“ခေတ်သစ်ကျောက်” နဲ့ ရော့ခ်ကို ပုံဖေါ်မယ့်
Idiots
-လဲ့ဖြူပြာမျိုးမြင့်
ရော့ခ်အပေါ်ထားတဲ့ ရူးသွပ်မှုကို ကန့်သတ်မှုဘောင် တစ်စုံတစ်ရာ မထားဘဲ လွတ်လွတ်လပ်လပ် ဖန်တီးထားတယ်ဆိုတဲ့ “ခေတ်သစ်ကျောက်” လို့ အမည်ပေးထားတဲ့ ဒုတိယ အယ်လ်ဘမ်ကို ပရိသတ်လက်ထဲ အရောက်ပို့နိုင်ဖို့ စိုင်းပြင်းနေပြီဖြစ်တဲ့ Idiots အဖွဲ့က “ဂီတ ဖန်တီးတဲ့နေရာမှာ ကော်မာရှယ်ကို အရမ်းကြည့်ပြီး ဘယ်အချိန်အတောအတွင်း ပြီးရမယ်ဆိုတာမျိုး Target ထား မလုပ်ချင်တာမို့ အချိန်နည်းနည်း ကြန့်ကြာနေတာ” လို့ ဆိုလာပါတယ်။
“ကိုယ် ဖီးလ်လာရင် လာတဲ့အချိန် ကျွန်တော်တို့ သွားတီးတယ်။ သီချင်းတွေကလည်း အားလုံး ပြီးသွားပါပြီ။ အခု တီးတောင် တီးနေပါပြီ။ တစ်ဝက်လောက်တော့ ပြီးပြီ။ ပရိသတ်တွေလည်း နားထောင်တဲ့အခါ အမြဲ နားထောင်လို့ရအောင်၊ မရိုးနိုင်အောင် သေချာလုပ်နေတယ်။ အချိန် တစ်နှစ် နှစ်နှစ် ကြာသွားတာက ကျွန်တော်တို့အတွက် အပန်းကြီးတယ်လို့ မထင်ဘူး။ ထွက်လာတဲ့ အခါကျရင် သိသာမှာပါ။ အချိန်ယူပြီး သေချာလုပ်ထားတဲ့အတွက် အမှားလည်း နည်းတာပေါ့” လို့ ရေမွန်က ဆိုပါတယ်။
Idiots တွေရဲ့ အနုပညာ ဖန်တီးမှုတွေကို “လူအဂီတ” မှာကတည်းက လက်ခံအားပေးခဲ့ကြတဲ့ ပရိသတ်တွေအနေနဲ့ ဒုတိယအခွေဖြစ်တဲ့ “ခေတ်သစ်ကျောက်”မှာ သူတို့ကိုယ်သူတို့ ယုံကြည်မှုတွေ ပိုလို့ စွန်းထင်းလာတာ တွေ့ရမှာပါ။ "သီချင်းတွေက မျှတော့မျှမှာပါ။ ကွာခြားတာကတော့ ပထမခွေထက် Confidence ပိုကောင်းလာမယ် ထင်တယ်။ ကိုယ် Technique ဘယ်လောက် သုံးနိုင်လဲ။ Mood ဘယ်လောက် ထည့်နိုင်လဲဆိုတာ ဒီအခွေမှာ ပိုပြီး ယုံကြည်ချက် ရှိသွားတာပေါ့။ ပိုပြီးတော့ Life Art ပိုဆန်သွားမယ် ထင်တယ်။” လို့ ရေမွန်က သူ့ ဒုတိယအယ်လဘမ်အပေါ် ပိုအားရတဲ့ အနေအထားကို ပြောပြပါတယ်။
ဒီအခွေရဲ့ အတီးပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း “အကြမ်းပိုင်းဆိုရင် ပထမအခွေထက်ကို ပိုပြီးတော့ Speed ပိုပါမယ်။ ပိုပြီး ကြမ်းတဲ့ Pattern တွေနဲ့ ဆန်းသစ်မယ်။ အနုဆိုရင်လည်း နားထောင်လိုက်တာနဲ့ အရမ်းနုပြီး “သေလို့ရတယ်” လို ပုံစံမျိုးလေးတွေနဲ့ သေချာ လုပ်ထားပါတယ်” လို့ ကိုဂျပန်က ပြောပြပါတယ်။
သူတို့ဖန်တီးထားတဲ့ သီချင်းတွေနဲ့ ပတ်သက်ပြီး အချင်းချင်း အယူအဆ ကွဲလွဲတာမျိုးတွေ ညှိနှိုင်းရတာမျိုးတွေ ရှိလား” ဆိုတဲ့ မေးခွန်းကိုတော့ ကိုဂျပန်က ဒီလိုဖြေပါတယ်။
“များသောအားဖြင့် အားလုံးက ကိုယ့်ဘာသာကိုယ် ဖီးလ်လာတဲ့အချိန်မှာ ရေးထားတာလေးတွေကို အဆိုသမား ရေမွန်ကို ပြဖြစ်တာပေါ့။ သူ နားထောင်လို့ ကြိုက်တယ်ဆိုရင် အဲဒါကို ပြန်ပြီး Arrange ပြန်လုပ်ကြတာပေါ့”။
ဒါနဲ့ ပတ်သက်ပြီး ရေမွန်ကလည်း “တကယ်တမ်း ကျွန်တော်တို့ အကုန်လုံးက ဘော်ဒါတွေလိုပေါင်းပြီး အမြဲတမ်းထိတွေ့နေရတော့ အကြိုက်ချင်းတူတယ်။ နားထောင်တဲ့ သီချင်းချင်း တူတယ်။ ဖြတ်သန်းလာတဲ့ အတွေ့အကြုံချင်း တူတယ်။ အဲဒီတော့ တစ်ယောက်နဲ့တစ်ယောက် Mood ချင်းလည်း အတူတူပါပဲ” လို့ ပြောပြပါတယ်။
