Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 7, 2015

လွယ်ကူစွာ ဝယ်ယူ သုံးစွဲနေသော ဝါးတူ၏ အန္တရာယ်


လွယ်ကူစွာ ဝယ်ယူ သုံးစွဲနေသော ဝါးတူ၏ အန္တရာယ်
--------

မြန်မာနိုင်ငံ စားသောက်ကုန် ရောင်းချနေသည့် ဈေးဆိုင်များ၏ ၉၅ ရာခိုင်နှုန်းကျော် လောက်တွင် ကျယ်ပြန့်စွာ သုံးစွဲနေသော တရုတ် အစားအစာနှင့် ယခုနောက်ပိုင်း ယိုးဒယား၊ ဂျပန်၊ ကိုရီးယား စားသောက် ဖွယ်ရာ၊ ရှမ်းစားစရာများ အားလုံးအတွက် စားသောက်ရာတွင် အသုံးပြု နေသော တစ်ခါသုံး ဝါးတူ (Chopsticks) သုံးစွဲခြင်းကြောင့် ကူးစက်ရောဂါ ကင်းစင် နိုင်တယ်။ စားသောက်မှု အတွက် အန္တရာယ် ကင်းတယ်လို့ ယူဆလာကြ ရာကနေ တစ်နိုင်ငံ လုံးမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲလာနေတာ တွေ့နိုင်ပါတယ်။

အမှန်တော့ တစ်ခါသုံးဝါးတူ သုံးတိုင်း အန္တရာယ် ကင်းတယ်ဆိုတာ မဟုတ်ပါ ဘူး။ ဒါကလည်း ကြည့်လိုက်ရင် ဖြူဖြူ၊ ဝါကြင်ကြင် အရောင်လေးတွေ ရှိတဲ့ ဝါးတူကို ဘယ်လို ထုတ်လုပ်ပြီး ဈေးကွက်ထဲ မပို့ခင် ဘာတွေသုံးပြီး ဘယ်ချွတ် ဆေးတွေ သုံးတယ်ဆိုတာ မသိကြတာကြောင့်လည်း ဖြစ်ပါတယ်။ ဝါးတူတွေပြု လုပ်တဲ့အခါ ဝါးတူပြုလုပ်တဲ့ စက်ရုံတွေမှာ ပထမဦးဆုံးဝါး တူအရွယ်အရှည် လေးတွေရအောင် ဝါးတွေကို ဖြတ်တောက် ကြပါတယ်။ ပြီးရင် စက်ထဲထည့်ပြီး တူတံအကြမ်း ထည်အချောင်း လေးတွေဖြစ်အောင် လေးထောင့်ပုံ အချောင်း လေးတွေ စိတ်လိုက်ပါတယ်။ အဲဒီတူတံ အကြမ်းထည် လေးတွေကို ခြောက် သွားအောင် အပူခန်းထဲမှာ မီးကင်ပါတယ်။ ခြောက်သွားတဲ့ တူတံအကြမ်း ထည်လေးတွေကို ဖြူသွားအောင် အလွယ်တကူ မှိုမတက် နိုင်အောင် လုံခြုံအောင် ဖုံးအုပ်ပြီးပဲ ဖြစ်ဖြစ်၊ အလုံပိတ် မှန်လုံခန်းထဲမှာပဲ ဖြစ်ဖြစ်ကန့် (Sulphur) ဓာတ်ငွေ့နဲ့ ပေါင်းတင် သလိုမျိုး ဓာတ်ငွေ့တိုက် ပေးပါတယ်။

