အိမ်မှာ ဟင်းတွေဘာတွေချက်ရင်း ပိုသွားတဲ့ ကြက်သားနဲ့ ထမင်း ကျန်လေးတွေဘာတွေ ရှိတယ်ဆိုရင် အောက်ပါဖော်ပြထားတဲ့ အချိုးအစားအတိုင်း ပြင်ဆင်ချက်ပြုတ်လိုက်ပါက လူ ၅ ယောက်စာ ဝလင်စွာ သုံးဆောင်နိုင်ပါတယ်။ ပြင်ဆင်ရလည်း လွယ်ကူတဲ့ အပြင် အကုန်အကျလည်း သက်သာ နည်းလေးဖြစ်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းများ
၁။ ငရုတ်ကောင်း
၂။ ကြက်သွန်နီ
၃။ ကြက်သွန်ဖြူ
၎။ ထမင်း
၅။ ဝိုင်ဖြူအရက် အနည်းငယ်
၆။ ကြက်သား
နည်းလမ်းများ
၁။ ပွပွခုတ်ပိုင်းပြီးတဲ့ ငရုတ်ကောင်းများ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နဲ့ သီးနှံဆီအနည်းငယ် ဆမ်းထားတဲ့ ထမင်းတွေ ဆီပူထိုးရပါမယ်။
၂။ အဲဒါကို ရေအစား ဝိုင်ဖြူအရက် အနည်းငယ်နဲ့ ပေါင်းထည့်ပြီး ထမင်းကျက်သွားတဲ့အထိ ပုံမှန်လေး မွှေပေးပါ။
၃။ ချက်ထားပြီးဖြစ်တဲ့ ကြက်သားကို လှီးဖြတ်ပြီး ထမင်းထဲပေါင်းထည့်ကာ ၅ မိနစ်ခန့် မွှေနှောက် အပူပေးရမှာဖြစ်ပါတယ်။
ကဲ အဲ့ဒီနောက်မှာတော့ အရသာရှိတဲ့ ဟင်းတစ်ပွဲ စားစရာအသစ်တစ်မျိုး ရပါပြီ။
Ref: healthyfitness
http://www.trend.com.mm/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။