~~~~ကိုငှက်နှင့်ကိုလေးဖြူ <၁>~~~~
ထူးအိမ်သင်၏ masterpieceလက်ရာ `ဧရာဝတီ´သီချင်းကို ကိုလေးဖြူ ပြန်ဆိုဖြစ်ခဲ့တာကိုတော့ မှတ်မှတ်ရရ ဟုပင် ဆိုရမည်။
ကိုလေးဖြူက စီးပွားရေးအရ ရောင်းတမ်းဝင် ထုတ်လုပ်ဖြန့်ချိဖို့ ပြန်လုပ်သည်တော့ မဟုတ်။ဂျပန်နိုင်ငံ ဖူကူအိုကာမြို့က သူတို့ကိုဖိတ်ပြီး တီးကြဆိုကြသောအခါ own tune သီချင်း ဆိုဖို့လည်း စိတ်ကူးရှိသည်။
မြန်မာလူမျိုး၊ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် သီချင်းမျိုးဖြစ်လျှင် ပိုကောင်းမည်ဆို၍ ကိုငှက်ဆီက `ရာဇဝင်များရဲ့ သတို့သမီး ´သီချင်းပေးပါဟု ကိုလေးဖြူက လာတောင်းသည်။
ထူးအိမ်သင်က`ဟာ....ပေးပါတယ် ၊ ဒါပေမယ့် တခုတော့ ရှိတယ်နော်၊ ကျွန်တော့်သီချင်းထဲမှာ မြန်မာပြည် ဆိုတဲ့ စကားလုံးတော့ မပါဘူး´ဟု ဆိုသည်။
ကိုလေးဖြူက `ကိစ္စမရှိဘူး၊ရတယ်။ ဧရာဝတီ ဆိုတဲ့ စကားလုံး ပါတာပဲ။ ဧရာဝတီဆိုတာ မြန်မာနိုင်ငံမှာ ရှိတဲ့ဟာ။ဒါ မြန်မာတွေ အကြောင်းပဲ။အဲ့ဒါ သူတို့ကိုရှင်းပြပြီး လိုက်သွားမယ်´ဟု ပြောလိုက်သည်။
ထူးအိမ်သင်လည်း`ကဲ....ဆိုလို့ရမယ်ဆိုရင် ဆိုပေါ့ဗျာ´ဟု ခွင့်ပြုပေးလိုက်သည်။
`သီချင်းအတွက် ကျွန်တော်တို့ နှစ်ယောက် ဒီလောက်ပဲ ညှိနှိုင်းရတာပါ´ဟု ထူးအိမ်သင်က ပြန်ပြောပြသည်။
`ရာဇဝင်များရဲ့ သတို့ သမီး ´သီချင်းကို ကိုလေးဖြူ ပြန်လည်သီဆိုသောအခါ version က အသစ်တမျိုးလို ဖြစ်သွားသည်။Iron Cross တီးဝိုင်း၏ ဂီတပညာရှင်များက အရိန်းခ်ျမန့် လုပ်ပေးခဲ့သည်။
`ကိုလေးဖြူ ပြန်ဆိုထားတာ ကျွန်တော် နားထောင်ဖူးပါတယ်။ ဒီသီချင်းကို သူတို့ဆီမှာတီးတော့ အသံလွှင့်တဲ့အချိန်မှာ ဖမ်းထားတဲ့အခွေလေး ရှိတယ်လေ။အဲ့ဒါလေး ယူလာပြီးတော့ ကျွန်တော့်ကိုပေးလို့ နားထောင်ဖြစ်ပါတယ်၊ကောင်းပါ တယ်´ဟု ထူးအိမ်သင် ပြောခဲ့လေသည်။
နိုင်ဇော်
ထူးအိမ်သင်၏ masterpieceလက်ရာ `ဧရာဝတီ´သီချင်းကို ကိုလေးဖြူ ပြန်ဆိုဖြစ်ခဲ့တာကိုတော့ မှတ်မှတ်ရရ ဟုပင် ဆိုရမည်။
ကိုလေးဖြူက စီးပွားရေးအရ ရောင်းတမ်းဝင် ထုတ်လုပ်ဖြန့်ချိဖို့ ပြန်လုပ်သည်တော့ မဟုတ်။ဂျပန်နိုင်ငံ ဖူကူအိုကာမြို့က သူတို့ကိုဖိတ်ပြီး တီးကြဆိုကြသောအခါ own tune သီချင်း ဆိုဖို့လည်း စိတ်ကူးရှိသည်။
မြန်မာလူမျိုး၊ မြန်မာနိုင်ငံနှင့်ပတ်သက်သည
ထူးအိမ်သင်က`ဟာ....ပေးပါတယ်
ကိုလေးဖြူက `ကိစ္စမရှိဘူး၊ရတယ်။ ဧရာဝတီ ဆိုတဲ့ စကားလုံး ပါတာပဲ။ ဧရာဝတီဆိုတာ မြန်မာနိုင်ငံမှာ ရှိတဲ့ဟာ။ဒါ မြန်မာတွေ အကြောင်းပဲ။အဲ့ဒါ သူတို့ကိုရှင်းပြပြီး လိုက်သွားမယ်´ဟု ပြောလိုက်သည်။
ထူးအိမ်သင်လည်း`ကဲ....ဆိုလိ
`သီချင်းအတွက် ကျွန်တော်တို့ နှစ်ယောက် ဒီလောက်ပဲ ညှိနှိုင်းရတာပါ´ဟု ထူးအိမ်သင်က ပြန်ပြောပြသည်။
`ရာဇဝင်များရဲ့ သတို့ သမီး ´သီချင်းကို ကိုလေးဖြူ ပြန်လည်သီဆိုသောအခါ version က အသစ်တမျိုးလို ဖြစ်သွားသည်။Iron Cross တီးဝိုင်း၏ ဂီတပညာရှင်များက အရိန်းခ်ျမန့် လုပ်ပေးခဲ့သည်။
`ကိုလေးဖြူ ပြန်ဆိုထားတာ ကျွန်တော် နားထောင်ဖူးပါတယ်။ ဒီသီချင်းကို သူတို့ဆီမှာတီးတော့ အသံလွှင့်တဲ့အချိန်မှာ ဖမ်းထားတဲ့အခွေလေး ရှိတယ်လေ။အဲ့ဒါလေး ယူလာပြီးတော့ ကျွန်တော့်ကိုပေးလို့ နားထောင်ဖြစ်ပါတယ်၊ကောင်းပါ
နိုင်ဇော်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။