စိတ်ဓာတ်ကျနေသလား သူငယ်ချင်း? အချိန်လေးခနလောက်ပေးပြီး ဖတ်ကြည့်ပါ..
----------
အရင်ဆုံးပြောချင်တာကတော့ စိတ်ဓာတ်ကျတယ်ဆိုတာ သူငယ်ချင်းတစ်ယောက်ထဲမဟုတ်ပါဘူး။
ကျွန်တော်တို့လူသားအားလုံး စိတ်ဓာတ်ကျတတ်ကြပါတယ်။
ပိုက်ဆံမရှိလို့၊ ချစ်သူနဲ့အဆင်မပြေလို့
မိသားစုနဲ့အဆင်မပြေလို့၊ အလုပ်မှာအဆင်မပြေလို့၊
စာမေးပွဲကျလို့၊ ရုပ်မလှလို့ အမျိုးမျိုးကိုစိတ်ဓာတ်ကျနေ တတ်ကျပါတယ်။ စိတ်ဓာတ်ကျတာ ဆင်းရဲချမ်းသာမရွေးပါဘူး။ ပိုက်ဆံချမ်းသာတဲ့သူတွေတော့ စိတ်ချမ်းသာမယ်လို့သင်ထင်မှာပေါ့။
တကယ်တော့သင်ထင်သလိုမဟုတ်ပါဘူး။
ဥပမာဆိုပါစို့ သင်ကသိပ်မချမ်းသာဘူးသာမန်ရုံးဝန်ထမ်းတစ်ယောက် သင့်မှာသင်အရမ်းကြိုက်တဲ့ Iphoneလေးရှိတယ်ဆိုပါစို့။ အဲဒိ
Iphoneလေး taxiပေါ်မှာမေ့ကျန်ခဲ့တယ်ဆို ပါစို့။ သင်ဘယ်လိုခံစားရမလဲ? ခနလောက်တွေးကြည့်လိုက်ပါ။ ၇သိန်း ၈သိန်းလောက်တန်တဲ့ပစ္စည်းတစ် ခု
အတွက်တောင် သင်အဲ့လောက်စိတ်သောကတွေရောက်ပြီး စိုးရိမ်ပူပန်တတ်နေရင် သိန်းထောင်ပေါင်းများစွာချမ်းသာတဲ့သူတွေရော
ဘယ်လိုစိတ်ထဲမှာဖြစ်နေမယ်ထင်လဲ? သူတို့တွေက ဒီလောက်ချမ်းသာရင်တော်ပါပြီ ဆိုပြီးရပ်သွားတဲ့သူမရှိပါဘူး။ ဒိထက်ပိုချမ်းသာ
အောင်လုပ်နေကြတဲ့သူတွေချည်း ပါပဲ။ သူတို့မှာရှိတဲ့ ချမ်းသာမှုတွေကိုမပျောက်ပျက် အောင်အမြဲထိန်းသိမ်းနေရပါတယ်။
တကယ်တော့အောင်မြင်မှုဆိုတာ ပျော်ရွှင်မှုပါ။ လူတွေက ပျော်ရွှင်မှုရဖို့ ပိုက်ဆံကအဓိကကျတယ်လို့သတ်မှ တ်လိုက်တယ်။အဲဒိတော့ ပိုက်ဆံ=ပျော်ရွှင်မှုဆိုတဲ့ ညီမျှခြင်းနဲ့ သူတို့ဘ၀ကိုဘောင်ခတ်ပစ်လိုက်တယ်။ သူတို့အဲဒိဘောင်ထဲမှာနေထိုင်ကြတယ်။
