Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, August 17, 2014

ပျော်ရွှင်ခြင်းရဲ့ အနှစ်သာရ

ပျော်ရွှင်ခြင်းရဲ့ အနှစ်သာရ
__________________

ဘဝမှာ တချို့ကအကောင်းမြင်သူ (ပျော်ရွှင်တဲ့သူ)၊ တချို့က အဆိုးမြင်သူ (မပျော်ရွှင်သူ)အဖြစ် ကျွန်တော်တို့တွေ့နေရတယ်။
ဒါဟာ ဘာကြောင့်လဲ၊
တကယ်တော့ လောကကြီးက ဘာမှပြောင်းလဲမသွားဘူး။ လူတွေရဲ့စိတ်နေသဘောထားက ပြောင်းလဲနေလို့ဖြစ်ပါတယ်။

"အကောင်းမြင်သူမြင်တာက ချိုတဲ့ဒိုးနပ်ဖြစ်တယ်။
အဆိုးမြင်သူမြင်တာက ဒိုးနပ်အလယ်က သေးငယ်တဲ့အပေါက်ကိုဖြစ်တယ်"

တစ်လောက ဒိုးနပ်ရောင်းတဲ့ဆိုင်တစ်ဆိုင်ရဲ့ ဆိုင်းပုဒ်တစ်ခုကို ကျွန်တော်တွေ့လိုက်တယ်။ ဆိုင်းပုဒ်ပေါ်ရေးထားတာက...
"အကောင်းမြင်သူနဲ့ အဆိုးမြင်သူရဲ့ခြားနားချက်ဟာ အရမ်းသေးငယ်လွန်းတယ်။ အကောင်းမြင်သူမြင်တာက ချိုတဲ့ဒိုးနပ်ဖြစ်တယ်။ အဆိုးမြင်သူမြင်တာက ဒိုးနပ်အလယ်က သေးငယ်တဲ့အပေါက်ကိုဖြစ်တယ်"။ တိုတိုတုတ်တုတ်နဲ့ ဟာသနှောတဲ့ဒီစာကြောင်းက ပျော်ရွှင်ခြင်းရဲ့ သဘာဝတရားကိုဖော်ပြနေတယ်။

တကယ်တော့ လူတွေရဲ့မျက်စိနဲ့ မြင်တဲ့အရာတွေဟာ အရာဝတ္ထုရဲ့ လုံးလုံးလျားလျား ပုံသဏ္ဌာန်ကို မဟုတ်ပါဘူး။ သူတို့မြင်တာက သူတို့လိုချင်နေတဲ့၊ သူတို့ရှာဖွေနေတဲ့ ပုံစံကိုပဲဖြစ်တယ်။ အကောင်းမြင်သူနဲ့ အဆိုးမြင်သူတို့ဟာ လိုချင်တာ မတူကြဘူး။ ရှာဖွေတာ မတူကြဘူး။ ဒါကြောင့် တူတဲ့အရာဝတ္ထုတစ်ခုပေါ်မှာ မြင်တဲ့အမြင်ဟာကွဲပြားပြီး မတူတဲ့ စိတ်သဘောထားနှစ်ခု ဖြစ်ကြရပါတယ်။

တစ်နေ့မှာ ရတနာအရောင်းဆိုင်က အရောင်းကောင်တာမှာ ကျွန်တော်ရပ်နေခဲ့တယ်။ စာအုပ်တွေထည့်ထားတဲ့ အထုပ်တစ်ထုပ်ကို ကောင်တာပေါ်
ကျွန်တော်ထင်ထားပါတယ်။ တအောင့်နေတော့ အဝတ်အစား သပ်သပ်ရပ်ရပ်၊ ခန့်ခန့်ညားညားနဲ့ လူတစ်ယောက်ဝင်လာတယ်။ ကောင်တာရှေ့မှာရပ်ပြီး ရတနာတွေကို သူကြည့်တယ်။ ကျွန်တော်က ယဉ်ယဉ်ကျေးကျေးနဲ့ ကောင်တာပေါ်တင်ထားတဲ့ ကျွန်တော့်အထုပ်ကို နေရာရွေ့ပေးလိုက်တယ်။ အဲဒီမှာ အဲဒီလူဟာ ကျွန်တော့်ကို ဒေါသတကြီးနဲ့ ကြည့်ပြီး သူဟာဖြောင့်မှတ်တဲ့သူ ကျွန်တော့်အထုပ်ကို အလစ်သုတ်တဲ့စိတ် တစ်စက်မှမရှိဘူးလို့ ပြောတယ်။ သူ့ကို ကျွန်တော် မယုံသင်္ကာဖြစ်တယ်ဆိုပြီး တံခါးကိုဆောင့်ပိတ်ပြီး ဆိုင်ထဲကနေ သူထွက်သွားခဲ့တယ်။ ကျွန်တော် အရမ်းအံ့သြမိတယ်။ ကျွန်တော် မတော်တဆပြုလိုက်တဲ့ သေးငယ်တဲ့ အပြုအမူတစ်ခုက သူ့ကို အကြီးအကျယ် ဒေါသဖြစ်သွားစေခဲ့တယ်။ နောက်မှ ကျွန်တော်သုံးသပ်မိတာက သူနဲ့ကျွန်တော်ဟာ ခြားနားတဲ့ လောကကြီးထဲမှာ ရှိနေသလိုပါပဲ။ တကယ်တော့ လောကကြီးက ဘာမှမပြောင်းလဲဘူး။
ခြားနားတာက သူနဲ့ကျွန်တော်ရဲ့ အရာဝတ္ထုတစ်ခုပေါ်မြင်တဲ့ စိတ်နေသဘောထားပဲဖြစ်ပါတယ်။

