15 November 2012 |By First Music News
တိရစ္ဆာန် တစ်စောင်က လူသား ဘာသာ စကား တစ်ခု ပြောတတ် တယ်ဆိုရင် ဖြစ်နိုင်ပါ့မလား။ ဒါပေ မယ့် သံသယမရှိလိုက်ကြပါနဲ့။ ပုံမှာ တွေ့ရတဲ့ တောင်ကိုရီးယား တိရစ္ဆာန်ရုံ က Koshik လို့ အမည်ရတဲ့ ဆင်ဟာ ကိုရီးယားစကားပြောနိုင်တဲ့ ဆင်တစ် ကောင်ဖြစ်ပါတယ်။ ဒါကြောင့် ဆင် သိပ္ပံပညာရှင်တွေတောင် အံ့ဩသွား ရတဲ့အထိပါပဲ။
အင်္ဂလိပ်လို "Hello", "Sit Down", "No", "Lic Down" "Good" အစရှိတဲ့ စကားလုံး ၅ လုံး ကို ကိုရီးယားဘာသာ စကားနဲ့ ကောင်းကောင်းပြောနိုင်ပါသတဲ့။ သူ့ စကားသံတွေကို တိရစ္ဆာန်ရုံ တာဝန်ရှိ သူတွေက အသံဖမ်းထားခဲ့ကြပါ တယ်။ ဒါပေမယ့် သူပြောတဲ့စကား ကို သူနားမလည်ပါဘူး။
Koshik ရဲ့ ကျွမ်းကျင်မှုတွေက အသံလေ့လာ တတ်မြောက်မှုဆိုင်ရာ ဆင့်ကဲဖြစ်စဉ် နဲ့ ဇီဝဗေဒအကြောင်းကို နားလည်သိ ရှိစေနိုင်တယ်လို့ သုတေသီတွေက Current Bioglogy ဂျာနယ်မှာ ရေး သားဖော်ပြခဲ့ပါတယ်။ Koshik ဟာ သူ့ကို လေ့ကျင့်ပေးသူတွေရဲ့ အသံနေ အသံထားကို အတုခိုးပြီး အခုလို လူ စကားပြောဆိုလာနိုင်တာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်နေပါ တယ်။
Koshik ဟာ တောင်ကိုရီး ယားနိုင်ငံEverland တိရစ္ဆာန်ရုံမှာ လွန်ခဲ့ တဲ့ ၅ နှစ်ကတည်းက လူတွေနဲ့ ရင်းရင်းနှီးနှီးထိတွေ့ ဆက်ဆံလာခဲ့တဲ့ တစ်ကောင်တည်းသော ဆင်လည်း ဖြစ်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။