Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 4, 2015

ရောခ့်ဂီတ အပိုင်းအစများ


ရောခ့်ဂီတ အပိုင်းအစများ
………………………………………………

ရောခ့်ဂီတရဲ့ ရွှေရောင်ခေတ်ဦး (၁၉၆၀ - ၁၉၇၀)

ခေတ်တစ်ခုရဲ့ အချိန်အခါ အရ အဲဒီအချိန်ကို ရောခ့်ဂီတ ရဲ့ ရွှေခေတ် အဖြစ်သတ်မှတ်ထားခဲ့ ကြ သလို တစ်ကယ်လည်းအဲဒီအချိန်မှာ အပြောင်းအလဲ များစွာဖြစ်ပေါ်လာခဲ့ပြီး ဂန္တဝင် ရောခ့်တီးဝိုင်း
ပေါင်းများစွာပေါ်ထွက်လာခဲ့တဲ့အပြင် ခင်ဗျားတို့ ကျွန်တော် တို့ ကိုပိုမိုဆွဲဆောင်နိုင်ခဲ့တဲ့ ရောခ့် ဂီတရဲ့ ဂျင်နရေးရှင်းပေါင်း များစွာကို စတင်မွေးဖွားလာစေ ခဲ့တဲ့ အချိန်အခါလည်းဖြစ်ခဲ့ပါတယ်။

ဟစ်ပီယဉ်ကျေးမှုနဲ့ အတူပြောင်းလဲလာတဲ့ ရောခ့်ရေစီးကြောင်း

ရောခ့်အင်ရိုး ဂီတရဲ့ သေသပ်တဲ့ စတိုင် မြူးကြွတဲ့ ပုံစံတွေအပေါ်မှာ ငြီးငွေ့လာကြပြီ ဖြစ်တဲ့ အတွက် အသစ်တွေကိုမျှော်လင့်နေတဲ့ လူငယ်များနဲ့ အခြေခံလူတန်းစား လူငယ်မျိုးဆက်သစ် တွေဟာ ဟစ်ပီပုံစံ ဆံပင်ရှည်တွေ, ဖြစ်သလိုနေတတ်တဲ့ ပုံစံ တွေ, ပိုပြီး ဆူညံပေါက်ကွဲတဲ့ ဂစ်တာသံတွေနဲ့အတူ သူတို့ရင်ထဲက ခံစားချက်တွေကို ပေါက်ကွဲထွက်ဖို့ ဂီတပုံစံတစ်ခုကို ဖန်တီးလာခဲ့ကြပါတော့တယ်။

ဒါဟာ ရောခ့်ဂီတရဲ့ အရေးအပါဆုံးပြောင်းလဲမှု ဖြစ်ခဲ့ပြီး folk ရောခ့်, ဆိုက်ခီဒဲလစ်ရောခ့်, surf ရောခ့်, garage ရောခ့် ဟဒ်ရောခ့်တွေကနေ ဟဲဗီးမက်တယ်, ပန့်ရောခ့် glam ရောခ့် စသဖြစ်ပေါ့ဗျာ အခုချိန်ထိ ခင်ဗျားတို့ ကျွန်တော် တို့စွဲလန်းစွာနားထောင်နေခဲ့တဲ့ ရောခ့်ဂီတ ပုံစံတွေဆီကို စတင်ပုံဖော်ပေးခဲ့ကြ တဲ့အချိန်လည်းဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီအချိန်မရောက်ခင် ကြားထဲမှာတော့ ဒီပုံစံကို ပေါင်းကူးပေးဖို့အတွက် ဂန္တဝင် ရောခ့်တီးဝိုင်း ဖြစ်တဲ့ The Beatles, Rolling Stones, The Beach Boy, Bob Dylan, The Surfaris, Dick Dale, The Hollies,The Byrds စတဲ့ ဝိုင်းတွေ ဟာ ရောခ့်အင်ရိုး, ဂျမ့်ဘလူးစ်,folk ရောခ့်, rockabilly, Surf ရောခ့် ပုံစံတွေကိုပေါင်းစပ်ပြီး ရောခ့်အင်ရိုး ဂီတကနေ စတင်ခွဲထွက်နေခဲ့ကြပြီပဲ ဖြစ်ပါတယ်။

တစ်ချိန်ထဲမှာပဲ လူမည်းတွေရဲ့ ရစ်သမ်အင်ဘလူးစ် နဲ့ တမ်းချင်းပုံစံတွေကလည်း delta ဘလူးစ် ရဲ့ ဖခင်ကြီး ဖြစ်တဲ့ Robert Johnson တို့ဆီကနေ jazz, ရစ်သမ်အင်ဘလူးစ် နဲ့ ရောခ့်အင်ရိုး တွေကို ပေါင်းစပ်ထားတဲ့ electric ဘလူးစ် အဖြစ် Muddy Waters,Albert King,Jimmy Reed,B.B.King စတဲ့ ဂန္တဝင် ဘလူးစ် ဂီတပညာရှင်ကြီးများက ဘလူးစ် ရောခ့်ပုံစံတွေဆီကို စတင်မျိုးစေ့ချ နေခဲ့ကြတဲ့ အချိန်လည်း ဖြစ်ခဲ့ပါတယ်။

