Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 5, 2015

" အောင်မြင်မှု လှေးကားထစ်များကို တက်လှမ်းခြင်း "


" ကျေးဇူးပြု၍ ၅ မိနစ်သာ အချိန်ပေး ဖတ်ကြည့်လိုက်ပါ "

" အောင်မြင်မှု လှေးကားထစ်များကို တက်လှမ်းခြင်း " *************************************

လူတစ်ယောက်ကို ချစ်မြတ်နိုးဖို့ဆိုရင် နှလုံးသား တန်စွမ်းမှု ရှိဖို့လိုအပ်ပါတယ်။ မိတ်ဆွေကို နာကျင်အောင်လုပ်သွားသော လူတစ်ယောက်ကို ချစ်မြတ်နိုးဖို့ဆိုရင် ပိုပြီးသန်စွမ်းမှုရှိတဲ့ နှလုံးသားလိုအပ်ပါတယ်။ တစ်စုံတစ်ယောက်က မိတ်ဆွေကို နာကျင်အောင်လုပ်ရင် အသဲခွဲရင် သစ္စာဖောက်တဲ့အခါ သူတို့ကို ခွင့်လွတ်နိုင်တဲ့ စွမ်းရည်လိုအပ်ပါတယ်။ ချက်ချင်းကြီးတော့ ဖြေဖျောက်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် တဖြည်းဖြည်းနားလည်ပေးနိုင်လာမှ ပြေပျောက်သွားမှာပါ။ နားလည်ပေးနိုင်လာမှုကလည်း ခွင့်လွှတ်ခြင်းကို ဖြစ်ပေါ်လာစေပါတယ်။ မိတ်ဆွေနှလုံးသား ပိုပြီးသန်စွမ်းလာတဲ့အခါ မိတ်ဆွေချစ်မြတ်နိုးမှုနဲ့ ထိုက်တန်တဲ့ အချစ်မျိုးရရှိလာပါလိမ့်မယ်။ 
ကျွန်တော်တို့ ကြီးပြင်းအရွယ်ရောက်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ လက်တစ်ဖက်ဟာ ကိုယ့်ကိုယ်ကို ကူညီဖို့ဖြစ်ပြီး ကျန်လက်တစ်ဖက်ကတော့ အခြားသူတွေကို ကူညီဖို့ဖြစ်တယ်ဆိုတဲ့ ကြီးကျယ်တဲ့ လက်နှစ်ဖက်အကြောင်းကို သတိထားသိလာရပါတယ်။ နားလည်စာနာပေးနိုင်မယ့် နှလုံးသားရှိဖို့ အလွန်လိုအပ်ပါတယ်။ ကိစ္စအားလုံးမှာ မသန်တဲ့ လူရယ်လို့ မရှိကြပါဘူး။ လူတစ်ယောက်ချင်းစီမှာ ကိစ္စတစ်ခုမဟုတ် တစ်ခုဟာ သန်ကြပါတယ်။ သန်တဲ့ ကိစ္စတွေမှာလည်း စွမ်းကြပါတယ်။ ဒါ့ကြောင့် မသန်ပေမယ့် စွမ်းတယ် ဆိုတာမျိုးဖြစ်လာပါတယ်။ မိတ်ဆွေက ချည့်နဲ့နေတယ်လို့ထင်နေရတဲ့ လူတွေမှာ သူတို့စွမ်းတာတွေ ရှိပါတယ်။ တခါတလေ အဲ့ဒီအချက်ကို သူတို့ကိုယ်တိုင်မသိသေးရင်တောင် စာနာ နားလည်မှုဖြင့် သူတို့ကို ရှာဖွေ သင်ပြပေးသင့်ပါတယ်။ မိတ်ဆွေက ကာလတစ်ခုလောက်ပဲ တွေ့ရှိလိုက်တဲ့ လူတစ်ယောက်ရဲ့ ရပ်တည်ရှင်သန်မှုဟာ သူ့တစ်ဘဝလုံးရဲ့ ရပ်တည်ရှင်သန်မှုကို ကိုယ်စားမပြုသေးပါဘူး။
တစ်ခါတစ်လေမှာ မိတ်ဆွေအနေဖြင့် တစ်ပါးသောသူက မိမိကို မုန်းသွားမှာစိုးလို့ မချစ်တော့မှာစိုးလို့ နာကျင်ကြေကွဲရမှာစိုးလို့ စသဖြင့် ကျွန်တော်တို့ရဲ့ စိတ်ရင်းအမှန်တွေကို ဖုန်းကွယ်ထားတတ်ကြပါတယ်။ အဲ့ဒီလိုမျိုးတွေ မတွေးမိဘဲနဲ့ကို စိတ်ရင်းမှန်တွေ ဖုန်းထားမိပြန်တယ်။ တကယ်တော့ တခါတရံ ဘယ်သူ့ကိုမှ မယုံကြည်တာဟာ ကိုယ့်ကိုယ်ကို ဒုက္ခပေးနေသလိုမျိုး ခံစားမိတတ်ပါတယ်။
