စစ်အာဏာရှင်များ၏ဝါဒမိုင်းမိ၍ ဒေါ်စုကိုမုန်းနေသော ပြည်သူများ ဆုံးအောင်ဖတ်စေချင်ပါတယ်။
.
.
သူမကို ကျွန်တော်မုန်းခဲ့ဖူးသည်။
-------------------------- -------------------------- ----------
နိုင်ငံရဲ့အနာဂတ်ကို အပြောင်းအလဲပေးနိုင်မယ့်
ရွေးကောက်ပွဲကနီးနေပြီ။ ကျွန်တော့်ဘယ်သူ့ကို
မဲပေးသင့်လဲ စဉ်းစားမိတယ်။ နိုင်ငံရေးဆိုတာ
ငါတို့နဲ့ မဆိုင်ဘူးဆိုတဲ့ လူတစ်ချို့ကိုလည်း
ကျွန်တော်မအံ့သြပါဘူး။ တစ်ချိန်တုန်းက
ကျွန်တော်ကိုယ်တိုင် ဒီလိုဖြစ်ခဲ့ဖူးတာကို။ နိုင်ငံ
ရေးကို စိတ်မဝင်စားလို့ ခင်ဗျား ကျွန်တော့်ကို
အပြစ်တင်မလို့လား။ ဒေါ်စုကို မုန်းခဲ့ဖူးလို့
ကျွန်တော့်ကို အပြစ်တင်မလို့လား? ခနလေး
တော့ ဆက်နားထောင်ပါအုံးဗျာ။
ကျွန်တော်မွေးခဲ့တဲ့ပတ်ဝန်း ကျင်မှာဒေါ်စုကို
ကြိုက်တဲ့ သူနည်းနည်းပဲရှိပါတယ်။ ကျွန်တ်ာတို့က
စစ်အစိုးရကပေးတဲ့သတင်းအမှား တွေနဲ့ ရှင်သန်
ခဲ့ရတဲ့ကျေးလက်ဒေသကလူတွေပါ။ ကျွန်တော်တို့
စိတ်ထဲကို ငယ်ငယ်ကတည်းရိုက်သွင်းခံခဲ့ ရတာက
ဒေါ်စုဟာ တိုင်းတစ်ပါးသားကို လက်ထပ်ထားခဲ့သူ
ဒေါ်စုဟာ ကိုယ့်နိုင်ငံကိုမချစ်သူ၊ တစ်နေ့ကျရင်
ကိုယ့်နိုင်ငံကို သူများလက်ထဲရောင်းစားမယ့်သူ
အစရှိသဖြင့် ကျွန်တော်တို့ရဲ့ မစဉ်းစားမဆင်ခြင်
တတ်သေးတဲ့ ဦးနှောက်ထဲကို ရိုက်သွင်းခံခဲ့ရပါ
တယ်။ ကျွန်တော်တို့က BBC, VOA ကိုအသံ
တိုးတိုးနဲ့ နားထောင်ခဲ့ရတဲ့ ကျေးရွာဘက်ကပါ။
အသံကျယ်လို့ ရဲကြားရင် ဖမ်းတတ်လို့ပါ။
တဖြည်းဖြည်းအသက်တွေကြီးလာတယ်။ ဆယ်တန်း
အောင်တယ်။ ရေကြောင်းသိပ္ပံပြီးတယ်။ ၁၀နိုင်ငံ
လောက်သင်္ဘောသားဘဝနဲ့ပတ်ခဲ့ဖူးတယ်။ ကျွန်တော့်
ရဲ့ဦးနှောက်က အရင်ထက်တော့ နည်းနည်းပိုရင့်ကျက်
လာပါပြီ။ ဒီတော့ ကျွန်တော့်ရဲ့ခေါင်းက ငယ်ငယ်က
ရိုက်သွင်းခံခဲ့ရတဲ့ information အတုတွေကို ခွာချ
နိုင်ခဲ့တယ်။ ဒါပေမယ့် တစ်ချိန်ထဲမှာပဲ ကျွန်တော်စဉ်း
စားမိတာက ဒီFacebook သုံးနေတဲ့ထဲမှာ ကျေးလက်
ဒေသကလူတွေလည်းပါမှာပါပဲ။ သူတို့စိတ်ထဲမှာ ကျွန်
တော့်လို information အတုတွေကျန်နေအုံးမှာပါပဲ။
ကျွန်တော်သူတို့ကိုအပြစ်မတင်ရက်ပါဘူး။ ကျွန်တော်
လည်း ပညာတွေကောင်းကောင်းသင်ခွင့် မရခဲ့ရင်သူတို့
လိုဖြစ်မှာအသေအချာပါပဲ။ ဒါပေမယ့် သူငယ်ချင်းတို့ကို
တစ်ခုတော့ ပြောပါရစေ။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ
ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးထဲမှာပါဝင်တယ်ဆိုတာမမေ့