ဒါပေမဲ့သူတို့ ပျော်ရွှင်ခြင်းအစစ်အမှန်ကို မရရှိကြဘူး။ သူတို့ဘ၀တွေကိုလောဘတွေနဲ့ အနားသတ်လိုက်တယ်။
သူတို့ရဲ့ညီမျှခြင်းကလောဘ+ပိုက်ဆံ=ပျော်ရွှင်မှုဖြစ်လာတယ်။ ကြာလာတော့ ညီမျှခြင်းရဲ့တစ်ဘက်ခြမ်းက ပျော်ရွှင်မှုသူတို့ဆီမှာမရှိ တော့ဘူး။
သူတို့ဆီမှာကျန်ခဲ့တာက လောဘ+ပိုက်ဆံ ဖြစ်သွားတယ်။ သူတို့ရဲ့ဘ၀တွေကဘာနဲ့တူလဲဆိုတော့ ကျောက်တုံးအကြီးကြီး တစ်တုံးကို
အရမ်းမတ်တဲ့တောင်ကုန်းပေါ်ကိုတွန်းတင်နေရသလိုပဲ သူတို့တက်တာမြင့်လာလေလေ အဲဒိကျောက်တုံးကြီးကိုနောက် ပြန်မကျအောင်
အားပိုစိုက်ရလေလေ။ တစ်ချို့ကလည်း အဲဒိကျောက်တုန်းကြီးတွန်းနေ တုန်း အရမ်းလှတဲ့ကြယ်လေးတွေရယ် ပတ်ဝန်းကျင်ကငှက်ကလေး
တွေရဲ့တေးဆိုသံတွေကို မခံစားမိလိုက်ကြဘူး။ တစ်ချို့ကလည်း မနိုင်တဲ့ကျောက်တုန်းကြီးမို့လို့ ဒလိမ့်ခေါက်ကွေးပြုတ်ကျ
ကြတယ်။ တစ်ချို့ကလည်း ချွေးသံတရဲရဲနဲ့။ တစ်ချို့ကတော့ ထိပ်ဆုံးရောက်သွားကြတယ်။ ဒါပေမဲ့ နောက်ထပ်တက်ရမဲ့တောင်တွေအများကြီး
ရှိမှန်းအပေါ်ဆုံးရောက်မှ သိခွင့်ရလိုက်တယ်။ ပိုက်ဆံနဲ့သတ်မှတ်ထားတဲ့အော င်မြင်မှု နောက်ကိုလိုက်ရင်း ဘ၀မှာအရေးကြီးဆုံးအရာအားလုံးကို
ဆုံးရှုံးလိုက်ရတယ်။
ပိုက်ဆံအရေးမကြီးဘူးလားလို့ မေးရင်တော့ အရေးကြီးတာပေါ့။ ဒါပေမဲ့ပျော်ရွှင်မှုရဲ့ အဓိကအကြောင်းရင်းတော့မဟုတ်ဘူးဗျ။
သူကအစိတ်အပိုင်းတစ်ခုထက်မပိုဘူးဗျ။ ဒါကသတ်မှတ်တဲ့သူပေါ်မှာတော့မူတည်တာပေါ့။ သင်ကပိုက်ဆံကပျော်ရွှင်မှုလို့ သတ်မှတ်ရင်တော့
ပိုက်ဆံတွေရှာပြီး ပျော်အောင်စမ်းကြည့်ပေါ့နော်။
ကဲစိတ်ဓာတ်ကျပြီးမပျော်မရွှင်ဖြစ်နေတယ်ဆိုရင် အောက်ပါနည်းလမ်း(၃)မျိုးအတိုင်းစမ်းကြည့်ရအောင်.
