လူနပ်ချမ်းသာ ပြည်မြန်မာ
- ကျော်ကြီး(MDY)
သာသနာရေးဝန်ကြီး(ဟောင်း) ဦးဆန်းဆင့်ကိုတရားစွဲဆိုထားတဲ့ အမှူအတွက် တရားရုံးချိန်းတစ်ခုမှာ စစ်ဆေးနေတုန်း ဦးဆန်းဆင့်ဟာ အသက်ရူကျပ်လာတာကြောင့် စစ်ဆေးမှုလုပ်တာတွေကို ရပ်နားခဲ့ရတယ်လို့ သတင်းဖတ်လိုက်ရတော့ စိတ်ထဲမကောင်းဖြစ်သွားပါတယ် ။ အော်သူခမျာ အရင်က ရှင်ဘုရင်လိုနေခဲ့ရတဲ့ဘ၀ကနေ တရားခံဘ၀ရောက် အကျဉ်းချခံနေရတော့ ဘယ်လောက်များ ခံစားနေလိုက်ရမလဲ သူ့မိသားစုတွေရော ဘယ်လောက်များ ခံစားနေရမလဲဆိုပြီး တွေးကြည့်ပြီး ကိုယ်ချင်းစာပြီး စိတ်မကောင်းဖြစ်မိတာပါ။ ဒီလိုပြောလို့လည်း သူနဲ့ကျွန်တော်နဲ့လည်း ဘာမှပတ်သပ်မှုမရှိပါဘူး။ ပတ်သတ်မှုရှိဖို့နေနေသာသာ အပြင်မှာတောင်မမြင်ဘူးပါဘူး ။ ဦးဆန်းဆင့်ဟာ အရင်က စစ်အာဏာရှင်ဘ၀တုန်းကတော့ အနည်းနဲ့အများ မကောင်းခဲ့တာ ရှိချင်ရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ မြန်မာလူမျိုးဆိုတာက လူတစ်ယောက်က ကိုယ့်အပေါ်ဘယ်လိုပဲ မကောင်းခဲ့မကောင်းခဲ့ အဲ့ဒီလူဒုက္ခရောက်ပြီဆိုရင်ေ တာ့ ၀မ်းသာတက်တဲ့လူမျိုးတော့ မဟုတ်ဘူးဗျ။
ထားပါတော့ ကျွန်တော်ပြောချင်တာက ဦးဆန်းဆင့်အခုလို အရေးယူခံရတာနဲ့ပတ်သတ်ပြီး ကျွန်တော်တို့နိုင်ငံ စစ်အာဏာရှင်လက်ထက်ကနေ ယနေ့ ဒီမိုကရေစီအစိုးရသစ်လက်ထက်ထိ အခုလို အကျင့်ပျက်လာဘ်စားလို့ဆိုပြီး ၀န်ကြီးတွေ အစိုးရ၀န်ထမ်းတွေ အပြစ်ပေးအရေးယူ ခံရခဲ့ရမှုဖြစ်စဉ်တွေ့နဲ့ ချိန်ထိုးပြီး စဉ်းစားမိတာလေးတွေပြောချင်လို့ပါ။ ဦးဆန်းဆင့်ဟာ နိုင်ငံ့ငွေအလွဲသုံးစားလုပ် မှုနဲ့ စွဲချက်တင် ဖမ်းဆီးခဲ့တယ်လို့ ကနဦးဖော်ထုတ်ပြောကြားမှုတွေ အရ သိရှိခဲ့ရပါတယ်။ ဒီလိုပြည်သူ့ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်လို့ တရားစွဲခံရတာနဲ့ပါတ်သတ်ပြီး ဘာမှပြောစရာမရှိပါဘူး။ တကယ်မှန်တယ်ဆိုရင်ပေါ့။ ကောင်းပါတယ် လုပ်သင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တစ်ချက်လောက် စဉ်းစားကြည့်ရအောင်ဗျာ။ အဲဒါက လက်ရှိဦးသိန်းစိန်အစိုးရလက်ထက်မှာပဲ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း အပါအ၀င် ဆက်သွယ်ရေး အရာရှိတစ်ချို့ဟာ နိုင်ငံတော်ငွေ ကျပ်သိန်းထောင်ချီ၊ သောင်းချီပြီး အလွဲသုံးစားမှုပေါ်ပေါက်ခဲ့လို့ အရေးယူဆောင်ရွက်ခံခဲ့ရပါတယ် ။ ဒါပေမယ့် ယနေ့ထိ ဆက်သွယ်ရေးဝန်ကြီး အပါအ၀င် အရာရှိတစ်ချို့ကို ဘယ်လို အပြစ်ပေး အရေးယူဆောင်ရွက်ခဲ့တယ်လို့ ပြည်သူတွေကို အသိပေးဖော်ပြခဲ့ချင်းလုံးဝမ ရှိခဲ့ပါဘူး။ ထို့အတူ အခြားဝန်ကြီးဌာနတွေက အကျင့်ပျက်လက်စားတဲ့ ၀န်ကြီးတွေ အရာရှိတွေ ကို အရေးယူဆောင်၇ွက်မှုတွေမှာလည်း အသိပေးဖော်ပြခဲ့ချင်း မရှိသလို ထိရောက်စွာ အရေးယူဆောင်ရွက်ပြခဲ့မှုလည်း မရှိခဲ့ပါဘူး။
အဲ့ဒီလို နိုင်ငံတော်ငွေ ကျပ်သိန်းထောင်ချီ၊ သောင်းချီပြီး အလွှဲသုံးစားလုပ်တဲ့သူတွေကျေ တာ့ ဘယ်လိုအရေးယူလိုက်တယ်ဆိုတာေ တာင် ပြည်သူကို အသိမပေးခဲ့ပဲနဲ့၊ ခုဝန်ကြီးသိန်းတစ်ရာလောက် အလွှဲသုံစားတဲ့အမှုကြတော့ ကျန်းမာရေးအမှန်တကယ်မကောင်း လို့ အာမခံတောင်းတာတောင် လုံးဝမပေးဘဲ အငြိုးကြီးစွာလုပ်နေပုံပေါက်နေပါတယ်။ ဦးဆန်းဆင့်ဟာ နိုင်ငံတော်ပုန်ကန်ခဲ့သူမဟု တ်ပါဘူး။ နိုင်ငံပုန်ကန်ခဲ့လို့ တစ်သက်တစ်ကျွန်း၊ သေဒဏ်ချမှတ်ခံခဲ့ရတဲ့ သွားလေသူအာဏာရှင်ဟောင်းကြီး ရဲ့ မြေးတွေတောင်အခု လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်လို့ ဒေါ်လာ ဘီလျံနဲ့ချီပြီး ဘဏ်ရှယ်ယာတွေတောင်ဝယ်ယူနေပြီး နိုင်ငံတော်ရဲ့ လုပ်ငန်းတွေတောင် လုပ်ဆောင်ခွင့်ပြုခဲ့သေးတာပဲလေ။
အခု အလွှဲသုံးစားလုပ်တဲ့ငွေပမာဏက လည်း သိန်းတစ်ရာကျပ်လို့ပြောပါတယ်။ ဒီလောက်ငွေပမာဏလေးကို အကြောင်းပြအရေးယူတယ်ဆိုတော့ အကြောင်းသိနေတယ် ပြည်သူတွေအကြားမှာ ရယ်စရာဖြစ်နေတာပေါ့။ ဒီလောက်ငွေက သူတို့သားသမီးတစ်ပတ် အသုံးစရိတ်တောင်မရှိဘူးလေ။ ဒီလောက်ငွေပမာဏကိုသာ အလွှဲသုံးစား လုပ်လို့သာအရေးယူကြေးဆို ၀န်ကြီးအားလုံး တစ်ယောက်မှလွှတ်မယ်မထင်ပါ။ ၀န်ကြီးတွေ၊ အစိုးရအရာရှိတွေ ရရှိတဲ့ လစာနဲ့ သူတို့ပိုင်ဆိုင်မှုတွေကို ကြည့်ရင် အဂတိလိုက်စားမှုရှိတယ် မရှိဘူး အငြင်းပွားနေစရာလိုမယ်မထင်ပါဘူး။ ၀န်ကြီးတွေဟာ သူတို့ပိုင်ဆိုင်မှုတွေကိုတောင် ခုချိန်ထိ ပြည်သူကိုတောင် ပွင့်ပွင့်လင်းလင်းချမပြရဲဘူးမလား။ ကိုယ့်ဘက်က မှန်ကန်တယ်ဆိုရင် ချမပြရဲစရာဘာမှမရှိဘူးလို့ထ င်ပါတယ်။
