ပင်စိမ်းနှင့် သံပရာ ငှက်ပျောရွက်အိတ် ငါးကင်
(Fish Bake in Banana Leave bag with Basil and Lime)
.......................... .......................... .......................... ..
ငှက်ပျောရွက် အနံ့အရသာက တခြားအရွက်တွေနှင့်မတူတာကြောင့် ငှက်ပျောရွက်နှင့် တွဲဖက်ချက်ထား၊ ကင်ထားသော အစား အစာများဟာ ပိုပြီးဆွဲဆောင်မှုရှိပါတယ်။
ငါးမကြိုက်တဲ့သူတွေတောင် သွားရည်ယိုစေပါတယ်။ လွယ်ကူပါတယ်။ လုပ်စားကြည့်လိုက်နော်။
ပါဝင်ပစ္စည်းများ (၂-၃ ယောက်စာ)
.......................... .......................
• ရေချိုငါး - ၁ ကောင်
(အကြီးခွံခွာပြီး ဗိုက်ခွဲ၊ သုံးနေရာလောက် မွှန်းထားပါ)
• သံပရာရည် - ၁ လုံး (အရည်ညစ်ထားပါ)
• ပင်စိမ်းပင် - ၅ ပင်
(အပင်လိုက်ရေဆေးထားပါ)
• သံပရာသီး - ၁ လုံး
(ခပ်ပါးပါးအကွင်း လိုက်လှီးထားပါ)
• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
• ချင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• သံလွင်ဆီ - စားပွဲဇွန်း ၂ ဇွန်း
• နနွင်း - လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း
• ပင်လယ်ဆားကြမ်းပွင့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ကင်ရန်လိုအပ်သော ပစ္စည်း
.......................... ...........
• ငှက်ပျောရွက် - ၁ ရွက် အကြီး
• အပူခံ ငွေစက္ကူ - လိုသလောက်
ပြုလုပ်နည်း
...................
၁။ ငါးကို ကြေးခွံခွာ ဗိုက်ခွဲ ချေးထုတ်၊ ရေဆေးသန့်စင်ထားပါ။ ပြီးလျှင် ဆားနယ်လျင် အရသာဝင်ရန် ကင်လျင် အကျက်မြန်ရန် ငါးကို အလျားလိုက်လေးတွေ ငါးရဲ့ ၂ ဖက်လုံး မွန်းထားပါ။
ဖန်ဇလုံ အကြီးထဲ ပင်လယ်ဆားကြမ်းပွင်၊ ပင်စိမ်းနှင့် သံပရာကွင်းကလွဲ လို့ ကျန်ပစ္စည်းများအားလုံးထည့်ြ ပီး နာနာနယ်ပါ။ မိနစ် ၃ဝ လောက် နယ်နှပ်ထားပါ။
၂။ နယ်နှပ်ထားတုန်း ကင်ရန် အာဗင်ကို ၂၅ဝ ဒီဂရီ အပူပေးထားပါ။
၃။ ဆားနယ်ထားသော ငါးဝမ်းဗိုက်ထဲ ပင်စိမ်းနှင့် သံပရာကွင်းများ ကျစ်သိပ်နေအောင်ထည့်ပါ။
၎။ ခုံပေါ်မှာ အပူခံငွေစက္ကူကို ငါးအကောင် အရွယ်ထက် အနည်း ငယ်ကြီးကြီးလေး စုတ်ဖြဲပြီး ဖြန့်ထားပါ။ အပူခံငွေစက္ကူပေါ်မှ ငှက် ပျောရွက်ဖြန့်တင်ပြီး ဆားနယ်ထားသော ငါးကိုတင်ပါ။
သံပရာ ကွင်း၊ ပင်စိမ်းပင် ငါးအပေါ်မှတင်ပါ။ ပြီးလျှင် ဆားပွင့်များ လိုသလောက်ဖြူး ပေးပါ။ အားလုံးပြီးလျှင် ငှက်ပျောရွက်ဖြင့် အရင် ငါးကိုပတ်ပါ။ ပြီးလျှင် အပူခံငွေစက္ကူဖြင့် သေချာလုံအောင်
ဘေးဘက်တွေလိပ်တင်ပြီး ထုပ်ပါ။ ၁၅-၂ဝ မိနစ်လောက် ထားပါ။ အပူခံငွေစက္ကူကိုဖွင့်ပြီး အနည်းငယ်အအေးခံပါ။ ပြီးမှ ငှက်ပျောရွက်ဖယ်ကာ သရက်သီးမှည့် ဆော့စ်ဖြင့် တွဲဖက်သုံး ဆောင်နိုင်ပါပြီ။
မှတ်ချက်- ကိုယ်ကြိုက်နှစ်သက်သော ရေချိုငါးကို အသုံးပြုနိုင်ပါတယ်။ ငှက်ပျောရွက်မရှိလျှင် အပူခံငွေစက္ကူဖြင့်ကင်လည်းရပါတယ်။ အာဗင်မရှိလျှင် မီးသွေးမီးဖိုပေါ်တင်ကင်လျှင်
ပိုတောင်ကောင်းပါတယ်။ ၂-၃ ယောက်စာ ငါးတစ်ကောင်ကို ၇၅-၈ဝ ကျပ်သားသုံးပါ။
.......................... ....
