ရုပ်အလှဆိုတာ
===========
တစ်ခါက တိုင်းပြည်တစ်ပြည်မှာ ... အင်မတန်လှပချောမောတဲ့ မင်းသမီးလေးတစ်ပါးရှိတယ် ။
သူ့ကိုလက်ထပ်ချင်တဲ့ မင်းညီမင်းသားတွေ သူဌေးသူကြွယ်တွေ
အများကြီးပဲ ...တဲ့ ။
လက်ဆောင်ပဏ္ဏာတွေအမျိုးမျိုး ပေးပြီး လက်ထပ်ဖို့လာရောက်ကမ်းလှမ်း တဲ့သူတွေများလွန်းလို့ မင်းသမီးလေးဟာ ပြသာဒ်မြင့်တစ်ခုအပေါ်မှာ တက်ပုန်းနေရပါသတဲ့ ။
ဒါပေမဲ့ တစ်နေ့မှာတော့ မင်းသမီးဆီကို လူငယ်တစ်ယောက်
ရောက်လာတယ်။ဒီလူငယ်ဟာ လက်ဆောင်ပဏ္ဏာအဖြစ် ရွှေလင်ပန်း
ထဲမှာ ကျောက်သံပတ္တမြားတွေ
အပြည့်ထည့်ပြီး သူ့ကိုလက်ထပ်ခွင့်ပြုဖို့တောင်းပန်တယ် ။
ဒါပေမဲ့ ထုံးစံအတိုင်းပဲ မင်းသမီးလေးကငြင်းဆိုနေတဲ့အ တွက်
နောက်ဆုံးမှာ ပြန်သွားရတယ် ။
မကြာမီရက်အတွင်းမှာပဲ ဒီလူငယ်ဟာ မင်းသမီးလေးရဲ့အဆောင်တော်ကိုရောက်လာပြန်တယ် ။
ဒီတစ်ခါမှာတော့ လူငယ်ဟာ လက်ဆောင်ပဏ္ဏာအဖြစ် ငွေလင်ပန်းထဲမှာ ငွေဒင်္ဂါးတွေထည့်ယူလာတယ် ။
ဒီတစ်ခါမှာလည်း မင်းသမီးလေးက လူငယ်ရဲ့ကမ်းလှမ်းချက်ကို အတင်းငြင်းဆန်နေတဲ့အတွက် လူငယ်ဟာ ပြန်သွားရပြန်ပါတယ်။
ဒါပေမဲ့ မကြာပါဘူး ... ။ မလျှော့သောဇွဲလုံ့လတွေနဲ့အတူ ယောက်ျားကောင်းတို့ထုံးနှလုံးမူလို့
ရက်အနည်းငယ်အတွင်းမှာပဲ လူငယ်ဟာ မင်းသမီးလေးဆီရောက်လာပြန်တယ် ။
ဒီတစ်ခေါက်မှာတော့ လူငယ်ဟာ လက်ဆောင်ပဏ္ဏာအဖြစ် ကြေးလင်ပန်းထဲမှာ ကြေးပြားအနည်းငယ်သာ
ထည့်ပြီးယူဆောင်လာခဲ့ပါသတဲ့ .... ။
လူငယ်ဟာ မင်းသမီးလေးဆီကိုသုံးခေါက်လာရာမှာ တစ်ခေါက်နဲ
တစ်ခေါက် လက်ဆောင်တွေက မတူပါဘူး ။
တစ်ခေါက်ထက်တစ်ခေါက် လက်ဆောင်ပစ္စည်းတွေရဲ့ တန်ဖိုးဟာ
တိုးမလာပဲ လျော့သထက်လျော့ပြီးသာယူဆောင်လာနေပါတယ် ။
ဒါကို မင်းသမီးလေးကလည်း သတိထားမိတယ် ။
“ တကယ်ဆိုရင် ပထမတစ်ခေါက်မှာ ငါ့ရဲ့မေတ္တာကိုမရရင် ဒုတိယတစ်ခေါက်မှာ ပိုပြီးအဖိုးတန်တဲ့ လက်ဆောင်
ပစ္စည်းကိုယူလာရမှာ ။ ခုတော့ တစ်ခေါက်ထက်တစ်ခေါက် ညံ့တဲ့လက်ဆောင်ကိုပဲ ယူယူလာနေတာ ...