Jimi Hendrix ကိုတော့ ပြောပြစရာလိုမယ်မထင် ပါဘူး။ ရောခ့်ဂီတရဲ့ ချန်ထားလို့မရတဲ့ ဂစ်တာသံ တွေကို ဖန်တီးပေးခဲ့တဲ့ ဂစ်တာသမားတစ်ယောက် ဖြစ်ပါတယ်။ အဲလိုပဲ The Beatles, Rolling Stones တို့ဟာလည်း အားလုံးသိထားခဲကြတဲ့ ဂန္တဝင် များပဲ ဖြစ်ပါတယ်။ ဒါဆိုရင် သူတို့လောက် လူပြော သိပ်တော့မများပေမယ့် The Yardbirds တို့ ကိုလည်းချန်ထားလို့မရပါဘူး ဒီတီးဝိုင်းမှာခင်ဗျားတို့ သိထားတဲ့ ဒိတ်ဒိတ်ကျဲ ဂစ်တာသမားတွေပါဝင်ခဲ့ ကြဖူးပါတယ်။ Eric Clapton, Jimmy Page, Jeff Beck စတဲ့ rolling stones မဂ္ဂဇင်းရဲ့ အကောင်းဆုံး ဂစ်တာသမားတွေရဲ့ ထိပ်ဆုံးငါးယောက်ထဲမှာပါဝင်ခဲ့ တဲ့လူတွေပဲဖြစ်ပါတယ်။

ကလက်ပတန်ဟာ Yardbirds ကထွက်ပြီး Cream နဲ့ အဲဒီကနေ Traffic က Steve Winwood နဲ့ ပေါင်းပြီး Blind Faith မှာ ရောခ့်ဂီတရဲ့ အရေးပါတဲ့ အယ်ဘမ်တွေကို ဖန်တီးခဲ့ပါတယ်။ အဲဒီအတွက်လည်း မက်တစ်လစ်ကာ က Kirk Hammett အပါအဝင် ဒီခေတ်ရဲ့ဂစ်တာသမား တော်တော်များများဟာ ကလက်ပတန်ကိုသူတို့ အကြိုက်ဆုံးအချိန်များအဖြစ် ပြောကြားထားခဲ့တာပဲဖြစ်ပါတယ်။ Yardbirds ရဲ့ သီချင်းတစ်ပုဒ်ကိုတော့ ခင်ဗျားတို့ သိကြပါလိမ့်မယ် Still I'm Sad ပါ Rainbow က သူတို့ရဲ့ အယ်ဘမ်နှစ်ချပ်ထဲမှာ ပြန်ဖန်တီးထားခဲ့သလို
ကျွန်တော်တို့ဆီက ကိုမျိုးကြီးကတော့ rainbow မူအတိုင်း ဆိုထားခဲ့တာပါ။

The Doors ကတော့ ဒီခေတ်ရောခ့်ဂီတရဲ့ အဓိက အရေးပါဆုံးလို့တောင်ပြောရမလို့ဖြစ်ခဲ့ပြီးသူတို့ရဲ့ ထူးခြားတဲ့ ဂီတပုံစံ ဦးဆောင် အဆိုတော် jim Morrison ရဲ့ တစ်စ္ဆေတစ်ကောင်လိုညဉ်းသံ, လည်သာ ဝတ်စုံဝမ်းဆက်နဲ့ သူရဲ့ဖက်ရှင်, သူ့ရဲ့ ဆန့်ကျင်ဘက်လိင်ဆွဲဆောင်နိုင် မှု, မှုးယစ်ဆေးဝါးနဲ့ ရောခ့်စတားတစ်ယောက်ရဲ့ ပုံရိပ် စတာတွေဟာ ရောခ့်သမိုင်းကြောင်းမှာ ချန်ထားလို့မ ရနိုင်ခဲ့ပါဘူး သူတို့ရဲ့ သီချင်းတွေဟာ ၉၀' နောက်ပိုင်းမျိုးဆက် တွေပေါ်မှာ ပိုမို သြဇာရှိခဲ့တာဟာလည်း ထူးခြားမှုပါ။ သူတို့ရဲ့ Soul Kitchen, I Looked at You သီချင်းတွေဟာကျွန်တော်တို့ဆီမှာပါ ပြန်ဆို အောင်မြင်ခဲ့တဲ့ သီချင်းတွေပါ။

