Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 4, 2015

ကျုပ်တို့ တိုင်းပြည်

ကျုပ်တို့ တိုင်းပြည်
******************
သူများနိုင်ငံတွေ
ပညာရေးနဲ့ တိုင်းပြည်တည်ဆောက်နေချိန်မှာ
အားကျမခံ
"ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော
နိုင်ငံတော်ကြီး တည်ဆောက်အံ့"ဆိုတဲ့
ဆိုင်းဘုတ် အရှည်ကြီးတင်ပြီး
ပါးစပ်ကတော့
ပညာရေးဆိုတာ ပြန်မရနိုင်တဲ့ ရင်နှီးမြှုပ်နှံမှုလို့
နှောင်းလူတို့ကို အားမနာတမ်း ပြောတတ်တဲ့
တပည့်ပီသတဲ့ သမ္မတကြီး အုပ်ချုပ်နေတဲ့ တိုင်းပြည်။

သူများနိုင်ငံတွေ
ပြည်တွင်းမှာမထွက်လို့
နိုင်ငံတကာက ဝယ်သုံးနေတာတောင် ချမ်းသာကြွယ်ဝနေချိန်မှာ
ပေါလွန်းလို့
ရှိတာထုတ်ရောင်းယုံမက
အိမ်ခေါ်ဧည့်ခံပြီးတော့ပါ ထိုးရောင်းနေတာတောင်
မွဲပြာကျစေခဲ့တဲ့
စစ်တက္ကသိုလ်ကြီးရဲ့ သားတပည့်တွေ၊
စီးပွားရေးအမြင်ကျယ်လွန်းတဲ့
သျှမ်းသျှမ်းတောက် စစ်ဗိုလ်ချုပ်တွေ
ဖာချသလို
အလှည့်ကျ အုပ်ချုပ်နေတဲ့ တိုင်းပြည်။
ဥပဒေကို ခုတုံးလုပ်
ဇာတ်တူသားကို အမြည်းလုပ်
တိုင်းပြည်အပေါ် ဂုတ်သွေးစုပ်နေကြသူတွေက
စည်းစိမ်တွေကြားက ခေါင်းမော့ကြည့်ရင်း
စေတနာအမှားပါလို့
ပြီးစလွယ်ပြောလေ့ရှိတဲ့ စစ်ချုပ်ဟောင်းတွေ
နှစ်ကြော့ပြန် အရေလဲဘဝနဲ့
သားစဉ်မြေးဆက်အတွက် စီးပွားရေးတွေလုပ်ကိုင်လို့
အဘတို့က တိုင်းပြည်ရှေ့ရေးအတွက်
မပါချင်ပဲ ပါနေရသယောင်
ပြောနေတတ်တဲ့ နှစ်သီးစားတွေနေတဲ့ တိုင်းပြည်။
တပ်မတော်ကို ချစ်လှပါချည်ရဲ့ ဆိုပြီး
တပ်သားသစ်တယောက်ကို
ငါးသောင်း တသိန်းပေးဝယ်နေတာတောင်
မသိကျိုးကျွံပြုယုံမက
"သင့်အား တပ်မတော်မှ အလိုရှိသည်" ဆိုတဲ့
ပြူးပြဲနေတဲ့ ဆိုင်းဘုတ် ကြီးထောင်ထားတာတောင်
နဝေတိမ်တောင် လုပ်ပြီးကာမှ
"လိုအပ်ရင် ခေါ်လိုက်ပါ"
"တိုင်းပြည်အတွက်ဆို အဆင်သင့်ပဲ "
"မြန်မာသွေးက ရဲတယ်ကွ" လို့
တောင်အော်မြောက်အော် အော်နေတတ်တဲ့
စစ်ဖားလေးတွေ အများကြီးရှိတဲ့ တိုင်းပြည်။
"တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်"ဆိုတဲ့
ကိုလိုနီခေတ်က ဆိုင်းဘုတ်ကြီးကို
မချတမ်း ခေါင်းပေါ်ရွက်လို့
ရှိသမျှအင်အားနဲ့တောင်
တိုင်းပြည်ကို နှိပ်စက်လို့မပြီး
ပြည်တွင်းမှာပဲ လိုက်ပြီးစားမာန်ခုတ်နေတတ်တဲ့
ပြည်ပနဲ့ဆိုရင် ဖင်ခံမတတ်ကြောက်နေတတ်တဲ့
အငြိမ်းစား ကာကွယ်ရေးတပ်မတော်ကြီးရှိတဲ့ တိုင်းပြည်။
လောက အငြိမ်းချမ်းဆုံးဘာသာလို့
လိပ်ခေါင်းထွက်အောင် အော်ဟစ်ရင်း
လာမထိနဲ့ မီးပွင့်သွားမယ်လို့ ပြောလို့ပြော
မဝေဖန်နဲ့လို့ ဆိုလို့ဆိုနဲ့
ဓားကိုင်ပြီး တီကောင်ကြောက်နေသလိုမျိုး
မီးကို မီးနဲ့ငြိမ်းမယ်ဆိုတဲ့ အစွန်းရောက်တွေကို မတားပဲ
ပြည်သူကို အမှန်တရားဟော
မအအောင် သင်ပေးရင်း
တရားအစစ်ကို ပြောတတ်သူတွေကိုသာ
တားဆီးပိတ်ပင်တတ်တဲ့
ဘာသာရေးနဲ့ အုပ်ချုပ်ရေး ခေါင်းဆောင်တွေ
ဘယ်သူက ဆရာ
ဘယ်သူက ဒကာမှန်းမသိတဲ့ တိုင်းပြည်။
ကျောင်းသားက ပညာရေးအကြောင်းပြော
ပါချုပ်တွေက သမိုင်းမှန်မသိ
စစ်သားတွေက နိုင်ငံရေးလုပ်
ပြည်ထဲရေးက သူတောင်းစားလုပ်
ဘုန်းကြိီးတွေက ဥပဒေပြု
လူတစုက ကြီးပွား
လူလိမ္မာက တောင်းဆို
လူမိုက်က ထိန်းသိမ်းရေးလုပ်လို့
လူမှန်တွေ အကျဉ်းချ
လူလိမ်တွေ နေရာကျနေတဲ့
ခေတ်ပျက်ကြီးကိုတောင်
ဒီမိုကရေစီပါလို့
အော်ခိုင်းနေသေးတဲ့ ငပိန်းလူကြီးတွေရှိတဲ့တိုင်းပြည်။
တိုင်းပြည် ထူထောင်ရေး
လူတွေ လုပ်အားပေးရမယ့်အချိန်
သမိုင်းထဲက ခေါင်းလောင်းကြီးကို တလိုတ
ရာဇဝင်ထဲက ဆင်ဖြူတော်ကို ရှာလိုရှာ
ယတြာတွေ ဂြိုဟ်တွေနဲ့
တိုင်းပြည်ကို ကယ်တင်လို့
ဖားကောက်တဲ့လက်နဲ့ ခြင်္သေ့ဖမ်း
ခဲချွန်ဓားနဲ့ သစ်ခွဲ
သားသတ်လက်နဲ့ ပန်းချီဆွဲ
အနူလက်နဲ့ ရွှေခွက်ကိုင်ထားတဲ့သူတွေ
ခေါင်းပေါင်းကြီးတွေတကားကားနဲ့
ကောင်းစားနေတဲ့ တိုင်းပြည်။
YaeTayZa ။
=========

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။