တကယ်တော့ ငါ့ကိုစော်ကားတာပဲ ”
ဒီလိုတွေးပြီး မင်းသမီးလေးက ... “ ရှင် ဘယ်လိုလူလဲ ၊ ကျွန်မကို မလေးမစားလုပ်တာလား ?
တစ်ခေါက်ထက်တစ်ခေါက် ညံ့တဲ့လက်ဆောင်ကိုယူလာတာ
ဘာသဘောလဲ ? ” ... လို့မေးတယ် ။
မင်းသမီးလေးက ဒီလိုမေးတော့ လူငယ်က... “ ကျွန်တော် စော်ကားတာမဟုတ်ရပါဘူး ၊ အသင်မင်းသမီးလေးနဲ့
တကယ်ထိုက်တန်တဲ့လက်ဆောင်ပဏ္ဏာကိုသာ ယူလာတာပါ” ...လို့ပြန်ပြောသတဲ့ ။
ဒီအခါမှာ မင်းသမီးလေးဟာ ပိုဒေါသထွက်သွားတယ် ။
“ ဒါဆိုရှင်ဟာ ကျွန်မအလှနဲ့ ကျွန်မသိက္ခာကိုစော်ကားတာပဲ ” လို့ ဒေါသတကြီးနဲ့ အော်ပြောတယ် ။
လူရွယ်က - “ ကျွန်တော် စော်ကားတာမဟုတ်ရပါဘူး ... ။ အသင်မင်းသမီးလေးဟာ တစ်နေ့ထက်တစ်နေ့
လှသထက်လှလာတာမှမဟုတ်တာ ။
တစ်နေ့ထက်တစ်နေ့ အိုခြင်းတရားနဲ့အတူ အလှအပတွေဟာလည်း
လျော့လျော့သွားနေတာပါ ။ ဒီလို အလှတွေလျော့သွားတာမို့လို့လ ည်း ကျွန်တော်ကလက်ဆောင်ပစ္စည်းတွေကို
တန်ဖိုးလျှော့လျှော့ပြီး ယူလာခဲ့တာပါ .... ” လို့ပြန်ပြောလိုက်တယ်။
Credit to NyaChitThu
K.K(ကနောင်)
===========
တစ်ခါက တိုင်းပြည်တစ်ပြည်မှာ ... အင်မတန်လှပချောမောတဲ့ မင်းသမီးလေးတစ်ပါးရှိတယ် ။
သူ့ကိုလက်ထပ်ချင်တဲ့ မင်းညီမင်းသားတွေ သူဌေးသူကြွယ်တွေ
အများကြီးပဲ ...တဲ့ ။
လက်ဆောင်ပဏ္ဏာတွေအမျိုးမျိုး
ဒါပေမဲ့ တစ်နေ့မှာတော့ မင်းသမီးဆီကို လူငယ်တစ်ယောက်
ရောက်လာတယ်။ဒီလူငယ်ဟာ လက်ဆောင်ပဏ္ဏာအဖြစ် ရွှေလင်ပန်း
ထဲမှာ ကျောက်သံပတ္တမြားတွေ
အပြည့်ထည့်ပြီး သူ့ကိုလက်ထပ်ခွင့်ပြုဖို့တေ
ဒါပေမဲ့ ထုံးစံအတိုင်းပဲ မင်းသမီးလေးကငြင်းဆိုနေတဲ့အ
နောက်ဆုံးမှာ ပြန်သွားရတယ် ။
မကြာမီရက်အတွင်းမှာပဲ ဒီလူငယ်ဟာ မင်းသမီးလေးရဲ့အဆောင်တော်ကိ
ဒီတစ်ခါမှာတော့ လူငယ်ဟာ လက်ဆောင်ပဏ္ဏာအဖြစ် ငွေလင်ပန်းထဲမှာ ငွေဒင်္ဂါးတွေထည့်ယူလာတယ် ။