သူတို့ရဲ့ဘဝမှာ ဂစ်တာတွေတူရိယာတွေဟာ ဒုတိယ ပါလို့ကြွေးကြော်ခဲ့ပြီး ၁၉၆၅ ဝန်းကျင်လောက်ထဲက ပထမဦးဆုံး စင်ပေါ်မှာ တူရိယာ တွေကို ဖျက်ဆီးပေါက်ခွဲပြစ်တတ်သလို ထူးခြားတဲ့ ဖြေဖျော်မှုပုံစံတွေနဲ့ The Who တို့ဟာလည်း ရောခ့်ဂီတ မှာအရေးပါတဲ့အခန်းက ပါဝင်ခဲ့ကြပါတယ်။ သူတို့ရဲ့ ဂီတပုံစံဟာ ဆန်းပြားလွန်းခဲ့သလို ရောခ့်ဂီတ ဂျင်နရေးရှင်းပုံစံမျိုး စုံကို ဖန်တီးခဲ့ကြသူများလည်းဖြစ်ခဲ့ပါတယ်။

ဒီလိုပါပဲ Free တို့ဟာလည်း ဟဒ်ရောခ့်ဂီတရဲ့ မရှိမဖြစ် ဂစ်တာ riffs တွေနဲ့ All Right Now ကို ဖန်တီးထားခဲ့ ကြသလို ဟဲဗီးမက်တယ်လ် ဆိုတဲ့ စကားလုံးကို Easy Rider ဆိုတဲ့ရုပ်ရှင်ဇတ်ဝင်တေး အနေနဲ့စတင်အောင်မြင်ဖန်တီးခဲ့ကြတဲ့ ကနေဒါ နိုင်ငံက Steppenwolf တို့ရဲ့ Born to Be Wild သီချင်းဟာလည်း အရေးပါခဲ့တာ ပါပဲ။ ဒီသီချင်းဟာ ကျွန်တော်တို့ဆီပါအောင်မြင်ခဲ့ပြီး ကိုညီထွဋ် နဲ့ သူမတိုင်ခင် အဆိုတော်ကြီးတွေပြန်ဆိုထားခဲ့ ကြပါတယ်။

progressive ရောခ့်နဲ့ ဟဲဗီးရောခ့်တွေ မှာအရေးပါခဲ့တဲ့ အစပိုင်း ဆိုက်ခီဒဲလစ် ပုံစံများရဲ့ Pink Floyd,Iron Butterfly, King Crimson, Velvet Underground စတဲ့ ဂန္တဝင် ရောခ့် တီးဝိုင်း တွေရဲ့ ဂီတပုံစံတွေ, punk ရောခ့်ဂီတပုံစံရဲ့ အစပိုင်း တွေဖြစ်တဲ့ The Stooges, MC5 စတဲ့ ဂန္တဝင်ရောခ့် တီးဝိုင်းတွေရဲ့ ဂီတပုံစံတွေ နဲ့ Grateful Dead, Alice Cooper, Fleetwood Mac, Queens, Small Faces,Humble pie စသဖြစ် ဂန္တဝင် ရောခ့် တီးဝိုင်းတွေဟာ ရောခ့်ဂီတ ရဲ့ပုံစံ ပေါင်းများစွာ ဂျင်နရေးရှင်းပေါင်းများစွာ ကို အုတ်မြစ်ချ ပေးခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ခင်ဗျားတို့ကျွန်တော် တို့ကြိုက် တဲ့ Led Zeppelin,Black Sabbath, Kiss, Aerosmith,Judas Priest,Iron Maiden, Nazareth စတဲ့ ဟဲဗီးမက်တယ်လ် နဲ့ မက်တယ်လ် ခေတ်ဆီကို ရောက်ရှိလာခဲ့ပါတော့တယ်။

စကော်ပီယံ များရဲ့ ဘော်ဒါများအတွက် အဲဒီခေတ်ရဲ့ အယ်ဘမ်တွေ ထဲက The Doors ရဲ့ ၁၉၆၇ က ပွဲဦးထွက်အယ်ဘမ်နဲ့ Steppenwolf ရဲ့ ၁၉၆၈ ကပွဲဦးထွက် အယ်ဘမ်လေးတွေကိုလင့်လေး ချပေးထားပါတယ်။
…\m/ထွဋ်\m/…

ခင်သောမင်သော စကော်ပီယံများ……

DL : http://www.mediafire.com/download/xghg27qmkwufm74/SW68.rar

DL : http://www.mediafire.com/download/k77fcobqqb8oa7u/TD67.rar

**p.s. The stuffs we share on this page are not owned by us. Just for review. Please buy original CDs and support the artists if you love their creation & inspiration. Thanks! **
 —

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။