မြန်မာပြည်သူတို့အတွက် မှာစရာ အချို့
မှာချင်တာ အကြံပေးချင်တာ အင်မတန် များပေမယ့် ယခု အနည်းငယ်သာ မှာအပ်ပါသည်။
အမှိုက်မပစ်နဲ့
ကိုယ်တိုင်ခံစားကြည့်စေချင် ပါတယ်။ ဘေးဘယ်ညာမှာ အမှိုက်တွေ ထူနေတဲ့လမ်းနဲ့ ဘေးဘယ်ညာ အမှိုက် လုံး မရှိတဲ့လမ်း ဘယ်လမ်းက လျှောက်ရတာ စိတ်ချမ်းသာစရာ ကောင်းသလဲဆိုတာ။ ဘေးဘယ်ညာတင်မက၊ လမ်းမပေါ်မှာပါ ဘယ်အမှိုက်မှ မရှိရင် ငါဘယ်ရောက်နေသလဲဆိုတဲ့ အံ့သြမင်သက်တဲ့ ခံစားချက်ကို စင်္ကာပူလို နိုင်ငံကို ရောက်ဖူးရင်တောင် သိနိုင်ပါတယ်။
တန်းစီပါ
တစ်ခုခု အလကားပေးနေတာပဲ ဖြစ်ဖြစ်၊ စူပါမားကတ်မှာ ပစ္စည်း ၀ယ်တာပဲ ဖြစ်ဖြစ် ဆူညံပွက်လောရိုက်ပြီး စောင့်နေရတာနဲ့ တန်းစီပြီး စောင့်ရတာ ဘယ်ဟာ ပိုပြီးတော့ စိတ်ချမ်းသာမယ်လို့ ထင်ပါသလဲ။ တန်းစီ စနစ်သာ နေရာတိုင်းမှာ ကျင့်သုံးရင် လဘ်စားခြင်း၊ တိုးကြိတ်ခြင်းတို့လည်း တစ်နည်းတစ်ဖုံနဲ့ ပျောက်နိုင်ပါတယ်။
အသက်ကြီးသူ၊ ကိုယ်ဝန်သည်တင်မက အမျိုးသမီးများကိုပါ ဦးစားပေးပါ
အသက်ကြီးသူတွေ၊ ကိုယ်ဝန်သည်တွေ၊ ရပ်စီးဖို့ တန်းမမှီတဲ့ ကလေးတွေကို ခုံပေးရုံတင် မဟုတ်ပါဘူး။ အမျိုးသမီးများကို ဦးစားပေးပြီး နေရာပေးတဲ့ အလေ့အထ မွေးဖွားရန် လိုအပ် ပါတယ်။ ယောင်္ကျားငုတ်တုတ်တို့ ဘတ်စ်ကားခုံမှာထိုင်ပြီး အမျိုးသမီးများ ယိမ်းယိုင်နေတာကို ကြည့်နေကြတာ မြင်မကောင်းပါဘူး။ (ထိုင်ခုံမပေးခဲ့ဖူးတဲ့ မိမိရဲ့ အမူအကျင့်ကိုလည်း ရှက်မိပါတယ်။)
သန့်ရှင်းတာရောင်းပါ
မရှိလို့သာ စားနေကြတာ။ အမှန်တော့ ရန်ကုန်က လမ်းဘေးအစားအစာ အများစုဟာ ကျန်းမာရေးနဲ့ မညီညွတ်တာ များပါတယ်။ သုံးပြီးသား ရေကို ထပ်ထပ်ခါခါ အသုံးပြုခြင်း၊ သုံးပြီးသား လက်သုတ်ကို ထပ်ထပ်ခါခါ အသုံးပြုခြင်း၊ မသန့်တဲ့ ရေ၊ မသန့်တဲ့ခွက် တို့ကို အသုံးပြု ရောင်းချခြင်း၊ အစားအသောက် ဟင်းရွက်၊ အတို့အမည်တို့ မဆေးပဲ ကျွေးမွေးရောင်းချခြင်းက ၀မ်းရောဂါ ဖြစ်စေ ပါတယ်။ လမ်းဘေးတင် မက ဆိုင်ဖွင့်ရောင်းသူများဟာ အစားအသောက် သန့်ရှင်းမှုက သတိပြုစေလို ပါတယ်။ သန့်ရှင်းဖို့အတွက် ပိုက်ဆံ ထူးတစ်လေ ပိုကုန်မသွားပါ။ မိမိ ရောင်းသော ဟင်းတစ်ခွက်ကြောင့် သူတစ်ဦး ကျန်းမာ အသက်ရှင်သွားခြင်း ကို ကုသိုလ်ဟု မှတ်ယူစေလို သည်။
တက္ကဆီတို့ ဈေးပိုမတောင်းနဲ့၊ စီးသူတို့ ဈေးပို မစစ်နဲ့
