Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, June 12, 2014

သူခိုးကျင့် သူခိုးကြံအစိုးရ အလိုမရှိ


Ko Nyo

သူခိုးကျင့် သူခိုးကြံအစိုးရ အလိုမရှိ

June 12, 2014 at 12:22pm
 သူခိုးကျင့်၊ သူခိုးကြံ အစိုးရအလိုမရှိ


မကောင်းမှုကိုကြံစည်သူတွေမှန်သမျှ၊ လူအများဆိတ်ကွယ်ရာဖြစ်စေ၊ ညအခါ လူခြေတိတ်ချိန်ဖြစ်စေ လုပ်ဆောင်တတ်တာ အများအသိ။ 
သူခိုး၊ ဓားပြအများစုဟာ အဲလို လူတွေမျက်ကွယ်မှာ သူတို့ အလုပ် အထမြောက်အောင်လုပ်တတ်တာလည်း အများသိ။

သူခိုးဓားပြ အစိုးရဖြစ်တဲ့ နအဖတွေလည်းအဲလိုကျင့်ကြံခဲ့တယ်။
 ဥပမာ ၂၀၀၇ ရွှေဝါရောင်တုန်းက ငွေကြာရံဘုန်းကြီးကျောင်းကို 
လူခြေတိတ်တဲ့ ညနက်ပိုင်းမှာ ရိုက်နှက်ဖျက်ဆီးစီးနင်းတိုက်ခိုက်ချိတ်ပိတ်ခဲ့တာလည်း တပြည်လုံးအသိ။ 


သူခိုးဓားပြနဲ့တူတဲ့ အစိုးရတွေကလည်း အဲဒီလို အများမျက်ကွယ်မှာ အမှုအရာတွေ ခိုးကြောင်ခိုးဝှက်စီရင်တတ်တယ်။ 
ဥပမာ ညအချိန် တိတ်တဆိတ်ဖမ်းပြီး ဘယ်သူမှ မသိနိုင်တဲ့နေရာကို မျက်စိပိတ်ခေါ်သွားတာ။
 လူသူမသိ ချုပ်နှောင်ဖမ်းဆီးတတ်တာ၊ လူအသိမခံ နှိပ်ဆက် သတ်ဖြတ်ပြီး  အလောင်းဖျောက်လိုက်တာ၊ 
မိသားစုအနည်းအကျဉ်းနဲ့ အသုဘချခိုင်းတာ... ဒါတွေအားလုံးဟာ လှုပ်ရှားဆောင်ရွက်သူတွေရဲ့ မတရားမှု၊ မရိုးသားမှု၊ 
အမှန်တရားကို ရင်မဆိုင်လိုမှု၊ သူတပါး မတုန့်ပြန်နိုင်အောင် အလစ်အငိုက်သုတ် မရိုးမသားလုပ်ဆောင်မှု၊
 အနိုင်အထက်ကျင့်ကြံမှု အစရှိတဲ့ သူခိုးကျင့် သူခိုးကြံအလုပ်သက်သက်ဖြစ်တယ်။


ဒီကနေ့ သမတ သိန်းစိန်အစိုးရအဖွဲ့ဟာ  အရင်က မတရားအာဏာသိမ်းတိုက်ခိုက်ယူတဲ့ 
စစ်အစိုးရ အမွေ လက်ဝေခံရခဲ့သူပီပီ၊ သူခိုးဓားပြ အကျင့်အကြံ( Mind-set) ကမပျောက်နိုင်ဘူး။
စစ်ထွက်တွေပီပီ ပြည်သူကို အလစ်အငိုက်သုတ် နှိမ်နင်းတိုက်ခိုက်တတ်တဲ့ စရိုက်သဘာဝကကို မဖျောက်နိုင်ဘူး။
 ဒီမိုကရေစီ စိတ်ဓာတ် အကျင့်နဲ့ လုံးဝ မဆီလျှော်၊ ဒီမိုကရေစီ ယဉ်ကျေးမှုနဲ့ မအပ်စပ်တဲ့ 
 အရိုင်းအစိုင်း အကျင့်အကြံ ဓလေ့စရိုက်တွေ ခ၀ါမချနိုင်သေးဘူးဖြစ်နေတယ်။
ပါးစပ်က ဘုရားဘုရား လက်က ကားရားကားရား အစိုးရကို မြန်မာပြည်သူတွေ အမြဲကြုံ ကြိုက်နေရတယ်။
 ရေစက်မကုန်ဖြစ်နေရတယ်။ 