ဒီတစ်ခါမှာလည်း မင်းသမီးလေးက လူငယ်ရဲ့ကမ်းလှမ်းချက်ကို အတင်းငြင်းဆန်နေတဲ့အတွက် လူငယ်ဟာ ပြန်သွားရပြန်ပါတယ်။
ဒါပေမဲ့ မကြာပါဘူး ... ။ မလျှော့သောဇွဲလုံ့လတွေနဲ့အတ
ရက်အနည်းငယ်အတွင်းမှာပဲ လူငယ်ဟာ မင်းသမီးလေးဆီရောက်လာပြန်တယ
ဒီတစ်ခေါက်မှာတော့ လူငယ်ဟာ လက်ဆောင်ပဏ္ဏာအဖြစ် ကြေးလင်ပန်းထဲမှာ ကြေးပြားအနည်းငယ်သာ
ထည့်ပြီးယူဆောင်လာခဲ့ပါသတဲ့
လူငယ်ဟာ မင်းသမီးလေးဆီကိုသုံးခေါက်လ
တစ်ခေါက် လက်ဆောင်တွေက မတူပါဘူး ။
တစ်ခေါက်ထက်တစ်ခေါက် လက်ဆောင်ပစ္စည်းတွေရဲ့ တန်ဖိုးဟာ
တိုးမလာပဲ လျော့သထက်လျော့ပြီးသာယူဆောင
ဒါကို မင်းသမီးလေးကလည်း သတိထားမိတယ် ။
“ တကယ်ဆိုရင် ပထမတစ်ခေါက်မှာ ငါ့ရဲ့မေတ္တာကိုမရရင် ဒုတိယတစ်ခေါက်မှာ ပိုပြီးအဖိုးတန်တဲ့ လက်ဆောင်
ပစ္စည်းကိုယူလာရမှာ ။ ခုတော့ တစ်ခေါက်ထက်တစ်ခေါက် ညံ့တဲ့လက်ဆောင်ကိုပဲ ယူယူလာနေတာ ...
တကယ်တော့ ငါ့ကိုစော်ကားတာပဲ ”
ဒီလိုတွေးပြီး မင်းသမီးလေးက ... “ ရှင် ဘယ်လိုလူလဲ ၊ ကျွန်မကို မလေးမစားလုပ်တာလား ?
တစ်ခေါက်ထက်တစ်ခေါက် ညံ့တဲ့လက်ဆောင်ကိုယူလာတာ
ဘာသဘောလဲ ? ” ... လို့မေးတယ် ။
မင်းသမီးလေးက ဒီလိုမေးတော့ လူငယ်က... “ ကျွန်တော် စော်ကားတာမဟုတ်ရပါဘူး ၊ အသင်မင်းသမီးလေးနဲ့
တကယ်ထိုက်တန်တဲ့လက်ဆောင်ပဏ္ဏ
ဒီအခါမှာ မင်းသမီးလေးဟာ ပိုဒေါသထွက်သွားတယ် ။
“ ဒါဆိုရှင်ဟာ ကျွန်မအလှနဲ့ ကျွန်မသိက္ခာကိုစော်ကားတာပဲ ” လို့ ဒေါသတကြီးနဲ့ အော်ပြောတယ် ။
လူရွယ်က - “ ကျွန်တော် စော်ကားတာမဟုတ်ရပါဘူး ... ။ အသင်မင်းသမီးလေးဟာ တစ်နေ့ထက်တစ်နေ့
လှသထက်လှလာတာမှမဟုတ်တာ ။
တစ်နေ့ထက်တစ်နေ့ အိုခြင်းတရားနဲ့အတူ အလှအပတွေဟာလည်း
လျော့လျော့သွားနေတာပါ ။ ဒီလို အလှတွေလျော့သွားတာမို့လို့လ
တန်ဖိုးလျှော့လျှော့ပြီး ယူလာခဲ့တာပါ .... ” လို့ပြန်ပြောလိုက်တယ်။
Credit to NyaChitThu
K.K(ကနောင်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။