(၁) အတွေးတွေပြောင်းလဲကြည့်လိုက်ပါ။
ကျွန်တော်တို့ဘုရားရှင်ကပြောတယ် “The mind is everything. What you think you become” -Buddha
စိတ်ကအရာရာပဲဗျ။ ဥပမာ သင်ကြုံဖူးလား သင်မှန်ထဲကြည့်လိုက်တော့ တခါတလေချောနေတယ်လေ။ အဲဒိအချိန်ဆို ကိုယ့်ကိုအားရနေပါတယ်။
လူရှေ့သူရှေ့ကိုထွက်တော့လည်း ယုံကြည်မှုအပြည့်နဲ့လေ။ ပြီးတော့အဲ့လိုနေ့မျိုးဆို ဘာပဲလုပ်လုပ်အောင်မြင်တာများတယ်။
ဒါပေမဲ့ကျွန်တော်တို့တွေက မှန်ကြည့်ပြီး ကိုယ့်အပြစ်ကိုယ်အရှာကြဆုံး လူသားမျိုးနွယ်တွေလေ။ နှာခေါင်းမလှဘူး၊နားရွက်ကား တယ်
မျက်လုံးကဆွေတယ် ကိုယ့်ကိုကို တမုန်းကဲ့ရဲ့ပြီး စိတ်ဓာက်ကိုအောက်ဆုံးထိဆွဲချလိုက်ကြတယ်လေ။ အဲဒိလိုနေ့မျိုးဆို စိတ်ဓာတ်တွေကျလို့ပေါ့။ ကိုယ့်ကိုကိုယုံကြည်မှုကကျသွားတယ်။ အကျိုးဆက်အနေနဲ့တစ်နေ့လုံးကိုဘာလုပ်လုပ်အဆင်မပြေတော့ဘူး။
ပြန်သုံးသပ်ကြည့်ရအောင်။ သင့်ရုပ်ကဒီရုပ်ပဲ။ ပြောင်းသွားတာသင့်စိတ်။ သင့်စိတ်က သင့်ကိုအကျဉ်းချပစ်လိုက်တယ် ။ သင်ကလည်း
အကျဉ်းချခံရအောင်ကို မရမကလိုက်တွေးတယ်။ အဲဒိတော့ ကျွန်တော်တို့ဘုရားရှင်ပြော တာမမှန်ဘူးလား? စိတ်ကအရာရာပဲတဲ့
သူဘာသာလေထဲမှာလွင့်မျောနေတဲ့ တိမ်တွေကိုလည်း ဆင်ရုပ်တွေ၊ကျားရုပ်တွေ အဖြစ်မြင်ကြည့်လိုက်လို့ရတယ်။ ညဘက်ခေါင်းရင်းမှာ
ထောင်ထားတဲ့ဖျာလိပ်ကြီးကိုလ ည်း သရဲလို့တွေးပစ်လိုက်လို့ရတယ်။ အဲဒိတော့ သေချာပြန်စဉ်းစားရင် ပျော်ရွှင်မှုရဖို့ဆိုတာ စိတ်ကိုပြင်ရမှာပါ။
ပိုက်ဆံမဟုတ်ပါဘူး။ ဒါပေမဲ့ ပိုက်ဆံနဲ့ညီမျှခြင်း ချချင်ရင်လည်းရပါတယ်။ ဒါပေမဲ့ အဲလိုစဉ်းစားရင်တော့ စိတ်ချမ်းသာဖို့ ပိုက်ဆံအရင်ရှာလိုက်အုံးနော်။
ကဲဒီစာကိုဖတ်နေကတည်းကသင်စိတ်ဓာတ်ပြန်တက်ချင်တဲ့သူဆိုတာ သေချာ တယ်။ သင့်အတွေးတွေနည်းနည်းလောက်ေ ပြာင်းကြည့်ပါ။
သင့်ရဲ့အထက်ကသူတွေချည်းပဲမြ ကည့်ပါနဲ့။ သင်စိတ်ဓာတ်ကျနေတယ်ဆိုရင် Busကားတွေကြားထဲပြေးလွှားပြီးပန်းရောင်းနေတဲ့ကလေးတွေ၊