ဒီလို ဖြတ်သန်းမှုချင်းတူတဲ့ Idiots အချင်းချင်းကြားမှာ အကြိုက်ချင်း၊ ဝမ်းစာဖြည့်တာချင်း တူနေတာတွေက တကယ်တော့ သူတို့ အချင်းချင်းကြားက Sharing လုပ်တတ်တဲ့ အလေ့အထလေးကြောင့် ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားထောင်ဖြစ်တဲ့ သီချင်းအသစ်တွေ၊ Music ပုံစံအသစ်တွေကိုသာမက Music နဲ့ပတ်သက်တဲ့ သူ့အမြင် ကိုယ့်အမြင်တွေကို အမြဲ ပေါင်းစပ် ဖန်တီးတာမျိုးတွေလည်း ရှိနေကြလို့ ပါတဲ့။
“Studio ရောက်ပြီးမှ အသစ် ထပ်ပေါ်လာတာလေးတွေလည်း ရှိတယ်။ အဲဒီရောက်မှ ဒီလို ပြောင်းတီးလိုက်ရင် ကောင်းမယ် ဆိုတာမျိုးတွေလည်း ရှိတယ်။ ကျွန်တော် အသစ်တစ်ခု နားထောင်ဖြစ်ရင်လည်း ကိုဂျပန် ဒီBand မိုက်တယ် နားထောင်ကြည့်ဆိုပြီး အမြဲတမ်း Share လုပ်ဖြစ်တယ်”။
Idiots ရဲ့ ဒုတိယအယ်လဘမ်အနေနဲ့ လုံးဝ အခွေသစ်တစ်ခုလို ခြားနားတဲ့ ပုံစံသစ်နဲ့ထွက်လာမှာ မဟုတ်တဲ့အကြောင်း ရေမွန်က ဒီလို ပြောပြပါသေးတယ်။
“မင်းအတွက်မင်း လို သီချင်းမျိုး ထပ်ပါမယ်။ စိတ်ဓာတ်ခွန်အားပေးတဲ့ သီချင်းမျိုးပေါ့။ ဒီလိုသီချင်းမျိုးက အမြဲပါနေမှာပဲ။ ကျွန်တော်တို့ဂီတကို နားထောင်ပြီး တစ်စုံတစ်ခု ကျန်ခဲ့စေချင်တယ်။ အချစ် သီချင်းလေးတွေရော၊ ငါ့ဘဝ နင်ပြန်ယူ လိုမျိုး မုန်းတီးရွံရှာတာမျိုးပါမယ် ။ အစုံပေါ့”။
ဒီလိုသီချင်းတွေထဲကပဲ သူ့ပရိသတ်ကို အဓိက နားထောင်စေချင်တဲ့သီချင်း နှစ်ပုဒ် ပါပါသတဲ့။ အဲဒါကတော့ သူတို့ Band ရဲ့ Theme Song လို့ ပြောလို့ရတဲ့ “လူအဂီတ”နဲ့ “အကျ” ဆိုတဲ့ သီချင်းပါတဲ့။ “အဲဒီ ' အကျ ' သီချင်းမှာ ကျွန်တော်တို့ စက်တွေရော ဂီတာတွေနဲ့ပါ ဝုန်းထားတာတွေ ပါတယ်။ သေချာကြီး လုပ်ထားတာပေါ့။ ကျန်တဲ့ သီချင်းတွေလည်း သူ့ဟာနဲ့သူတော့ မိုက်ပေမယ့် အဲဒီ ၂ ပုဒ်က Idiots ရဲ့ Style အနေနဲ့ရော Theme အနေနဲ့ရော ပေါ်လို့ နားထောင်စေချင်တာ။ “တခန်းရပ်” သီချင်းဆိုလည်း ကျွန်တော်တို့ ဒုတိယအခွေထဲ ထည့်မယ့်ဟာကို အခုက ပရိသတ်တွေကြား တော်တော် ပြန့်နေပြီ။ ပရိသတ်တွေကိုလည်း ကျွန်တော်တို့ တောင်းပန်ထားတယ်။ Offical မထွက်သေးတဲ့အတွက် ကျွန်တော်တို့မှာ အများကြီး ထိခိုက်မှုရှိတယ်ဗျာ။ တကယ်တမ်း ထွက်လာတဲ့အချိန်ကျရင် ဒါကြီးက နားထောင်ပြီးသား အဟောင်းကြီး ဖြစ်သွားလိမ့်မယ်။ ”
လတ်တလော အခွေသစ် မထွက်နိုင်သေးတဲ့အတွက် ရှိုးပွဲတွေမှာ ဆိုရတဲ့သီချင်းတွေ ထပ်နေတာကို သူတို့ကိုယ်တိုင်က ငြီးငွေ့နေတာမို့ ခွေသစ်ထွက်ပြီးမှပဲ ရန်ကုန်ရှိုးတွေမှာ သေချာဆိုဖြစ်တော့မယ်လို့လည်း ဆိုပါတယ်။
“ကျွန်တော်တို့ ကိုယ်တိုင်တောင် “ဝမ်းနည်းတတ်တဲ့ချစ်သူ” တို့၊ “သေလို့ ရတယ်” တို့ကို ပွဲတိုင်းလိုလို ဆိုဖြစ်နေတော့ နည်းနည်းငြီးငွေ့တယ်။ Showတွေကလည်း နောက်ပိုင်း ဆိုရတာက နယ်တွေပဲ များတယ်”
