By Mar Ga Luelin on Friday, November 23, 2012 at 2:17am ·
( ၁ )
အခုခေတ်အမျိုးသမီးတွေမှာ
ကင်မရာရှေ့ရောက်သွားတဲ့အခါ
ပါးအလိုလိုဖောင်းလာတဲ့
ရောဂါနဲ့
ဒီစာသားတွေဟာတောင်ရောက်လိုက်
မြောက်ရောက်ဖြစ်ချင်ဖြစ်မယ်
အခုခေတ်ယောင်္ကျားတွေဟာ
အရင်ခေတ်ကလောက် ကာလသားရောဂါ
မဖြစ်ကြတော့ဘူး
( အိပ်ခ်ျအိုင်ဗွီတော့
ဖြစ်ချင် ဖြစ်လေမပေါ့ ) . . .
မိုးတွေရွာတဲ့အခါ
နေတွေပူတဲ့အခါ
အဲ့ဒီခါးကိုင်းကိုင်းနဲ့
အဖွားဟာ
ကောင်းကင်ကို
မျက်လုံးမွဲမွဲနဲ့မော့ကြည့်ရှာ
စိတ်ကို ဖြတ်ခနဲ့
ဆွဲဆုပ်လိုက်ပြီး
ကတ္တရာလမ်းမ ပေါ်ပွတ် တိုက် ချ
သွား
ငါ့အဖွားတော့မဟုတ်ပေမယ့်
အဲ့ဒီ ခဏတာမှာ
ခံစားမှု့ဟာအရေပြားစုတ်ပြဲ
ဟုတ်တယ် ဘာမှမဆိုင်ဘူး
အလိုလို ကို စူးနေတာ . .
.
ပေါင်တိုတွေ (
စကတ်တပိုင်းမြိုထားတဲ့ ပေါင်သားတွေ )
ဂျင်းဘောင်းဘီ တွေ
သွေးစုတ်နေတဲ့ ခြေတံတွေ
ကုသိုလ်ရေးဆိုပြီး နားကို
အပ်နဲ့ကလော်နေတဲ့ သံစဉ်တွေ
ကဲကဲ
ဆုအရှည်ကြီးမပေးနဲ့
ရချင်တာရလေ ကျေနပ်ပါတယ်
အဓိက ကတော့
အလှူငွေလေးထည့်
လက်အုပ်လေးချီ လှူပါတယ်လို့
စိတ်ထဲကရွတ်ရင်ပြီးရောမလား
အေးအေး ပေါင်တိုလေးကလဲ
မျက်လုံးထဲကထွက်သွား
ရာဂတွေ တဏှာတွေ
လာလာမီးမညှိနဲ့လေကွယ်
သေချာတာကတော့
ဂျင်းဘောင်းဘီမျှော့နက်နက်ကျပ်ကျပ်သပ်သပ်တွေ
အတွယ်ခံနေတဲ့ ကောင်တို့ကို
အရမ်းအမြင်ကပ်တာပဲ . . .
ဝေး . . . အခုတလော
ကရင်လူမျိုးတွေကို
ချစ်နေမိတယ်
ကယားလူမျိုးတွေကို
ချစ်နေမိတယ်
ဟိန္ဒူတွေကို
မေတ္တာထားနေမိတယ်
ဘာမှတော့မဆိုင်ဘူးပေါ့လေ
အထက်က စာပုဒ်တွေနဲ့
ဆက်စပ်ဖို့လည်း
အတင်းမကြိုးစားချင်တော့တဲ့အတွက်
တစစီပဲ ဖြန့်ကြဲထားလိုက်တယ် .
. .
နေပူတဲ့အခါ
မိုးရွာစေချင်တယ်
မိုးရွာတဲ့အခါ
နေသာစေချင်တယ်
ဒီနေ့ အချစ်နဲ့နမ်းခဲ့ရတဲ့
နုတ်ခမ်းသားထူအမ်းအမ်းဟာ
ဆေးလိပ်သောက်လို့ မကောင်း . .
.
( ၂ )
တခါတလေ
သုဘရာဇာဖြစ်ချင်လိုက်တာ . . .
မာဃသစ္စာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။