ချို့ တက္ကဆီ ဒရိုင်ဘာတို့ ဈေး အင်မတန် ပိုတောင်းတာ မြင်ဖူးသလို၊ ချို့ ခရီးသည်တို့ တန်ဈေးတော့ လျော့ပေးအောင် ဈေးစစ်တာမျိုးလည်း တွေ့ရ ပါတယ်။ အတ္တနဲ့ ပရကို မျှတရန် ကြိုးစားကြပါ။ မိမိ အတွက်လည်း အဆင်ပြေရမည်။ တစ်ပါးသူကလည်း မိမိကြောင့် အဆင်ပြေရမည်။ အနည်းတော့ ဒုက္ခတော့ မရောက်စေနှင့်။
ဝယ်လိုအားများတိုင်း ဈေးမတင်နှင့်
ဘာရယ်လို့ မဟုတ်၊ ကုန်ရောင်းသူ အချို့ဟာ လူဝယ်များတာ သိရင် သိုသူသို၊ ဈေးတင်သူကတင်နဲ့။ ကိုယ် တစ်ဦး ချမ်းသာ ဖို့ အရေး သာ ကြည့်၍ စားသုံးသူ ဘယ်လောက် ဒုက္ခရောက်မည်ကို သူမသိ။ အိမ်ဈေးတို့၊ မြေဈေးတို့ အဆမတန် တတ်ရသည်။ ပွဲစားတို့ လက်မှာ ငွေရှင်ပေမယ့်၊ သူဌေးတို့ လက်မှာ မြေ၀င်ပေမယ့် အိုးအိမ်ရာမဲ့တွေ တောင်လိုပုံ လို့ မြို့မနေနိုင် တောပြေးကြသည်။ ပိုက်ဆံရှိလျှင် ဘာလုပ်မနည်း ဟု မေးက မြေ၀ယ်မည်၊ တိုက်ခန်းဝယ် မည်။ ပြီးလျှင် ရောင်းစားမည်၊ ငှားစားမည်။ မေးစရာက အခြားစီးပွားရေး လုပ်ငန်း စိတ်ကူး မရှိကြတော့ဘူးလား သာ ဖြစ်သည်။ တို့မြန်မာတို့ အိမ်ခြံမြေပဲ အာရုံကျနေချိန် တိုင်းတစ်ပါး စီးပွားရေး လုပ်ငန်းရှင်တို့က၊ ပြည်တွင်း ကဋေကြွယ်တို့ သင်တို့ သတိမထားမိသော ဈေးကွက်ကိုများ ချုပ်ကိုင်လာကြသည်။ သင့်တွင် အိမ်သာပိုင်သည်။ မြေသာပိုင်သည်။ သင်စားသုံးသော ကုန်ပစ္စည်းတို့၊ ၀န်ဆောင်မှုတို့ ဈေးမကျ။ နောက်တစ်ခု မှာစရာက သူများ ယောင်တိုင်း လိုက်မယောင်နှင့်။ ငွေရရန် ရည်ရွယ်ချက်တစ်ခုတည်းနှင့် စီးပွားရှာခြင်းထက်၊ မိမိနှင့် သူတစ်ပါး နှစ်ဦးနှစ်ဖက် ကို ပြေလည်စေသော၊ လိုအပ်နေသော စီးပွားရေး ကဏ္ဍများကို ၀င်စေချင်သေးသည်။ သူများ ဈေးတင်တိုင်း လိုက်မတင်ပါနှင့်။ မိမိရရန် မရှုံးသရွေ့ တစ်ပါးသူကိုလည်း ဒုက္ခမပေးပါနှင့်။
သူများ ယောင်တိုင်း လိုက်မယောင်နှင့်
သူ တစ်ဦး သူ့အကြောင်း မကောင်းဘူး ပြောလျှင် သူ့အကောင်းကို မရှာတော့ပဲ မကောင်းကိုသာ ဖိ၍ ပြောတော့သည်။ မြတ်စွာဘုရား ဟောသကဲ့သို့ ငါဘုရားပြောလဲမယုံနှင့်။ မိမိကိုယ်တိုင်သေချာ လေ့လာ ခြင့်ချိန် စဉ်းစားပြီးမှ ယုံ ဟူသကဲ့သို့၊ မိမိကိုယ်တိုင် စဉ်းစားချင့်ချိန် ယုံရန်လိုအပ်သည်။
မီးလောင်ရာ လေမပင့်နှင့်
တို့မြန်မာတွင် မီးလောင်ရာ လေပင့်သည့် အလေ့အထ တစ်ခုကလည်း ရှိသေးသည်။ ပြဿနာ တစ်ခုခု ဖြစ်လျှင် ယင်း ပြဿနာကို သေးသွားအောင် မည်သို့ ဖြေရှင်းရမည်ထက် ပိုလို့သာ ကြီးထွားစေရန် အကြောင်းအထောက်အပံ့ ပေးသူများကသာ များသည်။ ဆွမ်းကြီးဝိုင်းလောင်းကြသည် ။ မီးလောင်လျှင် မီးဝိုင်းငြိမ်းစေလိုပါသည်။
