23 November 2012 |By 8 Days
"မျက်နှာချင်းဆိုင်" စီးရီး ခေါင်းစဉ်က ကျွန်တော့် စီစဉ်သူနဲ့ ဒါရိုက်တာ က ဗေဒင်နဲ့ အင်းကိုယုံကြည်ပြီး ပရိသတ်နဲ့ ကျွန်တော် မျက်နှာချင်း ဆိုင်တွေ့ဖို့ ရွေးပေးခဲ့တာ။ သီချင်းတွေက ရော့ခ်ကို အခြေခံတဲ့သီချင်း အချိုတွေများတယ်။ စီဒီထွက်တုန်း က ပရိသတ်ရဲ့ အားပေးမှုကို အထိုက်အလျောက် ရခဲ့ပေမယ့် ဗီစီဒီ မှာတော့ ဘယ်လို လာဦးမလဲမသိ ဘူး။ သီချင်းကို ဂစ်တာသံပါမှ ကျွန် တော်ကြိုက်တယ်။
ဂစ်တာသံပါမှ သီချင်းက ပိုအဓိပ္ပါယ် ရှိသွားတယ်လို့ ထင်တယ်။ ရော့ခ်က ကမ္ဘာပေါ်မှာ ဘယ်တော့မှ ပျောက်ကွယ်မသွားမယ့် မြူးဇစ်ပါ။ အသစ်တွေအတွက် အွန်လိုင်းက နေရာတစ်ခုအထိ ပံ့ပိုးပေး တာမှန်ပေမယ့် ကျွန်တော်က ဒီ အခွေကိုလွယ်လွယ်ကူကူလုပ်ခဲ့တာ မဟုတ်တဲ့အတွက် သူများတွေကို ဖောဖောသီသီအွန်လိုင်းမှာ တင်တာ မျိုးမလုပ်ချင်ဘူး။ quality ပိုင်းမှာ လည်း အကောင်းဆုံးဖြစ်အောင် တစ်ဆင့်ပြီးတစ်ဆင့်ကြိုးစားထားပါ တယ်။ အွန်လိုင်းမှာ အခုတော့ မတင်သေးဘူး။ အချိန်နည်းနည်း ကြာရင်တော့ အွန်လိုင်းမှာတင်ဖြစ် မယ်ထင်တယ်။ နယ်ကတက်လာတဲ့ လူတစ်ယောက်အတွက် အခွေတစ် ခွေဖြစ်အောင်လုပ်ဖို့ ဆိုတာအရမ်း ကိုခက်ခဲပါတယ်။ အထူးသဖြင့် တခြားမြူးဇစ်တွေထက်ရော့ခ်မြူး ဇတ်ကပိုခက်ခဲတယ်။ ကျွန်တော် ကိုယ်တိုင်ပေါ့ပ်သီချင်းတွေသိပ် မကြိုက်ပေမယ့် ပရိသတ်အတွက် ပေါ့ပ်သီချင်းကိုလည်း ခံစားနိုင် အောင် ထည့်ထားပါတယ်။ ပရိသတ် တွေနဲ့သဟဇာတဖြစ်စေမယ့် သီချင်းလေးတွေပဲရွေးချယ်ပြီးလုပ် ထားလို့ အားပေးစေချင်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။