လူတစ်ယောက်အောင်မြင်လာတာဟာ သူတစ်ယောက်တည်းရဲ့အောင်မြင် မှုမဟုတ်ပါ။ လူအများရဲ့အကူအညီတွေနဲ့  သူအောင်မြင်
လာခြင်းဖြစ်ပါတယ်။ အကူအညီလိုအပ်လာတာနဲ့ အမျှ ကျေးဇူးတရားတွေလည်းများစွာရှိလာတာပါပဲ။
ဒီကနေ့ ကျွန်တော်တို့ ရဲ့လက်တွေနဲ့  စာလုံးတွေ၊ စာကြောင်းတွေ၊ များစွာသောပုံရိပ်တွေကို ဖန်တီးကြပါတယ်။ မိဘ၊ ဆရာသမားနဲ့ 
ပတ်ဝန်းကျင်တွေက ကျွန်တော်တို့ ကို ဒီကနေ့ အခြေအနေရောက်လာအောင် ဖန်တီးပေးခဲ့ကြပါတယ်။
လက်များ(Hands) ဆိုတဲ့ ကမ္ဘာကျော်ပန်းချီကားကိုရေးဆွဲတဲ့ ပန်းချီဆရာ အယ်လ်ဘရက်ရှ်ဒူးရာ(albrecht durer)ဟာ သူရဲ့အောင်မြင်
တဲ့ဘ၀ကို ရေးဆွဲဖန်တီးတာဟာ သူ့ ညီ အယ်လ်ဘတ်(Albert Durer)ရဲ့လက်တွေပါပဲလို့ ဆိုထားပါတယ်။ သူ့ ရဲ့ညီ အယ်လ်ဘတ်(Albert Durer)
ဟာ သူပန်းချီသင်ကြားနိုင်အောင် မိုင်းတွင်းမှာကျောက်ထုပြီး ကျောင်းစရိတ်ထောက်ပံ့ပေးခဲ့ ပါတယ်။
ဒါကြောင့် အယ်လ်ဘရက်ရှ်ဒူးရာ(albrecht durer)ဟာ ပန်းချီဆရာဖြစ်လာတဲ့အခါ သူ့ ညီ အယ်လ်ဘတ်(Albert Durer)ရဲ့ ပျက်ဆီးယိုယွင်း
နေတဲ့လက်တွေကို ပုံဖော်ပန်ချီးကားတွေဆွဲခဲ့ ပါတယ်။ ပြီးတော့ ကောင်းကင်ကို လက်အုပ်ချီနေတဲ့ လက်တစ်စုံကို ဖန်းတီးခဲ့ပါတယ်။ ပြီးတော့
လက်များ(Hands)လို့  အမည်ပေးလိုက်တယ်။
တစ်ကမ္ဘာလုံးက လက်များ(Hands) ဆိုတဲ့ ပန်းချီကားတွေကို ကြိုက်လွန်းလို့  သူ့ ရဲ့ညီပေါ်ထားတဲ့ မေတ္တာတရားကို ထင်ဟပ်ပေါ်လွင်လာ
အောင် ရှိခိုးနေသောလက်များလို့  နာမည်ပြောင်းပေးလိုက်ပါတယ်။
ဘ၀ရဲ့အောင်မြင်မှုတွေဟာလည်း ကျေးဇူးတရားတွေနဲ့ စီချယ်ထားပါတယ်။ အောင်မြင်ခြင်းမှာ အကူအညီမလိုခဲ့ဘူး၊ ကျေးဇူးတရားတွေ
မရှိဘူးဆိုရင် အဲ့ဒီလူဟာ အတိတ်မေ့ခြင်းပဲဖြစ်ပါတယ်။ ဒါမှမဟုတ် မေ့ချင်ယောင်ဆောင်ခြင်းသာ ဖြစ်ပါလိမ့်မယ်။
လာခြင်းဖြစ်ပါတယ်။ အကူအညီလိုအပ်လာတာနဲ့ အမျှ ကျေးဇူးတရားတွေလည်းများစွာရ
ဒီကနေ့ ကျွန်တော်တို့ ရဲ့လက်တွေနဲ့  စာလုံးတွေ၊ စာကြောင်းတွေ၊ များစွာသောပုံရိပ်တွေကို ဖန်တီးကြပါတယ်။ မိဘ၊ ဆရာသမားနဲ့ 
ပတ်ဝန်းကျင်တွေက ကျွန်တော်တို့ ကို ဒီကနေ့ အခြေအနေရောက်လာအောင် ဖန်တီးပေးခဲ့ကြပါတယ်။
လက်များ(Hands) ဆိုတဲ့ ကမ္ဘာကျော်ပန်းချီကားကိုရေးဆ
တဲ့ဘ၀ကို ရေးဆွဲဖန်တီးတာဟာ သူ့ ညီ အယ်လ်ဘတ်(Albert Durer)ရဲ့လက်တွေပါပဲလို့ ဆိုထားပါတယ်။ သူ့ ရဲ့ညီ အယ်လ်ဘတ်(Albert Durer)
ဟာ သူပန်းချီသင်ကြားနိုင်အောင်
ဒါကြောင့် အယ်လ်ဘရက်ရှ်ဒူးရာ(albrecht
နေတဲ့လက်တွေကို ပုံဖော်ပန်ချီးကားတွေဆွဲခဲ့
လက်များ(Hands)လို့  အမည်ပေးလိုက်တယ်။
တစ်ကမ္ဘာလုံးက လက်များ(Hands) ဆိုတဲ့ ပန်းချီကားတွေကို ကြိုက်လွန်းလို့  သူ့ ရဲ့ညီပေါ်ထားတဲ့ မေတ္တာတရားကို ထင်ဟပ်ပေါ်လွင်လာ
အောင် ရှိခိုးနေသောလက်များလို့  နာမည်ပြောင်းပေးလိုက်ပါတယ်။
ဘ၀ရဲ့အောင်မြင်မှုတွေဟာလည်း
မရှိဘူးဆိုရင် အဲ့ဒီလူဟာ အတိတ်မေ့ခြင်းပဲဖြစ်ပါတယ်။ ဒါမှမဟုတ် မေ့ချင်ယောင်ဆောင်ခြင်းသာ ဖြစ်ပါလိမ့်မယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။