ပါနဲ့။ ကျွန်တော်တို့မျိုးဆက်သစ်တွေ စိတ်ချမ်းသာစွာနေ
ရဖို့၊ ကျွန်တော်တို့လို ကျူရှင်တက်မှ မေးခွန်းရတဲ့ပညာရေး
စနစ်ကြီးကို မကြုံရဖို့ ဒီအချိန်ဟာ အကောင်းဆုံးအခွင့်
အရေးပါ။ ခင်ဗျားရဲ့မှန်ကန်တဲ့ မဲပြားတစ်ချပ်က ကျွန်တော်
တို့နိုင်ငံရဲ့ အနာဂတ်ပါပဲ။ ခင်ဗျားကိုယ် ခင်ဗျား အရေးမပါ
ဘူးလို့ ယောင်လို့တောင်မတွေးလိုက်ပါ နဲ့ဗျာ။ ဒါပေမယ့်
ခင်ဗျား ဘယ်သူ့ကို မဲပေးလဲတော့ သေချာရွေးချယ်ပါ။
ကျွန်တော်နောက်ထပ်တစ်ခုထပ်ေ ပြာပါရစေအုံးဗျာ။
ဒီစာကိုရေးနေတာ ကျွန်တော်ဒေါ်စုရဲ့ သဲသဲလှုပ်ဖန်
တစ်ယောက်ဟုတ်နေလို့မဟုတ်ပါဘူး။ ကျွန်တော်
အမေစုလို့တောင်မခေါ်ဖူးပါဘူး ။ ဒါပေမယ့် ယေဘူယျ
ကျကျတွေးကြည့်စမ်းပါဗျာ။ ခင်ဗျားရဲ့မုန်းတဲ့စိတ်လေး
တွေ ခဏလေး ဖယ်ထားပေးပါ။
သူမ လိုမိန်းမသားတစ်ယောက် ခင်ဗျားထက်ထူးချွန်တာကို
တော့ ခင်ဗျားလက်မခံချင်လည်း လက်ခံရမယ်။ သူမဒီအရွယ်
ကြီးရောက်မှ ဘယ်လို ရမက်ကြောင့် နိုင်ငံရေးလုပ်နေတော့
မှာလဲဗျာ။ အမေရိကန်လို နိုင်ငံမျိုး၊ အင်္ဂလန်လိုနိုင်ငံမျိုးမှာ
သွားပြန်နေရင်တောင် သူမအတွက် ဘာမှပူပန်စရာမရှိဘူး။
ဒီအရွယ်ကြီးအထိ ဘာလို့ ကြိုးစားနေသေးတာလဲ? လောဘ
ကြောင့်လို့ ခင်ဗျား ရူးရူးမိုက်မိုက်ထင်ချင်သေး လို့လား?
လွတ်လပ်စွာကွဲလွဲနိုင်ပါတယ် ။ ဒီအချက်မှာ ကျွန်တော်သူမကို
အမှတ်ပြည့်ပေးတယ်။ အလိုလောဘကြောင့်လုံးဝမဖြစ်နိုင်ဘူး။
သူမ တိုင်းပြည်ကိုချစ်လို့။
✤သူမ အာဏာ ရရင် အမေရိကန်တို့လိုအနောက်နိုင် ငံကိုရောင်းစား
မှာစိုးလို့??ဟုတ်လား??
➡ခနလေး ခေါင်းအေးအေးနဲ့ ပြန်စဉ်းစားကြည့်ပါအုံး။
ကျွန်တော်တို့ဆီမှာတော်တော် များ
များရော ကျန်နေသေးလို့လား??? တရုတ်ကို မတန်တဆ
နဲ့ရောင်းချခဲ့တာတွေလည်း များနေပါပြီ။ ခင်ဗျား
ဒီအချက်ကို စိုးရိမ်နေရင်တော့ ကျွန်တော်အံ့သြတယ်
ဗျာ။ သူမက အရင်အစိုးရထက်ပိုပြီးရောင်း စားနိုင်အုံးမယ်
ထင်နေလို့လား?? ဘာမှမရှိသလောက်ဖြစ်နေတဲ့နို င်ငံကို
အသက်(၇၀)ခန့်မိန်းမသားတစ်ယောက်က ကူညီဖို့
ကြိုးစားနေတာကို ဘာလို့များဝိုင်းဆဲနေကြတာလဲ ဗျာ???
ခင်ဗျားရော ဘာတွေများလုပ်ခဲ့ဖူးလို့လဲ? ?
✤သူမက မြန်မာတွေအတွက် ဘာမှမလုပ်ပေးခဲ့ဘူး ဟုတ်လား???
➡ပြောမှပြောရက်လေဗျာ။ ခင်ဗျား ကဘာနဲ့တူလဲဆိုတော့
ပြည်နှင်ဒဏ်ပေးခံရတဲ့ အမေတစ်ယောက်ကို သူ့သားသမီး
တွေအတွက်ဘာမှလဲ မလုပ်ပေးပါလားလို့ မေးနေတဲ့သူနဲ့
တူတယ်။ မြန်မာပြည်ပြန်ရောက်လာသေးတယ်လေ??
