Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, November 20, 2012

မြင်နိုင်ခဲသော မျက်ဝန်းရှင်


ကျွန်မက ပြည်နယ်မှာ နေရသူဖြစ် သည်။ ကျွန်မတို့ ပြည်နယ်တွေမှာ ဖက် ဒရယ် စနစ်ကို လိုလားသူများ၏။ ဖက်ဒ ရယ်စနစ်ဆိုသည်မှာ တကယ်ဆိုလျှင် ခွဲ ထွက်ရေးမူ မဟုတ်ရပါ။ နိုင်ငံတော်၏ အာဏာ (၃)ရပ်ကို ဗဟို၊ ပြည်နယ်၊ တိုင်း ဒေသကြီး၊ ၎င်းင်းအပြင် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းဒေသများကို မျှတစွာ အာဏာ ခွဲဝေပေးသည့်စနစ်ဟု ထင်ပါသည်။ သူ တို့ကသူတို့၊ သူတို့၏ပြည်နယ်တွေမှာ ဖက်ဒရယ်စနစ်ကို ကျင့်ကြံအားထုတ် နိုင်ပါမှ သူတို့တောင့်တနေသော ငြိမ်း ချမ်းရေးကို ရရှိကာ သာယာဝပြောသော ဒီမိုကရေစီနိုင်ငံကို တည်ထောင်နိုင်လိမ့် မည်ဟု မှတ်ယူထားကြပုံရသည်။ ကျွန်မ ပြည်နယ်သို့ ပြန်ရန်ကိစ္စ ခေတ္တနှောင့်နှေး သွားခဲ့ရသည်။ မိုးကျနေ၍ တော်ပါသေး သည်။ နို့မို့သာဆို ကျွန်မ၏ လူမနေ သော အိမ်မှာစိုက်ပျိုးထားသည့် ပန်းမာန် သစ်ပင်များသေကြပေရော့မည်။ ၁၉-၁၁-၂၀၁၂ ရက်မှာ အမေရိကန်သမ္မတ ဘား ရက်အိုဘားမားလာ၏။ ခြံနံပါတ် (၅၄) ကို ခြေလျင်လျှောက်သွားသော ခင်ပွန်း သည်၏ နောက်ကျောကို ကြည့်ကာ ပင့် သက်မသိမသာချခဲ့ရသည်။ ဒါကြောင့် သူ့ ကျန်းမာရေးကောင်းတာဟု ဖြေတွေး တွေးရ၏။ ၁၀ နာရီမှာ ခြံတွင်းမှ သတ် မှတ်နေရာကို ရောက်ပြီဟု ဖုန်းရကာမှ စိတ်မှာ ဒုန်းဒုန်းချလိုက်မိသည်။ ချွေးတွေ သံတွေနဲ့ ခြံထဲဝင်သွားမည့် ခင်ပွန်းကို မှန်း၍ မြင်မိပါ၏။ သို့သော် ကျွန်မ ကျေနပ်မိပါသည်။ NLD မှာ ဗဟိုအလုပ် အမှုဆောင် (၇)ဦးရှိ၏။ ခင်ပွန်းသည် လည်း တစ်ဦးအပါအ၀င်ဖြစ်သည်။ နှစ် ပေါင်း (၂၄)နှစ်ကျော် နိုင်ငံရေးသမား ဘ၀နှင့် ပါရမီဖြည့်ဖက် ဇနီးမယားဘ၀ မှာပင်ပန်းခဲ့ကြရပေသိ အမေရိကန် သမ္မတနှင့်ခြံထဲမှာ တွေ့ခွင့်ရသူပါတကား ဟု မြင်ရသောအခါ ပင်ပန်းခဲ့ရသမျှ ပြေပျောက်သွားခဲ့ရသည်။ ဤသည်မှာ ကျွန်မ၏ ပကတိစိတ်အနေအထားပင် ဖြစ်သည်။ ထမင်းမစားနိုင်ဘဲ တယ်လီ ဗေးရှင်းရှေ့မှ မခွာနိုင်တော့၊ ခြံထဲတွင် ဗဟိုအလုပ်အမှုဆောင်များ၊ နာယက ကြီးများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်မှပံ့ပိုးပေးသူများစု၍ ဓာတ်ပုံရိုက်ကာ ပြသည့် နိုင်ငံခြားရုပ်သံ သတင်းမှ မြင် လိုက်ရပါသည်။ အိုဘားမားက ဒေါ် အောင်ဆန်းစုကြည်၏အိမ်မှ ပံ့ပိုးသူများ ကို တမြတ်တနိုး လက်ဆွဲနှုတ်ဆက်ကာ ဂုဏ်ပြုခဲ့ခြင်းကို မြင်လိုက်ရ၏။ ““သူတို့ က ပိုအရေးကြီးတယ်””ဟု နှုတ်ထွက် စကားပြောကြားကာ ခါးကို ညွှတ်၍ နှုတ်ဆက်ခဲ့ခြင်းမှာ ခေါင်းဆောင်တစ်ဦး ထားကိုထားရမည့် စိတ်ထားကိုပြသွား ခြင်းဖြစ်သည်။ နိုင်ငံကြီးသားပီသသူ၏ စိတ်နေစိတ်ထားပင်ဖြစ်သည်။ အတုယူ သင့်လှပေသည်။ ဤသည်မှာ ““အိမ်တစ် အိမ်မှာလူတိုင်း အဖိုးတန်ကြောင်းကို အမေရိကန်သမ္မတကြီးက ဖော်ပြသွားခဲ့ ခြင်းဖြစ်သည်။ နိုင်ငံရေးသမားများအထူး သတိထားရမည့်ကိစ္စကို အိုဘားမားက ဖော်ပြခဲ့ခြင်းဟု ကျွန်မ ယုံကြည်သည်။ ကျွန်မတို့ဆီမှာတချို့သော ခေါင်းဆောင် များမှာ ရှေ့သို့ထွက်လွန်းကာ နေကြရပါ ၍ ကိုယ့်အိမ်ကြီးထဲမှာ ဘာတွေဖြစ်၍ ဘာတွေပျက်နေသည်ကို လျစ်လျူရှု မထားကြသော်လည်း လျစ်လျူရှုထား သလို ထင်ရပါ၏။
