Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 23, 2015

ရေပန်းစားနေတဲ့ အရပ်ရှည်ဆေးဆိုတာ တကယ်ပဲ အရပ်ရှည်နိုင်သလား


ဒေါက်တာတင့်ဆွေနှင့် မေးမြန်းခြင်း
လူတွေ ကြားထဲမှာ ရေပန်းစားနေတဲ့ အရပ်ရှည်ဆေးဆိုတာ တကယ်ပဲအရပ်ရှည်နိုင်သလား သိချင်သူတွေအများကြီးရှိမှာပါ။ တ ကယ်တော့ အရပ်ရှည်ဆေးထဲမှာပါတဲ့ ကယ်လ်ဆီယမ်ကြောင့် အဲဒီဆေးတွေဟာ လူတွေရဲ့ အရိုးကိုပိုခိုင်မာအောင် လုပ်နိုင်ပေမယ့် အရပ်ကိုတော့ အမှန်တကယ် မရှည်နိုင်စေပါဘူး။ လူတွေအတွက် ကယ်လ်ဆီယမ်ဟာ အများကြီးရှိရင်လည်း ဆိုးကျိုးတွေပေးနိုင်သလို နည်းသွားရင်လည်း မကောင်းပါဘူး။ လူတစ်ယောက်အရပ်ရှည်ခြင်းဟာ မျိုးရိုးဗီဇနဲ့လည်းသက်ဆိုင်သလို ကိုယ့်ရဲ့အနေအထိုင်၊ အစား အသောက်တွေနဲ့လည်း သက်ဆိုင်နေပါတယ်။
အသက် ၂၅ နှစ်ကျော်ရင်တော့ အရပ်ဆက်ရှည်ဖို့ ခဲယဉ်းသွားပါပြီ။ ဒါပေမဲ့ အရပ်ရှည် ချင်သူတွေအတွက် သောက်သင့်တဲ့ ဆေးတွေနဲ့စားသင့်တဲ့ အစားအစာတွေရှိသလို မှန်ကန်တဲ့အနေအထိုင်တွေရှိမယ်ဆိုရင် အရပ်ဆက် ရှည်ဖို့ နည်းလမ်းလေးတွေ ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး အွန်လိုင်းကနေ ကျန်းမာရေးနဲ့ ဆေးပညာ အမေး အဖြေတွေ ဖြေကြားပေး တဲ့ ဒေါက်တာတင့်ဆွေကို မေးမြန်းထားပါတယ်။
အမျိုးမျိုးသော ထွက်ပေါ်နေတဲ့ အရပ်ရှည်ဆေးတွေက တကယ်အရပ်ရှည်နိုင်ပါသလား ဆရာ။
ကြော်ငြာဆေးသာ ဖြစ်တယ်။ ကယ်လ်စီယမ် ကောင်းပါတယ်။ ဒါပေမဲ့ အရပ်မရှည်စေပါဘူး။ မ သင့်သူသောက်ရင် ဆိုးစေနိုင် တယ်။ လူတစ်ယောက်ရဲ့ အရပ်ကို မျိုးဗီဇနောက်ခံနဲ့ ပတ်ဝန်းကျင် အကြောင်းခံတွေကနေ သက်ရောက်တယ်။ လူတစ်ယောက်ဟာ အ ရွယ်ရောက်ချိန်နောက်မှာ အရပ်ပို မရှည်တော့ပါဘူး။ အဲဒီဆေးတွေ က ကယ်လ်စီယမ်ဓာတ်ကို အဓိက ထားတယ်။ အမျိုးသမီးတိုင်း အ သက် ၃ဝ-၃၅ ကျော်ရင် နေ့တိုင်း သောက်ရတယ်။အရိုးပါးမှာကို ကာ ကွယ်ဖို့ပါ။ကလေးငယ်တွေလည်း အရိုးပျော့မရှိအောင် အချိန်အ ဆ နဲ့ သောက်ရတယ်။ လူ့အရပ်ဆိုတာ သူ့အရိုးတည် ဆောက်ထားမှုမှာ မူတည်တယ်။ အရိုးကိုပိုခိုင်အောင် သာဆေးနဲ့လုပ်နိုင်တယ်။ ပို ရှည် စေဖို့မရပါဘူး။ ဒါဟာဆရာဝန်တွေလည်း မတတ်နိုင်တဲ့အရာပါ။
အရပ်ရှည်ဆေးတွေရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ ပြောပြပေးပါ ဆရာ။