အဲ့ဒိမေးခွန်းမေးအုံးမလို့လားနေအိမ်အကျယ်ချုပ်ဆိုတဲ့
စကားလုံးနဲ့ မိန်းမသားတစ်ယောက်ကစစ်အစိုး ရအုပ်ချုပ်တဲ့
နိုင်ငံမှာဘာလုပ်ပေးနိုင်မှာမို့လို့လဲဗျာ??ကျွန်တော်တို့လို
ယောင်္ကျားသားတွေတောင် ရပ်ကွက်လုပ်အားပေးဆို
ဒဏ်ကြေးမပေးနိုင်လို့သွားရေ သးတာပဲ အကျဉ်းကျနေတဲ့
မိန်းမသားတစ်ယောက်ကို ဘာကူညီနိုင်ခဲ့လို့လဲမေးတာ
နည်းနည်းလောက်ပြန်စဉ်းစားကြ ည့်ပေးပါအုံးဗျာ။
✤သူမအုပ်ချုပ်ရင် ကုလားတွေ လွှမ်းမိုးမှာဟုတ်လား???
➡ဘာသာတရားဆိုတာ ကိုယ့်ဘာသာကို ခရစ်ယာန်တွေလို
ဂရုတစိုက်လုပ်ရင် ဘာသာမပျောက်ဘူးဗျ။ သူများဘာသာကို
လိုက်ပြောနေမယ့်အစား ကိုယ့်ဘာသာအကြောင်းလေးပဲပို သိ
အောင်လုပ်ပါအုံးဗျာ။ ညတိုင်းရှိခိုးနေတဲ့ သြကာသအဓိပ္ပါယ်ပဲ
သိအောင်လုပ်ပါအုံး။ ကိုယ့်ဘာသာမှ သေချာမသိရင်
ကိုယ့်ကိုယ် ဗုဒ္ဓဘာသာလို့မခေါ်ပါနဲ့အုံး။ ဗုဒ္ဓဘာသာသိက္ခာ
ကျလို့ပါ။ ဗုဒ္ဓဘာသာအတုအယောင်တွေကြောင့်  ဗုဒ္ဓဘာသာ
နာမည်ပျက်ရတာ။ ကိုယ့်ဘာသာရဲ့ အသက်သွေးကြော
ဖြစ်တဲ့ မေတ္တာတရားကိုတောင်မေ့နေကြတယ်။ ပြီးတော့
ပြောသေးတယ် ဘာသာပျောက်မှာစိုးလို့တဲ့။ Facebook
မှာပဲ comment မှာဝင်ဆဲတတ်ကြတယ်။ တကယ်တမ်း
အပြင်မှာ ငါးပါးသီလတောင် မမြဲဘူး။
နိုင်ငံတကာက လေးစားရတဲ့ ခေါင်းဆောင်တစ်ယောက်ပိုင်
ဆိုင်ထားတာတောင် အရင်ကမှိုင်းတိုက်ခံခဲ့ရတဲ့ဦးနှောက်
နဲ့ မုန်းတယ် မုန်းတယ် ဘူးခါငြင်းနေရင်တော့ လည်း
ကိုယ့်ထိုက်နဲ့ကိုယ့်ကံပေါ့ ဗျာ။ ကျွန်တော်တို့ဘဝတွေလည်း
ပြန်ကြည့်ပါအုံး။ သားသမီးတွေကိုပညာရေးလည်း ကောင်း
ကောင်းမထားပေးနိုင်။ ကျန်းမာရေးကလည်း ညံ့ဖျင်း၊
✤"ဘယ်အစိုးရတက်တက် ကောင်းရင်ပြီးရော??"ဟုတ်လား ??
