အသိမ်းသန်တဲ့ ဒို့နိုင်ငံ
*********************
အမှန်တရားအတွက်
အသက်နဲ့ခန္ဓာ စွန့်ခွာသွားရပါစေ
သေမှာကိုလဲ မကြောက်
အမှန်လမ်းကိုလျှောက်
ရဲရဲတောက်လူသားတွေ
ကမ္ဘာ့သမိုင်းမှာရှိခဲ့ပါပေ… ။
သို့တစေ ငါတို့ပြည် ငါတို့မြေ
အုပ်ချုပ်တဲ့ ဗာလကီတွေ
ခရိုနီတွေနဲ့ပေါင်း တိုင်းပြည်ကိုရောင်း
လူအပေါင်းနင်းပြားဘ၀ရောက်အောင်တွန်းချ
တိုင်းပြည်မွဲပြာကျအောင်သိမ်းပြ
သိမ်းလိုက်ကြ လယ်မြေခြံ
သိမ်တော် ကျောင်းတော်မကျန်
ညသန်းကောင်ယံကျော်ကျော်
အချိန်မတော်မှာ သူ့ဘိုးတော်အမိန့်နဲ့
မဟာသန္တိသုခကျောင်းရိပ်ကိုဝ င်ခို
သူခိုးဓါးပြလိုဝင်စီး ဘုန်းကြီးကိုကျောင်းမှနှင်
မဆင်မခြင် ကျောင်းတော်ကိုချိတ်ပိတ်
သူတို့ရိတ်သမျှ ကြိတ်သမျှလှိမ့်သမျှ
မျက်စိမှိတ်ပြီးသာခံ ပြန်မပြောနဲ့
သံသရာတကြောမှာ ဘယ်လိုပင်မျောရမျောရ
ဗာလကီတွေမမှုကြ သိမ်းရမှကျေနပ်
သိမ်းရမှနေတတ် အတတ်ကျူးတဲ့ဘီလူးတွေ
ရူးသလိုသိမ်း သိမ်း သိမ်း သိမ်း
သိမ်းစရာမြေမရှိ သိမ်းစရာနတ္ထိဖြစ်ရင်
အ၀ီစိထိ ဆက်လက်သိမ်း
ငရဲမီးမငြိမ်း ဆီမီးတလိန်းလိန်းက
အပြီးသိမ်းပြလိုက်လိမ့်မယ် အဲဒါ အပါယ်…။
တက္ကသိုလ်ဘုန်းကြွယ်(ဇွန် ၁၁ ၁၄)
Credit : တက္ကသိုလ်ဘုန်းကြွယ်
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe
11-06-2014
*********************
အမှန်တရားအတွက်
အသက်နဲ့ခန္ဓာ စွန့်ခွာသွားရပါစေ
သေမှာကိုလဲ မကြောက်
အမှန်လမ်းကိုလျှောက်
ရဲရဲတောက်လူသားတွေ
ကမ္ဘာ့သမိုင်းမှာရှိခဲ့ပါပေ…
သို့တစေ ငါတို့ပြည် ငါတို့မြေ
အုပ်ချုပ်တဲ့ ဗာလကီတွေ
ခရိုနီတွေနဲ့ပေါင်း တိုင်းပြည်ကိုရောင်း
လူအပေါင်းနင်းပြားဘ၀ရောက်အေ
တိုင်းပြည်မွဲပြာကျအောင်သိမ
သိမ်းလိုက်ကြ လယ်မြေခြံ
သိမ်တော် ကျောင်းတော်မကျန်
ညသန်းကောင်ယံကျော်ကျော်
အချိန်မတော်မှာ သူ့ဘိုးတော်အမိန့်နဲ့
မဟာသန္တိသုခကျောင်းရိပ်ကိုဝ
သူခိုးဓါးပြလိုဝင်စီး ဘုန်းကြီးကိုကျောင်းမှနှင်
မဆင်မခြင် ကျောင်းတော်ကိုချိတ်ပိတ်
သူတို့ရိတ်သမျှ ကြိတ်သမျှလှိမ့်သမျှ
မျက်စိမှိတ်ပြီးသာခံ ပြန်မပြောနဲ့
သံသရာတကြောမှာ ဘယ်လိုပင်မျောရမျောရ
ဗာလကီတွေမမှုကြ သိမ်းရမှကျေနပ်
သိမ်းရမှနေတတ် အတတ်ကျူးတဲ့ဘီလူးတွေ
ရူးသလိုသိမ်း သိမ်း သိမ်း သိမ်း
သိမ်းစရာမြေမရှိ သိမ်းစရာနတ္ထိဖြစ်ရင်
အ၀ီစိထိ ဆက်လက်သိမ်း
ငရဲမီးမငြိမ်း ဆီမီးတလိန်းလိန်းက
အပြီးသိမ်းပြလိုက်လိမ့်မယ် အဲဒါ အပါယ်…။
တက္ကသိုလ်ဘုန်းကြွယ်(ဇွန် ၁၁ ၁၄)
Credit : တက္ကသိုလ်ဘုန်းကြွယ်
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe
11-06-2014

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။