သူများကျောင်းစိမ်းဝတ်စုံလေးတွေကိုငေးကြည့်နေတဲ့ကလေးတွေ၊ တစ်နေ့လုံးမှာထမင်းတစ်နပ်ပဲ စားရတဲ့သူတွေ၊ အာဖရိကက ၂ရက်မှတစ်ခါလောက်အစားအစာစား ခွင့်ရတဲ့ကလေးတွေ ကိုအားနာပါအုံး။
သင်ရုပ်ပိုင်းဆိုင်ရာအားနည်းချက်ရှိတယ်လို့ထင်ရင် ဆယ်တန်းမှာသင်ခဲ့ရဖူးတဲ့ Helen Kellerကိုအားနာပါအုံး။ မျက်စိလည်းမမြင်နားလည်းမကြားခဲ့တဲ့ Helenတောင်ဘ၀ကို ရင်ဆိုင်နိုင်ရင် သင်ကရော။ သင့်မျက်လုံးမလှဘူးထင်ရင်တစ်ခါလောက် မျက်စိမှိတ်ပြီး
လမ်းလျှောက်ကြည့်ပါအုံး။ မျက်စိမမြင်တဲ့ သူတစ်ယောက်ဆိုရင်ရောဘယ်လိုေ နမလဲ? သင်အရမ်းကံကောင်းပါတယ်။ သင်ဒီစာကိုဖတ်နေနို်င်တယ်ေ လ။ဘ၀ရဲ့အလှအပတွေကိုခံစားနို င်တယ်လေ။ မနက်ဖြန်ဆိုတာမသေချာတဲ့အရာမို့လို့ လက်ရှိအချိန်ကိုလေးစားပါ။
ဘယ်တော့မှ မကောင်းတဲ့စိတ်ဓာတ်နဲ့အရာရာ ကိုမကြည့်ပါနဲ့။ အဲဒါဟာ စိတ်ဓာတ်ကျရခြင်းရဲ့အဓိကအြေ ကာင်းရင်းတစ်ခုပါ။ “အချုပ်ခန်းထဲက အကျဉ်းကျခံထားရတဲ့အကျဉ်းသား ၂ယောက်က ပြတင်းပေါက်အပြင်ဘက်ကိုပြို င်တူကြည့်လိုက်တယ်။ ပထမတစ်ယောက်ကပြောတယ် အပြင်မှာရေဗွက်တွေချည်းပဲတဲ့  စိတ်ပျက်ဖို့ကောင်းလိုက်တာတဲ့
ဒုတိယတစ်ယောက်ကပြောတယ် ဒီညလသာတယ်နော်။ ကြယ်တွေလည်းစုံပြီးအရမ်းလှလိုက်တာတဲ့” လူတွေရဲ့အတွေးတွေဟာ လူတွေရဲ့ပျော်ရွှင်မှုပါပဲ။ အရာရာကိုအတတ်နိုင်ဆုံး
အကောင်းမြင်ကြည့်ပါ။ သင်အရင်ထက်စိတ်ချမ်းသာလာတာေ တွ့ရလိမ့်မယ်။
(၂) သင့်ကိုသင်ချီးကျူးပါ။
သင့်ကိုယ်သင်အမြဲအပြစ်ရှာနေ တာကိုခနလောက်ရပ်ပြီး သင့်ကိုသင်ချီးကျူးပါ။ သင်ဘာပဲလုပ်လုပ်တစ်ခုခုအောင်အောင်မြင်မြင်ပြီးဆုံးသွား ရင်
သင့်ကိုယ်သင်ချီးကျူးဖို့မေ မ့ပါနဲ့။ လူတိုင်းလူတိုင်းမှာ ပင်ကိုယ်အရည်အချင်းရှိပါတယ် ။ သင့်မှာလည်းရှိပါတယ်။ သင့်မှာချီးကျူးစရာတစ်ခုမှမ ရှိဘူးလို့သင်ထင်လို့လား? ချီးကျူးစရာတစ်ခုရအောင်ဖန်တီးပါ။ ဥပမာ စိတ်သဘောထားကောင်းအောင်နေကြ ည့်ပါ။ ဒါဟာအတော်ကိုချီးကျူးစရာကော င်းတဲ့