➡ဘယ်လောက် တာဝန်မဲ့တဲ့စကားလဲဗျာ။ ဘယ်အစိုးရတက်
မယ်ဆိုတာ ခင်ဗျားပေါ်တစ်စိတ်တစ်ပိုင်းမူတည်နေတယ်
ဗျ။ ခင်ဗျားက စာမကျက်ပဲ စာမေးပွဲအောင်ပါစေ ဆုတောင်း
နေတဲ့သူနဲ့တူတယ်။
✤"နိုင်ငံရေးက ငါနဲ့မဆိုင်ပါဘူး??" ဟုတ်လား??။
➡ မြန်မာနိုင်ငံမှာ နေတဲ့သူတိုင်းနဲ့ မြန်မာနိုင်ငံအရေးနဲ့သက် ဆိုင်တယ်ဗျ။
ဒီရွေးကောက်ပွဲမှာ မဲမပေးပဲနဲ့ နောက်မှ ပွစိပွစိနဲ့ အခြေခံ
လစာနည်းတယ်တို့၊ ပညာရေးမကောင်းဘူးတို့၊ မီးမလာ
ဘူးတို့ ပြောနေရင်တော့ "ခင်ဗျားနိုင်ငံရေးနဲ့မဆိုင်သလို
နေခဲ့တဲ့ အကျိုးကျေးဇူးပေါ့"။ ကိုယ့်လက်ထဲမှာပြောင်းလဲ
ခွင့်ကြီးကြုံခဲ့ရဲ့သားနဲ့ ကြောက်ကြောက်လန့်လန့်ပုံးနေ ခဲ့တာ
ကို။
"ငါအဖမ်းခံရင်ရင် ငါ့သားသမီးတွေကို ဘယ်သူစောင့်ရှောက်
မလဲ ဟုတ်လား?" ခင်ဗျားအဖမ်းခံရရင် ခင်ဗျားသားသမီး
တွေ ဒုက္ခရောက်နိုင်တယ်။ ဒါပေမယ့် ခင်ဗျားဘာမှမလုပ်ရင်တော့
ခင်ဗျားသားသမီး၊ မြေးစဉ်မြေးဆက် ဒီလို စုတ်ပြတ်တဲ့ပညာ
ရေးက လက်လွတ်နိုင်တော့မှာမဟုတ်ဘူး။ ခင်ဗျား ဆိုက်
ကားနင်းရရင် ခင်ဗျားသား၊ ခင်ဗျားမြေးလည်း ဆိုက်ကား
နင်းနေရအုံးမှာပဲ။
ခင်ဗျားကို လမ်းပေါ်ဆန္ဒထွက်ပြဖို့ ပြောနေတာလည်းမဟုတ်
ဘူး။ ခင်ဗျားပေးမယ့် မဲချက်လေးကို သေချာစဉ်းစားပြီးပေးဖို့ မေတ္တာရပ်ခံ
တာပါ။ ကျွန်တော် ဒေါ်စုရဲ့သဲသဲလှုပ်ပရိတ်သတ်တစ်ယောက်
မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော် သူမကို ပေးမယ်။ ဘာလို့လဲ
ဆိုတော့ ကျွန်တော့်ခေါင်းထဲကမှိုင်း တွေကို ထုတ်လိုက်တော့
ထင်ထင်ရှားရှား ကျွန်တော်တို့ကိုကယ်တင်နိုင်မဲ့သူက ဒေါ်စု
လို့မြင်လို့ပဲ။
ဒေါ်စုပရိတ်သတ်တွေကိုလည်း နည်းနည်းလောက်ပြောပါရ
စေ။ ဒေါ်စုကို မုန်းနေတဲ့သူတွေကို အပြစ်မတင်ပါနဲ့။ ခင်ဗျား
တို့တွေ ကျွန်တော်တို့လို ကျေးလက်ဒေသမှာ မကြီးပြင်းခဲ့ရလို့ပါ။
ကျွန်တော်တို့အားလုံး မျက်စိပိတ်နားပိတ်ခံခဲ့ရတာပါ။ အဖြူ
ရောင် မမြင်ဖူးတဲ့သူကို အဖြူရောင်က ဗျိုင်းရောင်ပါလို့
ဒေါသတကြီးမအော်နေပါနဲ့။ ခင်ဗျားတို့နှစ်ယောက်ရန်ဖြစ်
ရုံကလွဲပြီး ဘာမှကောင်းတဲ့ရလဒ်ထွက်လာမှာ မဟုတ်ပါဘူး။
သူတို့ကို မြင်အောင်စိတ်ရှည်လက်ရှည် ရှင်းပြပါ။
ဒီPostကိုစဖတ်ကတည်းက commentထဲမှာ ဆဲမယ်ဆိုပြီး
အားခဲလာသူတွေလည်းရှိမှာပါ။ ကျွန်တော်နောက်တစ်ကြိမ်
ထပ်ပြောပါရစေ။ အဆဲခံရမယ်မှန်းသိရက်နဲ့ ကျွန်တော်ရေး
ခဲ့တာပါ။ ခဏလောက် ခေါင်းထဲက မှိုင်းလေးတွေဖယ်ပြီးစဉ်း
စားပေါ့။ဆဲသင့်တယ်ထင်ရင် ဆက်ဆဲခဲ့ပေါ့ဗျာ။ ကျေကျေ
နပ်နပ်ကြီးလက်ခံပါ့မယ်။ ကျွန်တော်ဒေါ်စုကို သဲသဲလှုပ်ချစ်လို့
ဒီPost ကိုရေးခြင်းမဟုတ်ဘူး။ နိုင်ငံကိုချစ်လို့ ကျွန်တော်ရေး
တာပါ။ ကျွန်တော်ဘယ်လိုစာမျိုးတွေေ ရးလဲသိချင်ရင်တော့
https://www.facebook.com/ MOLibrary ကိုလာကြည့်ပေါ့ဗျာ။
ပိုက်ဆံတစ်ပြားတစ်ချက်မှ မရပဲ ဗဟုသုတတွေ တတ်နိုင်သ
လောက်ဖြန့်ဖြူးပေးနေတဲ့နေရာ ပါ။ ဒီလိုနိုင်ငံရေးဆန်တဲ့ Post မျိုး
ရေးခဲပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်ရှိတယ်
လို့ခံစားရလို့ရေးတာပါ။ ခင်ဗျား comment ထဲမှာမဆဲခင်
နိုင်ငံအတွက် ဘာလုပ်ပြီးပြီလဲ ပြန်စဉ်းစားပါအုံး။ Facebook
Comment တွေထဲမှာ ဆဲရုံကလွဲပြီး ဘာမှမလုပ်ဖူးရင်
လည်း လွတ်လပ်စွာ ဆဲနိုင်ပါသေးတယ်။
မဲပေးခါနီး ခင်ဗျားလက်ထဲမှာ ကျွန်တော်တို့မြန်မာနိုင်ငံ
ကြီးရဲ့အသက်ရှိတယ်ဆိုတာ မမေ့ရင် ကျွန်တော်ကျေနပ်ပါပြီ။
Credit to : မိုးရှင်း (I.M.T)
.
