ချင်းပြည်မြောက်ပိုင်း
အငတ်ဘေးဆိုက်နေတာ လျစ်လျူရှုထားကြတယ်
========================== ===
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်၊ တွန်းဇံနဲ့ ကြိမ်ခါးဒေသတွေမှာ စိုက်ပျိုးရေးအတွက် အဓိကအားထားနေရတဲ့ ကျွဲကောင်ရေ တစ်ထောင်ကျော် ရောဂါကြောင့် သေဆုံးခဲ့တာမို့ ဆန်စပါးမစိုက်ပျိုးနိုင်ဘဲ အငတ်ဘေး ရင်ဆိုင်နေရပါပြီ။
စားနပ်ရိက္ခာပြတ်လပ်နေမှု အစိုးရက
လျစ်လျူရှုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နွေရာသီကစပြီး ကျွဲကောင်ရေ အများအပြား အနာရောဂါကျပြီး သေဆုံးခဲ့လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို တင်ပြခဲ့ပေမယ့် ဘာတစ်ခုမှ အရေးယူဆောင်ရွက်ပေးတာမရှိတဲ့ အပြင် တောင်ယာမစိုက်ပျိုးနိုင်လို့  ဆန်စပါးပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာကိုလည်း လျစ်လျူရှုထားတယ်လို့ ဇိုမီးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ပူးပေါပါက ပြောပြပါတယ်။
တီးတိန်၊ တွန်းဇံနဲ့ ကြိမ်ခါးအရပ်တွေမှာ လူဦးရေ ၃သိန်းနီးပါးရှိတဲ့ ဇိုမီးတိုင်းရင်းသားတွေ အများဆုံးနေထိုင်ကြပြီး လမ်းပန်းဆက်သွယ်ရေး ကြမ်းတမ်းခက်ခဲသလို တောင်ယာနဲ့ အသက်မွေးရတာကြောင့် စိုက်ပျိုးရေးမှာသုံးတဲ့ ကျွဲကောင်ရေတွေ အများအပြား ဆုံးရှုံးမှုဟာ အငတ်ဘေးစိုက်တဲ့အထိ ရောက်ခဲ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်တဲ့ ချင်းပြည်နယ်ဟာ ရာသီဥတု ပြင်းထန်ပြီး လမ်းပန်းဆက်သွယ်ရေး ကြမ်းတမ်းခက်ခဲတဲ့ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး ဒေသဖြစ်ပါတယ်။
ဆန်ဝယ်မစားနိုင်လို့ ပြောင်းဖူးကိုပြုတ်ပြီး ထမင်းအဖြစ် နေ့စဉ်စားသောက်နေရတယ်လို့ တီးတိန်မြို့နယ် ဘွမ်ရွာက ဒေသခံ ဇိုမီးအမျိုးသမီးတစ်ယောက်က ပြောပြပါတယ်။
ချင်းပြည်နယ်တောင်ပိုင်းမှာ လည်း ကြွက်တွေဖျက်ဆီးလို့ ပြီးခဲ့တဲ့နှစ်တွေက ဒေသခံတွေ အငတ်ဘေးကြုံခဲ့ရဖူးပါတယ်။ အခု မြောက်ပိုင်းမှာ ကောင်ရေ တစ်ထောင်လောက် သေဆုံးခဲ့တဲ့ ကျွဲတွေမှာဖြစ်ပွားတဲ့ ရောဂါကိုလည်း ဒေသခံတွေက အတိအကျမသိကြပါဘူး။
August 8, 2014 at 23:17 PM
https://www.youtube.com/ watch?v=wHkgzs28D28
အငတ်ဘေးကြုံနေတဲ့ သင့်ညီအကိုတွေအတွက်
ကူညီခြင်းအားဖြင့် share ပေးကြပါ။
.
.
Kamayut Media
============
အငတ်ဘေးဆိုက်နေတာ လျစ်လျူရှုထားကြတယ်
==========================
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်၊ တွန်းဇံနဲ့ ကြိမ်ခါးဒေသတွေမှာ စိုက်ပျိုးရေးအတွက် အဓိကအားထားနေရတဲ့ ကျွဲကောင်ရေ တစ်ထောင်ကျော် ရောဂါကြောင့် သေဆုံးခဲ့တာမို့ ဆန်စပါးမစိုက်ပျိုးနိုင်ဘဲ အငတ်ဘေး ရင်ဆိုင်နေရပါပြီ။
စားနပ်ရိက္ခာပြတ်လပ်နေမှု အစိုးရက
လျစ်လျူရှုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နွေရာသီကစပြီး ကျွဲကောင်ရေ အများအပြား အနာရောဂါကျပြီး သေဆုံးခဲ့လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို တင်ပြခဲ့ပေမယ့် ဘာတစ်ခုမှ အရေးယူဆောင်ရွက်ပေးတာမရှိတဲ
တီးတိန်၊ တွန်းဇံနဲ့ ကြိမ်ခါးအရပ်တွေမှာ လူဦးရေ ၃သိန်းနီးပါးရှိတဲ့ ဇိုမီးတိုင်းရင်းသားတွေ အများဆုံးနေထိုင်ကြပြီး လမ်းပန်းဆက်သွယ်ရေး ကြမ်းတမ်းခက်ခဲသလို တောင်ယာနဲ့ အသက်မွေးရတာကြောင့် စိုက်ပျိုးရေးမှာသုံးတဲ့ ကျွဲကောင်ရေတွေ အများအပြား ဆုံးရှုံးမှုဟာ အငတ်ဘေးစိုက်တဲ့အထိ ရောက်ခဲ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်တဲ့ ချင်းပြည်နယ်ဟာ ရာသီဥတု ပြင်းထန်ပြီး လမ်းပန်းဆက်သွယ်ရေး ကြမ်းတမ်းခက်ခဲတဲ့ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး ဒေသဖြစ်ပါတယ်။
ဆန်ဝယ်မစားနိုင်လို့ ပြောင်းဖူးကိုပြုတ်ပြီး ထမင်းအဖြစ် နေ့စဉ်စားသောက်နေရတယ်လို့ တီးတိန်မြို့နယ် ဘွမ်ရွာက ဒေသခံ ဇိုမီးအမျိုးသမီးတစ်ယောက်က ပြောပြပါတယ်။
ချင်းပြည်နယ်တောင်ပိုင်းမှာ
August 8, 2014 at 23:17 PM
https://www.youtube.com/
အငတ်ဘေးကြုံနေတဲ့ သင့်ညီအကိုတွေအတွက်
ကူညီခြင်းအားဖြင့် share ပေးကြပါ။
.
.
Kamayut Media
============
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။