Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, September 6, 2015

အာဏာရှင် ဗိုလ်ချုပ်ကြီး နေ၀င်း၏ ပဉ္စမဇနီး ရတနာနတ်မယ်


အာဏာရှင် ဗိုလ်ချုပ်ကြီး နေ၀င်း၏ ပဉ္စမဇနီး ရတနာနတ်မယ်
-------

ရတနာ နတ်မယ်သည် ကနောင် မင်းသားကြီး၏ မြစ်တော် ဖြစ်ပြီး ၄င်း၏မိခင်မှာ မင်းမျိုး မင်းနွယ်ဖြစ်သော လင်းပင်ထိပ်တင် မလတ်ဖြစ်ပါသည်။ သူမ၏ ဖခင်မှာ Mr.Herbert Bellamy ဖြစ်ပါသည်။ ရတနာနတ်မယ်ကို ၄င်း၏မိဘများသည် အသက်ကြီးမှ မွေးဖွားသည့်အတွက် နတ်ကပေးသော ကလေးဟုဆိုကာ ရတနာ နတ်မယ်ဟု အမည်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ငယ်စဉ်က ရတနာ နတ်မယ်သည် ပြင်ဦးလွင်မြို့ စိန်မိုက်ကယ် အမျိုးသမီး အထက်တန်းကျောင်းတွင် အထက်တန်းထိ ပညာသင်ကြားခဲ့ပြီး မြင်းစီးခြင်း၊ တန်းနစ်ရိုက်ခြင်းတို့တွင် ထူးချွန်သူ ဖြစ်ပါသည်။ အရပ်အမောင်း ကောင်းပြီး ဖခင်မှာ မျက်နှာဖြူ ဖြစ်သည့်အတွက် အသားဖြူပြီး၊ မိခင်မှာ မဟာမျိုးနွယ် ဖြစ်သောကြောင့် အလွန်နန်းစံသူ ဖြစ်ပါသည်။

ရတနာနတ်မယ်သည် သူ့ခေတ် သူ့အခါက ယနေ့စကားဖြင့် ပြောရလျှင် အလွန်လန်းပြီး၊ မိုက်သူဖြစ်ပါသည်။ ရတနာ နတ်မယ်သည် ၁၉၅၄ ခုနှစ်တွင် မန္တလေးသင်္ကြန်၌ ပြည်ထောင်စု အလံကို ဖက်ရှင်ထွင်ပြီး ထမိန်ချုပ် ၀တ်သည့်အတွက် ဒဏ်ငွေရိုက်ခြင်း ခံရပါသည်။ ထိုစဉ်ကာလက ရတနာနတ်မယ်၏ အလှတွင် ယစ်မှုးခဲ့သော ဗိုလ်ချုပ်ကြီး နေ၀င်း၏ ကိုယ်ရံတော် တစ်ဦးဖြစ်သူ ဗိုလ်ကြီးတင်ဦး ဆိုသူသည် ရတနာ နတ်မယ်ကို မရ၍ မိမိကိုယ်ကို suicide လုပ်သွားခဲ့ပါသည်။ ထိုစဉ်အခါက ရတနာနတ်မယ်နှင့် အတွဲဆုံးသူမှာ ကွယ်လွန်ခဲ့ပြီ ဖြစ်သော ဗိုလ်မှူးကြီး ကြည်မောင် (Colonel G.S) ဖြစ်ပါသည်။ ကျန်းမားရေးဝန်ကြီး၊ ၄င်းနောက် ဗြိတိသျှ သံအမတ်ကြီး အဖြစ် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့ဖူးပါသည်။ ဆရာသမားများ၏ ပြောပြချက်အရ Colonel ကြည်မောင်မှာ ဥပဓိရုပ် အလွန်ကောင်းပြီး၊ မိန်းမများ သဘောကျသော ရုပ်ဖြစ်ပါသည်။ Ball Dance ကရာတွင် ၄င်းတို့နှစ်ဦးမှာ အလွန် လိုက်ဖက်သည်ဟု ပြောကြပါသည်။

