မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးကို လုပ်နေပြီ၊ လုပ်နေပါပြီဆိုတဲ့အသံတွေ အတော့်ကိုကြားနေရပါတယ်။ နိုင်ငံတော် သမ္မတကြီးနဲ့တကွ နိုင်ငံ့ခေါင်းဆောင်ထိပ် ပိုင်းတာဝန်ရှိသူတွေရဲ့ မိန့်ဆိုချက်တွေက တော့ ပြောင်းလဲနေတဲ့လေသံတွေပါပဲ။
အထင်ရှားဆုံးပြုပြင်ပြောင်းလဲချက် ကတော့ ယခင်အစိုးရလက်ထက်တုန်းက အစိုးရကသူတို့ဟာပြည်သူတွေရဲ့ မိဘ သဖွယ်ဖြစ်တယ်၊ ပြည်သူတွေကိုရင်ဝယ် သားလိုသဘောထားပြီးလုပ်ပေးနေတယ် လို့ပြောလေ့ရှိခဲ့ရာက၊ ဒီနေ့အစိုးရသစ်မှာ တော့ နိုင်ငံတော်သမ္မတကြီးကိုယ်၌က ပြည်သူတွေကိုဦးထိပ်ထားပြီး မိဘပြည်သူ တွေ မိဘပြည်သူတွေလို့ထပ်ခါတလဲလဲ မိန့်ကြားခဲ့တာဟာ ၀စီကံရဲ့အသိသာဆုံး ပြုပြင်ပြောင်းလဲလိုက်တဲ့ ပြောင်းပြန်လှန် ပြုပြင်ပြောင်းလဲမှုစစ်စစ်ကြီးဖြစ်တာကြား သိကြရပါသည်။
ပြည်သူအစိုးရလို့မူအားဖြင့်ဆိုတဲ့ ဒီမိုကရစီစနစ်မှာ အာဏာဆိုတာပြည်သူ တွေဆီကဆင်းသက်လာတယ်လို့လက်ရှိ အစိုးရရဲ့ခေါင်းဆောင်တွေ လက်ခံယုံကြည် ပြီဖြစ်ကြောင်း သက်သေပြခဲ့တာပါပဲ။ နိုင်ငံတော်သမ္မတရုံးဝန်ကြီးမြန်မာနိုင်ငံရင်း နှီးမြှုပ်မှုကော်မရှင်ဥက္ကဌဦးစိုးသိမ်းက စက်တင်ဘာလ ၂၉ ရက်နေ့မှာ နယူးယောက် မြို့ရှိမြန်မာလူမျိုးအမေရိကန်နိုင်ငံသားတွေ နဲ့ တွေ့ဆုံပွဲမှာ “ကျွန်တော်တို့က အာဏာ ရှင်မဟုတ်ပါဘူး၊ တာဝန်ရှင်တွေဖြစ်တယ်။ ပြည်သူတွေကပေးတဲ့တာဝန်တွေကိုထမ်း ဆောင်ရတဲ့လူတွေပါ” လို့ပြောကြားခဲ့ပါ တယ်။
ထိပ်ပိုင်းခေါင်းဆောင်တွေအခုလို ၀စီကံနဲ့ ကာယကံကိုပါသိသာစွာပြုပြင် ပြောင်းလဲနေတဲ့ အချိန်မှာ၊ မြန်မာနိုင်ငံ ရဲ့ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေးအပိုင်းတွေမှာ ဘယ်လောက် ပြုပြင်ပြောင်းလဲနေပြီလဲ။ အဲဒါကိုသိရ အောင်လက်တွေ့မြင်တွေ့ကြုံတွေ့ပုံကလေး တွေနဲ့ နှိုးယှဉ်ချိန်ထိုးကြည့်ကြရအောင်။
