Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။
✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩
8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်
Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်
Sunday, August 10, 2014
၉၁ မှတ် နဲ့ ၉မှတ်
၉၁ မှတ် နဲ့ ၉မှတ်
____________
“ဆရာမ.. ဒီတစ်ခေါက် အင်္ဂလိပ်စာအမှတ်သိပ်မကောင်းလို့ သမီးကို မေမေဆူတယ်”
စာမေးပွဲဖြေတိုင်း အမှတ်ကောင်းခဲ့တဲ့ တပည့်တစ်ဦးရဲ့စကားနဲ့ ဝမ်းနည်းတဲ့ အပြုအမူကြောင့် သူ့ရမှတ်ကိုကျွန်မစိတ်ဝင်စားသွားခဲ့တယ်။
“ဒီတစ်ခေါက် အင်္ဂလိပ်စာ ဘယ်နှမှတ်ရတာလဲ”
“ဟို... ၉၁ မှတ်ပါ ဆရာမ”
“၉၁မှတ်... ၉၁မှတ်က အမှတ်မြင့်နေပြီပဲ။ သမီးမေမေက ဘာဖြစ်လို့ ဆူတာလဲ”
ကျွန်မရဲ့တအံတသြအမေးကို မျက်ရည်လေးနဲ့သူဖြေရှာတယ်။
“မေမေက ပြောတယ်။ ၇မှတ်က သမီးနမော်နမဲ့လို့ အဖြေမှားတာတဲ့။ ကျန် ၂မှတ်က ပုစ္ဆာကြည့်မှားလို့တဲ့။ ဒီအမှတ်တွေ မလျှော့သင့်ဘူးလို့ဆူတယ်”
လိမ္မာ၊ သိတတ်နားလည်တဲ့တပည့်လေးကို ကြည့်ပြီး ကျွန်မ စိတ်မကောင်းဖြစ်မိတယ်။ စာတော်ပြီး ကြိုးစားသလောက် မိဘတွေရဲ့တောင်းဆိုမှု ဖိအားတွေအောက်မှာ သူမပျော်နိုင်ခဲ့ဘူး။ မိဘတွေ ဝမ်းသာဖို့နဲ့ ချီးကျူးဖို့အတွက် သူ့နေ့စဉ်အလုပ်က စာကျက်.. စာကျက်ရုံမှတစ်ပါး ဘာမှမရှိခဲ့ဘူး။ သူ့အဖြစ်ကိုကြည့်ပြီး ကလေးတွေရဲ့ ရိုးသားဖြူစင်တဲ့စိတ်ကို ကျွန်မတို့ မသိမသာနဲ့ နာကျင်အောင်လုပ်နေပြီလားလို့ တွေးမိတယ်။
မိဘတိုင်းက ကိုယ့်သားသမီးကို ဆင်စီးမြင်းရံချင်ကြတာပဲ။ သားသမီးကို ဖြစ်ထွန်းချင်တဲ့စိတ်၊ ထွန်းပေါက်ချင်တဲ့စိတ်က မိဘတိုင်းမှာရှိတယ်။ ဒါပေမယ့် ဖြစ်ထွန်းစေချင်တဲ့နည်းလမ်းတွေက မှားနေခဲ့ကြတယ်။ အထက်က ဥပမာအရ ၉၁မှတ်ရတဲ့အဖြေလွှာကို ယူပြီး ပျော်ပျော်ရွှင်ရွှင် အိမ်ပြန်ခဲ့တဲ့ ကလေးငယ်တစ်ယောက်အတွက် ဆီးကြိုနေတာက ၉မှတ်လျှော့ခဲ့ရတဲ့ အပြစ်တွေပဲဖြစ်တယ်။ ၉မှတ်အတွက် အပြစ်ကိုမှန်ဘီလူးနဲ့ ချဲု့ကြည့်တာ ခံလိုက်ရသလို ၉မှတ်ကြောင့် မိဘတွေဒေါသထွက်ခဲ့ကြတယ်။ ကလေးကို နမော်နမဲ့နိုင်တယ်လို့ဆူပြီး ရခဲ့တဲ့ ၉၁မှတ်အတွက်ချီးမွမ်းဖို့ သူတို့မေ့ခဲ့ကြတယ်။ ၉မှတ်နဲ့ ၉၁မှတ် ဘယ်အမှတ်က ပိုအရေးပါသလဲ၊ ၉၁ မှတ်ရဖို့ဆိုတာ မလွယ်ကူမှန်းသိပေမယ့် အားပေးဖို့ သူတို့မေ့ခဲ့ကြတယ်။
၅ဝမှတ်ရတဲ့ ကလေးတစ်ယောက်ကိုတောင် ကျွန်မတို့ ချီးကျူးအားပေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မေးခွန်းတစ်ဝက်ကို သူဖြေတတ်ခဲ့လို့ပါပဲ။ ကလေးထွန်းပေါက်အောင်ဆိုပြီး မရတဲ့ ၉ မှတ်ကို အပြစ်ဖို့နေရင် သင်ခန်းစာတွေကို ဒီကလေး ဘယ်လိုပျော်ပျော်ရွှင်ရွှင်နဲ့ သင်ယူနိုင်မလဲ၊ ကြီးပြင်းနိုင်မလဲ၊
“ကျွန်မငယ်ငယ်က မိဘရဲ့တောင်းဆိုမှုတွေ တင်းကြပ်လွန်းလို့ သူတို့ဆန္ဒအတိုင်း ကျွန်မကြိုးစားခဲ့တယ်။ အခု ကျွန်မကလေးကိုလည်း ကျွန်မ တင်းတင်းကြပ်ကြပ်တောင်းဆိုမှ ကျွန်မရဲ့ ဆန္ဒကို သူအကောင်အထည်ဖော်နိုင်မှာ”
တပည့်မရဲ့ မိခင်စကားကို ကျွန်မပြန်မေးခွန်းထုတ်လိုက်မိတယ်။
“မိဘတွေရဲ့ ဒီလို သွန်သင်မှုကို နှစ်သက်ခဲ့ပါသလား”
သူမ ခဏနှုတ်ဆိတ်သွားခဲ့တယ်။ ပြီးမှ...
