Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 25, 2015

ရိုးရှင်းပြီး အကျိုးရှိတဲ့ အသက်ရှူလေ့ကျင့်ခန်း


လေဆိုတာ အလကားရတယ်ဆိုတာ လူတိုင်းအသိပါပဲ။ ဒါပေမဲ့ အဲဒီလေကိုပဲ သန့်သန့်ရှင်းရှင်းနဲ့ ၀၀လင်လင် ရှူမိကြပါရဲ့လား။ အလုပ်ထဲမှာ အာရုံများနေလို့ပဲဖြစ်ဖြစ်၊ လေကောင်းလေသန့်ရတဲ့နေရာမှာ မနေဖြစ်လို့ပဲဖြစ် ဖြစ် အလကားရတဲ့လေကိုတောင် ၀၀မရှူမိတဲ့အခါမျိုးတွေမှာ အလိုလိုနေရင်း သက်ပြင်းတချချ ရင်တမမနဲ့ ပင်ပန်းနွမ်းလျနေတတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ စိတ်ရှုပ်လွယ်၊ စိတ်ညစ်လွယ်ပြီး စိတ်ဖိစီးလွယ်တတ်တယ် ဆိုတာ သတိထားမိပါသလား။

ဒါဆို အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် စိတ်ဖိစီးမှု၊ စိတ်ရှုပ်ထွေးမှုတွေနည်းသွားစေနိုင်ပါသလား။  သေချာတွေးကြည့်ရင် လူတွေဟာ ဓါးရှလို့ဖြစ်စေ ၊ တစ်ခုခုကြောင့်ဖြစ်စေ ဒဏ်ရာအနာတရဖြစ်တဲ့အခါ ဆေးထည့်လို့စပ်ရင် အသက်ကိုပြင်းပြင်းရှူတတ်ကြပါတယ်။ ဒါဟာ နာကျင်မှုသက်သာအောင် အမှတ်တမဲ့လုပ်မိတဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုပါပဲ။ ခန္ဓာကိုယ်နာကျင်မှုပဲဖြစ်ဖြစ် စိတ်နာကျင်မှုပဲဖြစ်ဖြစ် အသက်ပြင်းပြင်းရှူခြင်းဖြင့် လျော့ပါးသက်သာစေတယ်လို့ ဆေးပညာရှင်များက ပြောကြပါတယ်။ ဗုဒ္ဓတရားတော်အရလည်း ၀င်လေထွက်လေရှူတဲ့ ၀ိပဿနာရှုနည်းဟာ ခန္ဓာကိုယ်ရဲ့ ဒုက္ခကို သက်သာစေတဲ့ နည်းတစ်နည်းဖြစ်တယ်ဆိုတာ လူများစုသိပြီးဖြစ်ပါလိမ့်မယ်။ ဒီတော့ အသက်ပြင်းပြင်းရှူလေ့ကျင့်ခန်းကို နည်းစနစ်မှန်ကန်စွာ လုပ်တဲ့အတွက် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကို စုစည်းတင်ပြပေးလိုက်ပါရစေ။
ကြွက်သားတင်းမာမှုများ လျော့ကျခြင်း - အသက်ကို မှန်မှန်နဲ့ ပြင်းပြင်းရှူရင် ကိုယ်နေဟန်က မတ်သွားပြီး ကြွက်သားတွေတင်းကျပ်အောင် နေမိတာတွေ လျော့သွားမှာဖြစ်ပါတယ်။
အောက်ဆီဂျင်များများရရှိခြင်း - အသက်ကို ခပ်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တဲ့အခါ ခန္ဓာကိုယ်ထဲကို အောက်ဆီဂျင်တွေအများကြီးဝင်ပြီး ဆဲသေးသေးလေးတွေအထိ ပျံ့နှံ့သွားမှာဖြစ်ပါတယ်။ အဲဒီအခါ ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်ပိုတိုးတက်လာပြီး စိတ်အာရုံစူးစိုက်နိုင်စွမ်းနဲ့ အမောခံနိုင်စွမ်းပါ တက်လာမှာဖြစ်ပါတယ်။