မြန်မာနိုင်ငံကိုလာရောက်ချင်လို့ နိုင်ငံခြားသားတစ်ယောက်နိုင်ငံခြားရှိ မြန်မာသံရုံးတစ်ရုံးမှာ ဗီဇာလာလျှောက် ပါတယ်။ လျှောက်လွှာနဲ့ အတူဓာတ်ပုံ တစ်ပုံပါတယ်။ သံရုံးဗီဇာဌာနကတာဝန် ရှိသူဟာအဲဒီနိုင်ငံခြားသားကိုဘာကြောင့် ဓာတ်ပုံတစ်ပုံတည်းယူလာတာလဲ၊ နှစ်ပုံ လိုတယ်၊ နှစ်ပုံပေးလို့ကောင်းတယ်။ နိုင်ငံ ခြားသားက ခင်ဗျားတို့သံရုံးက အင်တာနက် မှာe-visa အတွက် ဓာတ်ပုံတစ်ပုံယူလာ ရမယ်လို့ဖော်ပြထားလို့ခုလိုတစ်ပုံတည်းယူ လာပါလို့ပြောတယ်။ ဒါကိုမြန်မာသံရုံးက တာဝန်ရှိသူဟာသူ့ကိုပြန်ပြောရကောင်း လားဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ “မင်းဗီဇာလို ချင်လို့လာတာဆိုရင်ငါပြောတဲ့အတိုင်းနှစ် ပုံပေး။ မပေးနိုင်ရင်သွားတော့”လို့အော်ဟစ် ပြောဆိုတယ်။ အင်္ဂလိပ်လိုလဲဆဲရောလိုက် သေးတယ်။ ဒီသံရုံးအရာရှိဘာကြောင့် ဒီလောက်စိတ်တိုစိတ်ဆိုးရတာလဲ။ လုပ်ပိုင် ခွင့်အပေါ်မာန်တက်လွန်းနေတာလား။ အပေါ်စည်းအထက်စည်းရတဲ့ လူရဲ့ပါဝါ ပြချင်တဲ့စိတ်ညဉ်ဆိုးမပျောက်သေးလို့လား။ သူတို့သံရုံးဝန်ထမ်းတွေမြန်မာနိုင်ငံက အရေးကြီးပုဂ်္ဂိုလ်တွေခဏခဏလာတာ ကို လေဆိပ်ပြေးကြိုရဟိုတယ်ပြေးစောင့် ရနဲ့ ဗီဇာထုတ်ပေးတဲ့အလုပ်မှာအချိန်ပြည့် မလုပ်နိုင်တော့ အရမ်းများတဲ့ ဗီဇာလာ လျှောက်သူတွေကို နိုင်အောင်လုပ်မပေး နိုင်တဲ့အတွက် စိတ်ရှုတ်၊ စိတ်တိုနေတာ လား။ ဆက်ဆံရေးမှာအလွန့်ကိုမောက် မာခက်ထန်နေတယ်။
ကြားဖူးတာပါ။ သံတမန်ဆိုတာ ဆက်ဆံရေးအလွန်ညက်ရသတဲ့။Yes-No လို့ တုံးတိကြီးမပြောရဘူးတဲ့။ Maybe ဆိုတဲ့ဖြစ်နိုင်ကောင်းပါရဲ့ဆိုတဲ့အသုံးအနှုန်း နဲ့ပြောဆိုဆက်ဆံရမယ်လို့သင်တန်းပို့ချ ပေးပြီးမှ သံရုံးဝန်ထမ်းဖြစ်ကြရတာတဲ့။ သံရေးတမန်ရေးကျွမ်းရမှာတဲ့။ ခုလိုကြမ်း တမ်း၊ ပြတ်သားစွာနိုင်ငံခြားသားကို အပေါ်စည်းနဲ့ ဆက်ဆံတာကောင်းသလား လို့မှတ်ချက်ပေးမိတော့ “ဟာ ဗီဇာလာ လျှောက်တဲ့နိုင်ငံခြားသားတိုင်းကို ယုံကြည် စွာဆက်ဆံလို့မရဘူး၊ မြန်မာနိုင်ငံထဲဝင် ပြီး ဗုံးခွဲတဲ့လူကိုဗီဇာသွားပေးမိရင်ဒုက္ခပဲ” တဲ့။ “ဒါကြောင့် ဒီလူတွေကိုခပ်ကြမ်းကြမ်း ဆက်ဆံရတာ”တဲ့။
