Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, August 12, 2014

စစ်ငွေ့ကြားက အနာဂတ်များ

ဝါးထရံကာတဲတန်းရှည်အတွင်းရှိ စာသင်ခန်းမှ ကျောင်းသူ၊ကျောင်းသားကလေးများ (ဓာတ်ပုံ−ငြိမ်းငြိမ်းပြည့်)
ဝါးထရံကာ၊ ၀ါးတန်းလျားရှည်ကလေးထဲ မှ  မြန်မာသံမပီမသ နှင့် ကလေးငယ်များ၏ သံပြိုင်  ဟစ်သံကို ကြားရသည်။
အရှေ့ရိုးမ၏ တောင်ခိုးမိုး ငွေ့များအကြား၊ ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေသုံး ထောင်နီးပါး (၈၃၇ မီတာ) တွင် တည်ရှိနေသည့် အဆိုပါ ၀ါးတန်း လျားအတွင်းမှ ကလေးငယ် နှစ်ရာ နီးပါး စာအော်ကျက်နေကြခြင်း ဖြစ်သည်။

အသက် ဆယ်နှစ်မှ ဆယ့် ရှစ်နှစ်ကြားရှိ ကလေးငယ် စုစု ပေါင်း ၁၇၂ ဦးရှိသော ထိုကျောင်း တွင် ကလေးငယ်အားလုံး တ အောင်း(ပလောင်)နှင့် တိုင်းရင်း သားများချည်း ဖြစ်ကြသည်။ ရှမ်း ပြည်နယ်တစ်နံတစ်လျားမှလာ သည့် သူတို့တစ်တွေသည် အစိုးရ တပ်မတော်နှင့် တအောင်းလက် နက်ကိုင်တပ်ဖွဲ့ TNLA ကြား တိုက် ပွဲဒဏ်သင့်သူများလည်း ဖြစ်၏။ ဒေသတွင်း တိုက်ပွဲများကြောင့် ၎င်းတို့ မူလတက်ရောက်ခဲ့သော အစိုးရကျောင်းများမှာ အချို့ ပုံမှန် ဖွင့်၍ မရဘဲ အချို့က ပိတ်ထား သည်။ ၀ါးဖြင့် ခင်းကာသည့် ထိုတန်းလျားရှည် အဆောက်အ အုံလေးသည် ကလေးငယ်များ ပဉ္စမတန်းမှ တက္ကသိုလ်ဝင်တန်း အထိ ပညာသင်ကြားခွင့် ရနိုင် သည့် ခိုလှုံအားကိုးနေရာ ကလေး
ဖြစ်နေသည်။ ဤပရဟိတ တ အောင်းပညာရေး ဘော်ဒါဆောင် (TEC) မှာ တအောင်းကျောင်းသား များအတွက် တစ်ခုတည်းသော ဘော်ဒါဆောင်ဟုဆိုသည်။
ဤဘော်ဒါဆောင်တွင် တက်ရောက်ခွင့်ရရေးအတွက် ဆယ်မိုင်ခန့်ဝေးသည့် နမ့်ဆန်မြို့ နယ်၊ မန့်မိုင်မိန်းကွမ်းရွာမှာနေ၍ လာရောက်ခဲ့ရပါသည်ဟု အ သက် (၁၃) နှစ်အရွယ် ဆဋ္ဌမတန်း ကျောင်းသား မိုင်းအောင်ခမ်းက ပြောသည်။
‘‘ရွာကကျောင်းမှာတက် တုန်းက စစ်တပ်တွေ ရွာအောက် ဘက်ကနေ တိုက်ပြီး ကျွန်တော် တို့ကျောင်းဘက်တက်လာတာ မြင်ဖူးတယ်။ ဆရာမတွေက ကျောင်းပိတ်ပြီး အိမ်ကိုပြန်ပြေး ခိုင်းတယ်။ အခု ဒီမှာက မကြောက် ရဘူး’’ ဟု မိုင်းအောင်ခမ်းက ပြော ပြသည်။