.
သူမကို ကျွန်တော်မုန်းခဲ့ဖူးသည်။
--------------------------
နိုင်ငံရဲ့အနာဂတ်ကို အပြောင်းအလဲပေးနိုင်မယ့်
ရွေးကောက်ပွဲကနီးနေပြီ။ ကျွန်တော့်ဘယ်သူ့ကို
မဲပေးသင့်လဲ စဉ်းစားမိတယ်။ နိုင်ငံရေးဆိုတာ
ငါတို့နဲ့ မဆိုင်ဘူးဆိုတဲ့ လူတစ်ချို့ကိုလည်း
ကျွန်တော်မအံ့သြပါဘူး။ တစ်ချိန်တုန်းက
ကျွန်တော်ကိုယ်တိုင် ဒီလိုဖြစ်ခဲ့ဖူးတာကို။ နိုင်ငံ
ရေးကို စိတ်မဝင်စားလို့ ခင်ဗျား ကျွန်တော့်ကို
အပြစ်တင်မလို့လား။ ဒေါ်စုကို မုန်းခဲ့ဖူးလို့
ကျွန်တော့်ကို အပြစ်တင်မလို့လား? ခနလေး
တော့ ဆက်နားထောင်ပါအုံးဗျာ။
ကျွန်တော်မွေးခဲ့တဲ့ပတ်ဝန်း
ကြိုက်တဲ့ သူနည်းနည်းပဲရှိပါတယ်။ ကျွန်တ်ာတို့က
စစ်အစိုးရကပေးတဲ့သတင်းအမှား
ခဲ့ရတဲ့ကျေးလက်ဒေသကလူတွေပါ။
စိတ်ထဲကို ငယ်ငယ်ကတည်းရိုက်သွင်းခံခဲ့
ဒေါ်စုဟာ တိုင်းတစ်ပါးသားကို လက်ထပ်ထားခဲ့သူ
ဒေါ်စုဟာ ကိုယ့်နိုင်ငံကိုမချစ်သူ၊ တစ်နေ့ကျရင်
ကိုယ့်နိုင်ငံကို သူများလက်ထဲရောင်းစားမယ့်သူ
အစရှိသဖြင့် ကျွန်တော်တို့ရဲ့ မစဉ်းစားမဆင်ခြင်
တတ်သေးတဲ့ ဦးနှောက်ထဲကို ရိုက်သွင်းခံခဲ့ရပါ
တယ်။ ကျွန်တော်တို့က BBC, VOA ကိုအသံ
တိုးတိုးနဲ့ နားထောင်ခဲ့ရတဲ့ ကျေးရွာဘက်ကပါ။
အသံကျယ်လို့ ရဲကြားရင် ဖမ်းတတ်လို့ပါ။
တဖြည်းဖြည်းအသက်တွေကြီးလာတယ
အောင်တယ်။ ရေကြောင်းသိပ္ပံပြီးတယ်။ ၁၀နိုင်ငံ
လောက်သင်္ဘောသားဘဝနဲ့ပတ်ခဲ့ဖူ
ရဲ့ဦးနှောက်က အရင်ထက်တော့ နည်းနည်းပိုရင့်ကျက်
လာပါပြီ။ ဒီတော့ ကျွန်တော့်ရဲ့ခေါင်းက ငယ်ငယ်က
ရိုက်သွင်းခံခဲ့ရတဲ့ information အတုတွေကို ခွာချ
နိုင်ခဲ့တယ်။ ဒါပေမယ့် တစ်ချိန်ထဲမှာပဲ ကျွန်တော်စဉ်း
စားမိတာက ဒီFacebook သုံးနေတဲ့ထဲမှာ ကျေးလက်
ဒေသကလူတွေလည်းပါမှာပါပဲ။ သူတို့စိတ်ထဲမှာ ကျွန်
တော့်လို information အတုတွေကျန်နေအုံးမှာပါပဲ။
ကျွန်တော်သူတို့ကိုအပြစ်မတင
လည်း ပညာတွေကောင်းကောင်းသင်ခွင့်
လိုဖြစ်မှာအသေအချာပါပဲ။ ဒါပေမယ့် သူငယ်ချင်းတို့ကို
တစ်ခုတော့ ပြောပါရစေ။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ
ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးထဲမှာပါဝင်တယ်ဆိ
ပါနဲ့။ ကျွန်တော်တို့မျိုးဆက်သစ်တေ
ရဖို့၊ ကျွန်တော်တို့လို ကျူရှင်တက်မှ မေးခွန်းရတဲ့ပညာရေး
စနစ်ကြီးကို မကြုံရဖို့ ဒီအချိန်ဟာ အကောင်းဆုံးအခွင့်
အရေးပါ။ ခင်ဗျားရဲ့မှန်ကန်တဲ့ မဲပြားတစ်ချပ်က ကျွန်တော်
တို့နိုင်ငံရဲ့ အနာဂတ်ပါပဲ။ ခင်ဗျားကိုယ် ခင်ဗျား အရေးမပါ
ဘူးလို့ ယောင်လို့တောင်မတွေးလိုက်ပါ
ခင်ဗျား ဘယ်သူ့ကို မဲပေးလဲတော့ သေချာရွေးချယ်ပါ။
ကျွန်တော်နောက်ထပ်တစ်ခုထပ်ေ
ဒီစာကိုရေးနေတာ ကျွန်တော်ဒေါ်စုရဲ့ သဲသဲလှုပ်ဖန်
တစ်ယောက်ဟုတ်နေလို့မဟုတ်ပါဘ
အမေစုလို့တောင်မခေါ်ဖူးပါဘူး
ကျကျတွေးကြည့်စမ်းပါဗျာ။ ခင်ဗျားရဲ့မုန်းတဲ့စိတ်လေး
တွေ ခဏလေး ဖယ်ထားပေးပါ။
သူမ လိုမိန်းမသားတစ်ယောက် ခင်ဗျားထက်ထူးချွန်တာကို
တော့ ခင်ဗျားလက်မခံချင်လည်း လက်ခံရမယ်။ သူမဒီအရွယ်
ကြီးရောက်မှ ဘယ်လို ရမက်ကြောင့် နိုင်ငံရေးလုပ်နေတော့
မှာလဲဗျာ။ အမေရိကန်လို နိုင်ငံမျိုး၊ အင်္ဂလန်လိုနိုင်ငံမျိုးမှာ
သွားပြန်နေရင်တောင် သူမအတွက် ဘာမှပူပန်စရာမရှိဘူး။
ဒီအရွယ်ကြီးအထိ ဘာလို့ ကြိုးစားနေသေးတာလဲ? လောဘ
ကြောင့်လို့ ခင်ဗျား ရူးရူးမိုက်မိုက်ထင်ချင်သေး
လွတ်လပ်စွာကွဲလွဲနိုင်ပါတယ်
အမှတ်ပြည့်ပေးတယ်။ အလိုလောဘကြောင့်လုံးဝမဖြစ်န
သူမ တိုင်းပြည်ကိုချစ်လို့။
✤သူမ အာဏာ ရရင် အမေရိကန်တို့လိုအနောက်နိုင်
မှာစိုးလို့??ဟုတ်လား??
➡ခနလေး ခေါင်းအေးအေးနဲ့ ပြန်စဉ်းစားကြည့်ပါအုံး။
ကျွန်တော်တို့ဆီမှာတော်တော်
များရော ကျန်နေသေးလို့လား??? တရုတ်ကို မတန်တဆ
နဲ့ရောင်းချခဲ့တာတွေလည်း များနေပါပြီ။ ခင်ဗျား
ဒီအချက်ကို စိုးရိမ်နေရင်တော့ ကျွန်တော်အံ့သြတယ်
ဗျာ။ သူမက အရင်အစိုးရထက်ပိုပြီးရောင်း
ထင်နေလို့လား?? ဘာမှမရှိသလောက်ဖြစ်နေတဲ့နို
အသက်(၇၀)ခန့်မိန်းမသားတစ်ယေ
ကြိုးစားနေတာကို ဘာလို့များဝိုင်းဆဲနေကြတာလဲ
ခင်ဗျားရော ဘာတွေများလုပ်ခဲ့ဖူးလို့လဲ?
✤သူမက မြန်မာတွေအတွက် ဘာမှမလုပ်ပေးခဲ့ဘူး ဟုတ်လား???
