Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, September 17, 2015

အမျိုးသားတစ်ယောက်ရဲ့ခွန်အားလို့ဆိုရာမှာ


ခွန်အားဆိုတဲ့ စကားလုံးကို အဓိပ္ပါယ်ဖွင့်ဆိုရရင် အင်အားကြီးမားခြင်းလို့ အကြမ်းအားဖြင့် နားလည်ကြမှာဖြစ်ပါတယ်။ လူတွေမှာရှိတဲ့ခွန်အား၊ တိရိစ္ဆာန်တွေမှာ ရှိတဲ့ခွန်အား အစရှိတဲ့ ခွန်အားနဲ့ပတ်သက်လို့ အားကြီးခြင်းတစ်မျိုးလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။သက်ရှိလောကမှာ လူတွေထက် ခွန်အားကြီးတဲ့ တိရိစ္ဆာန်တွေရှိကြပေမယ့် ဒီလိုခွန်အားကြီးတဲ့ တိရိစ္ဆာန်တွေကို သူ့လောက် ခွန်အားမရှိတဲ့လူသားတွေက ပြန်လည်ပြီးထိန်းချုပ်ထားကြပါတယ်။ဘာကြောင့် ခွန်အားနည်းတဲ့ သတ္တဝါက ခွန်အားကြီးတဲ့သတ္တဝါကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်ရသလဲဆိုတော့ လူသားတွေမှာ တိရိစ္ဆာန်တွေထက်သာလွန်တဲ့ ဦးနှောက်ဥာဏ်ရည် ခွန်အားက ကြီးနေခြင်းကြောင့်ဖြစ်ပါတယ်။
ဒါကြောင့် သက်ရှိသတ္တဝါတွေထဲမှာ လူသားဟာ လည်း လူဆိုတဲ့သတ္တဝါတစ်မျိုးဖြစ်ပေမယ့် သူ့မှာ ဥာဏခွန်အားရော၊ ကာယခွန်အားရော နှစ်ပါးလုံးပြည့်စုံနေတာကြောင့် သက်ရှိလောကတစ်ခုလုံးကို လူသားတွေကဘဲ ဦးစီးလွှမ်းမိုးထားခြင်းဘဲဖြစ်ပါတယ်။
လူသားတွေမှာလည်း အမျိုးသား၊ အမျိုးသမီး ဆိုပြီး ၂ မျိုးကွဲပြားနေရာ အမျိုးသားက အမျိုးသမီးထက် ခန္ဓာဇီဝဖွဲ့စည်းတည်ဆောက်ပုံအရ အင်အားကြီးမားနေပြန်ပါတယ်။ဒါပေမယ့် ဥာဏခွန်အား၊ ကာယခွန်အားအပေါ်မူတည်ပြီး လူသားတွေမှာလည်း ပုံစံအမျိုးမျိုး ပြောင်းလဲဖြစ်တည်သွားပါတယ်။ဥပမာ- အမျိုးသားတစ်ယောက်ဟာ အမျိုးသမီးတစ်ယောက်ထက် ကာယခွန်အားအရ ကြီးမားကောင်းကြီးမားနေပေမယ့် ဥာဏခွန်အားအရ သေးငယ်နေတဲ့အခါ ဥာဏခွန်အားကြီးမားသူအမျိုးသမီးကို လွှမ်းမိုးနိုင်ဖို့ခဲယဉ်းသွားကြပြန်တယ်။
 ဒါ့အပြင် ကာယခွန်အားထက် ဥာဏခွန်အားပိုကောင်းတဲ့အမျိုးသားတွေဟာလည်း လုပ်ငန်းခွင်မှာရော၊ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာရော ၊မိသားစုထဲမှာရော လွှမ်းမိုးအုပ်ချုပ်နိုင်စွမ်းရှိကြပြီး လူသားအချင်းချင်း ထိရောက်စွာ အကျိုးပြုနိုင်စွမ်းရှိကြပြန်တယ်။ဥာဏခွန်အားကြီးမားတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့အင်အားဟာ သူ့ရဲ့မိသားစုတစ်ခုလုံးဆီကို ပြည့်ဝစွာ စီးဝင်နိုင်ပြီး မိသားစုဝင်တွေကို ကောင်းစွာ ရှင်သန်နိုင်စေပါတယ်။အမျိုးသား တစ်ယောက်ရဲ့ ကာယ၊ဥာဏခွန်အားပြည့်ဝမှုဟာ သူ့မိသားစုကိုသာမက သူရှင်သန်ရာပတ်ဝန်းကျင်ကိုပါ များစွာ အကျိုးပြု စေခြင်းဘဲဖြစ်ပါတယ်။ခွန်အားပြည့်ဝတဲ့အမျိုးသားတစ်ယောက်ရဲ့ ဇနီးသည်ဟာ လူမှုဝန်းကျင်အလယ် မှာတောက်ပလင်းလက်နေတတ်ကြသလို ၊ထိုအမျိုးသားဦးစီးတဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်ဟာလည်း လင်းလက်တောက်ပနေတတ်ကြပါတယ်။
