`အစိမ်းရောင်ရက်စွဲများ´အယ် လ်ဘမ်တွင် နောက်ထပ်ထူးခြားသော သီချင်းတစ်ပုဒ်က နာရီတွေရပ်တဲ့ည ဖြစ်သည်။ ထူးအိမ်သင်က ဆူညံပေါက်ကွဲဟန်နှင့် သီဆိုထားပြီး တနေရာမှာ Rapping ရွတ်ဖတ်မှု ပါဝင်ခဲ့သည်။
` နာရီတွေရပ်တဲ့ည ကိုရေးတာက ဖိုးဇော်လေ။ သူ ရေးပေးကတည်းက ဆိုလိုမြူးဇစ်အပြီးမှာ အဲဒီလို rapping လေး ထည့်ဖို့ နဂိုတည်းက ရာထားပေးခဲ့တာ။ အဲဒီနားမှာ စိတ်တိုင်းမကျသေးတာနဲ့ ရက်တွေ ကြာနေခဲ့တယ်။တစ်ရက်ကြတော့ ကေအေတီတို့အိမ်မှာ စကားပြောရင်း အိုင်ဒီယာ ရပြီးတော့ မောင်မောင်ဇော်လတ်နဲ့ အယ်ဖြူတို့နှစ်ယောက်၊ မောင်မောင်ဇော်လတ်အိမ်ကို ပြေးပြီး ရေးကြတာ။ သူတို့နှစ်ယောက်ရေးတဲ့ rapping ကို သူတို့နှစ်ယောက်ပဲ သီချင်းထဲမှာ ရွတ်ဖတ်ပေးတယ်ပေါ့´ဟု ထူးအိမ်သင်က ပြောပြသည်။
သည်သီချင်းကို ကြည့်ခြင်းအားဖြင့် ထူးအိမ်သင်သည် ဂီတရေစီးကြောင်းကို မျက်ခြေမပြတ်။ဂီတဟန်အသစ်များကို သူ၏ ကိုယ်ပိုင်ဂီတဟန်နှင့် ပေါင်းစပ်လက်ခံ သီဆိုနိုင်ကြောင်း ထင်ရှားသည်။
Rap ဂီတအပေါ် ထူးအိမ်သင်၏ သဘောထားက `သူတို့လှိုင်းနဲ့ သူတို့ပေါ့၊ ဒီအချိန်မှာ သူတို့လှိုင်းအတက်နဲ့ ကြုံတော့ သူတို့လည်း ဒီလှိုင်းကို စီးကြတာပေါ့။ အားနည်းချက်အားသာချက်ကတော့ ဂီတ တစ်ခုချင်းစီမှာ ရှိကြတာပါပဲ၊ melody နဲ့လုပ်လို့မရတဲ့ ကိစ္စတွေကို rapping နဲ့ လုပ်လို့ရနိုင်တယ်၊ rapping မှာ လုပ်လို့မရတဲ့ ကိစ္စတွေကိုလည်း melody မှာ လုပ်လို့ရတာဆိုတော့ သူ့နေရာနဲ့သူ အသုံးချနိုင်ဖို့ပဲ အရေးကြီးတာပါ´ဟု ဆိုခဲ့ပါသည်။
နိုင်ဇော် အဆုံးအစမဲ့ မိုးသားထဲ သွားရဦးမယ် မှ
ဆက်လက်ပြီး ကိုငှက်၏ လူငယ်တွေအပေါ် သဘောထားကိုလည်း တင်ပေးပါဦးမည်။
` နာရီတွေရပ်တဲ့ည ကိုရေးတာက ဖိုးဇော်လေ။ သူ ရေးပေးကတည်းက ဆိုလိုမြူးဇစ်အပြီးမှာ အဲဒီလို rapping လေး ထည့်ဖို့ နဂိုတည်းက ရာထားပေးခဲ့တာ။ အဲဒီနားမှာ စိတ်တိုင်းမကျသေးတာနဲ့ ရက်တွေ ကြာနေခဲ့တယ်။တစ်ရက်ကြတော့ ကေအေတီတို့အိမ်မှာ စကားပြောရင်း အိုင်ဒီယာ ရပြီးတော့ မောင်မောင်ဇော်လတ်နဲ့ အယ်ဖြူတို့နှစ်ယောက်၊ မောင်မောင်ဇော်လတ်အိမ်ကို ပြေးပြီး ရေးကြတာ။ သူတို့နှစ်ယောက်ရေးတဲ့ rapping ကို သူတို့နှစ်ယောက်ပဲ သီချင်းထဲမှာ ရွတ်ဖတ်ပေးတယ်ပေါ့´ဟု ထူးအိမ်သင်က ပြောပြသည်။
သည်သီချင်းကို ကြည့်ခြင်းအားဖြင့် ထူးအိမ်သင်သည် ဂီတရေစီးကြောင်းကို မျက်ခြေမပြတ်။ဂီတဟန်အသစ်မျာ
Rap ဂီတအပေါ် ထူးအိမ်သင်၏ သဘောထားက `သူတို့လှိုင်းနဲ့ သူတို့ပေါ့၊ ဒီအချိန်မှာ သူတို့လှိုင်းအတက်နဲ့ ကြုံတော့ သူတို့လည်း ဒီလှိုင်းကို စီးကြတာပေါ့။ အားနည်းချက်အားသာချက်ကတော့ ဂီတ တစ်ခုချင်းစီမှာ ရှိကြတာပါပဲ၊ melody နဲ့လုပ်လို့မရတဲ့ ကိစ္စတွေကို rapping နဲ့ လုပ်လို့ရနိုင်တယ်၊ rapping မှာ လုပ်လို့မရတဲ့ ကိစ္စတွေကိုလည်း melody မှာ လုပ်လို့ရတာဆိုတော့ သူ့နေရာနဲ့သူ အသုံးချနိုင်ဖို့ပဲ အရေးကြီးတာပါ´ဟု ဆိုခဲ့ပါသည်။
နိုင်ဇော် အဆုံးအစမဲ့ မိုးသားထဲ သွားရဦးမယ် မှ
ဆက်လက်ပြီး ကိုငှက်၏ လူငယ်တွေအပေါ် သဘောထားကိုလည်း တင်ပေးပါဦးမည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။