Syi Lwin Foods Garden
==================
(Fish Bake in Banana Leave bag with Basil and Lime)
..........................
ငှက်ပျောရွက် အနံ့အရသာက တခြားအရွက်တွေနှင့်မတူတာကြေ
ငါးမကြိုက်တဲ့သူတွေတောင် သွားရည်ယိုစေပါတယ်။ လွယ်ကူပါတယ်။ လုပ်စားကြည့်လိုက်နော်။
ပါဝင်ပစ္စည်းများ (၂-၃ ယောက်စာ)
..........................
• ရေချိုငါး - ၁ ကောင်
(အကြီးခွံခွာပြီး ဗိုက်ခွဲ၊ သုံးနေရာလောက် မွှန်းထားပါ)
• သံပရာရည် - ၁ လုံး (အရည်ညစ်ထားပါ)
• ပင်စိမ်းပင် - ၅ ပင်
(အပင်လိုက်ရေဆေးထားပါ)
• သံပရာသီး - ၁ လုံး
(ခပ်ပါးပါးအကွင်း လိုက်လှီးထားပါ)
• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
• ချင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• သံလွင်ဆီ - စားပွဲဇွန်း ၂ ဇွန်း
• နနွင်း - လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း
• ပင်လယ်ဆားကြမ်းပွင့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ကင်ရန်လိုအပ်သော ပစ္စည်း
..........................
• ငှက်ပျောရွက် - ၁ ရွက် အကြီး
• အပူခံ ငွေစက္ကူ - လိုသလောက်
ပြုလုပ်နည်း
...................
၁။ ငါးကို ကြေးခွံခွာ ဗိုက်ခွဲ ချေးထုတ်၊ ရေဆေးသန့်စင်ထားပါ။ ပြီးလျှင် ဆားနယ်လျင် အရသာဝင်ရန် ကင်လျင် အကျက်မြန်ရန် ငါးကို အလျားလိုက်လေးတွေ ငါးရဲ့ ၂ ဖက်လုံး မွန်းထားပါ။
ဖန်ဇလုံ အကြီးထဲ ပင်လယ်ဆားကြမ်းပွင်၊ ပင်စိမ်းနှင့် သံပရာကွင်းကလွဲ လို့ ကျန်ပစ္စည်းများအားလုံးထည့်ြ
၂။ နယ်နှပ်ထားတုန်း ကင်ရန် အာဗင်ကို ၂၅ဝ ဒီဂရီ အပူပေးထားပါ။
၃။ ဆားနယ်ထားသော ငါးဝမ်းဗိုက်ထဲ ပင်စိမ်းနှင့် သံပရာကွင်းများ ကျစ်သိပ်နေအောင်ထည့်ပါ။
၎။ ခုံပေါ်မှာ အပူခံငွေစက္ကူကို ငါးအကောင် အရွယ်ထက် အနည်း ငယ်ကြီးကြီးလေး စုတ်ဖြဲပြီး ဖြန့်ထားပါ။ အပူခံငွေစက္ကူပေါ်မှ ငှက် ပျောရွက်ဖြန့်တင်ပြီး ဆားနယ်ထားသော ငါးကိုတင်ပါ။
သံပရာ ကွင်း၊ ပင်စိမ်းပင် ငါးအပေါ်မှတင်ပါ။ ပြီးလျှင် ဆားပွင့်များ လိုသလောက်ဖြူး ပေးပါ။ အားလုံးပြီးလျှင် ငှက်ပျောရွက်ဖြင့် အရင် ငါးကိုပတ်ပါ။ ပြီးလျှင် အပူခံငွေစက္ကူဖြင့် သေချာလုံအောင်
ဘေးဘက်တွေလိပ်တင်ပြီး ထုပ်ပါ။ ၁၅-၂ဝ မိနစ်လောက် ထားပါ။ အပူခံငွေစက္ကူကိုဖွင့်ပြီး အနည်းငယ်အအေးခံပါ။ ပြီးမှ ငှက်ပျောရွက်ဖယ်ကာ သရက်သီးမှည့် ဆော့စ်ဖြင့် တွဲဖက်သုံး ဆောင်နိုင်ပါပြီ။
မှတ်ချက်- ကိုယ်ကြိုက်နှစ်သက်သော ရေချိုငါးကို အသုံးပြုနိုင်ပါတယ်။ ငှက်ပျောရွက်မရှိလျှင် အပူခံငွေစက္ကူဖြင့်ကင်လည်းရပ
ပိုတောင်ကောင်းပါတယ်။ ၂-၃ ယောက်စာ ငါးတစ်ကောင်ကို ၇၅-၈ဝ ကျပ်သားသုံးပါ။
..........................
Syi Lwin Foods Garden
==================

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။