နယ်ရှိုးတွေနဲ့ နယ်ပရိသတ်တွေ ထိတွေ့မှု များလာတဲ့အပေါ် သူတို့ရဲ့ ဖီလင်ကလည်း အရမ်းမိုက်ပါသတဲ့။
“ပုသိမ်ဘက်တွေဆို အရမ်းမိုက်တယ်။ အောက်မှာ ရော့ခ်ကာတွေချည်းပဲ။ အရမ်းလည်း အားပေးတယ်။ S.I.R တက်တူး ထိုးထားတဲ့သူတွေလည်း ရှိတယ်။ အခုဆိုရင် မော်လမြိုင်နဲ့ တောင်ကြီးဘက် သွားဆိုဖို့ ရှိတယ်” လို့ နယ်ပရိသတ်တွေနဲ့ သူတို့ကြားက ရင်းနှီး လှိုက်လဲမှုကို ပြောပြသွားခဲ့ပါတယ်။
တကယ်တော့ Band တစ်ခုအနေနဲ့ အချိန်ကြာ လက်တွဲရပ်တည်နိုင်ဖို့က လွယ်ကူလှတာတော့ မဟုတ်ပါဘူး။ တစ်ဦးကောင်း တစ်ယောက်ကောင်း သွားရတာ မဟုတ်တဲ့အတွက် အချိန်မတန်ခင် ခွာပြဲသွားရတဲ့ Band တွေ တွေ့ရသလို၊ နေရာတစ်ခု မရောက်ခင် Underground Band အနေအထားမှာကတည်းက အဖွဲ့ကွဲသွားတာမျိုးတွေ တွေ့နေရပေမယ့် Idiots ကတော့ ပရိသတ် အခိုင်အမာနဲ့ ရပ်တည်နိုင်တဲ့ ခုချိန်ထိတိုင်အောင် အပြန်အလှန် နားလည်မှုတွေနဲ့ အောင်မြင်တဲ့ Rock Band တစ်ခုအဖြစ် တွေ့နေရဆဲပါပဲ။ ဒီလို ရပ်တည်နိုင်တဲ့ အဓိက အကြောင်းရင်းကတော့ “ပွင့်ပွင့် လင်းလင်းနဲ့ အတတ်နိုင်ဆုံး တစ်ယောက်နဲ့တစ်ယောက် ညှိကြတဲ့ အလေ့အကျင့်” လို့ ကိုဂျပန်က ပြောသလို ရေမွန်ကလည်း “Band တစ်ခုဆိုတာ Family လိုပါပဲ” လို့ ဆိုပါတယ်။
“ ဒီ Family မှာ ကိုယ်က Drum တီးတယ်ထားပါတော့ Bass တီးတဲ့ အကို ရှိရမယ်။ ဂစ်တာတီးတဲ့ ညီရှိမယ်ပေါ့။ Vocal ဆိုတဲ့ ညီမ ရှိမယ်ပေါ့။ အဲဒါ ကိုယ့် Family ဖြစ်သွားပြီ။ မိသားစုစိတ်ဓါတ် ထားနိုင်မှပဲ ဖြစ်တော့မယ်။ တခြား နိုင်ငံတွေမှာ Band တစ်ခု ရပ်တည်ဖို့ အဓိကကျတဲ့ဝင်ငွေက အရမ်းကြီး မခက်ခဲပေမယ့် ကျွန်တော်တို့ဆီမှာကျတော့ ဝင်ငွေအရလည်း ရပ်တည်ဖို့ခက်တယ်။ ငတ်တစ်လှည့် ပြတ်တစ်လှည့်နဲ့မို့ မိသားစု စိတ်ဓာတ်ရှိနိုင်မှပဲ ရေရှည် ရပ်တည်နိုင်မှာပါ။”
တစ်ဦးတည်း ကောင်းဖို့အတွက် ရှေ့ထွက်ချင်တဲ့စိတ်တွေ Idiots အဖွဲ့ဝင်တွေမှာ မရှိတာကလည်း သူတို့အဖွဲ့ ရေရှည်တည်တံ့နိုင်ဖို့ ပံ့ပိုးထားတဲ့ အချက်တစ်ခု ဖြစ်ပါသေးတယ်။
“Idiots မှာကျတော့ Front Man ဖြစ်ချင်တဲ့သူ နည်းတယ်။ တစ် Band လုံးက ကိုယ်ရတဲ့နေရာကနေ Support လုပ်ဖို့ပဲ ရည်ရွယ်ချက် ရှိကြတယ်ဗျာ။ ငါတီးတာ၊ ငါဆိုတာက ပိုပြီး ကောင်းရမယ်ဆိုတဲ့ စိတ်မရှိဘူး။ အဲဒီတော့ Focus က သီချင်းပေါ်မှာပဲ ဖြစ်တဲ့အတွက်ကြောင့် သိပ်မညှိရဘူး။ ဒရမ်သမားက ဒရမ်မာတစ်ယောက်ရဲ့ Mood၊ Vocal သမားက သူ့ရဲ့ Mood၊ နောက် ဂစ်တာသမားကလည်း သူ့ Mood ရတယ်ဆိုတော့ အဲဒီပေါ်မှာလည်း ထပ်ပြီးတော့ လောဘကြီးပြီး လိုချင်တဲ့သူ မရှိဘူး”
အဲဒါတွေအပြင် Idiots တွေကြားမှာ ရှိနေတဲ့ နောက်ထပ် စိတ်တူကိုယ်တူရှိတဲ့ အချက်ကတော့ သူတို့ကိုယ်တိုင်ရဲ့ လွတ်လပ်တဲ့ ရှင်သန်ရပ်တည်မှုတွေနဲ့ Rock Music ကို ချစ်တဲ့စိတ်ဓာတ်ပါပဲ။
