Min Burma added 4 new photos.
ငရဲကိုဖြတ်ကျော်ခြင်း
_____________________________________________{Ashin Dhamma}
New Delhi, India
ဦးဇင်း friend link ထဲမှာရှိတဲ့ မိတ်ဆွေများထဲမှာ ဦးဇင်းတို့ထက်ဆိုးတဲ့ အတွေ့အကြုံတွေ ရှိကြမှာပါ။ မကြုံဖူးတဲ့သူတွေလည်း ရှိမှာပါပဲ။ ရှိစေ။
_____________________________________________{Ashin Dhamma}
New Delhi, India
ဦးဇင်း friend link ထဲမှာရှိတဲ့ မိတ်ဆွေများထဲမှာ ဦးဇင်းတို့ထက်ဆိုးတဲ့ အတွေ့အကြုံတွေ ရှိကြမှာပါ။ မကြုံဖူးတဲ့သူတွေလည်း ရှိမှာပါပဲ။ ရှိစေ။
ပေါ်တာဖမ်းခံရဖူးပါသလား။ ဦးဇင်းအဖေက ဖမ်းခံရဖူးပါတယ်။ ကံကောင်းလို့ လမ်းမှာမသေခဲ့တာပါ။ ပြန်ရောက်လာတော့ လူရုပ်တောင် မပေါ်ပါဘူး။ ရောဂါတွေရ၊ ဒဏ်ရာတွေရလို့။ ကလေးသုံးယောက်တို့ မိခင်ရဲ့ သောကကို နားလည်နိုင်စွမ်းပါသလား။ မိခင်ရဲ့ စိတ်ဒုက္ခကို ဦးဇင်းပုံဖော်နိုင်စွမ်းမရှိပါ။ ခံစားရတာချင်းတူရင်တောင် ပုံစံခြင်းမတူပါ။ သူက ခင်းပွန်းတယောက်အဖြစ်နဲ့ ခံစားပြီး ဦးဇင်းတို့က အဖေအဖြစ်နဲ့ ခံစားရတာပါ။ ဦးဇင်းတို့မှာ အဖေမရှိရင် အမေရှိသေးတာပဲလို့ ကြံကြံဖန်ဖန်တွေးပြီး ဖြေသိမ့်နိုင်ကောင်းပေမယ့် ခင်ပွန်းမဲ့သွားတဲ့ မိန်းမသားက ဘယ်လိုဖြေသိမ့်နိုင်မှာလဲ။ နှစ်ယောက်ပေါင်းပြီး ဘဝတခု ထူထောင်ထားကြတာမဟုတ်လား။ ဘဝပျက်တယ်ဆိုတာ ဒါမျိုးကိုပြောတာ။
ပြေးလွှားနေတဲ့ ကြည်ဆံကြားမှာ ခင်ဗျားတို့ ညအိပ်ဖူးပါသလား။ ထမင်းကို အချိန်မှီချက်စားရပါတယ်။ သတ်မှတ်ထားအချိန်ရောက်ရင် မီးငြိမ်းရပါတယ်။ မီးမြင်ရင် ပစ်ခံရပါမယ်။ အိမ်ပေါ်မှာလည်း မအိပ်ရပါဘူး။ အိမ်အောက်မှာ ဗုံးခိုကျင်းတူးပြီး အိပ်ရပါတယ်။ ဒါဟာ ခင်ဗျားတို့အတွက် ပျော်စရာကောင်းတဲ့ ပုံရိပ်တွေ ဖြစ်ချင်ဖြစ်မှာပါ။ အသက်ဘေးစိုးရိမ်တဲ့ ဦးဇင်းတို့အတွက်တော့ ရင်တမမပေါ့။ အဲဒီအချိန်အဲဒီအခါဆိုရင် ကံမမှ အသက်ရှည်မယ် ကျမျက်ရည်ယိုယွင်းဆိုသလိုပါပဲ။ ဒီဒုက္ခတွေကို ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရတာပါ။