အရာမျိုးပါ။ ဒါမှမဟုတ် ကိုယ့်ကိုကို နှိမ့်ချပြီးနေကြည့်ပါ။ ဒါဟာလည်းလူတိုင်းမလုပ်နိုင် တဲ့အရည်အသွေးပါ။ ဒါမှမဟုတ် အချိန်လေးစားတဲ့သူတစ်ယောက်ြ ဖစ်အောင်နေကြည့်ပါ။ ဒါကလည်း တော်တော်ကိုချီးကျူးစရာကော င်းတဲ့အချက်ပါ။ အဲဒါတွေလုပ်ဖို့ သင်ပိုက်ဆံတစ်ပြားမှမလိုဘူး နော်။ သင့်လုပ်ချင်ဖို့ပဲလိုတာ။
နောက်တစ်ချက်အရေးကြီးတာက သူများကိုလည်း ချီးကျူးပါ။ ရိုးရိုးသားသားချီးကျူးတာက ချီးကျူးခံရသူလည်း စိတ်ချမ်းသာပါတယ်။
(၃) ဘောင်ထဲမှာမနေပါနဲ့။
သင့်ကိုသင်ဘောင်ခတ်ထားတာအရမ်းဆိုးပါတယ်။ တစ်ခုခုကိုမလုပ်နိုင်ဘူး၊အခ က်အခဲတစ်ခုကိုမဖြတ်ကျော်နို င်ဘူး စသဖြင့်တွေးရတာအရမ်းလွယ်ပါတ ယ်။ ဒါပေမဲ့ အဲ့ဒီလိုတွေးတာဟာ ဘာမှကိုအသုံးမ၀င်ပါဘူး။ သင့်ရဲ့ comfort zone ထဲကထွက်ကြည့်ပါ။ ဥပမာ သင်က Englishစာသင်တန်းတစ်ခုမှာ အမြဲတမ်
ရှေ့ထွက်ပြီးမပြောရဲဘူးဆိုပါစို့။ တစ်ခါလောက်ထွက်ပြောဖြစ်အောင် ထွက်ပြောပါ။
အဲ့ဒိလိုများများလုပ်ပေးမှ သင့်ကိုသင်ယုံကြည်မှုတက်လာမှာပါ။ အကျိုးဆက်အနေနဲ့ သင့်ကိုသင်ချီးကျူးဖို့အရာေ တွတိုးလာမှာပါ။ သင့်ကိုသင်လက်ခံပါ။ ဒီအချက်ကအရမ်းအရေးကြီးပါတယ် ။ သင်အသားမဲသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊
ဝသည်ဖြစ်စေ ၊ ပိန်သည်ဖြစ်စေ သင့်ကိုသင်လက်မခံသေးသ၍ ဖုံးကွယ်ဖို့ကြိုးစားနေသ၍ သင်မလုံခြုံမှုတွေနဲ့ စိတ်ဆင်းရဲနေအုံးမှာ။ လောကကြီးနဲ့အသားကျဖို့
ဆိုတာ အရင်းဆုံး ကိုယ်ကိုကိုလက်ခံရပါတယ်။ သင့်ကိုယ်သင်လက်ခံသွားရင် သင့်ရဲ့ရုပ်ရည်ဟာသိသိသာသာကိုပြောင်းလဲသွားပါလိမ့်မယ်။ ယုံကြည်မှုအပြည့်နဲ့အရမ်းကို ကြည့်ကောင်းနေပါလိမ့်မယ်။ အမေရိကန် လူမည်းRapperတွေကိုတွေ့ဖူးမှာပေါ့။
အသားမည်းမည်းနဲ့ရုပ်ချောလို့ လား? မချောဘူးဒါပေမဲ့ယုံကြည်မှုအြ ပည့်နဲ့အရမ်းကိုကြည့်ကောင်း ပါတယ်။ သင့်ကိုယ်သင်ယုံကြည်မှုဟာ သင့်ရဲ့ရုပ်ရည်ကိုပါ အများအမြင်မှာ ပြောင်းလဲပစ်နိုင်ပါတယ်။ ဒါကြောင့် သင့်ကိုသင်လက်ခံပါ။ ယုံကြည်ပါ။ဘောင်ထဲမှာမနေပါနဲ့။ ဘောင်အပြင်ထွက်ကြည့်ပါ။ အပြင်မှာအရမ်းလှပါတယ်….။