“ကျွန်တော်တို့က Rock ကို မပျောက်သွားစေချင်ဘူး။ Music Category တစ်ခုက လူနေမှုစတိုင်နဲ့ အများကြီး ဆက်စပ်တယ်ဗျ။ ကျွန်တော်တို့ ကြိုးစားတယ်။ ရုန်းကန်တယ်။ ပေပေတေတေ လျှောက်သွားတယ်။ လုပ်ချင်တာ လုပ်တယ်။ သိပ် ဂရုမစိုက်ဘူး။ ဘောင်မထားဘူးပေါ့။ အဲဒါ Rock ရဲ့ Culture၊ Rock ရဲ့ Life Styleလို့ ပြောလို့ ရတယ်ဗျာ။ ကျွန်တော်တို့က အဲဒါကိုလည်း ကြိုက်တယ်။ကျွန်တော်တို့ နေထိုင်နေတဲ့ ပုံစံကလည်း Rock ပဲ။ အဲဒါကို ကျွန်တော်တို့ ကြိုက်တယ်ပေါ့ဗျာ။ လူငယ်တွေလည်း အဲဒါကို ခံစားမိမှာပဲ။ များသောအားဖြင့် ကိုယ့်ဘာသာကိုယ် ကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်နေကြရတဲ့ လူငယ် တော်တော်များများက Rock နဲ့ နီးစပ်မှာပါ” လို့ ရေမွန်က ရော့ခ်နဲ့ Idiots တစ်သားတည်း ဖြစ်နေတဲ့အကြောင်း ဆိုပါတယ်။
Idiots ပရိသတ်တွေက သူတို့ ဖန်တီးထားတဲ့ အနုပညာဖန်တီးမှုတွေအပေါ် နားလည်ခံစားနိုင်တာကို ရှိုးတွေမှာ လက်တွေ့ တွေ့ရတဲ့အခါ အရမ်း သဘောကျမိတယ်ဆိုတဲ့ ရေမွန်က သူ ကြုံတွေ့ခဲ့တဲ့ ဆေးတက္ကသိုလ် ရှိုးပွဲ အတွေ့အကြုံလေးကို ပြောပြပါတယ်။
“မှတ်မှတ်ရရ ဆေးတက္ကသိုလ် ၂ ပွဲမှာ ကျွန်တော်တို့ စင်ပေါ်မှာ ဆိုကြတယ်။ အဲဒီမတိုင်ခင် ပုသိမ်မှာ ပွဲဆိုလာတာဆိုတော့ ကျွန်တော်တို့အသံက အရမ်း ဂိ နေပြီ။ “နောက်ကျော” သီချင်း ဆိုမယ့်အချိန် ကျွန်တော်လည်း ပရိသတ်ကို စိတ်ပါရင် စင်ပေါ်တက်ပြီး ကူဆိုပေးလို့ ရတယ်ဆိုတော့ ကျောင်းသားတစ်ဖွဲ့ တက်လာပြီး Crack အော်ရမယ့် အပိုင်းတွေပါ သူတို့ ဝင်အော်ဆို ပေးသွားတယ်။ ကိုယ်တွေ ခံစား ဖန်တီးထားတာကို သူတို့ နားလည်တယ် ဆိုတဲ့ သဘောပေါ့နော်”။
Idiots ရဲ့သဘောအရ သူတို့က ပရိသတ်အကြိုက်နောက်ကို လိုက်တာထက် ပရိသတ်ကို ဆွဲခေါ်သွားချင်တဲ့ သူတွေလို့ မြင်ရပါတယ်။
“ပထမအခွေထဲက ' အသက်ငွေ့ငွေ့ ' သီချင်း အမျိုးအစားဆိုရင် တခြား နိုင်ငံတွေမှာ Music Category အရ ဆိုရင် အရမ်းရိုးရင် ရိုးနေလိမ့်မယ်။ လုပ်ပြီးသားတွေ အများကြီး ရှိပြီးသား။ ဒီမှာကျတော့ လုံးဝ မရှိသေးဘူး။ ကျွန်တော်တို့က ကိုယ့်ပရိသတ်တွေ လိုက်နားထောင်လို့ မီမယ့်ဟာမျိုးနဲ့ ဆွဲဆွဲပြီး ခေါ်သွားချင်တာ။ အဓိကကတော့ ကိုယ်တွေနဲ့လည်း အကြိုက်ချင်း တူစေချင်တယ်။ ဒါမှလည်း ပရိသတ်နဲ့ ကိုယ်နဲ့က ရေရှည်သွားလို့ ရမှာပေါ့ ” လို့ ရေမွန်က ပရိသတ်တွေကို အသစ်တွေနဲ့ မိတ်ဆက်ပေးချင်တဲ့ အကြောင်း ပြောပါတယ်။
ဒီလို ရော့ခ်ကို ကိုယ့်ရဲ့လိုက်ဖ်စတိုင်တစ်ခုလို ကိုယ်စားပြုထားတဲ့ လူငယ် အဖွဲ့သားတွေကို ဘယ်မှာတွေ့ရ တွေ့ရ အမြဲလို တက်ကြွပျော်ရွှင်နေတာ မြင်တွေ့ရမှာပါ။ သူတို့က သီချင်းတွေ မပေါက်လို့ မအောင်မြင်လို့ ထိုင်စိတ်ညစ်နေမယ့်သူတွေ မဟုတ်ဘူးလို့လည်း ပြောပါသေးတယ်။ “အဓိကက ကိုယ်ရောက်တဲ့နေရာမှာ ပျော်ပျော်နေတတ်ဖို့ လိုတယ်” လို့ ရေမွန်က ဆိုပါတယ်။ ဒီလို ပျော်ပျော်နေတတ်ပြီး စိတ်အား တက်ကြွနေတတ်တဲ့ ရေမွန်နဲ့ Idiots အဖွဲ့သားတွေကတော့ သူတို့ချစ်တဲ့ရော့ခ်ကို အားမလျှော့တမ်း ဆက် ဖက်တွယ်ထားမယ့်ပုံပါပဲ။ ရော့ခ်ဂီတအပေါ် သူတို့ရဲ့ရူးသွပ်မှုကို ဘယ်လိုများ ပုံဖော် အားထုတ်ထားသလဲ ဆိုတာကိုတော့ သိပ်မကြာခင်မှာပဲ “ခေတ်သစ်ကျောက်” အယ်လ်ဘမ်နဲ့ သက်သေပြသွားတော့မှာမို့ တကယ် စိတ်လှုပ်ရှားစရာ စောင့်ကြည့် နားထောင်ရမှာ ဖြစ်ပါတယ်။