ဗိုလ်ချုပ်ကြီးနေ၀င်းသည် ၄င်း၏ ဘ၀သက်တမ်း တစ်လျှောက်တွင် တရားဝင် ဇနီးများမှာ (၅) ဦး ရှိပါသည်။ ၁၉၃၁ ခုနှစ်တွင် ပတမဆုံးဇနီ အဖြစ် ဒေါ်သိန်းညွှန့် ဆိုသောသူအား လက်ထပ်ခဲ့ပါသည်။ ဒုတိယ ဇနီးမှာ ဒေါ်တင်တင်ဖြစ်ပြီး၊ ၁၉၃၇ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့တွင် လက်ထပ်ခဲ့ပါသည်။ ဒေါ်တင်တင်နှင့်သား (၂) ဦးထွန်းကားခဲ့ပြီး ၄င်းတို့မှာ ဦးငွေစိုး၊ ဦးအေးအောင်ဝင်းတို့ ဖြစ်ကြပါသည်။ တတိယ အိမ်ထောင်မှာ ဒေါ်ခင်မေသန်း (ခေါ်) Kitty ဘသန်းဖြစ်ပြီး ၁၉၅၂ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် လက်ထပ်ခဲ့ပါသည်။ ဒေါ်ခင်မေသန်းမှာ ဦးနေ၀င်း ဘ၀တွင် အချစ်ဆုံးဇနီး ဖြစ်ခဲ့ပြီး၊ ဦးနေ၀င်းဘ၀ အတွက်ကိုလည်း များစွာ အထောက်အကူ ပြုခဲ့သူဖြစ်ကြောင်း ဦးနေ၀င်း၏ အနီးကပ် နေခဲ့သော တပည့်များ၏ ပြောကြားချက်အရ သိရှိရပါသည်။ ဒေါ်ခင်မေသန်းသည် နံနက် အိပ်ယာထပြီး (၇) နာရီခန့်တွင် နံနက်စာ စားသုံးနေစဉ်တွင် ဦးနေ၀င်းအား ကမ္ဘာ့သတင်းများ၊ မြန်မာ့သတင်းများ အားလုံးကို ရှင်းပြလေ့ရှိကြောင်း ဦးနေ၀င်း၏ အနီးကပ် လုံခြုံရေးကို တာဝန်ယူသူ ဗိုလ်ကြီး လှမောင်မှာ ပြောပြခဲ့ပါသည်။ ဒေါ်ခင်မေသန်းသည် ဘုန်းကြီးသော်လည်း အသက်မရှည်ခဲ့ပါ။ အသက် (၄၇) နှစ်တွင် ကွယ်လွန်ခဲ့ပါသည်။ ဦးနေ၀င်းနှင့် ဒေါ်ခင်မေသန်းတို့သည် သားသမီး (၃) ယောက် ထွန်းကားခဲ့ပါသည်။ ၄င်းတို့မှာ ဒေါက်တာ စန္ဒာဝင်း၊ ဒေါက်တာ ကြေးမုံဝင်းနှင့် ကိုဖြိုးေ၀၀င်းတို့ ဖြစ်ကြပါသည်။ ဒေါ်ခင်မေသန်း ကွယ်လွန်ပြီးနောက် ၁၉၇၃၊ ဧပြီလ (၇) ရက်နေ့တွင် ရန်ကုန် တက္ကသိုလ် သမိုင်းဋ္ဌာနမှ ဆရာမ ဒေါ်နီနီမြင့်နှင့် လက်ထပ်ခဲ့ပါသည်။