မျိုးစေ့သေးသေးလေးတစ်စေ့ရဲ့ ရှင်သန်မှုကိုပဲ စဉ်းစားကြည့်ပါဦး။ သူ့ကို ရှင်သန်စေချင်ရင် မြေကြီးထဲ ထည့်ရဲရတယ်။ အမှောင်ဖုံးတဲ့ ဒဏ် မိုးဒဏ် လေဒဏ်နဲ့ အခြားသောတိရိစ္ဆာန်တွေရဲ့ စားသောက်ပစ်နိုင်တဲ့ ဒဏ်တွေကို ခံရနိုင်ပါတယ်။ အဲ့ဒါတွေကို ကျော်ဖြတ်ပြီး နေရောင်ခြည်နဲ့ အစာချက်လို့ သူ့ကိုသူ ကြီးပြင်းလာခဲ့ရတာ မဟုတ်ပါလား။ ဒီတော့ စစ်မှန်သော ယုံကြည်မှုကို တည်ဆောက်တဲ့ အခါမှာ နောက်ကျောကို ဓါးနဲ့ ထိုးခံရတာ နာကျင်ခံစားရတဲ့ ဒဏ်တွေကို ကြုံတွေ့ကောင်း ကြုံတွေ့နိုင်ပါတယ်။ အဲ့ဒီခံစားချက်တွေကို ထိန့်လန့်ပြီး ယုံကြည်မှုကို မဖျက်စီးလိုက်ဖို့တော့ လိုအပ်ပါတယ်။
မိတ်ဆွေဘဝမှာ မိတ်ဆွေရပ်တည်ပါ။ ကိုယ့်ကိုယ်ကို မဖုံးကွယ်ထားမိစေပါနဲ့။ ယုံကြည်တာတွေအတွက် မားမားမတ်မတ်ရပ်တည်ပေးပါ။ တခြားသူတွေ မစူးမစမ်း လက်ခံတတ်သလိုမျိုး မိတ်ဆွေမဖြစ်ပါစေနဲ့။ သံသယဖြစ်နေရင် မေးခွန်းမေးလိုက်တာ ကောင်းပါတယ်။ သူများ ယောင်လို့ ကိုယ်လိုက်ယောင်တာမျိုး မဖြစ်ပါစေနဲ့။ ကြုံလို့ လက်မှတ်ထိုးလိုက်ရတဲ့ လူတွေထဲ မိတ်ဆွေမပါပါစေနဲ့။ လူအုပ်နောက်ကို လိုက်နေရင်တော့ လူအုပ်ထက်ပို၍ ခရီးမရောက်နိုင်ပါဘူး။ မိတ်ဆွေရဲ့ စိတ်စေရာ မိတ်ဆွေရဲ့ အောင်မြင်မှုလမ်းစကို စိတ်ကြိုက်ရွေးချယ်လိုက်ရင် ဘယ်သူမှ မရောက်သေးတဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်မည် ဖြစ်ပါတယ်။
အရာအားလုံးကတော့ ဖြစ်ပြီးပျက်ရမယ့် သဘောတရားတွေချည်းပါပဲ။ မိတ်ဆွေက ဘယ်လောက်ကောင်းကောင်း ဘယ်လောက်ဆိုးဆိုး တစ်နေ့ပြီးတော့လည်း ပြီးသွားတာပါပဲ။ ဒါ့ကြောင့် တတ်နိုင်သလောက်ကိုပဲ နေ့စဉ်ပုံမှန်လုပ်ဆောင်ပါ။ နေ့စဉ်ပုံမှန် ခံစားမှုပုံမှန် ဖြတ်သန်းပါ။ တန်ဖိုးထား လုပ်ဆောင်ပါ။
ဘဝတစ်ခုရဲ့ တကယ်ပူဆွေး ဝမ်းနည်းစရာ ကိစ္စတွေဟာ စိတ်ကူးယဉ် ဖြစ်လာခြင်း မလာခြင်းအပေါ်မှာ တည်မီမနေပါဘူး။ စိတ်ကူးယဉ်အိပ်မက်တွေ မိမိမှာ လုံးဝမရှိခြင်းကသာ
တည်မီနေခြင်းဖြစ်ပါတယ်။ မိတ်ဆွေ ယုံကြည်တဲ့ စိတ်ကူးယဉ်အိပ်မက်မျိုးမှာ ကြိုးစားလုပ်ဆောင်လိုက်ပါ။ ဝါသနာပါရာနောက်ကိုလုပ်ဆောင်ပြီး ကြောက်ရွံ့မှုကို ဖယ်ရှားလိုက်ပါ။ မျက်နှာမှာ အမြဲတမ်း အပြုံးပန်းပွင့်နေပါစေ။ မိတ်ဆွေဘဝနဲ့ မိတ်ဆွေအိပ်မက်ကို မိတ်ဆွေသာ ပိုင်ပါတယ်။ မဖြစ်ဖြစ်အောင် ကြိုးစားလိုက်ပါ။ နောက်ဆုံးမှတ်ထားရမှာက မိတ်ဆွေအိပ်မက်တည်ရှိရာ ပန်းတိုင်ဆီ နင်းတက်ရမယ့် ရှု့မျှော်မဆုံး လှေကားထစ်တွေကို တက်လှမ်းပြီး စိတ်ဓာတ်မကျဖို့ အရေးကြီးပါတယ်။ လှေကားထစ်များကို တစ်ထစ်ချင်း ဇွဲရှိရှိ နင်းတက်သွားရုံနဲ့ မိမိအိပ်မက်ဆီ ရောက်နိုင်မယ်ဆိုတာ သေချာပါတယ်။
အပျက်သဘောဆောင်တဲ့ အတွေးတွေမှာ ယုံကြည်နေတာဟာ အောင်မြင်မှုဆီသို့ မရောက်အောင် ဟန့်တားထားတဲ့ တစ်ခုတည်းသော အကြီးကျယ်ဆုံး ပိတ်ဆို့ဟန့်တားမှု ဖြစ်တယ်ဆိုတာ နားလည်သိရှိစေရန် လွန်စွာအရေးကြီးပါတယ်......ဆိုတာ ရေးသားတင်ပြပေးလိုက်ပါတယ်ခင်ဗျာ....

စာပေမြတ်နိုးသူများကို အစဉ်လေးစားလျက်-

( ရေနံ့သာ ဇော်မြင့် )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။