NOW Magazine
စာစီကျေးဇူးရှင် Ko Hipster Hippy
Idiots
-လဲ့ဖြူပြာမျိုးမြင့်
ရော့ခ်အပေါ်ထားတဲ့ ရူးသွပ်မှုကို ကန့်သတ်မှုဘောင် တစ်စုံတစ်ရာ မထားဘဲ လွတ်လွတ်လပ်လပ် ဖန်တီးထားတယ်ဆိုတဲ့ “ခေတ်သစ်ကျောက်” လို့ အမည်ပေးထားတဲ့ ဒုတိယ အယ်လ်ဘမ်ကို ပရိသတ်လက်ထဲ အရောက်ပို့နိုင်ဖို့ စိုင်းပြင်းနေပြီဖြစ်တဲ့ Idiots အဖွဲ့က “ဂီတ ဖန်တီးတဲ့နေရာမှာ ကော်မာရှယ်ကို အရမ်းကြည့်ပြီး ဘယ်အချိန်အတောအတွင်း ပြီးရမယ်ဆိုတာမျိုး Target ထား မလုပ်ချင်တာမို့ အချိန်နည်းနည်း ကြန့်ကြာနေတာ” လို့ ဆိုလာပါတယ်။
“ကိုယ် ဖီးလ်လာရင် လာတဲ့အချိန် ကျွန်တော်တို့ သွားတီးတယ်။ သီချင်းတွေကလည်း အားလုံး ပြီးသွားပါပြီ။ အခု တီးတောင် တီးနေပါပြီ။ တစ်ဝက်လောက်တော့ ပြီးပြီ။ ပရိသတ်တွေလည်း နားထောင်တဲ့အခါ အမြဲ နားထောင်လို့ရအောင်၊ မရိုးနိုင်အောင် သေချာလုပ်နေတယ်။ အချိန် တစ်နှစ် နှစ်နှစ် ကြာသွားတာက ကျွန်တော်တို့အတွက် အပန်းကြီးတယ်လို့ မထင်ဘူး။ ထွက်လာတဲ့ အခါကျရင် သိသာမှာပါ။ အချိန်ယူပြီး သေချာလုပ်ထားတဲ့အတွက် အမှားလည်း နည်းတာပေါ့” လို့ ရေမွန်က ဆိုပါတယ်။
Idiots တွေရဲ့ အနုပညာ ဖန်တီးမှုတွေကို “လူအဂီတ” မှာကတည်းက လက်ခံအားပေးခဲ့ကြတဲ့ ပရိသတ်တွေအနေနဲ့ ဒုတိယအခွေဖြစ်တဲ့ “ခေတ်သစ်ကျောက်”မှာ သူတို့ကိုယ်သူတို့ ယုံကြည်မှုတွေ ပိုလို့ စွန်းထင်းလာတာ တွေ့ရမှာပါ။ "သီချင်းတွေက မျှတော့မျှမှာပါ။ ကွာခြားတာကတော့ ပထမခွေထက် Confidence ပိုကောင်းလာမယ် ထင်တယ်။ ကိုယ် Technique ဘယ်လောက် သုံးနိုင်လဲ။ Mood ဘယ်လောက် ထည့်နိုင်လဲဆိုတာ ဒီအခွေမှာ ပိုပြီး ယုံကြည်ချက် ရှိသွားတာပေါ့။ ပိုပြီးတော့ Life Art ပိုဆန်သွားမယ် ထင်တယ်။” လို့ ရေမွန်က သူ့ ဒုတိယအယ်လဘမ်အပေါ် ပိုအားရတဲ့ အနေအထားကို ပြောပြပါတယ်။
ဒီအခွေရဲ့ အတီးပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း “အကြမ်းပိုင်းဆိုရင် ပထမအခွေထက်ကို ပိုပြီးတော့ Speed ပိုပါမယ်။ ပိုပြီး ကြမ်းတဲ့ Pattern တွေနဲ့ ဆန်းသစ်မယ်။ အနုဆိုရင်လည်း နားထောင်လိုက်တာနဲ့ အရမ်းနုပြီး “သေလို့ရတယ်” လို ပုံစံမျိုးလေးတွေနဲ့ သေချာ လုပ်ထားပါတယ်” လို့ ကိုဂျပန်က ပြောပြပါတယ်။
သူတို့ဖန်တီးထားတဲ့ သီချင်းတွေနဲ့ ပတ်သက်ပြီး အချင်းချင်း အယူအဆ ကွဲလွဲတာမျိုးတွေ ညှိနှိုင်းရတာမျိုးတွေ ရှိလား” ဆိုတဲ့ မေးခွန်းကိုတော့ ကိုဂျပန်က ဒီလိုဖြေပါတယ်။