ဒေါ်နီနီမြင့်နှင့် လက်ထပ်ပြီး (၂) နှစ်ခန့်အကြာတွင် ကွာရှင်းခဲ့ပါသည်။ ၄င်းနောက် ဦးနေ၀င်းသည် မူလကပင် အဆက်အသွယ် ရှိခဲ့သော ရတနာ နတ်မယ် (ခေါ်) Ms. June Rose Bellamyအား ၁၉၇၆၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ADလမ်းရှိ ၄င်း၏နေအိမ်၌ ပဉ္စမမြောက်ဇနီး အဖြစ် လက်ထပ်ခဲ့ပါသည်။ မှတ်မှတ်ရရ ထိုလက်ထပ်ပွဲတွင် အဖြူရောင်များကို မ၀တ်ဆင်ရန် တားမြစ်သောကြောင့် တိုက်ပုံအနက်နှင့် သွားခဲ့ ရပါသည်။ ရတနာနတ်မယ်သည် မြန်မာနိုင်ငံမှ အပြီးအပိုင် ထွက်ခွာသွားပြီး အီတလီနိုင်ငံသူ အဖြစ် ခံယူထားသောကြောင့် ၄င်းမြန်မာနိုင်ငံသို့ ပြန်လာရေး အတွက်ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ပြင်ဆင်ခဲ့ရပါသည်။ ထိုစဉ်က Forgood ထွက်သွားသူများသည် မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည် ၀င်ခွင့် မရှိပါ။ သို့သော် ဦးနေ၀င်းအတွက် ထိုဥပဒေကို ပြင်ဆင်ခဲ့ရပါသည်။ ရတနာနတ်မယ်သည် အပျိုတစ်ဦး မဟုတ်ပါ။ သူ၏ ပထမ အိမ်ထောင်မှာ WHOမှ မြန်မာနိုင်ငံတွင် တာဝန်ကျသော ဆရာဝန် တစ်ဦးဖြစ်ပြီး ၄င်နှင့်လက်ထပ်ကာ အီတလီနိုင်ငံသို့ လိုက်ပါသွားခြင်း ဖြစ်ပါသည်။ ၄င်းတွင်သား (၂)ယောက် ရှိပါသည်။ သားကြီးမှာ မိုက်ကယ်ဖြစ်ပြီး၊ သားအငယ်မှာ မောရစ်ဆိုသူ ဖြစ်ပါသည်။ သားအငယ်မှာ မော်တော်ယာဉ် မတော်တဆမှုနှင့် သေဆုံးခဲ့ပါသည်။ ထိုစဉ်ကာလက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီသည် နိုင်ငံတော်၏ စီးပွားရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသများတွင် စပါးပြီး စပါး စီမံကိန်းကို ဆောင်ရွက်နေသော ကာလဖြစ်ပြီး ပါတီ၏ ဗဟိုကော်မတီဝင်များသည် နယ်အသီးသီးသို့ ဆင်းကာ စီမံကိန်း အောင်မြင်ရေး အတွက် အားစိုက်နေရသော ကာလဖြစ်ပါသည်။ သို့သော် ပါတီ ဥက္ကဋ္ဌကြီးမှာ မယားပြီး မယား စီမံကိန်းဖြင့် အလုပ်ရှုပ်လျှက် ရှိပါသည်။ အလုံလမ်း သမ္မတအိမ်တော်ရှိ လွတ်လပ်ရေး ညစာစားပွဲတွင် ရတနာနတ်မယ်သည် သား (၂)ဦးဖြင့် လွတ်လပ်ရေး ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ သား (၂) ဦးမှာ ခေါင်းပေါင်း၊ တိုက်ပုံတို့ဖြင့် မြန်မာမှုပြု၍ တက်ခဲ့သည်ကို တွေ့ရပါသည်။