လတ်တလော သံန္တိသုခကျောင်းတိုက်ကို စီးနင်းသိမ်းပိုက် ချိတ်ပိတ်တဲ့ ဖြစ်ရပ်က အတော်ရုပ်ဆိုးတယ်။
 စစ်အာဏာရှင်ခေတ် ငွေကြာရံ ကျောင်းတိုက်ကို စီးနင်းတိုက်ခိုက်ခဲ့တာနဲ့ အနှစ်သာရခြင်းတူတယ်။
 အမှန်တရားကိုလက်ကိုင်ထားသူတွေဆိုရင်၊ မိမိတို့လုပ်တဲ့ အလုပ်အပေါ် ရိုးသားဖြောင့်မတ်တယ်ဆို
 ဘယ်သူမှ အခုလို ခိုးကြောင်ခိုးဝှက်မလုပ်ဖူး။ ဒါဟာ မရိုးမဖြောင့်မှု၊ ကောက်ကျစ် အနိုင်ကျင့်မှု၊ 
ဗုဒ္ဓအတွေးအခေါ်နဲ့ ဗုဒ္ဓသာသနာအပေါ် စော်ကားမော်ကားလုပ်တာဖြစ်တယ်။


 မဟန ဆိုတာ ဘယ်အခြေခံနဲ့ ပေါက်ဖွားလာသလဲ စာတတ်ဘုန်းကြီးတွေ၊
 ရှေ့မှီ နောက်မှီဘုန်းကြီးတွေသိတယ်။ 
အစိုးရဒေါက်တိုင်အဖြင့်၊ အာဏာရှင်ဒေါက်တိုင်အဖြင့် မွေးထုတ်ပေးတဲ့ အဖွဲ့ဖြစ်တယ်။
 ရှည်နေမှာစိုးလို့ တချက်ပဲ ထောက်ပြမယ်။  သံဃာအချင်းချင်း ခွဲခြားဖို့၊ ဖိနှိပ်ဘို့၊ ဂိုဏ်းခွဲဘို့၊ 
မဆလခေတ် ဦးနေ၀င်းက သူကိုင်တွယ်ရလွယ်ကူမယ့်ဆရာတော်တွေကို အယုံသွင်းပြီး
 အာဏာရှင်စနစ်ကို ကျားကန်နိုင်အောင် ထူထောင်ခဲ့တာဖြစ်တယ်။ 
တနည်းပြောရရင် သံဃာ့ထုအဆောက်အအုံ အင်စတီကျူးရှင်းကြီးက 
စစ်တပ်လို ရာထူးအဆင့်ဆင့်(၀ါတော်အဆင့်ဆင့်) နဲ့ စည်းစနစ်တကျထိမ်းချုပ်ထားတာမို့ 
စစ်တပ်ကို အံတုမှာယှဉ်ပြိုင်လာမှာစိုးရိမ်တယ်။
 ဒါကြောင့် သံဃာ့ခေါင်းဆောင်တွေကို စိတ်ကြိုက်ရွေးပြီး ခါးပိုက်ထဲ ထည့်လိုက်တာဖြစ်တယ်။ 
ပိုပြီးရှင်းအောင်ပြောမယ်။
 ဒီကနေ့ မဟန ပြိုရင် အာဏာရှင်ဒေါက်တိုင်အင်စတီကျူးရှင်းတခုပြိုတာနဲ့အတူတူပဲ။
 ဒါကြောင့် မဟန သြဇာ ပြန်လည် အသက်ဝင်အောင် ဒီအစိုးရက မလုပ်လို့မရဘူး။
 အဲဒီမှာ သာသနာဖျက်အံ့မောင်လို့ သံဃာအများ ကင်ပွန်းတပ်ထားတဲ့
 အာဏာရှင် လက်သုံး ဦးအံ့မောင်ကို ပြန်သုံးလာတာဖြစ်တယ်။
ဦးအံ့မောင်ကို ဒီနေရာမှာ သုံးလိုက်တာဟာ အာဏာရှင်တွေ အစွယ်တစ်ချောင်း ထပ်ပေါ်လာတာဖြစ်တယ်။
နောက်တနည်းပြောရရင် ခံစစ်ကုန်းကနေအားယူပြီး ထိုးစစ်ဆင်  ပြန်တိုက်တာဖြစ်တယ်။ 
စစ်အာဏာရှင်တွေရဲ့ ခြေရာ လက်ရာဖြစ်တယ်။ 
သမတဦးသိန်းစိန် အစိုးရထဲက ထိတ်တန်းအမာခံတွေနဲ့ အစိုးရနောက်ကွယ်က အမှောင်ရိပ်မှာ နောက်ချန်နေပြီး
 ယနေ့ နိုင်ငံရေး အခင်းအကျင်းတစ်ခုလုံးအပေါ် ကျကျနန အကွက်ရွှေ့ကစားနေတဲ့
 မာစတာမိုင်းတင့်ခ်တက်ခ်အုပ်စုတွေ ဗျူဟာဖြစ်တယ်။
(အဲဒီထဲမှာ စာဖတ်နေတဲ့ နေပြည်တော်က အဖိုးကြီးလည်း ပါကောင်းပါနိုင်တယ်)။


