ဘာသာရေးဂိုဏ်းများလဲ..
များလာမည် ဖြစ်တယ်ဆိုတာ..
အားလုံး...သတိပြုကြစေဖို့..

ဒီတိုက်တွန်းချက်ကို ရေးပါတယ်..

( Pa Yit)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။