သူတို့ရွာတွင် အစိုးရတပ်မ တော်နှင့် TNLA တို့ ပစ်ခတ်မှု ကြောင့် ရွာသားငါးဦး ဒဏ်ရာရ ခဲ့သည့်အနက် မိုင်းအောင်ခမ်း၏ အဘိုးအဘွားများလည်း ပါဝင်ခဲ့ သည်ဟု ဆိုသည်။ ထို့နောက် သူ့ ကို ကျောင်းပညာဆက်လက် သင် ယူနိုင်စေချင်သည့် မိဘများက လားရှိုးမြို့ရှိ ဤတအောင်းပညာ ရေး ဘော်ဒါဆောင်သို့ မရောက် ရောက်အောင် ပို့ဆောင်ခဲ့ကြ သည်။
တအောင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (TSYO) က တည်ထောင်ထားသည့် တ အောင်းပညာရေး ဘော်ဒါဆောင် မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ နမ့်ပါချီးရွာ၊ ရွှေ ကျောက်ဂူလမ်းကြားထဲတွင် တည် ရှိသည်။ မိုင်းအောင်ခမ်းလိုပင် အခြားမြို့နယ်များဖြစ်သည့် သီ ပေါ၊ ကျောက်မဲ၊ နမ္မတူ၊ နမ့် ဆမ်၊ မန်တုံ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ မိုးမိတ်၊ မုန်းကိုး၊ ကြူကုတ်၊ ပန်ဆိုင်းစသည့် မြောက်ပိုင်း ဒေသ များ အပါအ၀င်  ရပ်စောက်၊ မိုင်း ကိုင်စသည့် ရှမ်းပြည်နယ်တောင် ပိုင်းမှလာသည့် တအောင်း (ပ လောင်) တိုင်းရင်းသားများ ဘော် ဒါဆောင်လေးမှာ ရှိသည်။
TSYO က ၂၀၀၉ ခုနှစ်က ကောက်ယူခဲ့သည့် စာရင်းအရ နမ့်စမ်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင် စသည့် မြို့နယ်လေးမြို့နယ်တွင် ကျောင်းနေအရွယ် ၆၇၀၀၀ ကျော် ရှိခဲ့သည်။ ယင်းအနက် ကျောင်း မနေနိုင်သူပေါင်း သုံးသောင်း ကျော်ရှိသည်။ ယခု ၂၀၁၄ ခုနှစ် တွင် ကျောင်းနေအရွယ် ကလေး ငယ်ပေါင်း ရှစ်သောင်းကျော်ရှိနေ ပြီး နှစ်သောင်းကျော်မှာ ကျောင်း တက်ရောက်နိုင်ခြင်း မရှိဟု TSYO ၏ ခန့်မှန်းစာရင်းအရ သိရသည်။ တွက်ကြည့်လျှင်မူ နှစ်ရာနီးပါး သာရှိသော ဤဘော်ဒါဆောင်မှ ကျောင်းသားဦးရေမှာ ကျောင်း တက်နိုင်ခြင်းမရှိသည့် ကျောင်းနေ အရွယ် ကလေးငယ်များ အရေအ တွက်နှင့် နှိုင်းယှဉ်လိုက်လျှင် တစ် ရာပုံ၊ တစ်ပုံမျှသာ ရှိပါ၏။
ဒေသတွင်း ကျောင်းတက်ရန် အခက်အခဲကြုံနေသည့် ကလေး ငယ်များအား ကူညီရန် လားရှိုး ရှိ ဘော်ဒါဆောင်ကို ကျောင်းသား ၉၂ ဦးဖြင့် ၂၀၁၃ ခုနှစ် ဧပြီလ ၌ TSYO က စတင်ဖွင့်လှစ်ခဲ့ သည်။ ယခု ၂၀၁၄- ၁၅ ပညာ သင်နှစ်အတွက် ဘော်ဒါဆောင် တက်ရောက်ခွင့် လျှောက်ထားသူ ပေါင်း ၉၀၀ ကျော် ရှိခဲ့သည့်အ နက် ၁၇၂ ဦးသာ လက်ခံနိုင်ခဲ့ သည်ဟု TSYO က ဆိုသည်။