“များသောအားဖြင့် အားလုံးက ကိုယ့်ဘာသာကိုယ် ဖီးလ်လာတဲ့အချိန်မှာ ရေးထားတာလေးတွေကို အဆိုသမား ရေမွန်ကို ပြဖြစ်တာပေါ့။ သူ နားထောင်လို့ ကြိုက်တယ်ဆိုရင် အဲဒါကို ပြန်ပြီး Arrange ပြန်လုပ်ကြတာပေါ့”။
ဒါနဲ့ ပတ်သက်ပြီး ရေမွန်ကလည်း “တကယ်တမ်း ကျွန်တော်တို့ အကုန်လုံးက ဘော်ဒါတွေလိုပေါင်းပြီး အမြဲတမ်းထိတွေ့နေရတော့ အကြိုက်ချင်းတူတယ်။ နားထောင်တဲ့ သီချင်းချင်း တူတယ်။ ဖြတ်သန်းလာတဲ့ အတွေ့အကြုံချင်း တူတယ်။ အဲဒီတော့ တစ်ယောက်နဲ့တစ်ယောက် Mood ချင်းလည်း အတူတူပါပဲ” လို့ ပြောပြပါတယ်။
ဒီလို ဖြတ်သန်းမှုချင်းတူတဲ့ Idiots အချင်းချင်းကြားမှာ အကြိုက်ချင်း၊ ဝမ်းစာဖြည့်တာချင်း တူနေတာတွေက တကယ်တော့ သူတို့ အချင်းချင်းကြားက Sharing လုပ်တတ်တဲ့ အလေ့အထလေးကြောင့် ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားထောင်ဖြစ်တဲ့ သီချင်းအသစ်တွေ၊ Music ပုံစံအသစ်တွေကိုသာမက Music နဲ့ပတ်သက်တဲ့ သူ့အမြင် ကိုယ့်အမြင်တွေကို အမြဲ ပေါင်းစပ် ဖန်တီးတာမျိုးတွေလည်း ရှိနေကြလို့ ပါတဲ့။
“Studio ရောက်ပြီးမှ အသစ် ထပ်ပေါ်လာတာလေးတွေလည်း ရှိတယ်။ အဲဒီရောက်မှ ဒီလို ပြောင်းတီးလိုက်ရင် ကောင်းမယ် ဆိုတာမျိုးတွေလည်း ရှိတယ်။ ကျွန်တော် အသစ်တစ်ခု နားထောင်ဖြစ်ရင်လည်း ကိုဂျပန် ဒီBand မိုက်တယ် နားထောင်ကြည့်ဆိုပြီး အမြဲတမ်း Share လုပ်ဖြစ်တယ်”။
Idiots ရဲ့ ဒုတိယအယ်လဘမ်အနေနဲ့ လုံးဝ အခွေသစ်တစ်ခုလို ခြားနားတဲ့ ပုံစံသစ်နဲ့ထွက်လာမှာ မဟုတ်တဲ့အကြောင်း ရေမွန်က ဒီလို ပြောပြပါသေးတယ်။
“မင်းအတွက်မင်း လို သီချင်းမျိုး ထပ်ပါမယ်။ စိတ်ဓာတ်ခွန်အားပေးတဲ့ သီချင်းမျိုးပေါ့။ ဒီလိုသီချင်းမျိုးက အမြဲပါနေမှာပဲ။ ကျွန်တော်တို့ဂီတကို နားထောင်ပြီး တစ်စုံတစ်ခု ကျန်ခဲ့စေချင်တယ်။ အချစ် သီချင်းလေးတွေရော၊ ငါ့ဘဝ နင်ပြန်ယူ လိုမျိုး မုန်းတီးရွံရှာတာမျိုးပါမယ်
ဒီလိုသီချင်းတွေထဲကပဲ သူ့ပရိသတ်ကို အဓိက နားထောင်စေချင်တဲ့သီချင်း နှစ်ပုဒ် ပါပါသတဲ့။ အဲဒါကတော့ သူတို့ Band ရဲ့ Theme Song လို့ ပြောလို့ရတဲ့ “လူအဂီတ”နဲ့ “အကျ” ဆိုတဲ့ သီချင်းပါတဲ့။ “အဲဒီ ' အကျ ' သီချင်းမှာ ကျွန်တော်တို့ စက်တွေရော ဂီတာတွေနဲ့ပါ ဝုန်းထားတာတွေ ပါတယ်။ သေချာကြီး လုပ်ထားတာပေါ့။ ကျန်တဲ့ သီချင်းတွေလည်း သူ့ဟာနဲ့သူတော့ မိုက်ပေမယ့် အဲဒီ ၂ ပုဒ်က Idiots ရဲ့ Style အနေနဲ့ရော Theme အနေနဲ့ရော ပေါ်လို့ နားထောင်စေချင်တာ။ “တခန်းရပ်” သီချင်းဆိုလည်း ကျွန်တော်တို့ ဒုတိယအခွေထဲ ထည့်မယ့်ဟာကို အခုက ပရိသတ်တွေကြား တော်တော် ပြန့်နေပြီ။ ပရိသတ်တွေကိုလည်း ကျွန်တော်တို့ တောင်းပန်ထားတယ်။ Offical မထွက်သေးတဲ့အတွက် ကျွန်တော်တို့မှာ အများကြီး ထိခိုက်မှုရှိတယ်ဗျာ။ တကယ်တမ်း ထွက်လာတဲ့အချိန်ကျရင် ဒါကြီးက နားထောင်ပြီးသား အဟောင်းကြီး ဖြစ်သွားလိမ့်မယ်။ ”
လတ်တလော အခွေသစ် မထွက်နိုင်သေးတဲ့အတွက် ရှိုးပွဲတွေမှာ ဆိုရတဲ့သီချင်းတွေ ထပ်နေတာကို သူတို့ကိုယ်တိုင်က ငြီးငွေ့နေတာမို့ ခွေသစ်ထွက်ပြီးမှပဲ ရန်ကုန်ရှိုးတွေမှာ သေချာဆိုဖြစ်တော့မယ်လို့လည်