အဲဒီလို ကန့်ငွေ့တိုက်တာ ၄၈ နာရီနီးပါး ကြာကြောင်း သိရပါတယ်။ ဒီလိုလုပ်ခြင်း အားဖြင့် တူတံလေးတွေ အရောင်စွဲ နေရာကနေ ဖြူဖွေး လာပေမယ့် အဲဒီတူတံတွေမှာ ဆာလဖာဒိုင် အောက် ဆိုက် (Sulphur dioxide) စွဲကပ် ကျန်နေခဲ့မှာ သေချာပါတယ်။ ဒီလိုကန့်ငွေ့နဲ့ ပေါင်းတင် အရောင်ချွတ်ပြီးသား တူချောင်းပုံ အကြမ်းတွေကို ပုံဖော်စက်ထဲ ထည့်ပြီး ပုံဖော်ရ ပါတယ်။ တူချောင်း ပုံသဏ္ဌာန် ပေါ်သွားတဲ့ ဝါးတူလေးတွေကို ပြောင်ချော၍ လှသွားအောင် အရောင်တင်စက် ထဲထည့်ပြီး ရေနံဖယောင်း (Paraffin)နဲ့ အရောင်တင် တိုက်ပေးပါတယ်။ အဲဒီအချိန်မှာလည်း ရေနံ ချက်ရာက ရရှိသော ဘေးထွက် အပိုပစ္စည်း ရေနံဖယောင်းထဲမှာ Polycyclic aromatic hydrocarbon ဖြစ်တဲ့ ကင်ဆာ ဖြစ်စေနိုင်သော ဓာတ်တွေ ပါရှိပါတယ်။ အဲဒီအရောင် တင်ပြီးသား တူတံတွေကိုတော့ ပလတ်စတစ် အိတ်တွေနဲ့ ထုတ်ပြီး ဖြန့်ချိပါ တော့တယ်။ စက်ရုံတွေမှာ ဒီလိုတူတံတွေ ထုတ်တဲ့အခါ မှိုတက်ပြီး အရည်အသွေးမမီ အရောင် မည်းညိုနေတဲ့ တူတွေကို စက်ရုံတွေက ထုတ်လုပ်မှု စရိတ် အရှုံးမခံနိုင်တဲ့ အတွက် Hydrogen peroxide ဆေးရည်တွေပါတဲ့ အရည်ထဲ ထည့်ပြုတ်ပြီး ဖြူသွားအောင် လုပ်ကြ ပါတယ်။ အချို့ဆိုလျှင် ပိုဖြူသွားအောင် Sodium pyrophosphate တွေပါ ထည့်ပြုတ် ကြောင်းသိရပါတယ်။

အဲဒီလို ဓာတုပစ္စည်းတွေ သုံးပြီး စီးပွားရေး မျက်နှာ တစ်ခုတည်းသာ ကြည့်ပြီး ထုတ်လုပ်ခဲ့တဲ့ တူတွေမှာ ဓာတုကြွင်းကျန် ကပ်ငြိပစ္စည်းတွေ ကပ်ကျန်နေတာ အသေအချာပဲ ဖြစ်ပြီး တူတံတွေ ထုတ်လုပ်ကြတဲ့ ဘယ်စက်ရုံကမှ ကြွင်းကျန် ဓာတုပစ္စည်း တွေကို ပြန်လည် သန့်စင်ပေးတာ စိတ်ချရအောင် ဆောင်ရွက် တာမျိုး မရှိကြောင်း သိရ ပါတယ်။ ဒီလို တူတံတွေကို မြန်မာနိုင်ငံနှင့် ကပ်လျက် တရုတ်နိုင်ငံ ယူနန်ပြည်မှာ အများဆုံး တွင်ကျယ်စွာ ထုတ်လုပ်ပြီး မြန်မာပြည်ထဲကို ဈေး ကွက်တင် ရောင်းချနေ တာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွင်း တင်သွင်းလာတဲ့ စားသောက်ကုန် များကိုတော့ ကျန်းမာရေး ဝန်ကြီး ဌာနမှ စစ်ဆေးပြီး ဘေးထွက် ဆိုးကျိုးနှင့် အန္တရာယ်ရှိ၊ မရှိ စစ်ဆေးလျက် ရှိပါတယ်။ သို့သော်လည်း အစားအသောက်များကို တိုက်ရိုက် သယ်ယူ စားသုံးနေတဲ့ တူတံတွေကိုတော့ တစ်ခါမှ စစ်ဆေးတာ မကြားမိပါဘူး။

ဒါ့ကြောင့်လည်း နာမည်ကြီး ဟိုတယ်ကြီး တွေမှာ စတီး တူတံလေးတွေ၊ ငွေတူ တံလေးတွေသာ ချထားပေးတာ သတိထား မိပါတယ်။ ဒါမျိုးတွေက ရေနွေးနှင့် ပြုတ် ပိုးသတ်ပြီး သုံးစွဲလျှင် ပိုအန္တရာယ် ကင်းနိုင်ပါတယ်။ အခုခေတ် အနေ အထား အရ နာမည်ကြီး စားသောက်ဆိုင်တွေ အပါအဝင် လမ်းဘေး ညနေခင်းထွက် ဈေးဆိုင်အဆုံး အထက်ပါ ဝါးတူတွေကို နေရာအနှံ့ သန့်ရှင်း စင်ကြယ်တဲ့ စားသုံးရာမှာ အန္တရာယ်ကင်း တူတံတွေ အဖြစ် ကျေနပ် ဝမ်းမြောက်စွာ လက်ခံ သုံးစွဲနေကြတာ တွေ့နေရသည့် အတွက် တစ်ခါသုံး ဝါးတူ သုံးစွဲတိုင်း အန္တရာယ်မရှိ ဘေးကင်းတယ်လို့ ထင်နေမယ့် အထင်လွဲ နေတာတွေ မဖြစ်စေဖို့ ရေးသား လိုက်ရပါသည်။ ။

မေချို(ထားဝယ်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။