Yoyarlay added 12 new photos — with Thet Hlaing and 3 others.
ဒူဘိုင္းရဲ႕ ေစ်းအၾကီးဆံုး ကြန္ဒိုအိမ္ရာ အခန္း
ယူေအအီးနိုင္ငံ၊ ဒူဘိုင္းျမို႕လယ္ေခါင္က ေနရာတစ္ခုမွာ ကမၻာ့ ေစ်းအၾကီးဆံုး ကြန္ဒို အိမ္ရာမွ အခန္းမ်ား ေရာင္းခ်ေနပါတယ္။ တစ္ခန္းကို ျဗိတိန္ေပါင္ ၃၂ သန္း ကေန ေစ်းႏွုန္းစတင္ပါတယ္။ အေပၚဆံုးအထိပ္ penthouse အခန္းက်ယ္ လိုခ်င္တယ္ဆုိရင္ ေစ်းက ႏွစ္ဆနီးပါးေတာင္ ျဖစ္ပါလိမ့္မယ္။
ကြန္ဒို အခန္းတစ္ခန္းကို Master Bed room ၈ ခန္း ပါဝင္ျပီး အခန္း စုစုေပါင္း အက်ယ္က စတုရန္းေပ ၄၂၄၇၇ ရွိပါတယ္။ ၂၂ ထပ္ ျမင့္တဲ့ တိုက္မွာ အခန္း ၂၂ ခန္းပဲ ထားရွိထားတဲ့ သေဘာပါ။ ဒီေတာ့ ယင္းကြန္ဒုိမွာေနထိုင္မယ့္ ၂၂ မိသားစုဟာလည္း ဒူဘိုင္မွ သုိ႔မဟုတ္ ကမၻာတစ္ဝန္းက ခ်မ္းသာတဲ့ မီလ်ံနာ၊ ဘီလ်ံနာမ်ား ျဖစ္ပါလိမ့္မယ္။ အလွျပင္ဆိုင္မ်ား၊ ေရကူးကန္မ်ား၊ အျခား အနားယူစရာ အပန္းေျဖစရာ အမ်ိဳးမ်ိဳး တို႔ကိုလည္း တြဲလ်က္ တည္ရွိထားေပး ပါတယ္။ တိုက္ေပၚမွာလည္း ရွိသလို၊ တုိက္ေအာက္မွာလည္း ပန္းျခံ၊ ေရကူးကန္၊ ကမ္းေျခ အစရွိသျဖင့္တို႔က အလိုအေလ်ာက္ ပါဝင္ျပီးသား ျဖစ္ပါတယ္။
အခန္းက စတင္တည္ေဆာက္စ အခ်ိန္ပဲ ရွိပါေသးတယ္။ ၂၀၁၇ ခုႏွစ္မွ ျပီးမွာပါ။ ဒါေပမယ့္ ေစ်းကြက္မွာ တင္ေရာင္းေနျပီ ျဖစ္ပါတယ္။ ေစ်းႏွုန္းကို ေဖာ္ျပလိုက္တဲ့အခါ ဒူဘိုင္းမွာ ေစ်း အၾကီးဆံုး အခန္းမ်ား ျဖစ္ေနတာေၾကာင့္ လူအမ်ား စိတ္ဝင္တစား ေလ့လာခဲ့ၾက ပါတယ္။
.
Ref: dailymail
ေအာင္ခမ္း (ရိုးရာေလး)
#aungkham_yyl
#news_yyl
www.yoyarlay.com
.
Ref: dailymail
ေအာင္ခမ္း (ရိုးရာေလး)
#aungkham_yyl
#news_yyl
www.yoyarlay.com
(Unicode version)
ဒူဘိုင်းရဲ့ ဈေးအကြီးဆုံး ကွန်ဒိုအိမ်ရာ အခန်း
ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့လယ်ခေါင်က နေရာတစ်ခုမှာ ကမ္ဘာ့ ဈေးအကြီးဆုံး ကွန်ဒို အိမ်ရာမှ အခန်းများ ရောင်းချနေပါတယ်။ တစ်ခန်းကို ဗြိတိန်ပေါင် ၃၂ သန်း ကနေ ဈေးနှုန်းစတင်ပါတယ်။ အပေါ်ဆုံးအထိပ် penthouse အခန်းကျယ် လိုချင်တယ်ဆိုရင် ဈေးက နှစ်ဆနီးပါးတောင် ဖြစ်ပါလိမ့်မယ်။
ကွန်ဒို အခန်းတစ်ခန်းကို Master Bed room ၈ ခန်း ပါဝင်ပြီး အခန်း စုစုပေါင်း အကျယ်က စတုရန်းပေ ၄၂၄၇၇ ရှိပါတယ်။ ၂၂ ထပ် မြင့်တဲ့ တိုက်မှာ အခန်း ၂၂ ခန်းပဲ ထားရှိထားတဲ့ သဘောပါ။ ဒီတော့ ယင်းကွန်ဒိုမှာနေထိုင်မယ့် ၂၂ မိသားစုဟာလည်း ဒူဘိုင်မှ သို့မဟုတ် ကမ္ဘာတစ်ဝန်းက ချမ်းသာတဲ့ မီလျံနာ၊ ဘီလျံနာများ ဖြစ်ပါလိမ့်မယ်။ အလှပြင်ဆိုင်များ၊ ရေကူးကန်များ၊ အခြား အနားယူစရာ အပန်းဖြေစရာ အမျိုးမျိုး တို့ကိုလည်း တွဲလျက် တည်ရှိထားပေး ပါတယ်။ တိုက်ပေါ်မှာလည်း ရှိသလို၊ တိုက်အောက်မှာလည်း ပန်းခြံ၊ ရေကူးကန်၊ ကမ်းခြေ အစရှိသဖြင့်တို့က အလိုအလျောက် ပါဝင်ပြီးသား ဖြစ်ပါတယ်။
အခန်းက စတင်တည်ဆောက်စ အချိန်ပဲ ရှိပါသေးတယ်။ ၂၀၁၇ ခုနှစ်မှ ပြီးမှာပါ။ ဒါပေမယ့် ဈေးကွက်မှာ တင်ရောင်းနေပြီ ဖြစ်ပါတယ်။ ဈေးနှုန်းကို ဖော်ပြလိုက်တဲ့အခါ ဒူဘိုင်းမှာ ဈေး အကြီးဆုံး အခန်းများ ဖြစ်နေတာကြောင့် လူအများ စိတ်ဝင်တစား လေ့လာခဲ့ကြ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
No comments:
Post a Comment
မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။