“မနှစ်သက်ပါဘူး။ မိဘတွေရဲ့ ဒီလိုတောင်းဆိုမှုတွေကို ကျွန်မ အင်မတန် မုန်းခဲ့တယ်။ ကိုယ့်ရွေးချယ်ပိုင်ခွင့်လေးတော့ ရှိချင်ခဲ့တယ်”
အဖြေက ရှင်းသွားပါတယ်။ ကလေးတွေက ကျွန်မတို့ရဲ့ဆန္ဒဓားစာခံတွေ မဟုတ်ကြဘူး။ ကိုယ့်မိဘတွေရဲ့အတင်းအကြပ်တောင်းဆို သင်ပြမှုတွေကို မကြိုက်ခဲ့ဘဲ ဘာဖြစ်လို့ ကိုယ့်ကလေးကိုလည်း အဲဒီနည်းနဲ့ သင်ပြချင်ရသလဲ။
ရင်ထဲမှာသိမ်းထားတဲ့အားပေးမှုတွေက
ပါးစပ်ကထုတ်ပြောတဲ့ စကားတစ်ခွန်းလောက် ခွန်အားမရှိခဲ့ဘူး။
ရင်ထဲမှာသိမ်းထားတဲ့ဂရုစိုက်မှုတွေက ပခုံးကိုပုတ်ပြီး
အားပေးတဲ့ခွန်အားလောက် မပြည့်ဝခဲ့ဘူး။
အားပေးစကားကို ထုတ်ဖော်ပြောပြီး ဂရုစိုက်မှုကို အမူအရာနဲ့ ပြပါ။
မိသားစုရဲ့အားပေးမှုက ကလေးကြီးပြင်းဖို့အတွက် သတ္တိတွေဖြစ်စေတယ်။
မိသားစုရဲ့လက်တွဲမှုက သူတို့ကြီးပြင်းရာတစ်လျှောက်မှာ ပျော်ရွှင်ခြင်းကိုဖြစ်စေတယ်
ကြင်နာတဲ့လက်နဲ့ ကလေးရဲ့ ပခုံးကိုပုတ်ပြီး အားမပေးခဲ့တာ ကြာခဲ့ပြီလား။
ရင်ထဲသိမ်းထားတဲ့အားပေးစကားတွေ ထုတ်ဖော်မပြောတာ ကြာခဲ့ပြီလား။
၉၁မှတ်ရတဲ့အဖြေလွှာကိုကြည့်ပြီး ၉မှတ်ဆိုတဲ့ဟာကွက်ကိုပဲ သင်မြင်ခဲ့သလား။
ဒါမှမဟုတ် ကလေးငယ်ရဲ့ ကြိုးစားမှုကို သင်မြင်ခဲ့သလား။
ချီးကျူးစကားတစ်ခွန်းက ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေပိုတိုးစေပါတယ်။
အားပေးစကားတစ်ခွန်းက လဲကျနေသူကို ပြန်ထရပ်စေပါတယ်။
နိုင်းနိုင်းစနေ (Sunday, July 13, 2008)
------
စာစရေးစနှစ်တွေမှာ ဘာသာပြန်ရေးခဲ့တဲ့စာတစ်ပုဒ်ပါ မျှဝေပါတယ်..
1 comment:
  1. အားလုံးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ စာမျက်နှာလေးပါပဲ
    အခုလို သုတ ရသ အဖြာဖြာကို မျှဝေတဲ့အတွက် ဂုဏ်ယူ
    ဆက်လက်ပြီး ဒီထက်မက စွမ်းဆောင်နိုင်ပါစေ။
    ReplyDelete
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။