ကျွန်မတို့မြန်မာပြည်က အိမ်ကြီး တစ်အိမ်ဆိုပါစို့။ ကျွန်မတို့ ပြည်နယ် များမှာအိမ်ကြီးထဲမှ အခန်းတွေ ဖြစ်ပါ လိမ့်မည်။ ပြည်နယ် အစိုးရများပေါ် ပေါက်လာပြီဆိုသော်လည်း အိုဘားမား ကဲ့သို့ ကျင့်ကြံတွေးတောမိသူ အလွန် လည်းပါးလှချေသည်။ ရန်ကုန်တက်္ကသိုလ် ၌ ပြောသွားသည့် မိန့်ခွန်းမှာ စိတ် လွတ်ကိုယ်လွတ်ပြောသွားသော်လည်း စေတနာနှင့်ပညာကိုဖော်ပြသွားကြောင်း ကို ကျွန်မသတိပြုမိသည်။ ““ဒါကြောင့် အမေရိကန်သမ္မတဖြစ်တာကိုး””ဟု ကျွန်မ က ရည်ရွယ်ခဲ့ရတော့သည်။ မချီးကျူးဘဲ မနေနိုင်တော့။ ရန်ကုန်တက္ကသိုလ်မှ ထုတ်ပေးသော သခင်အောင်ဆန်းတို၊့ ဦးသန့်တို့ကိုပြောပြီး နှစ်ပေါင်းများစွာ ရုန်းကန်ပေးခဲ့ကြသည့် ဆရာ/များကို အလေးထားပြောကြားသွားသည်မှာ အတုယူသင့်လှပါသည်။ ““အပြစ်မပြော ဘဲ အနှစ်ကို ဖော်ပြသွားသူဖြစ်သော ကြောင့် ဒုတိယအကြိမ် သမ္မတဖြစ်လာရ တာပါပဲ””ဟု ကောက်ချက်ချလိုက်မိပြန် ပါသည်။ ရန်ကုန်တက္ကသိုလ်ကြီး ဆက် လက်ရှင်သန်အောင် ဆရာ/မများက၊ ၀န်ထမ်းများက ထမ်းဆောင်ကြပါသည်။ မည်သူတစ်ဦးတစ်ယောက်သော်မျှ ရန် ကုန်တက္ကသိုလ်ကြီး ပျက်စီးသွားမှာ သစ်ပုတ်ပင်ကြီး သေဆုံးသွားမှာကို မလို လားကြပါ။ ရန်ကုန်တက္ကသိုလ်ကြီးမှ ထုတ်ပေးသော ပါရဂူဘွဲ့ရ ပုဂ်္ဂိုလ်များ လည်း Harvard တက္ကသိုလ်၊ အောက် စပို့တက္ကသိုလ်၊ ကင်းဘရစ်တက္ကသိုလ် များလို တော်စေချင်သူများသာဖြစ်ပါ ကြောင်းကျွန်မအာမခံရဲပါသည်။ ဆရာ၊ ဆရာမတို့၏ စိတ်ထားမှာ ကိုယ့်ထက် တော်သော တပည့်များကို မွေးထုတ်ရန် သာဖြစ်သည်။ အိုဘားမားမှာ လူတိုင်း လေးစားအတုယူရမည့် စိတ်ထားလေးကို မြန်မာပြည်သို့ လာကာ ဖော်ပြသွားခဲ့ခြင်း ဖြစ်သည်။ ပြည်သူများက သည်းခံကာ ပါရမီဖြည့်နိုင်ရန် အိုဘားမားကဲ့သို့ နိုင်ငံ ရေးသမားများ ပေါ်ပေါက်လာလျှင် ကျွန်မတို့နိုင်ငံကြီးမှာ အမေရိကန်ထက် သာကောင်းသာနိုင်ပါလိမ့်မည်။ ပြည်သူ ပါအောင် စည်းရုံးရာ၌ ပြည်သူကို စာနာ မှုပေးကာ ယဉ်ကျေးသိမ်မွေ့စာ လက် တွဲခေါ်ဆောင်ကြရမည်ဖြစ်ပါသည်။ နတ်လူသာဓုခေါ်သော လုပ်ငန်းများ လုပ်နေခဲ့ကြသော်လည်း အချင်းချင်း စာနာမှုမထားနိုင်သေးလျှင်လည်းကောင်း၊ မိမိအိမ်နောက်ဖေးကို လှည့်မကြည့်ကြ သေးလျှင်လည်းကောင်း၊ ထိုမေတ္တာ တရားကြောင့် ရလာမည့် အသီးအပွင့် များနှင့် ဝေးဦးမည်သာ ဖြစ်ပါ၏။ မည် သို့ဆိုစေ ““အိုဘားမား””၏ စိတ်နေစိတ် ထားနှင့် နိုင်ငံရေးသမားပီသမှုကို ကျွန်မ တို့ အတုယူအားကျသင့်ပါကြောင်း တင် ပြလိုက်ရပါတော့သည်။

ဒေါက်တာစိန်စိန်သိန်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။