‘‘ကျွန်တော်တို့မှာ ဘတ်ဂျက် အခက်အခဲရော၊ နေရာအခက်အ ခဲရော မတတ်နိုင်တာကြောင့်ပါ’’ ဟု TSYO အထွေထွေအတွင်း ရေးမှူး မိုင်းမျိုးအောင်က ပြော သည်။
ဘော်ဒါဆောင်မြေနေရာမှာ တအောင်းတိုင်းရင်းသားတစ်ဦးက လှူထားသည့်မြေဟု ဆိုသည်။ ဘော်ဒါဆောင်၏ တစ်လကုန်ကျ စရိတ်မှာ ကျပ်သိန်း ၅၀ ကျော်ရှိ နေသည်။ လက်ရှိတွင် ပညာသင် ကြားစရိတ်နှင့် ကျွေးမွေးစရိတ်ကို ကျောင်းသားမိဘများက တတ်နိုင် သလောက် မျှဝေထည့်ဝင်နေရသ ကဲ့သို့ ပြည်ပရောက် တအောင်းတိုင်းရင်းသားအဖွဲ့များနှင့် တအောင်း စီးပွားရေးလုပ်ငန်းရှင်များကလည်း အဓိက ကူညီထောက်ပံ့ နေသည်ဟုဆိုသည်။
‘‘လားရှိုးမှာရှိတဲ့ ကျောင်း တက်နေတဲ့ ကလေးငယ်တွေရော၊ တခြားလူမှုစေတနာ့ဝန်ထမ်းအဖွဲ့ တွေရော ကျွန်တော်တို့အနေနဲ့ လောလောဆယ် ဘာမှမကူနိုင် သေးပါဘူး။ ကျွန်တော်တို့မှာ ဘဏ္ဍာရေး အခက်အခဲအရ ကျွန် တော်တို့တပ်မတော် နိုင်ငံရေးလုပ် ငန်းနဲ့ အထူးသဖြင့် စစ်ရေးလုပ် ငန်းကို လည်ပတ်အောင် မနည်း ရုန်းကန်ကြိုးစားလှုပ်ရှားနေရ တယ်’’ ဟု တအောင်းလွတ်မြောက် ရေးတပ်မတော် (TNLA) အတွင်း ရေးမှူး ဒုတိယဗိုလ်မှူးကြီး တာ ဘုန်းကျော်က ပြောသည်။
‘‘ကျွန်တော်တို့အနေနဲ့ လူထု တွေ ကျွန်တော်တို့ကြောင့် ထိခိုက် နစ်နာတယ်ဆိုတဲ့ဟာကို ကျွန် တော်တို့ နားလည်နိုင်တယ်။ လက်ခံတယ်။ ဒါပေမဲ့ လောလော ဆယ်တော့ ကိုယ်ထိလက်ရောက် ငွေရေးကြေးရေးအရ ကူညီနိုင်တဲ့ အပိုင်းတော့ တော်တော်အားနည်း ပါတယ်။ ကျွန်တော်တို့ မလုပ်နိုင် သေးပါဘူး။ ဒါပေမဲ့ တစ်ချိန်မှာ တော့ ဒါကျွန်တော်တို့တာဝန်ပဲ။ ကျွန်တော်တို့ ဆောင်ရွက်ဖို့ လို တယ်။ ဆောင်ရွက်နိုင်အောင် လည်း ကျွန်တော်တို့ ကြိုးစားသွား မှာဖြစ်တယ်’’ ဟု ၎င်းက ဆက် လက်ပြောကြားသည်။
လက်ရှိဦးသိန်းစိန်အစိုးရ လက်ထက် ဒုတိယသမ္မတ တစ်ဦး ဖြစ်သည့် ဒေါက်တာစိုင်းမောက် ခမ်းမှာ TEC တည်ရှိရာ လားရှိုး မဲဆန္ဒနယ်မှနေ၍ ၂၀၁၀ အထွေ ထွေရွေးကောက်ပွဲတွင် ရွေး ကောက်ခံခဲ့သူဖြစ်သည်။ လားရှိုး သည် မန္တလေးမြို့၏ အရှေ့ မြောက်ဘက် ကီလိုမီတာ ၂၀၀ (မိုင် ၁၂၀) ခန့် အကွာတွင် တည် ရှိသည်။ ရှမ်းပြည်နယ် မြောက် ပိုင်းတွင် အကြီးဆုံးခရိုင်မြို့ဖြစ် သည်။ အစိုးရတပ်ဖွဲ့နှင့် TNLA တပ်ဖွဲ့တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေရာ ကျောက်မဲ၊ သီပေါ၊ နမ့်ဆမ်၊ ကွတ်ခိုင်၊ နမ့်ခန်းစသည့် မြို့နယ်များနှင့်ဆိုလျှင် လားရှိုးက လမ်းပန်းဆက်သွယ်ရေး၊ အုပ်ချုပ် ရေး၊ ပညာရေး အချက်အချာကျ သော နေရာ၌ တည်ရှိနေ၏။
TEC ၏ ရည်ရွယ်ချက်မှာ တအောင်းတိုင်းရင်းသားများ ပညာ ရေးမြင့်မားဖို့အပြင် တိုင်းရင်းသား အချင်းချင်းကြား ယုံကြည်မှု တည် ဆောက်ရေးလည်း ပါဝင်သည်ဟု TEC ဘော်ဒါအုပ် ဆရာမိုင်းတင် အောင်က ဆိုသည်။
ကလေးငယ်များသည် TEC ဘော်ဒါဆောင်တွင် နေထိုင်စား သောက်ခွင့်၊ စာကျက်ခွင့်ရကြပြီး လားရှိုးမြို့ရှိ အ.မ.က (၂၁) မူလ တန်းလွန်ကျောင်း၊ အ.ထ.က (၄) နှင့် အ.ထ.က (၈) စသည့် အစိုးရ ကျောင်းများတွင် နေ့ကျောင်းသား များအဖြစ် ဘော်ဒါဆောင်က ကျောင်းအပ်နှံတက်ရောက်စေ သည်။
‘‘ဒီကျောင်းက မြို့သူမြို့သား တွေနဲ့ အတူတက်ရတော့ ၀မ်းသာ တယ်။ သူတို့က ကျွန်တော်တို့အ ပေါ် ကောင်းကောင်းမွန်မွန် ဆက် ဆံတယ်’’ ဟု အ.မ.က (၂၁) မူလ တန်းလွန်ကျောင်းတွင် ဆဋ္ဌမတန်း တက်နေသည့် မိုင်းအောင်ခမ်းက ဆိုသည်။
ဘော်ဒါဆောင် စတင်ဖွင့်ခဲ့ သည့် ၂၀၁၃-၁၄ ပညာသင်နှစ် က ဘော်ဒါဆောင်တွင် တက် ရောက်၍ တက္ကသိုလ်ဝင်တန်း ဖြေ ဆိုသူ ၁၉ ဦးရှိခဲ့ပြီး ခုနစ်ဦးအောင် မြင်ခဲ့၏။ ယခု ၂၀၁၄-၁၅ ပညာ သင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ၄၃ ဦး တက်ရောက်နေသည်။ အ စိုးရသင်ရိုးညွှန်းတမ်း ပြဋ္ဌာန်းစာ အုပ် အပါအ၀င် တအောင်းဘာသာ ယဉ်ကျေးမှုများကို ဘော်ဒါဆောင် တွင် လက်ရှိ ဆရာ၊ ဆရာမ ၁၅ ဦးက သင်ကြားပေးနေသည်။
စစ်ဘေးဒဏ်သင့် ဒေသများ မှလာသည့် ကလေးအချို့တွင် စိတ်ပိုင်းဆိုင်ရာ အားပေးမှုလိုအပ် သည့် အနေအထားမျိုးကိုလည်း  တွေ့ရလေ့ရှိကြောင်း ယင်းဘော် ဒါတွင် စာသင်နေသည့် ဆရာမအ ချို့က ဆိုသည်။