ချစ်ခင်လေးစားစွာဖြင့်
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
မှာချင်တာ အကြံပေးချင်တာ အင်မတန် များပေမယ့် ယခု အနည်းငယ်သာ မှာအပ်ပါသည်။
အမှိုက်မပစ်နဲ့
ကိုယ်တိုင်ခံစားကြည့်စေချင်
တန်းစီပါ
တစ်ခုခု အလကားပေးနေတာပဲ ဖြစ်ဖြစ်၊ စူပါမားကတ်မှာ ပစ္စည်း ၀ယ်တာပဲ ဖြစ်ဖြစ် ဆူညံပွက်လောရိုက်ပြီး စောင့်နေရတာနဲ့ တန်းစီပြီး စောင့်ရတာ ဘယ်ဟာ ပိုပြီးတော့ စိတ်ချမ်းသာမယ်လို့ ထင်ပါသလဲ။ တန်းစီ စနစ်သာ နေရာတိုင်းမှာ ကျင့်သုံးရင် လဘ်စားခြင်း၊ တိုးကြိတ်ခြင်းတို့လည်း တစ်နည်းတစ်ဖုံနဲ့ ပျောက်နိုင်ပါတယ်။
အသက်ကြီးသူ၊ ကိုယ်ဝန်သည်တင်မက အမျိုးသမီးများကိုပါ ဦးစားပေးပါ
အသက်ကြီးသူတွေ၊ ကိုယ်ဝန်သည်တွေ၊ ရပ်စီးဖို့ တန်းမမှီတဲ့ ကလေးတွေကို ခုံပေးရုံတင် မဟုတ်ပါဘူး။ အမျိုးသမီးများကို ဦးစားပေးပြီး နေရာပေးတဲ့ အလေ့အထ မွေးဖွားရန် လိုအပ် ပါတယ်။ ယောင်္ကျားငုတ်တုတ်တို့ ဘတ်စ်ကားခုံမှာထိုင်ပြီး အမျိုးသမီးများ ယိမ်းယိုင်နေတာကို ကြည့်နေကြတာ မြင်မကောင်းပါဘူး။ (ထိုင်ခုံမပေးခဲ့ဖူးတဲ့ မိမိရဲ့ အမူအကျင့်ကိုလည်း ရှက်မိပါတယ်။)
သန့်ရှင်းတာရောင်းပါ
မရှိလို့သာ စားနေကြတာ။ အမှန်တော့ ရန်ကုန်က လမ်းဘေးအစားအစာ အများစုဟာ ကျန်းမာရေးနဲ့ မညီညွတ်တာ များပါတယ်။ သုံးပြီးသား ရေကို ထပ်ထပ်ခါခါ အသုံးပြုခြင်း၊ သုံးပြီးသား လက်သုတ်ကို ထပ်ထပ်ခါခါ အသုံးပြုခြင်း၊ မသန့်တဲ့ ရေ၊ မသန့်တဲ့ခွက် တို့ကို အသုံးပြု ရောင်းချခြင်း၊ အစားအသောက် ဟင်းရွက်၊ အတို့အမည်တို့ မဆေးပဲ ကျွေးမွေးရောင်းချခြင်းက ၀မ်းရောဂါ ဖြစ်စေ ပါတယ်။ လမ်းဘေးတင် မက ဆိုင်ဖွင့်ရောင်းသူများဟာ အစားအသောက် သန့်ရှင်းမှုက သတိပြုစေလို ပါတယ်။ သန့်ရှင်းဖို့အတွက် ပိုက်ဆံ ထူးတစ်လေ ပိုကုန်မသွားပါ။ မိမိ ရောင်းသော ဟင်းတစ်ခွက်ကြောင့် သူတစ်ဦး ကျန်းမာ အသက်ရှင်သွားခြင်း ကို ကုသိုလ်ဟု မှတ်ယူစေလို သည်။
တက္ကဆီတို့ ဈေးပိုမတောင်းနဲ့၊ စီးသူတို့ ဈေးပို မစစ်နဲ့
ချို့ တက္ကဆီ ဒရိုင်ဘာတို့ ဈေး အင်မတန် ပိုတောင်းတာ မြင်ဖူးသလို၊ ချို့ ခရီးသည်တို့ တန်ဈေးတော့ လျော့ပေးအောင် ဈေးစစ်တာမျိုးလည်း တွေ့ရ ပါတယ်။ အတ္တနဲ့ ပရကို မျှတရန် ကြိုးစားကြပါ။ မိမိ အတွက်လည်း အဆင်ပြေရမည်။ တစ်ပါးသူကလည်း မိမိကြောင့် အဆင်ပြေရမည်။ အနည်းတော့ ဒုက္ခတော့ မရောက်စေနှင့်။