➡ပြောမှပြောရက်လေဗျာ။ ခင်ဗျား ကဘာနဲ့တူလဲဆိုတော့
ပြည်နှင်ဒဏ်ပေးခံရတဲ့ အမေတစ်ယောက်ကို သူ့သားသမီး
တွေအတွက်ဘာမှလဲ မလုပ်ပေးပါလားလို့ မေးနေတဲ့သူနဲ့
တူတယ်။ မြန်မာပြည်ပြန်ရောက်လာသေးတယ
အဲ့ဒိမေးခွန်းမေးအုံးမလို့လ
စကားလုံးနဲ့ မိန်းမသားတစ်ယောက်ကစစ်အစိုး
နိုင်ငံမှာဘာလုပ်ပေးနိုင်မှ
ယောင်္ကျားသားတွေတောင် ရပ်ကွက်လုပ်အားပေးဆို
ဒဏ်ကြေးမပေးနိုင်လို့သွားရေ
မိန်းမသားတစ်ယောက်ကို ဘာကူညီနိုင်ခဲ့လို့လဲမေးတာ
နည်းနည်းလောက်ပြန်စဉ်းစားကြ
✤သူမအုပ်ချုပ်ရင် ကုလားတွေ လွှမ်းမိုးမှာဟုတ်လား???
➡ဘာသာတရားဆိုတာ ကိုယ့်ဘာသာကို ခရစ်ယာန်တွေလို
ဂရုတစိုက်လုပ်ရင် ဘာသာမပျောက်ဘူးဗျ။ သူများဘာသာကို
လိုက်ပြောနေမယ့်အစား ကိုယ့်ဘာသာအကြောင်းလေးပဲပို
အောင်လုပ်ပါအုံးဗျာ။ ညတိုင်းရှိခိုးနေတဲ့ သြကာသအဓိပ္ပါယ်ပဲ
သိအောင်လုပ်ပါအုံး။ ကိုယ့်ဘာသာမှ သေချာမသိရင်
ကိုယ့်ကိုယ် ဗုဒ္ဓဘာသာလို့မခေါ်ပါနဲ့အုံး။
ကျလို့ပါ။ ဗုဒ္ဓဘာသာအတုအယောင်တွေကြောင်
နာမည်ပျက်ရတာ။ ကိုယ့်ဘာသာရဲ့ အသက်သွေးကြော
ဖြစ်တဲ့ မေတ္တာတရားကိုတောင်မေ့နေကြတယ
ပြောသေးတယ် ဘာသာပျောက်မှာစိုးလို့တဲ့။ Facebook
မှာပဲ comment မှာဝင်ဆဲတတ်ကြတယ်။ တကယ်တမ်း
အပြင်မှာ ငါးပါးသီလတောင် မမြဲဘူး။
နိုင်ငံတကာက လေးစားရတဲ့ ခေါင်းဆောင်တစ်ယောက်ပိုင်
ဆိုင်ထားတာတောင် အရင်ကမှိုင်းတိုက်ခံခဲ့ရတဲ့ဥ
နဲ့ မုန်းတယ် မုန်းတယ် ဘူးခါငြင်းနေရင်တော့ လည်း
ကိုယ့်ထိုက်နဲ့ကိုယ့်ကံပေါ့
ပြန်ကြည့်ပါအုံး။ သားသမီးတွေကိုပညာရေးလည်း ကောင်း
ကောင်းမထားပေးနိုင်။ ကျန်းမာရေးကလည်း ညံ့ဖျင်း၊
✤"ဘယ်အစိုးရတက်တက် ကောင်းရင်ပြီးရော??"ဟုတ်လား
➡ဘယ်လောက် တာဝန်မဲ့တဲ့စကားလဲဗျာ။ ဘယ်အစိုးရတက်
မယ်ဆိုတာ ခင်ဗျားပေါ်တစ်စိတ်တစ်ပိုင်
ဗျ။ ခင်ဗျားက စာမကျက်ပဲ စာမေးပွဲအောင်ပါစေ ဆုတောင်း
နေတဲ့သူနဲ့တူတယ်။
✤"နိုင်ငံရေးက ငါနဲ့မဆိုင်ပါဘူး??" ဟုတ်လား??။
➡ မြန်မာနိုင်ငံမှာ နေတဲ့သူတိ
ဒီရွေးကောက်ပွဲမှာ မဲမပေးပဲနဲ့ နောက်မှ ပွစိပွစိနဲ့ အခြေခံ
လစာနည်းတယ်တို့၊ ပညာရေးမကောင်းဘူးတို့၊ မီးမလာ
ဘူးတို့ ပြောနေရင်တော့ "ခင်ဗျားနိုင်ငံရေးနဲ့မဆိုင
နေခဲ့တဲ့ အကျိုးကျေးဇူးပေါ့"။ ကိုယ့်လက်ထဲမှာပြောင်းလဲ
ခွင့်ကြီးကြုံခဲ့ရဲ့သားနဲ့ ကြောက်ကြောက်လန့်လန့်ပုံးနေ
ကို။
"ငါအဖမ်းခံရင်ရင် ငါ့သားသမီးတွေကို ဘယ်သူစောင့်ရှောက်
မလဲ ဟုတ်လား?" ခင်ဗျားအဖမ်းခံရရင် ခင်ဗျားသားသမီး