အခုငွေသိန်းတစ်ရာဟာလည်း ဘုရားတည်တဲ့နေရာမှာ အသုံးချခဲ့လို့ဆိုပြီး စသုံးလုံးက ပြောကြားပါတယ်။ ဒါဟာ ကိုယ်ကျိုးအတွက် အသုံးချခဲ့တာမဟုတ်လို့ အလွှဲသုံးစာမှုလို့တောင်ပြောလို့မရပါဘူး။ မြန်မာနိုင်ငံက တန်ခိုးကြီး ဘုရားအားလုံးကြည့်ကြည့်ပါ။ အဲ့ဒီမှာ လှူတန်းထားတဲ့ အလှူရှင်တွေရဲ့ နာမည်တွေဟာ ခေတ်အဆက်ဆက် အစိုးရလူကြီးမင်းများရဲ့ မိသားစုနာမည်တွေချည်းပါပဲ။ မြန်မာနိုင်ငံမှာ သူတို့နာမည်နဲ့လွှတ်တဲ့ ဘုရားမရှိသလောက်ပါပဲ။ မြန်မာနိုင်ငံရဲ့ Land Mark ဖြစ်တဲ့ ရွှေတိဂုံဘုရားကြီးရဲ့ စိန်ဖူးတော်တောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ+ ဇနီး ဒေါ်ကြိုင်ကြိုင်မိသားစုကောင်းမှုတဲ့။ အဲ့ဒီလောက်ပမာဏထိ လှူဒါန်းနိုင်မှုတွေဟာ သူတို့ကိုယ်ပိုင်ငွေ စစ်စစ်နဲ့ လှူဒါန်းထားတာ ဖြစ်နိုင်ပါသလား။ ပြေးကြည့်စရာလိုမယ်မထင်ပါဘူး။ သူကြီးဘုရား ရွာသားကောင်းမှုတွေချည်းပါပဲ ။
အခုလို ပြောဆိုနေတာတွေဟာ ၀န်ကြီးဦးဆန်းဆင့်ဘက်ကနေ ကာကွယ်ပြောဆိုနေတာ မဟုတ်ဘူးဆိုတာ စာဖတ်သူနားလည်မယ်ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေဟာ လိုတစ်မျိုး မလိုတစ်မျိုးလား မျက်နှာလိုက်မှုရှိသလားဆိုတာ မေးခွန်းထုတ်ချင်တာပါ။ လူကြီးမင်းများက တရားဥပဒေအထက်ဘယ်သူမှ မရှိဘူးလို့ ပြောဆိုနေကြပေမယ့် ဥပဒေအထက် ရှိနေတဲ့လူတွေကတော့ ယနေ့ထိရှိနေတုန်းပဲဆိုတာ တစ်နိုင်ငံလုံးသိကြပါတယ်။ ဦးဆန်းဆင့်ကြ အခုလို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပြခဲ့ပေမယ့် အစိုးရအဆက်ဆက် ၀န်ကြီးဌာနတွေရဲ့ အကျင့်ပျက်လာဘ်စားမှုတွေ၊ တရားရေးမဏ္ဍိုင်တွေက တရားရေးဝန်ထမ်းတွေရဲ့ အကျင့်ပျက်ချစားမှုတွေ၊ အာဏာပိုင်အဖွဲ့အစည်းတွေက ပြည်သူတွေအပေါ် မတရားဖိနှိပ်မှုတွေ၊ ခရိုနီလူတန်းစားတွေက အုပ်ချုပ်သူအာဏာပိုင်တွေနဲ့ ပေါင်းပြီး နိုင်ငံတော်ရဲ့ပိုင်ဆိုင်မှု တွေ၊ ပြည်သူလူထုရဲ့ ပိုင်ဆိုင်မှုတွေကို မတရားလုပ်နေတာတွေ၊ ထမ်းဆောင်ရမယ့်အခွန်အခတွေကို မထမ်းဆောင်ပဲရှောင်တိမ်းနေတာတွေကို မီဒီယာတွေနဲ့ ပြည်သူတွေကနေပြီးတော့ ထိထိရောက်ရောက် ဖော်ထုတ်ချပြနေပေမဲ့ အရေးယူဆောင်ရွက်ချင်းလုံးဝမ ရှိပဲ လွှတ်ပေးထားတာတွေဟာ ဘာကြောင့်လည်းဆိုတာ မေးခွန်းထုတ်ချင်ပါတယ်။