ကြော်ငြာဆေးတွေမှာ ဘေး ထွက် ဆိုးကျိုးသုတေသန မရှိပါ။ အဲ့အတွက် အရပ်ရှည်တယ်ဆိုပြီး မပြောသင့်ပါဘူး။ အဲဒီဆေးတွေ ထဲမှာ ကယ်လ်ဆီယမ်တွေ အများ ကြီးပါတယ်။
သွေးထဲမှာ ကယ်လ်စီယမ် အရမ်းများနေရင် Hyperparathyroidism လို့ခေါ်တဲ့ ဟော်မုန်းများမယ်။ အဲဒါဆိုကင်ဆာဖြစ်နိုင်ခြေ ဝ ဒသမ ဝ၁ ရာခိုင်နှုန်းရှိတယ်။ အဆုတ်ကင်ဆာလည်း ဖြစ်နိုင်တယ်။ နောက်ပိုင်းတွေမှာ ရင်သားကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာတွေလည်း ဖြစ်နိုင်တယ်။ ကယ်လ်ဆီယမ်အလွန်များခြင်းကြောင့်ဖြစ်တဲ့ Milk-Alkali Syndrome လို့ ခေါ်တဲ့ ရောဂါနဲ့  Sarcoidosis လို့ ခေါ်တဲ့ရောဂါတွေ၊ အရိုးရောဂါတွေ ဖြစ်နိုင်ပါတယ်။
သဘာဝနည်းနဲ့ အရပ်ရှည်ခြင်းကို ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေး တွေ ပြောပြပါဆရာ။
အာဟာရ ပြည့်ပြည့်ဝဝ စား သုံးပါ။ ကျန်းမာနေစေရမယ်။ ကိုယ်လက်လေ့ကျင့်ခန်း၊ ဆန့်တန်းမှုပါ တဲ့အားကစားဥပမာရေကူး၊ တင်းနစ် ကစားပေးပါ။ ဘားတန်းကနေ အောက်တွဲလောင်းချနည်းလုပ်ပါ။ အနေအထိုင်ကအစပြင်ပါ။ ခါး မတ်မတ်ထိုင်၊ ခါးဆန့်လမ်းလျှောက် ပါ။ တစ်နေ့ ၈ နာရီအိပ်စက်ပါ။ အရပ်ရှည်ချင်သူတွေ သောက်ဖို့ ကောင်းတဲ့ဆေးနဲ့ စားဖို့ကောင်းတဲ့ အစာမှာ ဗီတာမင်(ဒီ)၊ ပရိုတင်း၊ ဗီတာမင်(အေ)၊ ကယ်လ်စီယမ်နဲ့ ဓာတ်ဆားတွေ ပါသင့်တယ်။
လူတွေအနေနဲ့ ပျမ်းမျှအရပ် ဘယ်လောက်ထိ ရှည်နိုင်ပါသလဲ ဆရာ။
လူတွေပျမ်းမျှ အရပ်ဘယ်လောက်ရှည်သလဲဆိုတာ အတော်ကွဲပြားတယ်။ မလွဲနိုင်တာက ယေဘုယျ ယောက်ျားတွေက မိန်းမတွေထက် ရှည်တယ်။ မိန်းကလေး တွေဟာ သူတို့ရှိနေတော့မယ့် အရပ်အမောင်းကို ယောက်ျားလေးတွေထက် စောပြီးရောက်လာကြတယ်။ အ ပျိုဖြစ်တာက လူပျိုဖြစ်တာထက် စောလို့ဖြစ်ပါတယ်။ မျိုးဗီဇက အဓိကကျတယ်။ ၆ဝ ရာခိုင်နှုန်းကနေ ၈ဝ ရာခိုင်နှုန်းထိက မိဘတွေရဲ့ အ ရပ်နဲ့ ဆက်စပ်တယ်။ မိခင်ကိုယ်ဝန်ဆောင်စဉ်က အစားအသောက်နဲ့ လည်းဆိုင်တယ်။ ကလေးဘဝမှာ စားတဲ့ အစားအစာနဲ့လည်း ဆိုင် တယ်။ လူ့အရပ်ရှည်မှုဟာ အရိုး ရှည်တွေ (ပေါင်နဲ့ခြေသလုံး) တွေက အဓိကဖြစ်တယ်။ ပေါင်ရိုးနဲ့ ခြေသလုံးရိုး။ ဒါတွေ ဆက်မ ရှည်တော့ ချိန်မှာ ရပ်တန့်သွားတယ်။ နစငစ့ပျနေူစူအေနျ ဆိုတာ ပိတ်သွားချိန်မှာ ဆက်မရှည်တော့ဘူး။