ဝယ်လိုအားများတိုင်း ဈေးမတင်နှင့်
ဘာရယ်လို့ မဟုတ်၊ ကုန်ရောင်းသူ အချို့ဟာ လူဝယ်များတာ သိရင် သိုသူသို၊ ဈေးတင်သူကတင်နဲ့။ ကိုယ် တစ်ဦး ချမ်းသာ ဖို့ အရေး သာ ကြည့်၍ စားသုံးသူ ဘယ်လောက် ဒုက္ခရောက်မည်ကို သူမသိ။ အိမ်ဈေးတို့၊ မြေဈေးတို့ အဆမတန် တတ်ရသည်။ ပွဲစားတို့ လက်မှာ ငွေရှင်ပေမယ့်၊ သူဌေးတို့ လက်မှာ မြေ၀င်ပေမယ့် အိုးအိမ်ရာမဲ့တွေ တောင်လိုပုံ လို့ မြို့မနေနိုင် တောပြေးကြသည်။ ပိုက်ဆံရှိလျှင် ဘာလုပ်မနည်း ဟု မေးက မြေ၀ယ်မည်၊ တိုက်ခန်းဝယ် မည်။ ပြီးလျှင် ရောင်းစားမည်၊ ငှားစားမည်။ မေးစရာက အခြားစီးပွားရေး လုပ်ငန်း စိတ်ကူး မရှိကြတော့ဘူးလား သာ ဖြစ်သည်။ တို့မြန်မာတို့ အိမ်ခြံမြေပဲ အာရုံကျနေချိန် တိုင်းတစ်ပါး စီးပွားရေး လုပ်ငန်းရှင်တို့က၊ ပြည်တွင်း ကဋေကြွယ်တို့ သင်တို့ သတိမထားမိသော ဈေးကွက်ကိုများ ချုပ်ကိုင်လာကြသည်။ သင့်တွင် အိမ်သာပိုင်သည်။ မြေသာပိုင်သည်။ သင်စားသုံးသော ကုန်ပစ္စည်းတို့၊ ၀န်ဆောင်မှုတို့ ဈေးမကျ။ နောက်တစ်ခု မှာစရာက သူများ ယောင်တိုင်း လိုက်မယောင်နှင့်။ ငွေရရန် ရည်ရွယ်ချက်တစ်ခုတည်းနှင့် စီးပွားရှာခြင်းထက်၊ မိမိနှင့် သူတစ်ပါး နှစ်ဦးနှစ်ဖက် ကို ပြေလည်စေသော၊ လိုအပ်နေသော စီးပွားရေး ကဏ္ဍများကို ၀င်စေချင်သေးသည်။ သူများ ဈေးတင်တိုင်း လိုက်မတင်ပါနှင့်။ မိမိရရန် မရှုံးသရွေ့ တစ်ပါးသူကိုလည်း ဒုက္ခမပေးပါနှင့်။
သူများ ယောင်တိုင်း လိုက်မယောင်နှင့်
သူ တစ်ဦး သူ့အကြောင်း မကောင်းဘူး ပြောလျှင် သူ့အကောင်းကို မရှာတော့ပဲ မကောင်းကိုသာ ဖိ၍ ပြောတော့သည်။ မြတ်စွာဘုရား ဟောသကဲ့သို့ ငါဘုရားပြောလဲမယုံနှင့်။ မိမိကိုယ်တိုင်သေချာ လေ့လာ ခြင့်ချိန် စဉ်းစားပြီးမှ ယုံ ဟူသကဲ့သို့၊ မိမိကိုယ်တိုင် စဉ်းစားချင့်ချိန် ယုံရန်လိုအပ်သည်။
မီးလောင်ရာ လေမပင့်နှင့်
တို့မြန်မာတွင် မီးလောင်ရာ လေပင့်သည့် အလေ့အထ တစ်ခုကလည်း ရှိသေးသည်။ ပြဿနာ တစ်ခုခု ဖြစ်လျှင် ယင်း ပြဿနာကို သေးသွားအောင် မည်သို့ ဖြေရှင်းရမည်ထက် ပိုလို့သာ ကြီးထွားစေရန် အကြောင်းအထောက်အပံ့ ပေးသူများကသာ များသည်။ ဆွမ်းကြီးဝိုင်းလောင်းကြသည်
ချစ်ခင်လေးစားစွာဖြင့်
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။