သမ္မတကြီးကို သန်း ၆၀ ကျော်သော ပြည်သူတွေကိုယ်စား တစ်ချက်ပဲ ထောက်ပြမေးမြန်းချင်ပါတယ်။ သမ္မတကြီးအစိုးရသစ် လက်ထက်မှာ နိုင်ငံရဲ့ မဏ္ဍိုင်များထဲမှ အဓိကအရေးပါတဲ့ တရားစီရင်ရေးမဏ္ဍိုင်မှ ၀န်ထမ်းတွေရဲ့ အဂတိတရားလိုက်စားမှု အကျင့်ပျက်ချစားမှုတွေနဲ့ပတ် သက်ပြီး တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ၂နှစ်အတွင်း ပြည်သူတွေများ၏ တိုင်ကြားစာ (၈၀၀၀) ကျော်ရောက်ရှိခဲ့ပြီး မီဒီယာ များဘက်မှ လည်းထိရောက်စွာ တိတိကျကျဖော်ပြခဲ့သော်လည်း ယနေ့ထိ မည်သည့်တရားသူကြီး တစ်ယောက်ကိုမျှ ထိရောက်စွာ အရေးယူဆောင်နိုင်ခဲ့တာ မတွေ့ရသေးပါဘူး။ နှစ်ပေါင်းများစွာ အကျင့်ပျက်ချစားမှုနဲ့ နာမည်ကြီးနေတဲ့ တရားရေးမဏ္ဍိုင်ကြီးဟာ ပြိုကျလုမတက်ဖြစ်နေတာတောင် ထိရောက်စွာ အရေးယူဆောင်ရွက်မှု ယနေ့ထိလုံးဝမရှိသေးပါဘူး။ ဒီတစ်ချက်တည်းကို ကြည့်တာနဲ့ ဦးသိန်းစိန်အစိုးရဲ့ အရည်အချင်း စွမ်းဆောင်ရေကို အကဲဖြတ်လို့ရပါတယ်။ ခေတ်အဆက်ဆက် အဂတိတရားလိုက်စားပြီး နာမည်ဆိုးနဲ့နာမည်ကြီးနေတဲ့ တရားမဏ္ဍိုင်ဟာ ပြီးခဲ့တဲ့ နှစ်ပေါင်းငါးဆယ်အတွင်း အဂတိတရားလိုက်စားလို့ဆိုပြီး ထိရောက်စွာ အရေးယူခံရတဲ့ တရားသူကြီးဟာ ၁၀ ယောက်တောင် မပြည့်ပါဘူး။ တရားဥပဒေစိုးမိုးမှုမရှိချင်း ဆိုတဲ့အချက်ဟာ မြန်မာနိုင်ငံကို ယနေ့အချိန်အထိ ကမ္ဘာအဆင်းရဲဆုံးနိုင်ငံ အဖြစ်ရပ်တည်စေတဲ့ အဓိကအချက်ပါပဲ။ ယခု ဒီမိုကရေစီ အစိုးရသစ်လက်ထက်မှာလည်း သမ္မတဟာ သူ့ဘေးမှာရှိတဲ့ အကြံပေးကိုယ်တိုင်က တောင်သူတွေဆီက လယ်မြေတွေသိမ်းထားလို့ တောင်သူတွေက ပြန်ရရေးဆန္ဒပြတောင်းဆိုနေ တာတောင် မသိချင်ဟန်ဆောင် နေခဲ့သေးတာဆိုတော့ ပြောစရာကုန်သွားပါပြီ။
ကာတွန်းတပုဒ်သွားသတိရမိတယ်ဗျ။ ထောင်ကျနေတဲ့သူငယ်ချင်းကို လာတွေ့တဲ့သူငယ်ချင်းက “မင်းကိုငါ အတန်တန်ပြောတယ် မြန်မာနိုင်ငံမှာနေရင် လောင်းကစားလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်း ကြိုက်တာလုပ်ကွာ ခုတော့မင်းက ဆန္ဒသွားပြရတယ်လို့ကွာ" ဆိုပြီး ပြောနေတဲ့ပုံလေးပါ။ ဟုတ်ပါတယ်။ မြန်မာနိုင်ငံမှာ လူကြီးနဲ့တည့်တယ်၊ ပြောသမျှမှန်မှန်မှားမှား နားထောင်တယ်၊ သူတို့ထိုင်ခုံသွားမလှုပ်ဘူးဆိုလို့ကတော့ ကြိုက်တာလုပ်။ ပြည်သူတွေကို ပါးရိုက်မယ် နားရိုက်မယ်လို့ပြောတဲ့ ၀န်ကြီးတောင် ဘာမှမဖြစ်ဘူးမလား။ အဲ့ဒါကြောင့်မြန်မာနိုင်ငံမှာ အစိုးရမင်းမှုထမ်းလုပ်မယ်၊ စီးပွားရေးလုပ်မယ်ဆိုရင် အရည်အချင်းရှိဖို့ထက် လူကြီးနဲ့ တည့်အောင်ပေါင်းတက်ဖို့ ဖားတက်ဖို့ရယ် ခွင်နဲ့လမ်းကြောင်း သိဖို့ပဲလိုပါတယ်။ လူနပ်ချမ်းသာ ဆိုတဲ့စကားလေးသာ လက်ကိုင်ထားပြီးသားနေကြ။ နပ်တဲ့လူချမ်းသာမယ်၊ နေရာရမယ်။ လူကြီးနဲ့ မတည့်တော့ဘူး၊ ၊ သူတို့ထိုင်ခုံလာလှုပ်တဲ့လု ပ်ရပ်တွေ လုပ်လာပြီဆိုလို့ကတော့ နာပြီသာမှတ်။ ဖွဲခိုးမှုလေးတောင် ထောင်တစ်သက်တစ်ကျွန်း ကျဖြစ်အောင်ပုဒ်မတပ် အရေးယူခံရမယ်ဆိုတာ ဦးဆန်းဆင့်ကိုသာ နမူနာယူကြပေတော့ဗျာ ။ ။ ။
- ကျော်ကြီး(MDY)
Tomorrow
- ကျော်ကြီး(MDY)
သာသနာရေးဝန်ကြီး(ဟောင်း) ဦးဆန်းဆင့်ကိုတရားစွဲဆိုထာ
ထားပါတော့ ကျွန်တော်ပြောချင်တာက ဦးဆန်းဆင့်အခုလို အရေးယူခံရတာနဲ့ပတ်သတ်ပြီး ကျွန်တော်တို့နိုင်ငံ စစ်အာဏာရှင်လက်ထက်ကနေ ယနေ့ ဒီမိုကရေစီအစိုးရသစ်လက်ထက်ထ
အဲ့ဒီလို နိုင်ငံတော်ငွေ ကျပ်သိန်းထောင်ချီ၊ သောင်းချီပြီး အလွှဲသုံးစားလုပ်တဲ့သူတွေကျေ
အခု အလွှဲသုံးစားလုပ်တဲ့ငွေပမာဏက
အခုငွေသိန်းတစ်ရာဟာလည်း ဘုရားတည်တဲ့နေရာမှာ အသုံးချခဲ့လို့ဆိုပြီး စသုံးလုံးက ပြောကြားပါတယ်။ ဒါဟာ ကိုယ်ကျိုးအတွက် အသုံးချခဲ့တာမဟုတ်လို့ အလွှဲသုံးစာမှုလို့တောင်ပြောလ
အခုလို ပြောဆိုနေတာတွေဟာ ၀န်ကြီးဦးဆန်းဆင့်ဘက်ကနေ ကာကွယ်ပြောဆိုနေတာ မဟုတ်ဘူးဆိုတာ စာဖတ်သူနားလည်မယ်ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေဟာ လိုတစ်မျိုး မလိုတစ်မျိုးလား မျက်နှာလိုက်မှုရှိသလားဆိုတာ
သမ္မတကြီးကို သန်း ၆၀ ကျော်သော ပြည်သူတွေကိုယ်စား တစ်ချက်ပဲ ထောက်ပြမေးမြန်းချင်ပါတယ်။ သမ္မတကြီးအစိုးရသစ် လက်ထက်မှာ နိုင်ငံရဲ့ မဏ္ဍိုင်များထဲမှ အဓိကအရေးပါတဲ့ တရားစီရင်ရေးမဏ္ဍိုင်မှ ၀န်ထမ်းတွေရဲ့ အဂတိတရားလိုက်စားမှု အကျင့်ပျက်ချစားမှုတွေနဲ့ပတ်
ကာတွန်းတပုဒ်သွားသတိရမိတယ်ဗ
- ကျော်ကြီး(MDY)
Tomorrow
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။