လူတစ်ယောက်က ဘယ်အသက် အရွယ်ထိ အရပ်ဆက်ရှည်နိုင်ပါသလဲရှင့်။
အရိုးရှည်တွေထိပ်မှာရှိတဲ့ အဲဒီအရိုးနုတွေက အရွယ်အလိုက် တဖြည်းဖြည်းမာလာပြီး အရိုးမာ တွေဖြစ်လာ တယ်။ ခြေထောက် ပိုင်းကလူ့အရပ်နဲ့ တစ်ဝက် လောက် ဆိုင်တယ်။ Ossification အရိုးမာတွေဖြစ်လာတဲ့ အသက်အပိုင်း အခြားတွေရှိတယ်။ မိန်း ကလေးက  ၅ နှစ်ကနေ ၁၂ နှစ်၊ ယောက်ျား လေးက ၅ နှစ်ကနေ ၁၄ နှစ်တွေ မှာ အများဆုံးသော အရိုးတွေက Hard Bone အရိုး မာေ တွ ဖြစ်နေကြပြီ။၁၇၊ ၂ဝနှစ်ရောက်ရင် လက်နဲ့လက်ပြင် ရိုးတွေမှာ အရိုးမာ ဖြစ်တယ်။  ၁၈၊ ၂၃ နှစ်ရောက် ရင် ခြေေ ထာက် ပိုင်းအ ရိုးတွေ အရိုးမာဖြစ်တယ်။  ၂၃၊ ၂၅ နှစ်မှာ ဆိုရင်တော့ ရင်ညွန့်ရိုး၊ ညှပ်ရိုးနဲ့ ခါးရိုး တွေက အရိုးမာဖြစ်ကြပြီ။ အသက် အစိတ်မှာ အား လုံးပြည့်စုံသွား မယ်။ အသက် ၂၅ကျော်ရင် မရှည် ချင်နဲ့တော့။ ဆက်မရှည်တော့ပါဘူး။  ဒီနောက်ပိုင်းမှာ နည်းနည်းရှည်လာနိုင်တာတော့ ရှိနိုင်ပါ တယ်။ အသက် သိပ်ကြီးချိန်မှာ တော့ဆက်မရှည်တော့တာ သေချာတယ်။ ကျောရိုးမကြီးက အရိုးတွေကြားကအရိုးနုလေးတွေ အပေါ် မှာမူတည်လို့အဲဒီလိုဖြစ်တာ။ အားတက်စရာ ပြောရရင် ကျောရိုးမကြီးမှာ အရိုးပေါင်း ၃၃ ခုရှိပေမယ့် ၂၄ ခုကတစ်ခုနဲ့တစ်ခု ဆက်မသွားကြဘဲနေရစ်တယ်။ဒီအချက်ကို အရပ် ရှည်ဖို့ အသုံးချနိုင်တယ်လို့ ဆို တယ်။ ကျောရိုးမကြီးဟာလည်း လူ့အရပ်ရဲ့ ၃၅ ရာ ခိုင်နှုန်းနဲ့ဆိုင်တယ်။
ထပ်မံဖြည့်စွက် ပြောချင်တာများ ရှိရင်ပြောပေးပါဦး ဆရာ။
ဆွီဒင် (အူပန်ဆာလာ) တက္ကသိုလ်က ဒေါက်တာအီဗာက ပြောပါတယ်။ ကယ်လ်စီယမ် သိပ်များသွားရင် ဆိုးကျိုးပေးတယ်တဲ့။ သူ့အဖွဲ့ ကနေ ၁၉၁၄ ကနေ ၁၉၄၈ အတွင်းမှာ မွေးဖွားခဲ့ကြတဲ့ အမျိုး သမီးပေါင်း ခြောက်သောင်းကို လေ့လာပြီးမှ အဲဒီလိုပြောတာပါ။ ၁၉ နှစ် ဆက်တိုက်လေ့လာမှု ပြုခဲ့ တာ ဖြစ်ပါတယ်။ ဒါကြောင့်အရပ် ရှည်ဆေးကိုအလွန်အကျွံမသောက် သုံးသင့်ပါဘူး။ ကယ်လ်ဆီ ယမ် ကများရင်လည်း မကောင်းဘူး။ နည်းလွန်းရင်လည်းမကောင်းပါဘူး။
ဇူး ဇူးေ မး မြ န်း သ ည် ။
http://popularmyanmar.com/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။