ရေမရှိတဲ့ လွင်တီးခေါင်ကြီးမှာ ခင်ဗျားတို့ နေဖူးပါသလား။ ဦးဇင်းတို့ ကိုယ်မွေးဖွားရာ ရွာကိုပစ်ပြီး ရွာပြောင်းရပါတယ်။ အဲဒီနေရာကို ခုတ်ထွင်ရှင်းလင်း၊ ဝါးတွေနဲ့ အိမ်ဆောက်ပြီး ဖြစ်နေသလို နေကြရပါတယ်။ ရေရဖို့ အဝေးကြီးကိုသွားပြီး ခပ်ရပါတယ်။ ရွာဟောင်းမှာက အသီးအနှံ့တွေ စပါးတွေကိုလည်း မရိတ်သိမ်းခဲ့ကြရလို့ အားလုံးအလဟဿ ပျက်စီးကုန်ပါတယ်။ ကလေးတွေ စာသင်ပျက်ခဲ့ရတယ်။ ရွာရှိမိန်းမပျိုတွေ မတော်မရော် ပြုကျင့်ခံရတယ်။ လူကြီးတွေဟာ စားရေးသောက်ရေးအတွက်ကို အပူတပြင်းရှာဖွေကြရတယ်။
ခင်ဗျားတို့ ဆံပြုတ်သောက်ပြီး နေခဲ့ရဖူးပါသလား။ ကျုပ်တို့ဟာ ဆံပြုတ်သောက်ပြီး အချိန်တွေကို ဖြတ်ကျော်ခဲ့ရတယ်။ အမေက ဆံပြုတ်ထဲကို အုန်းသီးတွေ၊ သကြားတွေထည့်ပြီး ကျိုထားတော့ ကျုပ်တို့က အဲဒီဆံပြုတ်ကို ကြိုက်တယ်။ အဲဒီဆန်ပြုတ်ရဲ့ အရသာကို အခုထိမှတ်မိနေပါတယ်။ ရွာဟောင်းပြန်ရောက်လို့ အဆင်ပြေတဲ့အခါကျတော့ ဒုက္ခရောက်စဉ်က ဆံပြုတ်မျိုး ပြုတ်ကြွေးဖို့ တောင်းဆိုဖူးတယ်။ အမေဟာ ငါတို့မှာ စားစရာမရှိလို့ ဆံပြုတ်ပြုတ်စားရတယ်လို့ သိမ်ငယ်စိတ်တွေ မဖြစ်အောင်၊ သက်သက်မဲ့ မုန့်လို စားကောင်းအောင် စီမံပြီး ကျွေးခဲ့တာပါ။ ကျုပ်တို့က ဆန်ရှားတာ၊ ဆန်မရှိတာတွေ ဘယ်သိမလဲ။ ဒီလိုဒုက္ခတွေကို ဖြတ်ခဲ့ရတဲ့သူတယောက်ဟာ အဲဒီဒုက္ခတွေကို မေ့ကောင်းလား။ တခြားသူတွေရဲ့ ဒုက္ခသုက္ခတွေကို မစာနာကောင်းလား။
တခြားရေးပြစရာတွေ ရှိပါသေးတယ်။ တောင်ပျောက်ရွာမှာ တိုက်ပွဲဖြစ်တာတွေ။ အဲဒီရွာက လူတွေကို သူကူညီခဲ့ရတာတွေ။ သူတို့ရွာကလူတွေကို ဦးဇင်းရွာက ကျွေးမွေးခဲ့ရတာတွေ... ဒါကို မျက်လုံးထဲက မထွက်ပါဘူး။ အစဉ်အမြဲအမှတ်ရနေပါတယ်။ ဒီလိုဒုက္ခတွေကို ကိုယ်တိုင် မခံစားဖူးတဲ့သူများဟာ မစာနာနိုင်ကြပါဘူး။ နားလည်သဘောပေါက်နိုင်စွမ်းလည်း မရှိပါဘူး။ ကျုပ်ရေးနေတာတွေဟာ ကြားဖူးနားဝတင်ကို ကလိန်စေ့ညမ်းဆင်ပြီး ရေးနေတာ မဟုတ်ပါဘူး။ ခံစားခဲ့ကြရတဲ့ ပြည်သူတွေရဲ့ ဒုက္ခနဲ့နှိုင်းစာရင်... အခုပြောပြတဲ့ ဒုက္ခဆိုတာက ဘာဆိုဘာမှ မဟုတ်သေးပါဘူး။
စစ်အုပ်ချုပ်ရေးအောက်မှာ ဦးဇင်းထက်ဆိုးထက်သူတွေ အများကြီးရှိနေမှာဘဲ။
{Ashin Dhamma}
စစ်အုပ်ချုပ်ရေးအောက်မှာ ဦးဇင်းထက်ဆိုးထက်သူတွေ အများကြီးရှိနေမှာဘဲ။
{Ashin Dhamma}
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။