ဦးအံ့မောင်ဟာ အရင် အာဏာရှင် အစိုးရတလျှောက်လုံး မဟနနဲ့ သံဃာ့အဖွဲ့အစည်းတွေအားလုံးကို
 မွှေနှောက်ဒုက္ခပေးခဲ့သူဖြစ်တယ်။ သံဃာ့အရေးအရာမှန်သမျှ အာဏာရှင်အလိုကျ 
အကောင်းဆုံးဖြစ်အောင် အကောင်အထည် ဖော်နိုင်သူဖြစ်တယ်။
ဒါကြောင့် သမတ နားမှာ သာသနာရေးကိစ္စ အကြံပေးအဖြင့် ကပ်ပြီး ရံထားတာဖြစ်တယ်။
 ဦးအံ့မောင်မနေနိုင်လို့ ထွက်ပြီး ပွဲကြမ်းတာဖြစ်တယ်။
သတင်းထောက်တွေကို ဘုတောပြီး ကြိုက်တဲ့ တရားရုံးကိုသွား...လို့ပြောတာ သူ့နောက်ကွယ်က အင်အားကို သူယုံကြည်လို့ဖြစ်တယ်။
နောက်တနည်းပြန်တွေးရင် သမတအကြံပေး အံ့မောင်ထွက်လာတာကိုက အစိုးရအဖွဲ့ ဖရိုဖရဲဖြစ်နေတာ၊
 စိတ်ခြောက်ခြားနေတာကို ပြသနေတာပဲ။ ဒါကြောင့် အမှားအမှန် မဆင်ခြင်နိုင်တော့ပဲ 
သူတို့လုပ်တတ်တဲ့ အကျင့်ဟောင်းအတိုင်းလုပ်ပြစ်တာပါ..။


