လူတိုင်း ထင်မှတ်မထားအောင် သာယာလှပနေတဲ့ မြောက်ကိုရီးယား မြို့တော်
မြောက်ကိုရီးယားရဲ့ မြို့တော်က ပြုံးယမ်း ဖြစ်ပါတယ်။ ပြုံးယမ်းမြို့ကြီးကို စစ်သားတွေနဲ့သာ ပြည့်နှက်နေပြီး ဆီးနှင်း တွေနဲ့ ဖုံးနေမယ်လို့သာ အများစုက ထင်ခဲ့ကြတာပါ။ ယခု ရက်ပိုင်းအတွင်း ပြုံးယမ်းမြို့တော်ရဲ့ အတွင်းကျကျ ပုံရိပ် ဗီဒီယို တစ်ခုဟာ Vemo မှာ လူကြည့်များ လာပါတယ်။
ဗြိတိန်နိုင်ငံက ဒါရိုက်တာနဲ့ မြောက်ကိုရီးယား အခြေဆိုက် ခရီးသွားလာရေး အေဂျင်စီတို့ ပူးပေါင်းလို့ ဖန်တီးလိုက်တဲ့ ၃ မိနစ်စာ ဗီဒီယိုလေး ဖြစ်ပါတယ်။ ပြုံးယမ်းမြို့ဟာ အင်မတန် သာယာလှပ ပါတယ်။ အသုံးပြုတဲ့ ဆက်သွယ်ရေး ရထားတွေ၊ ယာဉ်တွေဟာ ခေတ်နောက်ကျ နေပေ မယ့် တစ်မြို့လုံး အမှိုက်မရှိ သပ်ရပ် လှပနေတာ ကတော့ ငြင်းမရ ပါဘူး။ အလုပ်လုပ်နေတဲ့ ရုံးတွေ၊ လူသွားလာမှုများတဲ့ ဘူတာရုံ၊ ပြုံးယမ်း ပြည်သူ့ရင်ပြင်၊ စကိတ်စီးနေကြတဲ့ ကလေးတွေ အစရှိသဖြင့် ၃ မိနစ်စာ အတွင်းကို နေရာစုံ မြင်ကွင်းစုံ ပြသသွားနိုင် ပါတယ်။
မြောက်ကိုရီးယားရဲ့ အခြားသော မြို့နဲ့ ဒေသများက ဘယ်လိုရှိမလဲဆိုတာ မသိပေမယ့် ပြုံးယမ်းကတော့ အတော်လေး သာယာပြီး အောက်ပါ လခ့်မှာ ဗီဒီယို ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
http://vimeo.com/102051605
အောင်ခမ်း (ရိုးရာလေး)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။