သွေးတိုးကျစေခြင်း - ကြွက်သားများတင်းခဲနေတဲ့အခါ သွေးကြောတွေပါတင်းလာတဲ့အတွက် နှလုံးက ပိုအလုပ်လုပ်ရပြီး သွေးတိုးနှုန်းတက်စေပါတယ်။ ဒါကြောင့် အသက်ကိုပြင်းပြင်းနဲ့ မှန်မှန်ရှူတဲ့အခါ ကြွက်သားတင်းမာမှုလျော့ပြီး သွေးတိုးလည်းကျစေပါတယ်။
အန်ဒေါ်ဖင်(န်) ဓါတ်ထွက်လာခြင်း - အသက်ပြင်းပြင်းရှူတဲ့အခါ သွေးလည်ပတ်နှုန်းကောင်းလာပြီး စိတ်ကိုပျော်ရွှင်စေတဲ့ အန်ဒေါ်ဖင်(န်) ဓါတ်တွေ အများကြီးထွက်လာတာကြောင့် အလိုလိုနေရင်း စိတ်ပေါ့ပါးပျော်ရွှင်လာမှာဖြစ်ပါတယ်။
အဆိပ်အတောက်ဖယ်ရှားနိုင်ခြင်း - မှန်ကန်တဲ့အသက်ရှူနည်းဟာ လင့်ပ်ကြောတွေကို စနစ်တကျအလုပ်လုပ်စေတဲ့အတွက် အန္တရာယ်ဖြစ်စေတဲ့အဆိပ်တွေကို ဖယ်ထုတ်နိုင်ပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဖယ်ရှားပြီး ခန္ဓာကိုယ်ကိုသန့်စင်စေလို့ အားအင်တွေပြည့်ဝကာ ဇီဝကမ္မဖြစ်စဉ်များ ပိုမိုတိုးတက်ကောင်းမွန်လာစေမှာဖြစ်ပါတယ်။
အသက်ရှူလေ့ကျင့်ခန်းကို အချိန်ပေးလုပ်ဆောင်လိုသူများအတွက် အခြေခံလေ့ကျင့်ခန်းကို ဖော်ပြပေးလိုက်ပါတယ်။
  • သက်တောင့်သက်သာရှိပြီး တိတ်ဆိတ်တဲ့နေရာမှာ လဲလျောင်းပါ (သို့) တင်ပျဉ်ခွေပြီးထိုင်ပါ။ စိတ်ပျံ့လွင့်မှုမရှိအောင် ၅ - ၁၀ မိနစ်အထိနေပါ။
  • ကြွက်သားများကိုတင်းမထားပဲ ဖျော့ချလိုက်ပါ။ ခန္ဓာကိုယ်တစ်ခုလုံးကို အ၀တ်စတစ်ခုလိုသဘောထားကာ ပျော့နေအောင် လျှော့ချလိုက်ပါ။
  • အဆုတ်ထဲမှာ လေအပြည့်ဖြစ်တဲ့အထိ အသက်ကို ခပ်ကြာကြာရှူသွင်းပါ။ ဗိုက်ဖောင်းတဲ့အထိပါ ရှူသွင်းပြီး ရှူသွင်းနေစဉ်အတွင်း ၁ ကနေ ၅ အထိကို ဖြည်းဖြည်းရေတွက်ပါ။
  •  အဆုတ်ထဲမှာ လေမကျန်တော့တဲ့အထိ အသက်ရှူထုတ်ပါ။ ဒီတစ်ခါမှာလည်း ၁ ကနေ ၅ အထိရေတွက်ပြီး ကြွက်သားများကိုပါလျှော့နိုင်သမျှလျှော့ထားရမှာဖြစ်ပါတယ်။
ဒီရှူသွင်းရှူထုတ်လေ့ကျင့်ခန်းကို အနည်းဆုံး ၁၀ မိနစ်ခန့်ပြုလုပ်ရမှာဖြစ်ပါတယ်။ စိတ်အာရုံကို နှာခေါင်းဝ (သို့) ၀မ်းဗိုက်မှာပဲ စုစည်းထားနိုင်ပါက ပိုပြီးထိရောက်စေမှာဖြစ်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်းကို တစ်နေ့တစ်ကြိမ်ခန့်မှန်မှန်လုပ်သွားပေးပါက မကြာခင်မှာပဲ စိတ်လက်ပေါ့ပါးကာ နုပျိုလန်းဆန်း ကျန်းမာလာတာကို တွေ့ရမှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

YANGON LIFE


No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။