ဦးနေ၀င်းနှင့် ရတနာနတ်မယ်တို့၏ အိမ်ထောင်ရေး သက်တမ်းသည် အလွန် တိုတောင်းပါသည်။ အားလုံးသိကြသည့်အတိုင်း ဦးနေ၀င်းမှာ အာဏာရှင်တစ်ဦး ဖြစ်၍ သူ့အား ဝေဖန် ပြောဆိုမှုများကို လက်ခံတတ်သူ တစ်ဦး မဟုတ်ပါ။ တိုင်းပြည်၏ ကျဆုံးစပြုနေသော စီးပွားရေး အခြေအနေများကို လည်းကောင်း၊ ပြည်သူတို့၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီပေါ်တွင် ယုံကြည်မှု မရှိသည်များကို လည်းကောင်း၊ ပါတီ၏ ထိပ်တန်း ဗဟို ကော်မတီဝင်များသည် အခွင့်ထူးခံ ဖြစ်နေသည်များကို လည်းကောင်း ထောက်ပြသော အခါတွင် ဦးနေ၀င်းသည် ရတနာနတ်မယ် အပေါ် ဒေါသထွက်ပြီး ဆေးလိပ်ခွက်ဖြင့် ပစ်ပေါက်ခဲ့ပါသည်။ ဤသို့ဖြစ်ပြီး နောက်တစ်နေ့တွင် ရတနာနတ်မယ်သည် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာသွားပါတော့သည်။ အချို့ကလည်း ရတနာနတ်မယ်သည် CIA၏ Agent တစ်ဦးဖြစ်ကြောင်း ပြောကြပါသည်။ ၄င်းတို့၏ အိမ်ထောင်ရေး သက်တမ်းသည် (၅)လခန့်ဖြင့် ပြိုကွဲပျက်စီး သွားပါတော့သည်။ ဦးနေ၀င်းသည် အာဏာရှင် ပီသစွာ ၄င်းလုပ်လိုသည်များကို မဖြစ်ဖြစ်အောင် လုပ်လေ့ရှိသူတစ်ဦး ဖြစ်ပါသည်။ မူလ ကတည်းကပင် ရတနာ နတ်မယ်သည် ကိုယ်နှင့်ရေရှည် လက်တွဲနိုင်ခြင်း ရှိ/မရှိကို မစဉ်းစားဘဲ လက်ထပ် ထိန်းမြားခဲ့ပါသည်။ တိုတောင်းသော အချိန်ကာလတွင် ကွဲကွာသွားကြပါသည်။ သူသည် နိုင်ငံ့ခေါင်းဆောင် တစ်ယောက် ဖြစ်နေသည်ကို စဉ်းစားတွေးခေါ်ပြီး ဆုံးဖြတ်ခဲ့ပါက ရတနာနတ်မယ်အား လက်ထပ်ယူရန် ဆုံးဖြတ်ခဲ့မည် မဟုတ်ပါ။ သို့သော် အာဏာရှင်တစ်ဦး ပီသစွာ ၄င်းလုပ်ချင်သည်ကို ဖြစ်မြောက်အောင် လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ တိုင်းပြည်အတွက်ကို လည်းကောင်း၊ မိမိအသိုင်းအ၀ိုင်း အတွက်ကို လည်းကောင်း လုံးဝစဉ်းစားခြင်း မရှိခဲ့ပါ။ ဤဖြစ်ရပ်ကြောင့် သူ၏သိက္ခာ ကျဆင်းမှုကိုလည်း အလေးထားခြင်း မရှိခဲ့ပါ။ ယင်းအတွက်ကိုလည်း သူသည် နောင်တရရှိပုံ မပေါ်ပါ။

ရတနာ နတ်မယ်နှင့် ကွဲပြီးနောက် ဦးနေ၀င်းသည် ဒေါ်နီနီမြင့်အား ပြန်လည် ပေါင်းထုတ်ခဲ့ပါသည်။ ရတနာ နတ်မယ်သည် ယခုအခါတွင် အီတလီနိုင်ငံ Florence မြို့တွင် နေထိုင်လျှက်ရှိပြီး Studio June Bellamyဆိုသော Cooking School ဖွင့်ထားပါသည်။ သူ့တွင် ယခုတိုင် မြန်မာ့ အငွေ့အသက်များကို တွေ့နိုင်ပြီး သူ့အဘိုး လင်းပင် မင်းသားကြီးနှင့် ရေနံသာ ခင်ခင်ကြီးတို့၏ မင်္ဂလာပွဲပုံကိုလည်း ရေးဆွဲထားပါသည်။ မြန်မာနိုင်ငံသို့ နာဂစ်အပြီးတွင် လာရောက်ခဲ့ပြီး ကုသိုလ်ရေးနှင့် လူမှုရေး လုပ်ငန်းတို့ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရပါသည်။ အခု အသက် (၈၀) ရှိပြီဖြစ်သော ရတနာနတ်မယ်သည် ဗုဒ္ဓဘာသာ ပီသစွာ တက်နိုင်သလောက် လှူဒါန်းလေ့ရှိပြီး တန်ခူးလတိုင်း နှစ်သစ်ကူးပွဲ ပြုလုပ်လေ့ရှိပါသည်။ သူမသည် ဦးနေ၀င်းနှင့် ပတ်သက်၍ မှတ်ချက် ချခဲ့သည်မှာ ဥာဏ်နီ ဥာဏ်နက်နှင့် အရာရာကို ကြိုးကိုင်ခြယ်လှယ်နိုင်သူ တစ်ဦး ဖြစ်ကြောင်း သိရပါသည်။

ကိုရင်မောင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။