မြန်မာနိုင်ငံမှာဒီနေ့ နိုင်ငံတာဝန်ထမ်း ဆောင်နေတဲ့ Man on the spot ခေါ်တိုက် ရိုက်ထိတွေ့လုပ်ကိုင်နေရတဲ့နေရာမှာ တာဝန်ယူရသူအားလုံးလိုလိုဟာအဲဒီလို သူ့ကိုအလုပ်အထိခိုက်ရေး Salcside အကာ အကွယ်ယူပြီး အကြောက်တရားနဲ့ ဘက် ကန်ဆက်ဆံပြုနေကြတုန်းပဲ၊ မပြုပြင်နိုင် သေးကြဘူး။ ပြည်ပမှာရော၊ ပြည်တွင်းမှာ ပါ၊ အထက်ကမူတွေဘယ်လောက်ပြင်ပြင်၊ အလယ်နဲ့ အောက်မှာလက်တွေ့လုပ်ကိုင် နေတဲ့ ၀န်ထမ်းတွေဟာ ကိုယ့်မထိအောင် ရတဲ့နေရာရတဲ့လုပ်ပိုင်ခွင့်မြဲအောင်၊ စီးပွား ရေး၊ တရားရေးနဲ့ အုပ်ချုပ်ရေးအပိုင်းတိုင်း မှာ လာသမျှလူကိုရှိတဲ့အာဏာအလွဲသုံး ပြီးဘက်ကန်နေတုန်းပါပဲ။ အဲဒီညာဉ်ဆိုး မပြောင်းလဲနိုင်သေးသ၍ ပြုပြင်ပြောင်းလဲ ရေးကိုအထက်ကဘယ်လောက်ပြောပြော၊ အောက်ကလက်တွေ့ပါဝါပြတုန်းပဲဖြစ်ပါ တယ်။
အပြစ်မဖြစ်ရေး၊ ပြဿနာမတက်ရေး ကို ထိပ်တန်းတင်ပြီး ဟိုဟာဆိုဘာဖြစ် သွားမယ်၊ ဒီလိုဆိုထိခိုက်နိုင်တယ်၊ ဒါကြောင့်ဒါမျိုးလုပ်မပေးနိုင်သေးဘူးစသ ဖြင့် Negatiue အနှုတ်လက္ခဏာဘက်က နေပြည်တွင်းပြညပ်ကလာသမျှလူတွေကို ကန်ထုတ်နေတယ်။ အထူးသဖြင့်ပြည်ပက လာရောက်သူတွေ ထိတွေ့သူတွေကို အထက်စည်းနဲ့ပါဝါပြပြီးဆက်ဆက်ရင်၊ ဒီအစိုးရ၀န်ထမ်းရဲ့ ဒီလိုဆက်ဆံရေးဟာ မြန်မာနိုင်ငံအစိုးရကြီးရဲ့ Image ဆိုတဲ့ ပုံရိပ်ကိုသွားထိခိုက်ပါတယ်။ ဟယ်မြန်မာ နိုင်ငံကဒီလိုကြီးပါလားလို့အမြင်စောင်း သွားရင်၊ တစ်ဆင့်စကားတစ်ဆင့်ကြားနဲ့ မြန်မာ့ပုံရိပ်ထိခိုက်ပါတယ်။
အခုလိုနိုင်ငံတကာနဲ့ ၀င်ဆန့်အောင် ကြိုးစားနေချိန်၊ ကမ္ဘာကိုရင်ပေါင်တန်းနိုင် အောင်ဆက်ဆံနေချိန်မှာထစ်ခနဲဆိုနိုင်ငံ ခြားသားတွေကို မိမိလုပ်ပိုင်ခွင့်လေးကိုင် ပြီးအာဏာပြချင်နေသေးတဲ့ စိတ်ဓာတ် မျိုးမရှိသင့်တော့ဘူးလို့ထင်ပါတယ်။
အထူးသဖြင့် စီးပွားရေးအပိုင်းကို ပြောချင်ပါတယ်။ ဒီရက်ပိုင်းမှာ ဂျပန်နိုင်ငံ မှာ ကျင်းပခဲ့တဲ့နိုင်ငံတကာငွေကြေးရန်ပုံ ငွေအဖွဲ့ရဲ့ နှီးနှောပွဲမှာ အမေရိကန်တို့ရဲ့ မြန်မာနိုင်ငံအပေါ်ငွေကြေးဆိုင်ရာပိတ်ဆို့ မှုတွေဖြေလျော့ပေးလိုက်ချိန်နဲ့ တိုက်ဆိုင် ပြီး ဂျပန်နိုင်ငံက၊ ပါရီကလပ်အဖွဲ့ဝင် ၁၉ နိုင်ငံရဲ့ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေရဲ့ အကူအညီ နဲ့ မြန်မာပြည်ကိုကမ္ဘာ့ဘဏ်တို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့တို့ကနေငွေချေးပေးဖို့ စတင်စီစဉ်နေကြပါတယ်။ ဒီလိုအဖွဲ့ကြီး တွေက ဆင်းရဲနိုင်ငံတွေကို Loans, aids, grants ချေးငွေ၊ အကူငွေ၊ ထောက်ပံ့ငွေ တွေကိုမူချပြီး ချေးလေ့ပေးလေ့ရှိပါတယ်။ မြန်မာနိုင်ငံဟာနှစ်ပေါင်းနှစ်ဆယ်ကျော် ကြွေးမြီမဆပ်နိုင်လို့ငွေချေးမှုရပ်ဆိုင်းခံထား ခဲ့ရတယ်။ ခုလို နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အရင်းအနှီးငွေကြေး လိုအပ်နေချိန်မှာ ချေးငွေတွေထောက်ပံ့ ငွေတွေပြန်ပေးတော့မယ်ဆိုတော့ရေငတ် တုန်းရေတွင်းထဲကျမယ့်ကိန်းဆိုက်လာပြီ။
ချေးမယ့်သူ၊ ထောက်ပံ့မယ့်သူပေါ် လာတုန်းမြန်မြန်လက်ခံနိုင်အောင်စီမံချက် တွေ အဆိုပြုချက်တွေ၊ မြန်မာထက်ထက် စနစ်တကျရေးဆွဲ၊ ဆက်သွယ်၊ တင်ပြ၊ ညှိနှိုင်းဆောင်ရွက်ဖို့လိုပြီ။ အဲဒီနေရာမှာ ဘေးထွက်ဆိုးကျိုးတွေ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုအကြောက်လွန်ပြီးဘက်ကန် တဲ့စိတ်ပျောက်ဖို့လိုပါတယ်။
ရေငတ်တုန်းရေတွင်းထဲကျရင်ရေ တော့သောက်ရပါရဲ့၊ ရေနစ်သေမှာပေါ့။ ရေတွင်းထဲက ပြန်မတက်နိုင်ရင်ဒုက္ခပေါ့ လို့တွေးကြောက်စရာတွေပြောရင်၊ ရေငတ် ပြီးသာသေသွားမယ်။ ရေတွင်းထဲမရောက် တော့ဘူးပေါ့။ ဆိုလိုတာကရေတွင်းထဲကို ရေပုံးပေါ်ထိုင်ပြီး၊ စက်သီးနဲ့ ကျအောင် ကြိုတင်စီမံပေါ့။ စက်သီးကနေရေတွေ သောက်ပြီးခပ်ယူပြီးပုံးလိုက်ရေရအောင် ဆွဲတင်ပေးမယ့်လူတွေကြိုတင်စုထားပေါ့။ ဒီလိုစီစဉ်ရတာသိပ်မခက်ပါဘူး။ ရေတွင်း ရှိရာကိုပို့ပေးလို့ရောက်နေမှပဲဥစ်္စာ။
ဒီလိုရိုးရှင်းတဲ့သဘောတရားလေးနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ မြန်မာ နိုင်ငံကထက်အောက်ဝဲယာရှိဝန်ထမ်းအား လုံးဆက်လုပ်ကြမှ ပြုပြင်ပြောင်းလဲရေး ဆိုတာကြီးတကယ်အောင်မြင်မှာဖြစ်တယ်။
