`` ကာ ရန် ပျက် နေ တဲ့ ည များ ´´
************************** *
( တင် မိုး )
ငတ်နေတာက ဒီမိုကရေစီ
ချည်လိုက်တာက လက်ထိတ်
ဘယ်လိုလုပ် ကာရန်ချိတ်မလဲ ... ။
အရိပ်ကို လိုက်ဖမ်းနေတဲ့
မျက်ကန်းတွေပဲ ဖြစ်နေမှာပေါ့ ... ။
လက်ထိတ်ချွင်းချွင်းညံကို
သီချင်းသံအဖြစ် ပြောင်းပစ်
လက်ရှစ်သစ် ချေးအထပ်ထပ်နဲ့
ညစ်ပတ်နေတဲ့ နိမိတ်ပုံ
ရောင်စုံ စောင်ပုံအထပ်ထပ်နဲ့
အိပ်ရေးနှပ်မနေကြနဲ့ဟေ့ ... ။
သံဖြတ်လွှတွေ ရှာခဲ့ကြ
ဒီညမှာ ခြေချင်းတွေ ဖြုတ်
တုပ်ထားတဲ့ ကြိုးတွေ ဖြတ်
ငါတို့ဘက်က ရပ်လှည့်စမ်း ... ။
ရန်သူ့ဖိနပ်တိုက်ပြီး
မုန့်တကိုက်နဲ့ ဇာတ်သိမ်း
သီချင်းငြိမ့်ပြီး မှိန်းနေဦးမလို့လား ... ။
မိန်းမလျာလိုလို .. နတ်ကတော်လိုလို
ဂြိုလ်ကြွနေတဲ့ ဗိုလ်မလိုလိုနဲ့
ဟိုလိုလို ဒီလိုလို ရှောင်တိမ်း
ပူနောင်ချပ်ချိန်းတွေနဲ့
နတ်စိမ်း လုပ်မနေစမ်းနဲ့ ... ။
ညွှန်းစမ်းဟဲ့ နည်း
ထွန်းစမ်းဟဲ့ မီး
လွမ်းခန်းနဲ့ မပြီးစေနဲ့
တို့ခရီး မဆုံးသေး ... ။ ။
( တင် မိုး )
၁. ၃. ၂၀၀၀
========
**************************
( တင် မိုး )
ငတ်နေတာက ဒီမိုကရေစီ
ချည်လိုက်တာက လက်ထိတ်
ဘယ်လိုလုပ် ကာရန်ချိတ်မလဲ ... ။
အရိပ်ကို လိုက်ဖမ်းနေတဲ့
မျက်ကန်းတွေပဲ ဖြစ်နေမှာပေါ့ ... ။
လက်ထိတ်ချွင်းချွင်းညံကို
သီချင်းသံအဖြစ် ပြောင်းပစ်
လက်ရှစ်သစ် ချေးအထပ်ထပ်နဲ့
ညစ်ပတ်နေတဲ့ နိမိတ်ပုံ
ရောင်စုံ စောင်ပုံအထပ်ထပ်နဲ့
အိပ်ရေးနှပ်မနေကြနဲ့ဟေ့ ... ။
သံဖြတ်လွှတွေ ရှာခဲ့ကြ
ဒီညမှာ ခြေချင်းတွေ ဖြုတ်
တုပ်ထားတဲ့ ကြိုးတွေ ဖြတ်
ငါတို့ဘက်က ရပ်လှည့်စမ်း ... ။
ရန်သူ့ဖိနပ်တိုက်ပြီး
မုန့်တကိုက်နဲ့ ဇာတ်သိမ်း
သီချင်းငြိမ့်ပြီး မှိန်းနေဦးမလို့လား ... ။
မိန်းမလျာလိုလို .. နတ်ကတော်လိုလို
ဂြိုလ်ကြွနေတဲ့ ဗိုလ်မလိုလိုနဲ့
ဟိုလိုလို ဒီလိုလို ရှောင်တိမ်း
ပူနောင်ချပ်ချိန်းတွေနဲ့
နတ်စိမ်း လုပ်မနေစမ်းနဲ့ ... ။
ညွှန်းစမ်းဟဲ့ နည်း
ထွန်းစမ်းဟဲ့ မီး
လွမ်းခန်းနဲ့ မပြီးစေနဲ့
တို့ခရီး မဆုံးသေး ... ။ ။
( တင် မိုး )
၁. ၃. ၂၀၀၀
========
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။