ဥာဏခွန်အားနည်းတဲ့အမျိုးသားတစ်ယောက်အတွက်ကတော့ ပတ်ဝန်းကျင်ကိုပါ အကျိုးပြုအားနည်းသလို မိသားစုတွေကိုပါ ပင်ပန်းဆင်းရဲစေတတ်ပါတယ်။တစ်ခါတစ်ရံလမ်းပေါ်မှာ ကလေးငယ်လေးတွေ မိမိဝမ်းမိမိကျောင်းနေကြတာတွေ့ရပါလိမ့်မယ်။ အဲဒီအကြောင်းတရားတွေဟာ ဥာဏအားနည်းမှုရဲ့ အကျိုးသက်ရောက်မှုလို့ပြောလို့ရပါတယ်။အမျိုးသမီးတွေ နုနယ်တဲ့ကလေးငယ်လေးတွေနဲ့ ပင်ပန်းဆင်းရဲဒုက္ခရောက်မှုတွေကိုလည်း တွေ့မြင်ဖူးကြမှာပါ။ဒါတွေဟာလည်း ဥာဏအားနည်းတဲ့အမျိုးသားတစ်ယောက်ကြောင့်ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုလို့ပြောလို့ရပါတယ်။
အင်အားကြီးမားတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့မိသားစုအသိုက်အမြုံလေးကို အုပ်ဆိုင်းတဲ့သစ်ပင်ရိပ်ကြီးလို အေးမြလုံခြုံတဲ့အရိပ်အာဝါသကိုပေးစွမ်းနိုင်ကြပါတယ်။ဒါကို အမျိုးသားတစ်ယောက်ရဲ့စစ်မှန်တဲ့ခွန်အား တစ်ရပ်လို့ခေါ်ဆိုပါတယ်။လူမှု့လောကမှာ ဒီလို အရိပ်အာဝါသကိုပေးနိုင်စွမ်းရှိသူတွေဟာ ဥာဏခွန်အားပြည့်ဝနေခြင်းကြောင့်ဘဲဖြစ်ပါတယ်။ဒါကြောင့် အမျိုးသားတစ်ယောက်ရဲ့ ကာယ၊ ဥာဏခွန်အားဟာ သူရှင်သန်ရာပတ်ဝန်းကျင်ကို များစွာ အကျိုးပြုမှုရှိသလို ထိုခွန်အားတရားအားနည်းမှုဟာလည်း မိသားစုတွေ၊ပတ်ဝန်းကျင်တွေအပေါ်များစွာ ဆင်းရဲဒုက္ခဖြစ်စေတတ်တယ်ဆိုတာ သတိချပ်စရာတွေဖြစ်ပါတယ်။
ဒါဆိုရင် ဒီလို ဥာဏအားနည်းမှုအပေါ် ဘယ်လို အင်အားဖြည့်လို့ရနိုင်မလဲ။လေ့လာခြင်း၊ မှတ်သားခြင်း ၊ သင်ယူခြင်း၊ တာဝန်ယူလိုစိတ်ကိုမွေးမြူပေးခြင်း၊ မကောင်းမှုကိုရှောင်ရှားခြင်း၊ကြိုးစားအားထုတ်လိုစိတ်ကိုမွေးမြူ လေ့ကျင့်ပေးခြင်း၊ ပတ်ဝန်းကျင်အပေါ်၊မိသားစုအပေါ် အကျိုးပြုလိုစိတ်မွေးမြူ ပေးခြင်း၊ မိမိရဲ့အလိုဆန္ဒကိုဆုံးမခြင်း၊မိမိရဲ့အကောင်းအဆိုးကို ဝေဖန်ချင့်ချိန်နိုင်စွမ်းရှိအောင် သတိထားလေ့ကျင့်ပေးခြင်း၊ မိမိရဲ့အမှားကို လက်ခံတတ်အောင်မိမိကုယ်မိမိလေ့ကျင့်ပေးခြင်း၊ မကောင်းမှုကိုရှောင်ကြဉ်ပြီး ကိုယ်ကျင့်သီလကောင်းမွန်မှုကို စောင့်ထိန်းရယူခြင်းဖြင့် မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ၊ဥာဏအရည်အသွေးတွေဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းအားထုတ်လို့ရပါတယ်။ လူတွေမှာ မွေးကတည်းက ဘာမှတတ်စွမ်းလာကြတာမဟုတ်တာကြောင့် မိမိကိုယ်မိမိလေ့ကျင့်ပျိုးထောင်မှုအပေါ်မူတည်ပြီး မိမိရဲ့ ဥာဏခွန်အားကို အင်အားကြီးမားအောင် အာဟာရဖြည့်တင်းလို့ရပါတယ်။ဒါမှသာ လူမှု့လောကမှာ စစ်မှန်တဲ့ခွန်အားအပြည့်နဲ့ အမျိုးသားကောင်းအဖြစ်ရပ်တည်နိုင်မှာဖြစ်ပြီး မိမိရဲ့အသိုက်အမြုံလေးအပေါ်၊ကမ္ဘာလောကသားအပေါ် အင်အားကြီးမားတဲ့ခွန်အားတစ်ရပ်အား အပြည့်အဝပေးစွမ်းနိုင်ကြမှာဖြစ်ပါတယ်။
yangonlife

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။