“ကျွန်တော်တို့ ကိုယ်တိုင်တောင် “ဝမ်းနည်းတတ်တဲ့ချစ်သူ” တို့၊ “သေလို့ ရတယ်” တို့ကို ပွဲတိုင်းလိုလို ဆိုဖြစ်နေတော့ နည်းနည်းငြီးငွေ့တယ်။ Showတွေကလည်း နောက်ပိုင်း ဆိုရတာက နယ်တွေပဲ များတယ်”
နယ်ရှိုးတွေနဲ့ နယ်ပရိသတ်တွေ ထိတွေ့မှု များလာတဲ့အပေါ် သူတို့ရဲ့ ဖီလင်ကလည်း အရမ်းမိုက်ပါသတဲ့။
“ပုသိမ်ဘက်တွေဆို အရမ်းမိုက်တယ်။ အောက်မှာ ရော့ခ်ကာတွေချည်းပဲ။ အရမ်းလည်း အားပေးတယ်။ S.I.R တက်တူး ထိုးထားတဲ့သူတွေလည်း ရှိတယ်။ အခုဆိုရင် မော်လမြိုင်နဲ့ တောင်ကြီးဘက် သွားဆိုဖို့ ရှိတယ်” လို့ နယ်ပရိသတ်တွေနဲ့ သူတို့ကြားက ရင်းနှီး လှိုက်လဲမှုကို ပြောပြသွားခဲ့ပါတယ်။
တကယ်တော့ Band တစ်ခုအနေနဲ့ အချိန်ကြာ လက်တွဲရပ်တည်နိုင်ဖို့က လွယ်ကူလှတာတော့ မဟုတ်ပါဘူး။ တစ်ဦးကောင်း တစ်ယောက်ကောင်း သွားရတာ မဟုတ်တဲ့အတွက် အချိန်မတန်ခင် ခွာပြဲသွားရတဲ့ Band တွေ တွေ့ရသလို၊ နေရာတစ်ခု မရောက်ခင် Underground Band အနေအထားမှာကတည်းက အဖွဲ့ကွဲသွားတာမျိုးတွေ တွေ့နေရပေမယ့် Idiots ကတော့ ပရိသတ် အခိုင်အမာနဲ့ ရပ်တည်နိုင်တဲ့ ခုချိန်ထိတိုင်အောင် အပြန်အလှန် နားလည်မှုတွေနဲ့ အောင်မြင်တဲ့ Rock Band တစ်ခုအဖြစ် တွေ့နေရဆဲပါပဲ။ ဒီလို ရပ်တည်နိုင်တဲ့ အဓိက အကြောင်းရင်းကတော့ “ပွင့်ပွင့် လင်းလင်းနဲ့ အတတ်နိုင်ဆုံး တစ်ယောက်နဲ့တစ်ယောက် ညှိကြတဲ့ အလေ့အကျင့်” လို့ ကိုဂျပန်က ပြောသလို ရေမွန်ကလည်း “Band တစ်ခုဆိုတာ Family လိုပါပဲ” လို့ ဆိုပါတယ်။
“ ဒီ Family မှာ ကိုယ်က Drum တီးတယ်ထားပါတော့ Bass တီးတဲ့ အကို ရှိရမယ်။ ဂစ်တာတီးတဲ့ ညီရှိမယ်ပေါ့။ Vocal ဆိုတဲ့ ညီမ ရှိမယ်ပေါ့။ အဲဒါ ကိုယ့် Family ဖြစ်သွားပြီ။ မိသားစုစိတ်ဓါတ် ထားနိုင်မှပဲ ဖြစ်တော့မယ်။ တခြား နိုင်ငံတွေမှာ Band တစ်ခု ရပ်တည်ဖို့ အဓိကကျတဲ့ဝင်ငွေက အရမ်းကြီး မခက်ခဲပေမယ့် ကျွန်တော်တို့ဆီမှာကျတော့ ဝင်ငွေအရလည်း ရပ်တည်ဖို့ခက်တယ်။ ငတ်တစ်လှည့် ပြတ်တစ်လှည့်နဲ့မို့ မိသားစု စိတ်ဓာတ်ရှိနိုင်မှပဲ ရေရှည် ရပ်တည်နိုင်မှာပါ။”
တစ်ဦးတည်း ကောင်းဖို့အတွက် ရှေ့ထွက်ချင်တဲ့စိတ်တွေ Idiots အဖွဲ့ဝင်တွေမှာ မရှိတာကလည်း သူတို့အဖွဲ့ ရေရှည်တည်တံ့နိုင်ဖို့ ပံ့ပိုးထားတဲ့ အချက်တစ်ခု ဖြစ်ပါသေးတယ်။
“Idiots မှာကျတော့ Front Man ဖြစ်ချင်တဲ့သူ နည်းတယ်။ တစ် Band လုံးက ကိုယ်ရတဲ့နေရာကနေ Support လုပ်ဖို့ပဲ ရည်ရွယ်ချက် ရှိကြတယ်ဗျာ။ ငါတီးတာ၊ ငါဆိုတာက ပိုပြီး ကောင်းရမယ်ဆိုတဲ့ စိတ်မရှိဘူး။ အဲဒီတော့ Focus က သီချင်းပေါ်မှာပဲ ဖြစ်တဲ့အတွက်ကြောင့် သိပ်မညှိရဘူး။ ဒရမ်သမားက ဒရမ်မာတစ်ယောက်ရဲ့ Mood၊ Vocal သမားက သူ့ရဲ့ Mood၊ နောက် ဂစ်တာသမားကလည်း သူ့ Mood ရတယ်ဆိုတော့ အဲဒီပေါ်မှာလည်း ထပ်ပြီးတော့ လောဘကြီးပြီး လိုချင်တဲ့သူ မရှိဘူး”