တွေ ဒုက္ခရောက်နိုင်တယ်။ ဒါပေမယ့် ခင်ဗျားဘာမှမလုပ်ရင်တော့
ခင်ဗျားသားသမီး၊ မြေးစဉ်မြေးဆက် ဒီလို စုတ်ပြတ်တဲ့ပညာ
ရေးက လက်လွတ်နိုင်တော့မှာမဟုတ်ဘ
ကားနင်းရရင် ခင်ဗျားသား၊ ခင်ဗျားမြေးလည်း ဆိုက်ကား
နင်းနေရအုံးမှာပဲ။
ခင်ဗျားကို လမ်းပေါ်ဆန္ဒထွက်ပြဖို့ ပြောနေတာလည်းမဟုတ်
ဘူး။ ခင်ဗျားပေးမယ့် မဲချက်လေးကို သေချာစဉ်းစားပြီးပေးဖို့ မေတ္တာရပ်ခံ
တာပါ။ ကျွန်တော် ဒေါ်စုရဲ့သဲသဲလှုပ်ပရိတ်သတ်တစ
မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော် သူမကို ပေးမယ်။ ဘာလို့လဲ
ဆိုတော့ ကျွန်တော့်ခေါင်းထဲကမှိုင်း
ထင်ထင်ရှားရှား ကျွန်တော်တို့ကိုကယ်တင်နိုင
လို့မြင်လို့ပဲ။
ဒေါ်စုပရိတ်သတ်တွေကိုလည်း နည်းနည်းလောက်ပြောပါရ
စေ။ ဒေါ်စုကို မုန်းနေတဲ့သူတွေကို အပြစ်မတင်ပါနဲ့။ ခင်ဗျား
တို့တွေ ကျွန်တော်တို့လို ကျေးလက်ဒေသမှာ မကြီးပြင်းခဲ့ရလို့ပါ။
ကျွန်တော်တို့အားလုံး မျက်စိပိတ်နားပိတ်ခံခဲ့ရတာပ
ရောင် မမြင်ဖူးတဲ့သူကို အဖြူရောင်က ဗျိုင်းရောင်ပါလို့
ဒေါသတကြီးမအော်နေပါနဲ့။ ခင်ဗျားတို့နှစ်ယောက်ရန်ဖြစ
ရုံကလွဲပြီး ဘာမှကောင်းတဲ့ရလဒ်ထွက်လာမှာ
သူတို့ကို မြင်အောင်စိတ်ရှည်လက်ရှည် ရှင်းပြပါ။
ဒီPostကိုစဖတ်ကတည်းက commentထဲမှာ ဆဲမယ်ဆိုပြီး
အားခဲလာသူတွေလည်းရှိမှာပါ။ ကျွန်တော်နောက်တစ်ကြိမ်
ထပ်ပြောပါရစေ။ အဆဲခံရမယ်မှန်းသိရက်နဲ့ ကျွန်တော်ရေး
ခဲ့တာပါ။ ခဏလောက် ခေါင်းထဲက မှိုင်းလေးတွေဖယ်ပြီးစဉ်း
စားပေါ့။ဆဲသင့်တယ်ထင်ရင် ဆက်ဆဲခဲ့ပေါ့ဗျာ။ ကျေကျေ
နပ်နပ်ကြီးလက်ခံပါ့မယ်။ ကျွန်တော်ဒေါ်စုကို သဲသဲလှုပ်ချစ်လို့
ဒီPost ကိုရေးခြင်းမဟုတ်ဘူး။ နိုင်ငံကိုချစ်လို့ ကျွန်တော်ရေး
တာပါ။ ကျွန်တော်ဘယ်လိုစာမျိုးတွေေ
https://www.facebook.com/
ပိုက်ဆံတစ်ပြားတစ်ချက်မှ မရပဲ ဗဟုသုတတွေ တတ်နိုင်သ
လောက်ဖြန့်ဖြူးပေးနေတဲ့နေရာ
ရေးခဲပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်ရှိတယ်
လို့ခံစားရလို့ရေးတာပါ။ ခင်ဗျား comment ထဲမှာမဆဲခင်
နိုင်ငံအတွက် ဘာလုပ်ပြီးပြီလဲ ပြန်စဉ်းစားပါအုံး။ Facebook
Comment တွေထဲမှာ ဆဲရုံကလွဲပြီး ဘာမှမလုပ်ဖူးရင်
လည်း လွတ်လပ်စွာ ဆဲနိုင်ပါသေးတယ်။
မဲပေးခါနီး ခင်ဗျားလက်ထဲမှာ ကျွန်တော်တို့မြန်မာနိုင်ငံ
ကြီးရဲ့အသက်ရှိတယ်ဆိုတာ မမေ့ရင် ကျွန်တော်ကျေနပ်ပါပြီ။
Credit to : မိုးရှင်း (I.M.T)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။