Credit: မိုးရှင်း ( I.M.T)
----------
အရင်ဆုံးပြောချင်တာကတော့ စိတ်ဓာတ်ကျတယ်ဆိုတာ သူငယ်ချင်းတစ်ယောက်ထဲမဟုတ်ပ
ကျွန်တော်တို့လူသားအားလုံး စိတ်ဓာတ်ကျတတ်ကြပါတယ်။
ပိုက်ဆံမရှိလို့၊ ချစ်သူနဲ့အဆင်မပြေလို့
မိသားစုနဲ့အဆင်မပြေလို့၊ အလုပ်မှာအဆင်မပြေလို့၊
စာမေးပွဲကျလို့၊ ရုပ်မလှလို့ အမျိုးမျိုးကိုစိတ်ဓာတ်ကျနေ
တကယ်တော့သင်ထင်သလိုမဟုတ်ပါဘ
ဥပမာဆိုပါစို့ သင်ကသိပ်မချမ်းသာဘူးသာမန်ရံ
Iphoneလေး taxiပေါ်မှာမေ့ကျန်ခဲ့တယ်ဆို
အတွက်တောင် သင်အဲ့လောက်စိတ်သောကတွေရောက
ဘယ်လိုစိတ်ထဲမှာဖြစ်နေမယ်ထင
အောင်လုပ်နေကြတဲ့သူတွေချည်း
တကယ်တော့အောင်မြင်မှုဆိုတာ ပျော်ရွှင်မှုပါ။ လူတွေက ပျော်ရွှင်မှုရဖို့ ပိုက်ဆံကအဓိကကျတယ်လို့သတ်မှ
ဒါပေမဲ့သူတို့ ပျော်ရွှင်ခြင်းအစစ်အမှန်ကို
သူတို့ရဲ့ညီမျှခြင်းကလောဘ+ပ
သူတို့ဆီမှာကျန်ခဲ့တာက လောဘ+ပိုက်ဆံ ဖြစ်သွားတယ်။ သူတို့ရဲ့ဘ၀တွေကဘာနဲ့တူလဲဆိ
အရမ်းမတ်တဲ့တောင်ကုန်းပေါ်ကိ
အားပိုစိုက်ရလေလေ။ တစ်ချို့ကလည်း အဲဒိကျောက်တုန်းကြီးတွန်းနေ
တွေရဲ့တေးဆိုသံတွေကို မခံစားမိလိုက်ကြဘူး။ တစ်ချို့ကလည်း မနိုင်တဲ့ကျောက်တုန်းကြီးမိ
ကြတယ်။ တစ်ချို့ကလည်း ချွေးသံတရဲရဲနဲ့။ တစ်ချို့ကတော့ ထိပ်ဆုံးရောက်သွားကြတယ်။ ဒါပေမဲ့ နောက်ထပ်တက်ရမဲ့တောင်တွေအမျ
ရှိမှန်းအပေါ်ဆုံးရောက်မှ သိခွင့်ရလိုက်တယ်။ ပိုက်ဆံနဲ့သတ်မှတ်ထားတဲ့အော
ဆုံးရှုံးလိုက်ရတယ်။
ပိုက်ဆံအရေးမကြီးဘူးလားလို့
သူကအစိတ်အပိုင်းတစ်ခုထက်မပိ
ပိုက်ဆံတွေရှာပြီး ပျော်အောင်စမ်းကြည့်ပေါ့နော
ကဲစိတ်ဓာတ်ကျပြီးမပျော်မရွှင
(၁) အတွေးတွေပြောင်းလဲကြည့်လိုက
ကျွန်တော်တို့ဘုရားရှင်ကပြေ
စိတ်ကအရာရာပဲဗျ။ ဥပမာ သင်ကြုံဖူးလား သင်မှန်ထဲကြည့်လိုက်တော့ တခါတလေချောနေတယ်လေ။ အဲဒိအချိန်ဆို ကိုယ့်ကိုအားရနေပါတယ်။
လူရှေ့သူရှေ့ကိုထွက်တော့လည်
ဒါပေမဲ့ကျွန်တော်တို့တွေက မှန်ကြည့်ပြီး ကိုယ့်အပြစ်ကိုယ်အရှာကြဆုံး