‘‘တချို့ကျောင်းသားတွေက မှိုင်နေတတ်တယ်။ သွားမေးရင် ဖြေလေ့မရှိဘူး။ ဘာဖြစ်လို့လဲဆို တော့ သူတို့က လူတွေနဲ့တွေ့တဲ့ အတွေ့အကြုံ မရှိဘူးလေ’’ ဟု ကျောက်မဲမြို့နယ်၊ ကျွဲကုန်းရွာ ဇာတိ ဆရာမ လွေးဝင်းသီရိကျော်  က သူ့အတွေ့အကြုံကို ပြောပြ သည်။ ၎င်းမှာ ပြီးခဲ့သည့်နှစ် တက္က သိုလ်ဝင်တန်းကို ဘော်ဒါဆောင်မှ နေ၍ ဖြေဆိုအောင်မြင်ခဲ့ပြီး ယခု နှစ်တွင် ဘော်ဒါ၌ လုပ်အားပေး ဆရာမအဖြစ် ပြန်လည်စာသင် ပေးနေသူများထဲမှ  တစ်ဦးဖြစ် သည်။ စစ်အစိုးရအုပ်ချုပ်ခဲ့သော ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း အစိုးရတပ်မတော်နှင့် လက်နက် ကိုင်အဖွဲ့များ၏ တိုက်ပွဲများ ဖြစ် ပွားရာ အမည်းရောင်နယ်မြေ ရှမ်း ကုန်းပြင်မြင့်ဒေသမှာ ယခုအရပ် သားအစိုးရဟုဆိုသည့် ဦးသိန်းစိန် အစိုးရ လက်ထက်တွင်လည်း အ ဖြူရောင်နယ်မြေ ဖြစ်မလာသေး ပေ။ ပြည်ထောင်စုအဆင့် အပစ် အခတ်ရပ်စဲရေး လက်မှတ်ထိုး ထားပြီး အဖွဲ့များနှင့် တိုက်ပွဲများ ပြန်ဖြစ်နေပြီး TNLA တစ်ဖွဲ့တည်း နှင့်ပင် ယခုနှစ် ဇန်န၀ါရီမှ သြ ဂုတ်လအတွင်း တိုက်ပွဲပေါင်း ၇၀ ကျော် ဖြစ်ပွားခဲ့သည်။ ဤကဲ့သို့ ဒေသတွင် မွေးဖွားကြီးပြင်းလာသူ များ ဖြစ်သည့်အလျောက် တ အောင်းကျောင်းသားများက ၎င်းတို့ ၏ ရွာထဲ အစိုးရစစ်သားတွေ ၀င် လာလိုက်၊ တိုင်းရင်းသားစစ်သား တွေ ၀င်လာလိုက်ကို ကြံဖူးမြင်ဖူး ကြသည်ဟု ဆို၏။
တက္ကသိုလ်ဝင်တန်းအထိ ဤ TEC ဘော်ဒါဆောင်တွင်ပင် ဆက်လက်တက်ရောက်မည်ဟု ဆိုသည့် ဆဋ္ဌမတန်းကျောင်းသား မိုင်းအောင်ခမ်းက  ဆရာဝန်ဖြစ် အောင် ယခုစာကြိုးစားကျက်နေ ပြီး ရှမ်းပြည်နယ်မှ လူနာတွေကို ကုသပေးမည်ဟု တက်တက်ကြွကြွ ဆိုလာသည်။ ရှမ်းရိုးမတောင် စဉ်တောင်တန်းများ၏ ခြေရင်းရှိဝါးတန်းလျား ရှည်ဘော်ဒါဆောင် အမိုးအောက်တွင်  ဆဋ္ဌမတန်း ကျောင်းသားများ ကမ္ဘာ့သမိုင်းကို အော်ကျက်နေကြ၏။
ဘုရင်အုပ်ချုပ်ရေးစနစ်၊ သူ ကောင်းအုပ်ချုပ်ရေးစနစ်၊ အာ ဏာရှင်အုပ်ချုပ်ရေးစနစ်၊ ဒီမိုက ရေစီအုပ်ချုပ်ရေးစနစ်နှင့် လူနည်း စုအုပ်ချုပ်ရေး စနစ်တို့ ရှိခဲ့သည့် ဂရိမြို့ပြနိုင်ငံအုပ်ချုပ်ရေးအ ကြောင်း ကျက်မှတ်နေသည့် ဆယ့် သုံးနှစ်သား မိုင်းအောင်ခမ်းက ရှမ်း ပြည်နယ်တွင် တိုက်ခိုက်နေသော စစ်တပ်များကို အခုလို ပြောချင် သည်ဟု ဆိုလာသည်။
‘‘စစ်တိုက်ရင် ရွာသူရွာသား တွေကို ဒုက္ခပေးရင် မကောင်းပါ ဘူး’’
7daydaily

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။