၂၀၁၄ ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားတွင်
ဖျော်ဖြေရန် ဂျေလို ပြန်လည် ဆုံးဖြတ်
**************************
ဖျော်ဖြေရန် ဂျေလို ပြန်လည် ဆုံးဖြတ်
**************************
ကမ္ဘာကျော်အဆိုတော ဂျနီဖာလိုပက်ဇ်သည် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်တွင် ပြန်လည် ဖျော်ဖြေရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် ဂျနီဖာလိုပက်ဇ်ကို ကမ္ဘာ့ဖလားဖွင့်ပွဲတွင် ရက်ပ်ပါ Pitbull၊ ဘရာဇီးအဆိုတော် Claudia leitte တို့နှင့်အတူ စင်မြင့် ထက်၌ တွေ့မြင်ရမည်ဖြစ်သည်။
၂၀၁၄ ကမ္ဘာ့ဖလားဖွင့်ပွဲတွင် သီဆိုဖျော်ဖြေမည်မဟုတ်ဟု ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကြေညာခဲ့သော ဂျနီဖာလိုပက်ဇ်သည် လူမှုရေးအရ ယခုကဲ့သို့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ခဲ့ခြင်းဖြစ်သည်ဟု RadarOnline ကဖော်ပြသွားခဲ့သည်။
၂၀၁၄ ကမ္ဘာ့ဖလားဖွင့်ပွဲတွင် သီဆိုဖျော်ဖြေမည်မဟုတ်ဟု ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကြေညာခဲ့သော ဂျနီဖာလိုပက်ဇ်သည် လူမှုရေးအရ ယခုကဲ့သို့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ခဲ့ခြင်းဖြစ်သည်ဟု RadarOnline ကဖော်ပြသွားခဲ့သည်။
အသက် ၄၄ နှစ်အရွယ်ရှိ ဂျေလိုသည် ၂၀၁၁ ခုနှစ်ကတည်းက လက်တွဲလာခဲ့သော အသက် ၂၇ နှစ်အရွယ်ရှိ ချစ်သူ ကက်စပါစမတ်နှင့် ပြီးခဲ့သည့်အပတ်က ဆက်ဆံရေးပြတ်ဆဲခဲ့ပြီးနောက်တွင် အနားယူရန် လိုအပ်နေသောကြောင့် ကမ္ဘာ့ဖလားဖွင့်ပွဲတွင် မဖျော်ဖြေရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းများက ထင်မြင်ချက်ပေးခဲ့ကြသည်။ သို့သော် ဖြစ်စဉ်အမှန်မှာ ဂျေလိုသည် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေး တာဝန်ခံများနှင့် ငွေရေးကြေးရေးဆိုင်ရာ ညှိနှိုင်းမရသည့်အတွက် ဖြစ်ကြောင်း RadarOnline က ဖော်ပြခဲ့သည်။
ဂျေလိုက သူမနှင့်အတူလိုက်ပါလာမည့် အဖော်များအတွက် ခရီးသွားစရိတ်ပါတောင်းဆိုခဲ့သည့်အတွက် ပြိုင်ပွဲကျင်းပရေး တာဝန်ခံများဖြင့် အဆင်မပြေ ဖြစ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဂျေလိုသည် သူမ၏အယ်လ်ဘမ်အသစ် A.K.A အတွက် နောက်တစ်ပတ်တွင် ကမ္ဘာလှည့်ခရီးစဉ် ရှိနေသည့်အတွက် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။
ထိုသတင်းများကို အတည်ပြုရန် ဒေးလီးမေးလ်က ဂျနီဖာလိုပက်ဇ်ကို ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
ထိုသတင်းများကို အတည်ပြုရန် ဒေးလီးမေးလ်က ဂျနီဖာလိုပက်ဇ်ကို ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးကော်မတီကမူ “ဂျေလိုက သူ့ရဲ့ကိုယ်ပိုင်အစီအစဉ်နဲ့ ဒီကိုလာမှာပါ။ အဲ့ဒီအတွက် လုံခြုံရေးအပြည့် အ၀ပေးဖို့ တောင်းဆိုပါတယ်။ ပြီးတော့ သူမတည်းမယ့်ဟိုတယ်အပြင် အတူလိုက်ပါလာမယ့်သူတွေအတွက် ကုန်ကျစရိတ်အား လုံးကို တာဝန်ခံပေးဖို့ ပြောပါတယ်။
ဒီပြိုင်ပွဲကြီးက တစ်ကမ္ဘာလုံးစောင့်ကြည့်နေမယ့် ပြိုင်ပွဲကြီးပါ။ ဒီနေရာက ကမ္ဘာကြီးရဲ့စင်မြင့် ပါပဲ။ ဒီလိုနေရာမျိုးမှာ မဖျော်ဖြေဘူးဆိုရင် ဒါက ပုံမှန်မဟုတ်လို့ပါပဲ။ လူမှုရေးက အရမ်းအရေးကြီးတယ် ဆိုတာကို သူမ ကောင်းကောင်းသိပါတယ်။ ဒါကြောင့်ပဲ ဖွင့်ပွဲမှာ ပြန်လည်ဖျော်ဖြေဖို့ သူမ ဆုံးဖြတ်ခဲ့တာပါ”ဟု ပြောဆိုခဲ့သည်။
.
.
Coko Dmoe
=========
.
Coko Dmoe
=========

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။