မျက်လုံးကဆွေတယ် ကိုယ့်ကိုကို တမုန်းကဲ့ရဲ့ပြီး စိတ်ဓာက်ကိုအောက်ဆုံးထိဆွဲခ
ပြန်သုံးသပ်ကြည့်ရအောင်။ သင့်ရုပ်ကဒီရုပ်ပဲ။ ပြောင်းသွားတာသင့်စိတ်။ သင့်စိတ်က သင့်ကိုအကျဉ်းချပစ်လိုက်တယ်
အကျဉ်းချခံရအောင်ကို မရမကလိုက်တွေးတယ်။ အဲဒိတော့ ကျွန်တော်တို့ဘုရားရှင်ပြော
သူဘာသာလေထဲမှာလွင့်မျောနေတဲ
ထောင်ထားတဲ့ဖျာလိပ်ကြီးကိုလ
ပိုက်ဆံမဟုတ်ပါဘူး။ ဒါပေမဲ့ ပိုက်ဆံနဲ့ညီမျှခြင်း ချချင်ရင်လည်းရပါတယ်။ ဒါပေမဲ့ အဲလိုစဉ်းစားရင်တော့ စိတ်ချမ်းသာဖို့ ပိုက်ဆံအရင်ရှာလိုက်အုံးနော
ကဲဒီစာကိုဖတ်နေကတည်းကသင်စိတ
သင့်ရဲ့အထက်ကသူတွေချည်းပဲမြ
သူများကျောင်းစိမ်းဝတ်စုံလေ
သင်ရုပ်ပိုင်းဆိုင်ရာအားနည်
လမ်းလျှောက်ကြည့်ပါအုံး။ မျက်စိမမြင်တဲ့ သူတစ်ယောက်ဆိုရင်ရောဘယ်လိုေ
ဘယ်တော့မှ မကောင်းတဲ့စိတ်ဓာတ်နဲ့အရာရာ
ဒုတိယတစ်ယောက်ကပြောတယ် ဒီညလသာတယ်နော်။ ကြယ်တွေလည်းစုံပြီးအရမ်းလှလ
အကောင်းမြင်ကြည့်ပါ။ သင်အရင်ထက်စိတ်ချမ်းသာလာတာေ
(၂) သင့်ကိုသင်ချီးကျူးပါ။
သင့်ကိုယ်သင်အမြဲအပြစ်ရှာနေ
သင့်ကိုယ်သင်ချီးကျူးဖို့မေ
အရာမျိုးပါ။ ဒါမှမဟုတ် ကိုယ့်ကိုကို နှိမ့်ချပြီးနေကြည့်ပါ။ ဒါဟာလည်းလူတိုင်းမလုပ်နိုင်
နောက်တစ်ချက်အရေးကြီးတာက သူများကိုလည်း ချီးကျူးပါ။ ရိုးရိုးသားသားချီးကျူးတာက ချီးကျူးခံရသူလည်း စိတ်ချမ်းသာပါတယ်။
(၃) ဘောင်ထဲမှာမနေပါနဲ့။
သင့်ကိုသင်ဘောင်ခတ်ထားတာအရမ
ရှေ့ထွက်ပြီးမပြောရဲဘူးဆိုပ
အဲ့ဒိလိုများများလုပ်ပေးမှ သင့်ကိုသင်ယုံကြည်မှုတက်လာမှ
ဝသည်ဖြစ်စေ ၊ ပိန်သည်ဖြစ်စေ သင့်ကိုသင်လက်မခံသေးသ၍ ဖုံးကွယ်ဖို့ကြိုးစားနေသ၍ သင်မလုံခြုံမှုတွေနဲ့ စိတ်ဆင်းရဲနေအုံးမှာ။ လောကကြီးနဲ့အသားကျဖို့
ဆိုတာ အရင်းဆုံး ကိုယ်ကိုကိုလက်ခံရပါတယ်။ သင့်ကိုယ်သင်လက်ခံသွားရင် သင့်ရဲ့ရုပ်ရည်ဟာသိသိသာသာကိ
အသားမည်းမည်းနဲ့ရုပ်ချောလို
Credit: မိုးရှင်း ( I.M.T)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။