နိုင်ငံခြားသားတွေ မြန်မာပြည်ဝင် လာပြီး တို့မသိတဲ့ကလီကမာနည်းတွေနဲ့ စီးပွားရေးအမြတ်ထုတ်သွားရင်ဘယ့် နှယ်လုပ်မလဲ။ သူတို့က အဆီအနှစ်တွေ ထုတ်ယူသွားပြီး မြန်မာတွေအတိုးအရင်းပဲ ကျန်ခဲ့ရင်မခက်ပေဘူးလားတဲ့။ တွေးပူ၊ ကြိုတင်စိုးရိမ်တာရှိသင့်ပါတယ်။ ဒါပေမဲ့ အကြောက်လွန်ပြီးမလာခင်ဘက်ကန် တာကပိုဆိုင်တယ်။
အချို့ကဘာအခုမှကြောက်ပါပြီလဲ လုပ်မနေနဲ့တဲ့။ အနှစ်နှစ်ဆယ်ကျော်ကြာ အောင်အိမ်နီးချင်းနိုင်ငံကြီးကိုဝကွက်အပ် ပြီး စိတ်ကြိုက်ချယ်လှယ်ခွင့်ပေးခဲ့တဲ့ အတွေ့အကြုံတွေရခဲ့ပြီးပြီပဲ။ ဒီအပေါ်က ကောင်းတာယူ၊ မကောင်းတာပယ်လုပ် တတ်ရမှာပေါ့တဲ့။ လောကမှာဘယ်အရာ မဆိုကောင်းကျိုးနဲ့ ဆိုးကျိုးဒွန်တွဲနေတာပဲ။ အပြစ်ထက်အကျိုးက ပိုများရင်လုပ်ကြရ မှာပေါ့။ Risk ဆိုတယ်အန္တရာယ်စွန့်စား မှုဆိုတာရှိစမြဲ။ ဆိုရိုးတောင်ရှိသေး၊ Highrisk high poolit ပါတဲ့။ အန္တရာယ် ကြီးလေအမြတ်ကြီးကြီးရလေပါတဲ့။ မျက်စိ ကန်းတစ္ဆေမကြောက်သဘောရမ်းလုပ်ခိုင်း နေတယ်မထင်ပါနဲ့။မျက်စိကိုအကျယ်ကြီး ဖွင့်နားကိုအများကြီးစွင့်ပြီး နိုင်ငံခြားက လာပြီး ရင်းနှီးမြှုပ်နှံမယ့်သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ပြောတာပါ။ Caoperation ဆိုတဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ရင်၊ Caoperation ဆိုတဲ့ ညှိနှိုင်းဆောင်ရွက် မှုနဲ့ လုပ်ရင်အဆင်ပြေမှာပါ။Negatiati on ဆိုတဲ့ကြိုတင်ညှိနှိုင်းချက်တွေနဲ့ မသိတာ တွေနဲ့ မသိတာတွေသိအောင်ကြိုးစားပြီး လက်ခံလုပ်ကိုင်ကြတဲ့အခါMatual Lenelit ဆိုတဲ့နှစ်ဖက်အကျိုးတူခံစားရမှာ ဖြစ်တယ်။
တရုတ်ပြည်ကြီးပြုပြင်ပြောင်းလဲရေး တွေလုပ်ပြီး ဖွံ့ဖြိုးတိုးတက်လာပုံကိုလေ့ လာရင်၊ နိုင်ငံခြား (အထူးသဖြင့်ဖွံ့ဖြိုးတိုး တက်ပြီးနိုင်ငံတွေ) ကရင်းနှီးမြှုပ်နှံမှုတွေ ကို ဖိတ်ခေါ်ရာမှာ လှိုက်လှိုက်လှဲလှဲလိုက် လံဖိတ်ခေါ်ခဲ့တယ်။ ၀င်လာကြပါစေ၊ ၀င်ခဲ့ကြစမ်းပါ။ ပထမတော့ နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်မှုတွေကြောင့် တရုတ်ပြည်အဖို့အကျိုးအမြတ်ရာခိုင်နှုန်း နည်းနည်းလေးပဲရကြောင်း စစ်တမ်းထုတ် ပြတယ်။ အထည်အလိပ်စက်ရုံကြီးတွေ အချိုရည်စက်ရုံကြီးတွေ လျှပ်စစ်ပစ္စည်း စက်ရုံကြီးတွေ၊ စက်ပစ္စည်းစက်ရုံ၊ မော်တော်ကားစက်ရုံ၊ အီလက်ထရွန်းနစ် ပစ္စည်းစက်ရုံကြီးတွေလာဆောက်တဲ့အခါ စက်ပစ္စည်းကိရိယာတွေသယ်လာပြီးထိုင် တယ်။ ကုန်ကြမ်းတွေသယ်လာပြီး ကုန် ချောကို တရုတ်ပြည်မှာထုတ်တယ်။ ပြီး နိုင်ငံတကာကို ပို့ကုန်အဖြစ်တင်ပို့ရောင်း ချတယ်။ အမြတ်တွေကို နိုင်ငံခြားကထုတ် လုပ်သူကုမ္ပဏီတွေသာရတာပဲ။ တရုတ် ပြည်က မြေငှားခနဲ့ လုပ်အားခပဲအဓိက ရရှိတယ်။ အမြတ်ခွန်တို့အကောက်ခွန်တို့ ကို လျှော့ပေါ့ကင်းလွတ်ခွင့်ပေးခဲ့တာမို့ အဲဒီအပိုင်းက၀င်ငွေမရဘူး။ ဒါပေမဲ့နိုင်ငံ ခြားသားအထက်တန်းအဆင့်တွေလာနေ လာစား၊ လာပြီးသွားလာဆက်သွယ်တဲ့ စရိတ်တွေတော့ဝင်ငွေအဖြစ်ရတယ်။
ဒီလိုနဲ့ပဲကြာလာတဲ့အခါနည်းပညာ တွေရတယ်။ အတတ်ပညာတွေရတယ်၊ လုပ်သားတွေရဲ့စွမ်းဆောင်ရည်တိုးတက် လာတယ်၊ HR ရဲ့ အရည်အသွေးမြင့်တက် လာတယ်။ တရုတ်တွေကိုယ်ပိုင်၊ ကိုယ် တိုင်လူသုံး၊ အိမ်သုံး၊ လျှပ်စစ်နဲ့ စက်ပစ်္စည်း တွေထုတ်လုပ်တတ်လာတယ်။ ဒါနဲ့ပဲ တရုတ်နိုင်ငံကြီးတိုးတက်ဖွံ့ဖြိုးလာတာပါ ပဲ။
အထူးသဖြင့်Firacial Roform ဘ ဏ္ဍာငွေကြေးပြုပြင်ပြောင်းလဲမှုကို ဆင်နွှဲ တော့ စတင်ချိန်မှာနိုင်ငံခြားက Banking Expert တွေ ခေါ်ခန့်တယ်။ Financial Expert တွေခေါ်သုံးတယ်။ ဆက်ပြီး နိုင်ငံခြားရောက်၊ နိုင်ငံခြားသားအဖြစ်ခံ ယူထားတဲ့ တရုတ်နွယ်ဘွားကျွမ်းကျင် ပညာရှင်တွေကို စည်းရုံးသိမ်းသွင်းပြီးခေါ် သုံးခဲ့တယ်။ ဒီနည်းနဲ့ တရုတ်ပြည်ဟာ နျူကလီးယားပညာရှင်တရုတ်နွယ်ဘွား ကအစငွေကြေးနဲ့ ဘဏ်လုပ်ငန်းပညာရှင် တရုတ်နွယ်ဘွားနိုင်ငံခြားသားတွေရရှိပြီး အနုမြူအင်အားကြီးနိုင်ငံ၊ ငွေကြေးခိုင်မာ တောင့်တင်းတဲ့နိုင်ငံအဖြစ်ရောက်ရှိခဲ့တာ ဖြစ်ပါတော့တယ်။
အောင်ချိန်ဘွား
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။