   ဒီမိုကရေစီ စနစ်ဆီလှမ်းမယ်ဆိုရင် အစိုးရ မသန့်ရှင်းလို့မရဘူး။ စည်းကမ်းမရှိလို့ မရဘူး။
 အကြမ်းဖက်လို့မရ၊ဗရမ်းဗတာ ထင်တိုင်းကြဲ ဥပဒေနဲ့ချီတက်လို့မရ။ သူခိုးကျင့် ဓားပြကြံလည်း လုပ်လို့မရနိုင်ဘူး။
အကျင့်ဟောင်းအတိုင်းသွားချင်တယ်ဆို..ကျနော်တို့ အာဏာရှင်စနစ် နဲ့သာ အုပ်ချုပ်ပါ့မယ်၊ 
အာဏာရှင် စနစ်ဆီပြန်သွားပါ့မယ်လို့ ရိုးရိုးသားသားကြေငြာလိုက်ပါ။ ဖားတပိုင်း ငါးတပိုင်းတော့ မလုပ်ပါနဲ့။
အထူးသဖြင့် မိုင်းဆက်တွေပြင်မရ၊ ပြောင်းမရသူတွေကို  ထုတ်ပလိုက်၊ ဖြုတ်ပလိုက်ပါ။
 ခရီးကြံ့ကြာတယ်။ လူထု နစ်နာတယ်။


လက်တွေ့မှာ  သမတဦးသိန်းစိန် အစိုးရဟာ ဆင်ခေါင်းခွေးမချီနိုင်ဖြစ်နေတယ်။ 
ဒီမိုကရေစီလို့ပြောပြီး စိတ်ဓာတ်စံချိန်မမှီတော့ သွားမရ၊ လှုပ်မရဖြစ်နေတယ်။
ဘာကြောင့်လဲဆိုတော့ သူခိုး ဓားပြစိတ်ဓာတ်တွေ မဖယ်ရှားနိုင်သေးလို့ပါ.။
အာဏာရှင်ဘိုက်ထဲ ဒီမိုကရေစီ သန္ဓေ္ဓတည်လို့မရပါ။ မဖြစ်နိုင်သလို၊ သင့်လည်း မသင့်တော်ပါ။
အစိုးရ အဖွဲ့ထဲက လူဆိုး၊ လူညစ်တွေကို ပြတ်ပြတ်သားသား ထုတ်ပယ် အရေးယူမှ ပြည်သူတွေ အသက်ရှုချောင်လိမ့်မယ်။
ကောင်းသော အစိုးရ၊ သန့်ရှင်းသော အစိုးရ ဖြစ်ဖို့ဆို မိမိအပါအ၀င် မကောင်းသော၊ မသန့်ရှင်းသော၊ 
 အစိုးရအကြံပေးပုဂ္ဂိုလ်တွေအပါအ၀င် အစိုးရ ၀န်ကြီးတွေ၊ အရာရှိတွေကို သန့်စင်သင့်တယ်။


ဒါပေမယ့် သမတသက်တမ်းက တနှစ်ခွဲပဲ ကျန်တော့တယ်။ သိပိနောက်ကျသွားပြီ။
တခုတော့ ရှိတယ်။  နောင်တက်မယ့် အစိုးရအတွက် မူလရောဂါ မကပ်ညိအောင်၊
 ကြိုတင်ကာကွယ်ဆေး ထိုးပေးတဲ့အနေနဲ့  ဖြုတ်ထုတ်ပယ် စံနမူနာကောင်းလေးတော့ လုပ်ဖို့ အချိန်ကောင်းပါ။
ဘယ်သူ့မျက်နှာမှထောက်စရာမလို၊ တိုင်းပြည်မျက်နှာ၊ ပြည်သူ့မျက်နှာနဲ့ အရေးယူဆောင်ရွက်သင့်တယ်။
နောက်ထပ် သမတရာထူးဆက်ရချင်ရင် အဲလောက်တော့ သတ္တိရှိဖို့လိုတယ်။
အာဏာမြဲဘို့၊ စည်းစိမ်ဥစ္စာတည်တံ့ခိုင်မာဖို့ ထက် အရေးကြီးတာက 
တိုင်းပြည်ဂုဏ်သိက္ခာရှိဖို့၊ ပြည်သူတွေ ထမင်း၀၀လင်လင်စားနိုင်ဘို့ပါ။ အဲဒီအတွက် တော့ အချိန် မနှောင်းသေးပါ။
သူခိုးဓားပြအစိုးရတွေ နောက်ထပ် ဆက်လက် မတည်ရှိသင့်တော့ပါ။

ကိုညို( အော်စလို)
၁၂ဇွန် ၂၀၁၄

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။