အဲဒီအဖြစ်အပျက် ဖြစ်ပျက်ပြီး ရက်အနည်းငယ်အကြာ မနက်ခင်းတစ်ခုမှာ ကျွန်တော်အိပ်ရာကထတာနဲ့ စိတ်မကြည်လင်ဖြစ်နေခဲ့တယ်။ ဒီတစ်နေ့ကို ခါတိုင်းလိုပဲ သမားရိုးကျ အလုပ်တွေနဲ့ ဖြတ်ကျော်ရဦးမယ်။ လောကကြီးက ပျင်းရိငြီးငွေ့စရာကောင်းလိုက်တာလို့ ကျွန်တော်ခံစားမိတယ်။ မြို့ထဲအလုပ်ရှိရာသွားဖို့ ကားတွေရှုပ်ထွေးများပြားတဲ့ လမ်းမပေါ်မှာ ကားမောင်းရင်း ကျွန်တော်အလိုလို ဒေါသထွက်နေခဲ့မိတယ်။ ဒီလောက်တုံးအ,တဲ့ ကားဆရာတွေဟာ ဘာဖြစ်လို့ ကားမောင်းလိုင်စင်ကို အလွယ်တကူ ရခဲ့ကြတာလဲ၊ ကားကို အရမ်းမြန်လိုက်၊ အရမ်းနှေးလိုက်နဲ့ မောင်းနေတဲ့ကားဆရာတွေရဲ့ လိုင်စင်တွေကို သိမ်းပစ်လိုက်ဖို့ကောင်းတယ်လို့ ကျွန်တော်တွေးနေမိတယ်။

အဲဒီနောက် လမ်းခွတစ်ခုမှာ ထရပ်ကားတစ်စီးနဲ့ ကျွန်တော်ကား ပြိုင်တူရောက်သွားပါတယ်။ ထရပ်ကားမောင်းသူကို ကြည့်ပြီး ကျွန်တော့်စိတ်ထဲ တွေးနေတာက "ဒီကောင် ကားကြီးမောင်းတယ်ဆိုပြီး တဟုန်ထိုး ရှေ့ကိုကျော်တက်တော့မယ်"။
ဒါပေမယ့် ထရပ်ကားဆရာဟာ ကားပြတင်းကနေ ရွှင်ပျတဲ့အပြုံးနဲ့ ကျွန်တော့်ကိုအရင်သွားပါဆိုပြီး လက်ပြနှုတ်ဆက်နေခဲ့တယ်။ လမ်းခွကို ကျွန်တော်အရင်ကျော်ဖြတ်နေချိန် ကျွန်တော့်ဒေါသစိတ်တွေဟာ အလိုလိုနေရင်း ပျောက်သွားခဲ့တော့တယ်။ ကျွန်တော့်စိတ်တွေ ပေါ့ပါးလန်းဆန်းလာခဲ့ပါတယ်။

ထရပ်ကားဆရာရဲ့ အပြုအမူဟာ ကျွန်တော့်ကို အခြားလောကထဲ
ရောက်သွားစေသလိုပါပဲ။ တကယ်တော့ လောကကြီးက ဘာမှမပြောင်းလဲဘဲ သူ့နဂိုအတိုင်း တည်ရှိနေပါတယ်။ မတူတာက ကျွန်တော်ရဲ့ စိတ်နေသဘောထားပဲဖြစ်တယ်။ လောကမှာ အသက်ရှင်နေသူအားလုံးလည်း ဒီလိုအဖြစ်အပျက်မျိုးကို ကြုံကြရပါလိမ့်မယ်။ ဒီလိုအဖြစ်အပျက်တွေဟာ ပျော်ရွှင်ခြင်းကိုရှာဖို့ ကျွန်တော်တို့အတွက် အကောင်းဆုံးနည်းဖြစ်တယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ရင် ပထမဦးဆုံး ပြုပြင်ပြောင်းလဲရမှာက ကျွန်တော်တို့ရဲ့ စိတ်နေသဘောထားကိုပဲဖြစ်တယ်။ ဒါမှ ပျော်ရွှင်တဲ့ဘဝကို ကျွန်တော်တို့ရနိုင်ပါမယ်။ ဒါဟာ ပျော်ရွှင်ခြင်းရဲ့ အနှစ်သာရလို့ ကျွန်တော်မြင်ပါတယ်။

မူရင်းလင့် --- http://www.duwenzhang.com/wenzhang/renshengzheli/ganwu/20070811/650.html

နိုင်းနိုင်းစနေ (Tuesday, February 15, 2011)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။