အဲဒါတွေအပြင် Idiots တွေကြားမှာ ရှိနေတဲ့ နောက်ထပ် စိတ်တူကိုယ်တူရှိတဲ့ အချက်ကတော့ သူတို့ကိုယ်တိုင်ရဲ့ လွတ်လပ်တဲ့ ရှင်သန်ရပ်တည်မှုတွေနဲ့ Rock Music ကို ချစ်တဲ့စိတ်ဓာတ်ပါပဲ။
“ကျွန်တော်တို့က Rock ကို မပျောက်သွားစေချင်ဘူး။ Music Category တစ်ခုက လူနေမှုစတိုင်နဲ့ အများကြီး ဆက်စပ်တယ်ဗျ။ ကျွန်တော်တို့ ကြိုးစားတယ်။ ရုန်းကန်တယ်။ ပေပေတေတေ လျှောက်သွားတယ်။ လုပ်ချင်တာ လုပ်တယ်။ သိပ် ဂရုမစိုက်ဘူး။ ဘောင်မထားဘူးပေါ့။ အဲဒါ Rock ရဲ့ Culture၊ Rock ရဲ့ Life Styleလို့ ပြောလို့ ရတယ်ဗျာ။ ကျွန်တော်တို့က အဲဒါကိုလည်း ကြိုက်တယ်။ကျွန်တော်တို့ နေထိုင်နေတဲ့ ပုံစံကလည်း Rock ပဲ။ အဲဒါကို ကျွန်တော်တို့ ကြိုက်တယ်ပေါ့ဗျာ။ လူငယ်တွေလည်း အဲဒါကို ခံစားမိမှာပဲ။ များသောအားဖြင့် ကိုယ့်ဘာသာကိုယ် ကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်နေကြရတဲ့ လူငယ် တော်တော်များများက Rock နဲ့ နီးစပ်မှာပါ” လို့ ရေမွန်က ရော့ခ်နဲ့ Idiots တစ်သားတည်း ဖြစ်နေတဲ့အကြောင်း ဆိုပါတယ်။
Idiots ပရိသတ်တွေက သူတို့ ဖန်တီးထားတဲ့ အနုပညာဖန်တီးမှုတွေအပေါ် နားလည်ခံစားနိုင်တာကို ရှိုးတွေမှာ လက်တွေ့ တွေ့ရတဲ့အခါ အရမ်း သဘောကျမိတယ်ဆိုတဲ့ ရေမွန်က သူ ကြုံတွေ့ခဲ့တဲ့ ဆေးတက္ကသိုလ် ရှိုးပွဲ အတွေ့အကြုံလေးကို ပြောပြပါတယ်။
“မှတ်မှတ်ရရ ဆေးတက္ကသိုလ် ၂ ပွဲမှာ ကျွန်တော်တို့ စင်ပေါ်မှာ ဆိုကြတယ်။ အဲဒီမတိုင်ခင် ပုသိမ်မှာ ပွဲဆိုလာတာဆိုတော့ ကျွန်တော်တို့အသံက အရမ်း ဂိ နေပြီ။ “နောက်ကျော” သီချင်း ဆိုမယ့်အချိန် ကျွန်တော်လည်း ပရိသတ်ကို စိတ်ပါရင် စင်ပေါ်တက်ပြီး ကူဆိုပေးလို့ ရတယ်ဆိုတော့ ကျောင်းသားတစ်ဖွဲ့ တက်လာပြီး Crack အော်ရမယ့် အပိုင်းတွေပါ သူတို့ ဝင်အော်ဆို ပေးသွားတယ်။ ကိုယ်တွေ ခံစား ဖန်တီးထားတာကို သူတို့ နားလည်တယ် ဆိုတဲ့ သဘောပေါ့နော်”။
Idiots ရဲ့သဘောအရ သူတို့က ပရိသတ်အကြိုက်နောက်ကို လိုက်တာထက် ပရိသတ်ကို ဆွဲခေါ်သွားချင်တဲ့ သူတွေလို့ မြင်ရပါတယ်။
“ပထမအခွေထဲက ' အသက်ငွေ့ငွေ့ ' သီချင်း အမျိုးအစားဆိုရင် တခြား နိုင်ငံတွေမှာ Music Category အရ ဆိုရင် အရမ်းရိုးရင် ရိုးနေလိမ့်မယ်။ လုပ်ပြီးသားတွေ အများကြီး ရှိပြီးသား။ ဒီမှာကျတော့ လုံးဝ မရှိသေးဘူး။ ကျွန်တော်တို့က ကိုယ့်ပရိသတ်တွေ လိုက်နားထောင်လို့ မီမယ့်ဟာမျိုးနဲ့ ဆွဲဆွဲပြီး ခေါ်သွားချင်တာ။ အဓိကကတော့ ကိုယ်တွေနဲ့လည်း အကြိုက်ချင်း တူစေချင်တယ်။ ဒါမှလည်း ပရိသတ်နဲ့ ကိုယ်နဲ့က ရေရှည်သွားလို့ ရမှာပေါ့ ” လို့ ရေမွန်က ပရိသတ်တွေကို အသစ်တွေနဲ့ မိတ်ဆက်ပေးချင်တဲ့ အကြောင်း ပြောပါတယ်။
ဒီလို ရော့ခ်ကို ကိုယ့်ရဲ့လိုက်ဖ်စတိုင်တစ်ခ
NOW Magazine
စာစီကျေးဇူးရှင် Ko Hipster Hippy
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။